< Jeremiah 28 >

1 It happened the same year, in the beginning of the reign of Zedekiah king of Judah, in the fourth year, in the fifth month, that Hananiah the son of Azzur, the prophet, who was of Gibeon, spoke to me in the house of YHWH, in the presence of the priests and of all the people, saying,
ထို​နှစ်​တည်း​ဟူ​သော​ဇေ​ဒ​ကိ​မင်း​နန်း​စံ စ​တုတ္ထ​နှစ်​ပဉ္စ​မ​လ​၌​အာ​ဇု​ရ​၏​သား ဂိ​ဘောင်​မြို့​နေ​ပ​ရော​ဖက်​ဟာ​န​နိ​သည် ယေ​ရ​မိ​အား​ဗိ​မာန်​တော်​ထဲ​တွင်​ယဇ်​ပု​ရော ဟိတ်​များ​နှင့်​ပြည်​သူ​တို့​၏​ရှေ့​၌၊-
2 "Thus speaks YHWH of hosts, the God of Israel, saying, 'I have broken the yoke of the king of Babylon.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​ဗာ​ဗု​လုန်​မင်း​၏​အာ​ဏာ တန်​ခိုး​ကို​ချိုး​နှိမ်​တော်​မူ​ပြီ။-
3 Within two full years will I bring again into this place all the vessels of YHWH's house, that Nebuchadnezzar king of Babylon took away from this place, and carried to Babylon:
ဤ​ဗိ​မာန်​တော်​မှာ​ဗာ​ဗု​လုန်​မြို့​သို့​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​သွား​သော​ဘဏ္ဍာ​မှန်​သ​မျှ ကို နှစ်​နှစ်​အ​တွင်း​ဤ​ဌာ​န​တော်​သို့​ငါ​ပြန် လည်​ယူ​ဆောင်​လာ​မည်။-
4 and I will bring again to this place Jeconiah the son of Jehoiakim, king of Judah, with all the captives of Judah, who went to Babylon,' says YHWH; 'for I will break the yoke of the king of Babylon.'"
ငါ​သည်​ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင် ယေ​ခေါ​နိ​ကို​လည်း ယု​ဒ​ပြည်​မှ​ဗာ​ဗု​လုန် မြို့​သို့​လိုက်​ပါ​သွား​ရ​ကြ​သည့်​သုံ့​ပန်း​များ နှင့်​အ​တူ​ပြန်​လည်​ခေါ်​ဆောင်​ခဲ့​မည်။ ဗာ​ဗု လုန်​မင်း​၏​အာ​ဏာ​တန်​ခိုး​ကို​အ​မှန်​ပင် ငါ​ချိုး​နှိမ်​တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လေ​၏။
5 Then the prophet Jeremiah said to the prophet Hananiah in the presence of the priests, and in the presence of all the people who stood in the house of YHWH,
ထို​အ​ခါ​ငါ​သည်​ပ​ရော​ဖက်​ဟာ​န​နိ​အား ဗိ​မာန်​တော်​ထဲ​တွင်​ရပ်​လျက်​နေ​သော ယဇ်​ပု ရော​ဟိတ်​များ​နှင့်​ပြည်​သူ​အ​ပေါင်း​တို့​၏ ရှေ့​၌၊-
6 even the prophet Jeremiah said, "Amen: YHWH do so; YHWH perform your words which you have prophesied, to bring back the vessels of YHWH's house, and all them of the captivity, from Babylon to this place.
``သင်​ပြော​သည့်​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​တိုင်း​ပင်​ပြု​တော် မူ​လိမ့်​မည်​ဟု​လည်း​ငါ​မျှော်​လင့်​ပါ​၏။ ကိုယ် တော်​သည်​သင်​၏​ဟော​ကြား​ချက်​များ​ကို အ​ကောင်​အ​ထည်​ပေါ်​စေ​တော်​မူ​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဗာ​ဗု​လုန်​မြို့​သို့​သိမ်း ယူ​သွား​သော​ဗိ​မာန်​တော်​ဘဏ္ဍာ​များ​နှင့် သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး​သွား​သည့်​သူ အ​ပေါင်း​တို့​အား ပြန်​လည်​ခေါ်​ဆောင်​လာ တော်​မူ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​ငါ မျှော်​လင့်​ပါ​၏။-
7 Nevertheless hear you now this word that I speak in your ears, and in the ears of all the people:
သို့​ရာ​တွင်​သင်​နှင့်​တ​ကွ​ပြည်​သူ​အ​ပေါင်း တို့​အား ငါ​ပြော​ဆို​သည့်​စ​ကား​ကို​နား ထောင်​လော့။-
8 The prophets who have been before me and before you of old prophesied against many countries, and against great kingdoms, of war, and of evil, and of pestilence.
သင်​နှင့်​ငါ​တို့​၏​ခေတ်​မ​တိုင်​မီ​ရှေး​အ​ခါ​၌ ဟော​ကြား​ခဲ့​သော​ပ​ရော​ဖက်​များ​က​လူ​မျိုး တ​ကာ​တို့​သည်​လည်း​ကောင်း၊ တန်​ခိုး​ကြီး သော​နိုင်​ငံ​များ​သည်​လည်း​ကောင်း၊ စစ်​မက် အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် အ​နာ​ရော​ဂါ​ဘေး​သင့်​ကြ​ရ​လိမ့်​မည်​ဟု ဖော်​ပြ​ခဲ့​ကြ​၏။-
9 The prophet who prophesies of peace, when the word of the prophet shall happen, then shall the prophet be known, that YHWH has truly sent him."
