< Revelation 3 >
1 "And to the angel of the church in Sardis write: "He who has the seven Spirits of God, and the seven stars says these things: "I know your works, that you have a reputation of being alive, but you are dead.
၁သာဒိ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ် ပါးနှင့်ကြယ် ခုနစ် လုံး ရှိ သောသူ ၏အမိန့် တော်ကား၊ သင် ၏အကျင့် ကိုငါသိ ၏။ သင် သည် အသက်ရှင်ဟန် ရှိ သော်လည်း သေ လျက် နေ သည်ကို ငါသိ၏။
2 Wake up, and keep the things that remain, which were about to die, for I have found no works of yours perfected before my God.
၂မအိပ်ဘဲစောင့် ၍နေ လော့။ ကျန်ရစ် ၍ သေ လု သောအရာ တို့ ကို ပြုစု လော့။ သင် ၏အကျင့် သည် ငါ ၏ဘုရားသခင် ရှေ့ ၌မ စုံ မလင်ရှိသည်ကိုငါတွေ့ ပြီ။
3 Remember therefore how you have received and heard. Keep it, and repent. If therefore you do not wake up, I will come as a thief, and you won't know what hour I will come to you.
၃ထိုကြောင့် ၊ သင်သည်ခံယူ ၍ နားထောင် ပြီးသည်အရာကို အောက်မေ့ ၍ စောင့်ရှောက် လော။ နောင်တရ လော့။ စောင့် ၍ မ နေလျှင် သူခိုး ကဲ့သို့ သင်ရှိရာသို့ ငါလာ မည်။ လာ မည့်အချိန် နာရီကိုလည်း သင်မ သိ ရ။
4 Nevertheless you have a few names in Sardis that did not defile their garments. They will walk with me in white, for they are worthy.
၄သို့သော်လည်း ၊ သာဒိ မြို့၌ ပင် သင်တို့တွင် ကိုယ် အဝတ် ကို မ ညစ်ညူး စေသော သူနည်းနည်း ရှိသေး ၏။ ထိုသူတို့သည် ထိုက်တန် သောသူဖြစ် ၍၊ အဖြူ ဝတ်လျက် ငါ နှင့်အတူ သွားလာ ကြလိမ့်မည်။ အောင်မြင် သော သူ သည် ဖြူ သောအဝတ် ကို ဝတ်ဆင် လိမ့်မည်။
5 He who overcomes will be arrayed in white garments, and I will in no way blot his name out of the Book of Life, and I will confess his name before my Father, and before his angels.
၅ထိုသူ ၏နာမ ကို အသက် စာစောင် မှ ငါသည် အလျှင်း မ ချေ ။ ငါ့ ခမည်းတော် ရှေ့ ၌၎င်း ၊ ကောင်းကင် တမန်တော်တို့၌ ၎င်း သူ ၏နာမ ကို ငါဝန်ခံ မည်။
6 He who has an ear, let him hear what the Spirit says to the churches.
၆ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။
7 "To the angel of the church in Philadelphia write: "These are the words of the Holy One, the True One, he who has the key of David, he who opens and no one can shut, and who shuts and no one opens:
၇ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။
8 "I know your works. Look, I have set before you an open door, which no one can shut. For you have a little power, and have kept my word, and did not deny my name.
၈သင် ၏အကျင့် ကိုငါသိ ၏။ အဘယ်သူ မျှ မပိတ် နိုင် သောတံခါး ကို သင့် ရှေ့ ၌ငါဖွင့် ထားပြီ၊ အကြောင်းမူကား ၊ သင်သည်အနည်းငယ် သောခွန်အား ရှိသည် နှင့်၊ ငါ ၏နှုတ်ကပတ် ကို စောင့်ရှောက် ခဲ့ပြီ။
9 Look, I give of the synagogue of Satan, of those who say they are Jews, and they are not, but lie; look, I will make them to come and worship before your feet, and to know that I have loved you.
၉ငါ ၏နာမ ကိုလည်း မ စွန့် မပယ်။ ယုဒ လူ ဖြစ် ယောင်ဆောင်၍ အမှန် မ ဟုတ်ဘဲ ၊ မုသာ စကားကိုပြော သောသူတည်းဟူသော၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေး မည်။ သူ တို့သည်လာ ၍ သင် ၏ခြေ ရင်း၌ ပြပ်ဝပ် စေခြင်းငှာ ၎င်း ၊ ငါ သည်သင့် ကို ချစ် သည်ဟု သိ စေရခြင်းငှာ ၎င်း ငါပြု မည်။
10 Because you kept my command to endure, I also will keep you from the hour of testing, which is to come on the whole world, to test those who dwell on the earth.
၁၀သင်သည် ငါ ၏သည်းခံ ခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက် သောကြောင့် ၊ မြေကြီး အပေါ် ၌နေ သောသူ တို့ကိုစုံစမ်း စေခြင်းငှာ၊ လောကီ နိုင်ငံအရပ်ရပ် တို့ကို နှံ့ပြား လတံ့သော စုံစမ်း ရာ ကာလ တွင် ၊ သင့် ကိုငါ စောင့်ရှောက် မည်။
11 I am coming quickly. Hold firmly that which you have, so that no one takes your crown.
၁၁ငါသည်အလျင်အမြန် လာ မည်။ သင် ၏ သရဖူ ကို အဘယ်သူ မျှမယူ စေခြင်းငှာ ၊ ရ ခဲ့ပြီးသော အရာ ကို စွဲကိုင် လော့။
12 He who overcomes, I will make him a pillar in the temple of my God, and he will go out from there no more. I will write on him the name of my God, and the name of the city of my God, the new Jerusalem, which comes down out of heaven from my God, and my own new name.
