< Numbers 11 >
1 The people were complaining in the ears of YHWH. When YHWH heard it, his anger was kindled; and YHWH's fire burnt among them, and consumed some of the outskirts of the camp.
၁တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
2 The people cried to Moses; and Moses prayed to YHWH, and the fire abated.
၂လူ များတို့သည် မောရှေ အား အော်ဟစ် ၍ ၊ မောရှေ သည် ထာဝရဘုရား ကို ဆုတောင်း သဖြင့် မီး ငြိမ်း လေ၏။
3 The name of that place was called Taberah, because YHWH's fire burnt among them.
၃ထာဝရဘုရား ၏ မီး သည် သူ တို့တွင် လောင် သောကြောင့် ၊ ထို အရပ် ကို တဗေရ ဟူသောအမည် ဖြင့် မှည့် လေ၏။
4 The mixed multitude that was among them lusted exceedingly: and the children of Israel also wept again, and said, "Who will give us flesh to eat?
၄ဣသရေလအမျိုးသားတို့နှင့် ရောနှော လျက် ပါသောတပါးအမျိုးသားတို့သည် တောင့်တ သောစိတ် စွဲလမ်း ကြ၏။ ဣသရေလ အမျိုးသား တို့သည်လည်း တဖန် ငိုကြွေး လျက် ငါ တို့စား စရာဘို့ အမဲသား ကို အဘယ်သူ ပေးလိမ့်မည်နည်း။
5 We remember the fish, which we ate in Egypt for nothing; the cucumbers, and the melons, and the leeks, and the onions, and the garlic;
၅အဲဂုတ္တု ပြည်၌ အလိုအလျောက် စား ရသော ငါး သား၊ သခွါးသီး ၊ ဖရဲသီး ၊ ကြက်သွန် အနီ၊ အဖြူ ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့ ၏။
6 but now we have lost our appetite. There is nothing at all except this manna to look at."
၆ယခု မှာ ငါ တို့အသက် သည် အားလျော့ ပြီ။ ဤ မန္န မှတပါး တစုံတခု ကိုမျှ မ မြင် ရဟုဆိုကြ၏။
7 The manna was like coriander seed, and its appearance like the appearance of bdellium.
၇မန္န သည် နံနံ စေ့ နှင့်တူ ၍ ဗဓေလ သစ်စေ့ကဲ့သို့ အဆင်း ဖြစ်၏။
8 The people went around, gathered it, and ground it in mills, or beat it in mortars, and boiled it in pots, and made cakes of it. Its taste was like the taste of fresh oil.
၈လူ များတို့သည်လှည့်လည် လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ် ခြင်း၊ ထောင်း ခြင်းကိုပြုပြီးမှ အိုး နှင့် ပြုတ် ကြ၏။ မုန့်ပြား ကိုလည်း လုပ် ကြ၏။ အရသာ သည် မုန့်ဆီကြော် အရသာ နှင့် တူ၏။
9 When the dew fell on the camp in the night, the manna fell on it.
၉စားခန်းချ ရာအရပ်၌ ညဉ့် အခါနှင်း နှင့်အတူ မန္န ကျ တတ်၏။
10 Moses heard the people weeping throughout their families, every man at the door of his tent; and the anger of YHWH was kindled greatly; and Moses was displeased.
၁၀ထိုအခါ လူ များအသီးအသီးတို့သည် မိမိ တဲ တံခါးဝ ၌ မိမိ အိမ်ထောင် နှင့်တကွငိုကြွေး ကြသည်ကို မောရှေ ကြား ရ၏။ ထာဝရဘုရား သည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ် ရှိသည်ကို မောရှေ သိမြင် လျှင် ၊
11 Moses said to YHWH, "Why have you treated with your servant so badly? Why haven't I found favor in your sight, that you lay the burden of all this people on me?
၁၁ဤ လူ အပေါင်း တို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော် ကျွန် အပေါ် မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲ တော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့ တော်၌ မျက်နှာ မ ရဘဲ နေရပါသနည်း။
12 Have I conceived all this people? Have I brought them forth, that you should tell me, 'Carry them in your bosom, as a nurse carries a nursing infant, to the land which you swore to their fathers?'
