< 2 Corinthians 1 >
1 Paul, an apostle of Christ Jesus by the will of God, and Timothy the brother, to the church of God which is in Corinth, with all the holy who are in all Achaia:
၁ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော် ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေ သည်၊ ကောရိနသုမြို့၌ရှိသော ဘုရားသခင်၏ အသင်း တော်မှ စ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်း သူအပေါင်းတို့ကို ကြားလိုက်ပါ၏။
2 Grace be to you, and peace, from God our Fathers and the Lord Jesus Christ.
၂သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
3 Blessed be God, the Father of our Lord Jesus Christ, the Father of mercies and God of all comfort,
၃သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏ အရှင်တည်းဟူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေတည်း။
4 who comforteth us in all our distress, that we may be able to comfort those who are in any distress by the comfort wherewith we are ourselves comforted by God;
၄ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့ အားသက်သာ စေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရား သခင်သည် ငါတို့အားသက်သာစေတော်မူ၏။
5 for as the sufferings of Christ overflow to us, so through Christ doth our comfort also overflow.
၅အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည် နည်းတူ၊ ခရစ်တော်၏ကျေးဇူး အားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။
6 And whether we are distressed, it is for your comfort and salvation, which showeth its power in enabling you to bear patiently the same sufferings which we also endure; and our hope is steadfast in your behalf; or whether we are comforted, it is for your comfort and salvation,
၆သို့ဖြစ်၍ငါတို့သည် ဆင်းရဲခြင်းကိုခံရသော်၎င်း၊ သက်သာခြင်း သို့ရောက်သော်၎င်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှါဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသော စိတ်နှင့်ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည်ပြည့်စုံတတ်၏။
7 knowing that as ye are sharers in the sufferings, so also ye will be sharers in the comfort.
၇သင်တို့အတွက်ကြောင့်ငါတို့သည် မရွေ့နိုင်သော မြော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်း ကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာခြင်းကို ဆက်ဆံကြ၏ဟုငါတို့သည်သိကြ၏။
8 For we would not, brethren, have you ignorant of our distress which came upon us in Asia, that it was exceedingly heavy upon us beyond our strength, so that we despaired even of life;
၈ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင်အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှါ ငါတို့ အလိုမရှိ။
9 yea, we ourselves had within ourselves the sentence of death, that we might not trust in ourselves, but in God who raiseth the dead;
၉ငါတို့သည်မိမိကိုယ်ကိုအစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရား သခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ဖြစ်၏။
10 who delivered us from such peril of death, and is delivering; in whom we trust that he will yet deliver us,
၁၀ထိုဘုရားသခင်သည် ငါတို့ကိုထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌ လည်း ကယ်လွှတ်တော်မူသေး၏။
11 you also unitedly helping us by prayer, so that for this blessing bestowed on us by means of many, thanks may be given by many on your behalf.
၁၁သင်တို့သည်ကူညီ၍ ငါတို့အဘို့ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသော သူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
12 For our glorying is this, the testimony of our conscience, that in simplicity and the sincerity which is of God, not in fleshly wisdom, but in the grace of God, we have conducted ourselves in the world, and especially toward you.
၁၂ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာကိုအမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်၎င်း၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူခြင်းနှင့်၎င်း၊ ငါတို့သည်ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကို ကိုယ်သိသော စိတ်သည်သက်သေခံသတည်း။
13 For we write no other things to you, than what ye read or even acknowledge. And I trust ye will acknowledge even to the end,
၁၃သင်တို့သည်ဘတ်၍ ဝန်ခံသောအရာမှတပါး၊
14 as also ye have acknowledged us in part, that we are your glorying, as ye also are ours in the day of the Lord Jesus.
၁၄အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင် ယေရှုခရစ် ၏ နေ့၌ ငါတို့၏ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ် သကဲ့သို့၊ ငါတို့သည်သင်တို့၏ ဝါကြွားဝမ်း မြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည်ငါတို့ကို အနည်း ငယ်အားဖြင့်ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မြော်လင့်လျက်နေကြ၏။
15 And in this confidence it was my purpose to come to you before, that ye might receive a second benefit;
၁၅အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တဖန် ဆုကျေးဇူးတော်ကိုခံရစေခြင်းငှါ ငါ သည်သင်တို့ဆီသို့အရင်လာမည်ဟု အကြံရှိ၏။
16 and to go by way of you into Macedonia, and from Macedonia to come again to you, and by you to be forwarded on my way to Judaea.
၁၆သင်တို့အနားမှာရှောက်၍ မာကေဒေါနိပြည် သို့သွားပြီးလျှင်၊ တဖန်မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်း ကျေးဇူးကို ခံမည်ဟုအကြံရှိ၏။
17 Having, then, this purpose, did I act with levity? Or in my purposes do I resolve according to the flesh, that with me there should be now yea, yea, and now nay, nay?
၁၇ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ဟူ၍၎င်း၊ မဟုတ်မမှန်၊ မဟုတ်မမှန်ဟူ၍၎င်း၊ ဖြစ်စေခြင်းငှါ ငါကြံစည်သောအရာကို ဇတိပကတိ အတိုင်း ကြံစည်သလော။
18 But as God is faithful, our word to you is not yea and nay.
၁၈ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန် ဟူ၍၎င်း၊ မဆိုလို။
19 For the Son of God, Christ Jesus, who was preached among you by us, by me and Silvanus and Timothy, was not found yea and nay, but in him hath been found yea.
၁၉ငါမှစ၍သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ ၍၎င်းမဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍ သာဆိုလိုသတည်း။
20 For as to all the promises of God, in him is yea, and in him amen, to the glory of God through us.
၂၀ထိုသခင်မှာ ဘုရားသခင်၏ ဂတိတော်ရှိသမျှ တို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှား စေခြင်းအလိုငှါ၊ ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍ ၎င်းဖြစ်သတည်း။
21 Now he who maketh us with you steadfast in Christ, and anointed us, is God;
၂၁သင်တို့နှင့်ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။
22 he who also sealed us, and gave the Spirit as a pledge in our hearts.
၂၂ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စားရန်ကိုသွင်းပေးတော်မူ၏။
23 But I call upon God as a witness against my soul, that it was to spare you that I came no more to Corinth;
၂၃ငါသည်သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိနသုမြို့သို့မလာဟု ငါစိတ်ဝိညာဉ် ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။
24 not that we have dominion over your faith, but are helpers of your joy. For in respect to faith ye stand firm.
၂၄ထိုသို့ဆိုသော်လည်း၊ ငါတို့သည်သင်တို့၏ ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်မြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည်တည်နိုင်ကြ၏။