< Luke 17 >

1 He said to the disciples, "It is impossible that no occasions of stumbling should come, but woe to him through whom they come.
တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။
2 It would be better for him if a millstone were hung around his neck, and he were thrown into the sea, rather than that he should cause one of these little ones to stumble.
ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
3 Watch yourselves. If your brother sins, rebuke him. If he repents, forgive him.
သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။
4 And if he sins against you seven times in the day, and seven times returns to you, saying, 'I repent,' you must forgive him."
တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၍ ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။
5 The apostles said to the Lord, "Increase our faith."
တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင် ၊
6 The Lord said, "If you had faith like a grain of mustard seed, you would tell this mulberry tree, 'Be uprooted, and be planted in the sea,' and it would obey you.
သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။
7 But who is there among you, having a servant plowing or keeping sheep, that will say, when he comes in from the field, 'Come immediately and sit down at the table'?
အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။
8 But will he not say to him, 'Prepare my supper, clothe yourself properly, and serve me, while I eat and drink, and afterward you can eat and drink'?
ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ၍ ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။
9 Does he thank that servant because he did the things that were commanded?
ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး မ တင်။
10 Even so you also, when you have done all the things that are commanded you, say, 'We are unworthy servants. We have done our duty.'"
၁၀ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။
11 It happened as he was on his way to Jerusalem, that he was passing along the borders of Samaria and Galilee.
၁၁ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ၌ ရှောက်သွား တော်မူ၏။
12 As he entered into a certain village, ten men who were lepers met him, who stood at a distance.
၁၂ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊
13 They lifted up their voices, saying, "Jesus, Master, have mercy on us."
၁၃သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။
14 When he saw them, he said to them, "Go and show yourselves to the priests." It happened that as they went, they were cleansed.
၁၄ယေရှု သည် မြင် တော်မူလျှင် ၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။
15 One of them, when he saw that he was healed, turned back, glorifying God with a loud voice.
၁၅ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
16 He fell on his face at Jesus' feet, giving him thanks; and he was a Samaritan.
၁၆ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။
17 Jesus answered, "Weren't the ten cleansed? But where are the nine?
၁၇ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။
18 Were there none found who returned to give glory to God, except this stranger?"
၁၈ဤ တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ မ ရှိ သလော ဟု မေး တော်မူပြီးမှ ၊
19 Then he said to him, "Get up, and go your way. Your faith has healed you."
၁၉သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။
20 Being asked by the Pharisees when the Kingdom of God would come, he answered them, "The Kingdom of God does not come with observation;
၂၀ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
21 neither will they say, 'Look, here.' or, 'Look, there.' for the Kingdom of God is within you."
၂၁ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။
22 He said to the disciples, "The days will come, when you will desire to see one of the days of the Son of Man, and you will not see it.
၂၂တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။
23 And they will tell you, 'Look, there.' or 'Look, here.' Do not go away, nor follow after them,
၂၃ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။
24 for as the lightning, when it flashes out of the one part under the sky, shines to the other part under the sky; so will the Son of Man be in his day.
၂၄ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။
25 But first, he must suffer many things and be rejected by this generation.
၂၅ထိုသို့ မ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။
26 As it happened in the days of Noah, even so will it be also in the days of the Son of Man.
၂၆နောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ လူ သား လက်ထက် ၌ ဖြစ် လိမ့်မည်။
27 They ate, they drank, they married, they were given in marriage, until the day that Noah entered into the box-shaped ship, and the flood came, and destroyed them all.
၂၇နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။
28 Likewise, even as it happened in the days of Lot: they ate, they drank, they bought, they sold, they planted, they built;
၂၈ထိုနည်းတူ ၊ လောတ လက်ထက် ၌ လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊
29 but in the day that Lot went out from Sodom, it rained fire and sulfur from the sky, and destroyed them all.
၂၉လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ၍ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း ၊
30 It will be the same way in the day that the Son of Man is revealed.
၃၀လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။
31 In that day, he who will be on the housetop, and his goods in the house, let him not go down to take them away. Let him who is in the field likewise not turn back.
၃၁ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
32 Remember Lot's wife.
၃၂လောတ ၏မယား ကို အောက်မေ့ ကြလော့။
33 Whoever seeks to keep his life will lose it, but whoever loses it will preserve it.
၃၃အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
34 I tell you, in that night there will be two people in one bed. The one will be taken, and the other will be left.
၃၄ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ၌ ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
35 Two will be grinding grain together; one will be taken and the other left.
၃၅ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
၃၆လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊
37 They, answering, asked him, "Where, Lord?" He said to them, "Where the body is, there will the vultures also be gathered together."
၃၇သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။

< Luke 17 >