၁၂သူ တို့ဘိုးဘေး များ၌ ကျိန်ဆို တော်မူသော ပြည် သို့ သွား၍၊ အထိန်း သည် နို့စို့ သူငယ်ကိုဆောင် သကဲ့သို့ ၊ ဤလူတို့ကို ပိုက်ချီ လျက်ဆောင်လော့ဟု အကျွန်ုပ် အား မိန့် တော်မူမည်အကြောင်း ၊ ဤ လူ အပေါင်း တို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင် ပါသလော။ ဘွားမြင် ပါသလော။
13 Where could I get meat to give to all this people? For they weep to me, saying, 'Give us meat, that we may eat.'
၁၃ဤ လူ အပေါင်း တို့အား ကျွေး စရာဘို့ အမဲသား ကို အကျွန်ုပ် သည် အဘယ်မှာ ရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ် တို့ စား စရာဘို့ အမဲသား ကိုပေး ပါဟု ငိုကြွေး လျက် အကျွန်ုပ် ကို တောင်း ကြပါ၏။
14 I am not able to bear all this people alone, because it is too heavy for me.
၁၄ဤ လူ အပေါင်း တို့ကို အကျွန်ုပ် တယောက်တည်း သာ မ ဆောင်ရွက် နိုင် ပါ။ ဆောင်ရွက်ရသောဝန်လည်း လေး လွန်းပါ၏။
15 If you treat me this way, please kill me right now, if I have found favor in your sight; and do not let me see my wretchedness."
၁၅ထိုသို့ အကျွန်ုပ် ၌ ပြု တော်မူလျှင် ၎င်း၊ စိတ် တွေ့တော်မူလျှင် ၎င်း၊ အကျွန်ုပ် ကိုအလျင်အမြန်သေ စေတော်မူပါ။ ကိုယ် ဆင်းရဲ ကို ကိုယ်မ သိ မမြင်ပါစေနှင့်ဟု ဘုရား အား လျှောက်ဆို ၏။
16 YHWH said to Moses, "Gather to me seventy men of the elders of Israel, whom you know to be the elders of the people, and officers over them; and bring them to the Tent of Meeting, that they may stand there with you.
၁၆ထာဝရဘုရား ကလည်း ၊ သင်ကျွမ်းကျင် သော ဣသရေလ အမျိုးသား အသက်ကြီး ခုနစ်ကျိပ် တို့ကို ငါ့ ရှေ့မှာ စုဝေး စေပြီးလျှင်၊ ပရိသတ်စည်းဝေး ရာ တဲ တော် သို့ ခေါ် ခဲ့၍ သင် နှင့်အတူ ရပ် နေကြစေလော့။
17 I will come down and talk with you there. I will take of the Spirit which is on you, and will put it on them; and they shall bear the burden of the people with you, that you not bear it yourself alone.
၁၇ငါသည်လည်း ထို အရပ်သို့ ဆင်းသက် ၍ သင် နှင့် နှုတ်ဆက် မည်။ သင့် အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ကို ငါယူ ၍ သူ တို့အပေါ် မှာ တင် မည်။ ဤလူတို့ ကို သင် တယောက်တည်း သာ ဆောင်ရွက် ရမည် မ ဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
18 "Say to the people, 'Sanctify yourselves against tomorrow, and you will eat flesh; for you have wept in the ears of YHWH, saying, "Who will give us flesh to eat? For it was well with us in Egypt." Therefore YHWH will give you flesh, and you will eat.
၁၈သင်သည်လည်း လူ များတို့အား ဆင့်ဆို ရမည်မှာ၊ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စင်ကြယ်လော့။ အမဲသား ကိုစား ရကြမည်။ သင်တို့က အဘယ်သူသည် ငါ တို့ အား အမဲသား ကိုပေး လိမ့်မည်နည်း။ အဲဂုတ္တု ပြည်၌ နေစဉ်၊ ငါ တို့သည် ချမ်းသာ စွာနေကြ၏ဟု ငိုကြွေး လျက် ပြောဆို သံကို ထာဝရဘုရား ကြား သောကြောင့်၊ အမဲသား ကိုပေး တော်မူသဖြင့် သင်တို့သည် စား ရကြမည်။
19 You will not eat one day, nor two days, nor five days, neither ten days, nor twenty days,
၁၉တ ရက် ၊ နှစ်ရက် ၊ ငါး ရက် ၊ ဆယ် ရက် ၊ အရက် နှစ်ဆယ် သာ စား ရကြမည်မ ဟုတ်။
20 but a whole month, until it come out at your nostrils, and it is loathsome to you; because that you have rejected YHWH who is among you, and have wept before him, saying, "Why did we come out of Egypt?"'"