သို့​ရာ​တွင်​ငြိမ်း​ချမ်း​သာ​ယာ​မှု​ရှိ​လိမ့်​မည် ဟု​ကြို​တင်​ဟော​ကြား​သည့်​ပ​ရော​ဖက်​ကို မူ သူ​၏​စ​ကား​မှန်​လျက်​နေ​သည်​ကို​တွေ့​ရှိ ရ​သော​အ​ခါ​မှ​သာ​လျှင် သူ​သည်​ထာ​ဝ​ရ ဘု​ရား​အ​မှန်​ပင်​စေ​လွှတ်​တော်​မူ​သော ပ​ရော​ဖက်​ဖြစ်​ကြောင်း​အ​သိ​အ​မှတ် ပြု​နိုင်​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
10 Then Hananiah the prophet took the bar from off the prophet Jeremiah's neck, and broke it.
၁၀ထို​အ​ခါ​ဟာ​န​နိ​သည်​ငါ​၏​လည်​ဂုတ် ပေါ်​မှ​ထမ်း​ပိုး​ကို​ဖြုတ်​ယူ​၍ အ​ပိုင်း​ပိုင်း ချိုး​ပစ်​ပြီး​လျှင်၊-
11 Hananiah spoke in the presence of all the people, saying, "Thus says YHWH: 'Even so will I break the yoke of Nebuchadnezzar king of Babylon within two full years from off the neck of all the nations.'" The prophet Jeremiah went his way.
၁၁လူ​အ​ပေါင်း​တို့​၏​ရှေ့​၌​ငါ့​အား``လူ​မျိုး​တ​ကာ တို့​အ​ပေါ်​သို့​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​တင်​သော ထမ်း​ပိုး​ကို ဤ​နည်း​အ​တိုင်း​ပင်​ချိုး​ပစ်​တော် မူ​မည်။ နှစ်​နှစ်​အ​တွင်း​ဤ​အ​မှု​ကို​ဖြစ်​ပွား စေ​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏'' ဟု​ပြော​၏။ ထို​အ​ခါ​ငါ​သည် ထွက်​ခွာ​ခဲ့​၏။
12 Then the word of YHWH came to Jeremiah, after that Hananiah the prophet had broken the bar from off the neck of the prophet Jeremiah, saying,
၁၂ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-
13 "Go, and tell Hananiah, saying, 'Thus says YHWH: You have broken the bars of wood; but you have made in their place bars of iron.
၁၃ဟာ​န​နိ​ထံ​သို့​သွား​၍``သင်​သည်​သစ်​သား​ထမ်း ပိုး​ကို​ချိုး​ပစ်​နိုင်​စွမ်း​ရှိ​သော်​လည်း ကိုယ်​တော် သည်​သံ​ထမ်း​ပိုး​ဖြင့်​အ​စား​ထိုး​တော်​မူ​မည်။-
14 For thus says YHWH of hosts, the God of Israel: "I have put a yoke of iron on the neck of all these nations, that they may serve Nebuchadnezzar king of Babylon; and they shall serve him: and I have given him the animals of the field also."'"
၁၄ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး တ​ကာ​တို့​အ​ပေါ်​သို့​သံ​ထမ်း​ပိုး​ကို​တင် တော်​မူ​မည်​ဖြစ်​၍ ထို​သူ​တို့​သည်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​အ​စေ​ကို​ခံ​ရ​ကြ လိမ့်​မည်​ဟု​မိန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား က​တော​တိ​ရစ္ဆာန်​များ​အား​ပင်​လျှင်​နေ​ဗု​ခဒ် နေ​ဇာ​၏​အ​စေ​ကို​ခံ​စေ​မည်​ဟု​မိန့်​တော်​မူ လေ​ပြီ'' ဟု​ပြော​ကြား​ရန်​စေ​ခိုင်း​တော်​မူ​၏။-
15 Then the prophet Jeremiah said to Hananiah the prophet, "Hear now, Hananiah: YHWH has not sent you; but you make this people to trust in a lie.
၁၅ထို​နောက်​ငါ​သည်​ဟာ​န​နိ​အား``ဟာ​န​နိ၊ နား​ထောင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့် အား​စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် ဤ​ပြည်​သူ​တို့​အား​မု​သား​စ​ကား​ကို ယုံ​ကြည်​အောင်​ပြု​လျက်​နေ​သည်​ဖြစ်​၍၊-
16 Therefore thus says YHWH, 'Look, I will send you away from off the surface of the earth: this year you shall die, because you have spoken rebellion against YHWH.'"
၁၆သင့်​အား​ဖယ်​ရှား​ပစ်​တော်​မူ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​မိန့်​တော်​မူ လေ​ပြီ။ သင်​သည်​ပြည်​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​ကို​ပုန်​ကန်​ရန်​လှုံ့​ဆော်​ပြော​ဆို​သည် ဖြစ်​၍​ဤ​နှစ်​မ​ကုန်​မီ​သေ​ရ​လိမ့်​မည်'' ဟု ဆို​၏။
17 So Hananiah the prophet died the same year in the seventh month.
၁၇ပ​ရော​ဖက်​ဟာ​န​နိ​သည်​ထို​နှစ်​သတ္တမ​လ ၌​ပင်​သေ​ဆုံး​သွား​လေ​သည်။

< Jeremiah 28 >