၁၂အကြင်သူ သည် အောင်မြင် ၏။ ထိုသူ ကို ငါသည်ငါ ၏ဘုရားသခင် ဗိမာန် တော်၌ တိုင် ဖြစ်စေ မည်။ နောင်တဖန် သူသည်ပြင် သို့ မ ရွေ့ ရ။ ငါ ၏ ဘုရားသခင် နာမ တော်ကို၎င်း ၊ ငါ ၏ဘုရားသခင့် အထံတော် မှ ထွက်၍၊ ကောင်းကင် ဘုံမှ ဆင်းသက် သောယေရုရှလင် မြို့သစ် တည်းဟူသော၊ ငါ ၏ဘုရားသခင် မြို့ တော်၏ နာမ ကို၎င်း၊ ငါ ၏နာမ သစ် ကို၎င်း ၊ ထိုသူ အပေါ် ၌ငါသည် အက္ခရာတင် မည်။
13 He who has an ear, let him hear what the Spirit says to the churches.
၁၃ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သော သူ မည်သည်ကားကြား ပါစေ။
14 "To the angel of the church in Laodicea write: "The Amen, the Faithful and True Witness, the Head of God's creation, says these things:
၁၄လောဒိကိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ ဘုရားသခင် ၏ ဝေနေယျ သတ္တဝါတို့အထွဋ် ၊ သစ္စာရှိ ၍ ဟုတ်မှန် သော သက်သေခံ ၊ အာမင် ၏ အမိန့် တော်ကား၊
15 "I know your works, that you are neither cold nor hot. I wish you were cold or hot.
၁၅သင် ၏အကျင့် ကိုငါသိ ၏။ သင်သည် အဧ မ ဟုတ် ၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧ ခြင်းဖြစ်စေ။ ပူ ခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ ၏။
16 So, because you are lukewarm, and neither hot nor cold, I will vomit you out of my mouth.
၁၆ထိုသို့ အဧ မ ဟုတ်၊ အပူ မ ဟုတ်၊ နွေး ရုံရှိ သောကြောင့် ငါ ၏ခံတွင်း သည် သင့် ကိုထွေး လု ပြီ။
17 Because you say, 'I am rich, and have gotten riches, and have need of nothing;' and do not know that you are wretched, miserable, poor, blind, and naked;
၁၇သင်ကလည်း၊ ငါသည်ဥစ္စာ ရတတ်၏။ ဘဏ္ဍာ များကိုဆည်းပူးပြီး။ တစ်စုံတစ်ခု ကိုမျှမလို ဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်း ခြင်း၊ သနား ဘွယ်ဖြစ်ခြင်း၊ ဆင်းရဲ ခြင်း၊ မျက်စိ ကန်းခြင်း၊ အဝတ် အချည်းစည်းရှိခြင်း ဖြစ် သည်ကို မ သိ ပါတကား ။
18 I counsel you to buy from me gold refined by fire, that you may become rich; and white garments, that you may clothe yourself, and that the shame of your nakedness may not be revealed; and eye salve to put on your eyes, that you may see.
၁၈သင်သည်ဥစ္စာ ရတတ်ခြင်းငှာ ၊ မီး နှင့် ချွတ် ပြီးသောရွှေ ကို၎င်း၊ အဝတ် အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မ ရှက် စေခြင်းငှာ ခြုံ စရာဘို့၊ ဖြူ သောအဝတ် ကို၎င်း ငါ့ ထံမှာ ဝယ် လော့။ သင် ၏မျက်စိ မြင် စေခြင်းငှာ ၊ မျက်စိ ၌မျက်စဉ်း ခတ်လော့ဟု သင့် အားငါ သည် အကြံပေး၏။
19 As many as I love, I rebuke and discipline. Be zealous therefore, and repent.
၁၉ငါ ချစ် သမျှ သော သူတို့၏အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံးမ တတ်၏။ ထိုကြောင့် ကိုယ် စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရ လော့။
20 Look, I stand at the door and knock. If anyone hears my voice and opens the door, I will come in to him, and will dine with him, and he with me.
၂၀ငါ သည်တံခါး ရှေ့ မှာရပ်၍ ခေါက် လျက်နေ၏။ အကြင်သူ သည် ငါ ၏အသံ ကို ကြား ၍ တံခါး ကိုဖွင့် အံ့၊ ထိုသူ ရှိရာ သို့ငါဝင် ၍ သူ နှင့်အတူ စား သောက်မည်။ သူ သည်လည်း ငါ နှင့်အတူ စားသောက်ရလိမ့်မည်။
21 He who overcomes, I will give to him to sit down with me on my throne, as I also overcame, and sat down with my Father on his throne.
၂၁ငါ သည်အောင်မြင် ၍ ငါ့ ခမည်းတော် ၏ ပလ္လင် တော်ပေါ်မှာ ခမည်းတော် နှင့်အတူ ထိုင် နေသကဲ့သို့ ၊ အောင်မြင် သော သူ သည်ငါ ၏ ပလ္လင် ပေါ်မှာ ငါ နှင့်အတူ ထိုင် နေရသောအခွင့်ကိုငါပေး မည်။
22 He who has an ear, let him hear what the Spirit says to the churches."
၂၂ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေဟုမိန့်တော်မူ၏။