၂၀သင် တို့နှာခေါင်း ထဲက အမဲသားထွက် ၍ ရွံ စရာ ဖြစ် သည်တိုင်အောင် တလ ပတ်လုံးစားရကြမည်။ အကြောင်းမူကား ၊ သင် တို့တွင် ရှိတော်မူသောထာဝရဘုရား ကို၊ သင်တို့သည် မထီမဲ့မြင်ပြု လျက်၊ ငါတို့သည် အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ထွက်လာ ရကြသနည်းဟု ရှေ့ တော်၌ ငိုကြွေး လျက် ပြောဆို ကြပြီ တကားဟု မောရှေ အား မိန့် တော်မူ၏။
21 Moses said, "The people, among whom I am, are six hundred thousand men on foot; and you have said, 'I will give them flesh, that they may eat a whole month.'
၂၁မောရှေ ကလည်း ၊ အကျွန်ုပ် နှင့် ဆိုင်သော လူ ယောက်ျားအပေါင်းခြောက် သိန်းရှိကြသည်ဖြစ်၍ကိုယ်တော်က တ လစား စရာဘို့ သူ တို့အား အမဲသား ကို ငါပေး မည်ဟု မိန့် တော်မူပါသည်တကား၊
22 Shall flocks and herds be slaughtered for them, to be sufficient for them? Shall all the fish of the sea be gathered together for them, to be sufficient for them?"
၂၂သူ တို့ကို ဝ စွာကျွေးခြင်းငှါ၊ သိုး ဆိတ်နွား စုတို့ကိုသတ် ရပါမည်လော။ သို့မဟုတ်ဝ စွာကျွေးခြင်းငှါ၊ ပင်လယ် ငါး ရှိသမျှ တို့ ကိုစုဝေး ရပါမည်လောဟု လျှောက် လျှင်၊
23 YHWH said to Moses, "Has YHWH's hand grown short? Now you will see whether my word will happen to you or not."
၂၃ထာဝရဘုရား က၊ ထာဝရဘုရား လက် တို သလော။ ငါ့ စကား တည် မည် မ တည်မည်ကို သင်သိ လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
24 Moses went out, and told the people the words of YHWH; and he gathered seventy men of the elders of the people, and set them around the Tent.
၂၄မောရှေ သည် ထွက် ၍ ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ဆင့်ဆို ပြီးလျှင် ၊ အမျိုးသား အသက်ကြီး သူခုနစ်ကျိပ် တို့ကို စုဝေး စေ၍ ၊ ပရိသတ် စည်းဝေးရာ တဲ တော်ပတ်လည် ၌ ထား လေ၏။
25 YHWH came down in the cloud, and spoke to him, and took of the Spirit that was on him, and put it on the seventy elders: and it happened that when the Spirit rested on them, they prophesied, but they did so no more.
၂၅ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ မောရှေ နှင့် နှုတ်ဆက် တော်မူ၏။ မောရှေ အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ ကို ယူ ၍ အသက်ကြီး သူ ခုနစ်ကျိပ် တို့အပေါ် မှာ တင် တော်မူသဖြင့် ၊ ထိုဝိညာဉ် သည် သူ တို့အပေါ် မှာ ကျိန်းဝပ် သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲ ဟောကြ၏။
26 But two men remained in the camp. The name of one was Eldad, and the name of the other Medad: and the Spirit rested on them; and they were of those who were written, but had not gone out to the Tent; and they prophesied in the camp.
၂၆ထိုလူ စု၌ ပါသောသူ ဧလဒဒ် နှင့် မေဒဒ် တို့သည် စာရင်း ဝင်သော်လည်း ၊ တဲ တော်သို့ မ သွား ဘဲ တပ် ထဲမှာ နေရစ် စဉ်တွင်သူ တို့အပေါ် မှာ ထိုဝိညာဉ် ကျိန်းဝပ် သဖြင့် သူတို့သည်လည်း ပရောဖက်ပြု ၍ တပ် ထဲမှာ ဟောကြ၏။
27 A young man ran, and told Moses, and said, "Eldad and Medad are prophesying in the camp."
၂၇လုလင် တယောက်သည်လည်း မောရှေ ထံသို့ ပြေး ၍ ၊ ဧလဒဒ် နှင့် မေဒဒ် တို့သည် တပ် ထဲမှာ ပရောဖက်ပြု ၍ဟောပါ၏ဟု လျှောက် လျှင် ၊
28 Joshua the son of Nun, the servant of Moses, one of his chosen men, answered, "My lord Moses, forbid them."
၂၈မောရှေ ၏ လက်ထောက် ဖြစ်သော လုလင်နုန် သား ယောရှု က၊ သခင် မောရှေ ၊ သူ တို့ကို ဆီးတား တော်မူပါဟုဆို သော်၊
29 Moses said to him, "Are you jealous for my sake? I wish that all YHWH's people were prophets, that YHWH would put his Spirit on them."
၂၉မောရှေ က၊ သင် သည် ငါ့ အတွက် ငြူစူ သောစိတ် ရှိသလော။ ထာဝရဘုရား ၏ လူ အပေါင်း တို့သည် ပရောဖက် ဖြစ် ကြပါစေသော။ ထာဝရဘုရား သည် ဝိညာဉ် တော်ကို သူ တို့အပေါ် မှာ တင် တော်မူပါစေသောဟု ဆို ပြီးမှ ၊
30 Moses went into the camp, he and the elders of Israel.
၃၀ဣသရေလ အမျိုးသားအသက်ကြီး သူတို့နှင့်အတူ တပ် ထဲသို့ ပြန် သွားလေ၏။
31 A wind from YHWH went out and brought quails from the sea, and let them fall by the camp, about a day's journey on this side, and a day's journey on the other side, around the camp, and about three feet above the ground.
၃၁ထိုအခါ ထာဝရဘုရား သည် လေ ကိုစေလွှတ် ၍ ၊ ငုံး များကို ပင်လယ် မှ ဆောင် ခဲ့သဖြင့် ၊ တပ် ပတ်လည်တရက် ခရီး စီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေ ပေါ်မှာ ဒုနှစ်တောင် ခန့် မျှ ဆင်း စေတော်မူ၏။
32 The people rose up all that day, and all the night, and all the next day, and gathered the quails. He who gathered least gathered ten homers; and they spread them all abroad for themselves around the camp.
၃၂လူ များတို့သည် တနေ့လုံး ၊ တညဉ့်လုံး ၊ နက်ဖြန် လည်း တနေ့လုံး ထ ၍ ငုံး များကို စုသိမ်း ကြ၏။ နည်းနည်း သိမ်းသောသူသည် ဆယ် ဟောမဲ ကို သိမ်း ရ၏။ တပ် ပတ်လည် အရပ်ရပ်၌ ဖြန့် ထားကြ၏။
33 While the flesh was yet between their teeth, before it was chewed, the anger of YHWH was kindled against the people, and YHWH struck the people with a very great plague.
၃၃သို့ရာတွင်ငုံးသား ကို ကိုက် ၍ မ ဝါး မှီ၊ ထာဝရဘုရား သည် သူတို့ကို အမျက် တော်ထွက်၍ အလွန် ပြင်း သော ဘေး နှင့်ဒဏ်ခတ် တော်မူ၏။
34 The name of that place was called Kibroth Hattaavah, because there they buried the people who lusted.
၃၄တောင့်တ သောသူ တို့ကို သင်္ဂြိုဟ် ရာထို အရပ် ကို ကိဗြုတ်ဟတ္တဝါ ဟူသောအမည်ဖြင့် မှည့် လေ၏။
35 From Kibroth Hattaavah the people traveled to Hazeroth; and they stayed at Hazeroth.
၃၅လူ များတို့သည် ကိဗြုတ်ဟတ္တဝါ အရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ် အရပ်သို့ ရောက်၍နေ ကြ၏။