< James 1 >
1 James, a servant of God and of the Lord Jesus Christ, to the twelve tribes which are in the Diaspora: Greetings.
၁ဘုရားသခင် နှင့် အရှင် ယေရှု ခရစ် ၏ကျွန် ငါယာကုပ် သည်၊ အရပ်ရပ် တို့၌ ကွဲပြား သော တဆယ် နှစ်ပါးသောအမျိုး တို့ကို မေတ္တာနှင့် ကြား လိုက်ပါ၏။
2 Count it all joy, my brothers, when you encounter various trials,
၂ငါ့ ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာ သည် သည်းခံ ခြင်းကို ပွားစေ တတ် သည်ဟုသိမှတ် လျက်၊ အထူးထူး အပြားပြားစုံစမ်း နှောင့်ရှက်ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
3 knowing that the testing of your faith produces endurance.
၃ဝမ်းမြောက် စရာ အကြောင်း သက်သက်ဖြစ်သည်ဟု မှတ် ကြလော့။
4 Let endurance have its perfect work, that you may be perfect and complete, lacking in nothing.
၄သင်တို့သည်အလျှင်း မချို့တဲ့ ဘဲ စေ့စပ် စုံလင် မည်အကြောင်း ၊ သည်းခံ ခြင်းစိတ်သည် အကုန်အစင်ပြုပြင် ပါ စေ။
5 But if any of you lacks wisdom, let him ask of God, who gives to all generously and without finding fault; and it will be given to him.
၅သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။
6 But let him ask in faith, without any doubting, for the one who doubts is like a wave of the sea, driven and tossed by the wind.
၆သို့ရာတွင် တွေးတော ခြင်းမ ရှိဘဲယုံကြည် သောစိတ်နှင့် တောင်း ရမည်။ တွေးတော ခြင်းရှိသော သူ သည် ကား ၊ လေ ခတ် ၍ လှုပ်ရှားတတ်သော လှိုင်း တံပိုးနှင့်တူ ၏။
7 For let that person not think that he will receive anything from the Lord.
၇ထိုသို့သောသူ သည် စိတ် နှစ်ခွရှိသောသူ၊ ပြု လေသမျှ တို့၌ မ တည်ကြည်သောသူဖြစ်၍၊
8 He is a double-minded person, unstable in all his ways.
၈ထာဝရ ဘုရား၏ လက်တော်မှ တစ်စုံတစ်ခု ကို ရ မည်ဟုမ ထင် မမှတ်စေနှင့်။
9 But let the brother in humble circumstances glory in his high position;
၉အောက်လျှိုး နှိမ့်ချသော ညီအစ်ကို သည်မိမိ ချီးမြှောက် ခြင်းအရာ၌ ဝါကြွား ဝမ်းမြောက်စေ။
10 and the rich, in that he is made humble, because like the flower in the grass, he will pass away.
၁၀ငွေရတတ် သော ညီအစ်ကိုသည် မိမိ နှိမ့်ချ ဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား ၊ သူသည်မြက် ပွင့် ကဲ့သို့ ဖောက်ပြန် ခြင်းသဘောရှိ၏။
11 For the sun arises with the scorching wind, and withers the grass, and the flower in it falls, and the beauty of its appearance perishes. So also will the rich person fade away in his pursuits.
၁၁နေ သည်ပူ သော အရှိန်နှင့် ထွက် သောအခါ ၊ မြက်ပင် သည် သွေ့ခြောက် ခြင်းသို့ရောက်၍ အပွင့် လည်း ကြွေ တတ်၏။ တင့်တယ် သော အသွေးအဆင်း လည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ ၊ ငွေရတတ် သောသူ သည် မိမိ အမှုအရာတို့၌ ညှိုးနွမ်း ပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
12 Blessed is the one who perseveres under trial, for when he has been approved, he will receive the crown of life, which he promised to those who love him.
၁၂စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။
13 Let no one say when he is tempted, "I am tempted by God," for God cannot be tempted by evil, and he himself tempts no one.
၁၃အပြစ် သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင် သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မ ပြော စေနှင့်။ မ ကောင်းသောအရာသည် ဘုရားသခင် ကိုမ သွေးဆောင်နိုင် ရာ။ ကိုယ်တော်သည်လည်း အဘယ်သူ ကိုမျှ အပြစ်သို့ သွေးဆောင် တော်မမူ။
14 But each one is tempted, when he is drawn away by his own lust, and enticed.
၁၄မိမိ တပ်မက်သောစိတ် ဆွဲငင် ဖြားယောင်း ခြင်းကို ခံသောသူ မည်သည်ကား ၊ အပြစ်သွေးဆောင် ခြင်းသို့ ရောက်တတ်၏။
15 Then the lust, when it has conceived, bears sin; and the sin, when it is full grown, brings forth death.
၁၅တပ်မက်သောစိတ် သည် ပဋိသန္ဓေ ယူ၍ဒုစရိုက် သည်လည်း ပြည့်စုံ လျှင်သေ ခြင်းကို ဘွား တတ်၏။
16 Do not be deceived, my beloved brothers.
၁၆ငါ ချစ် သောညီအစ်ကို တို့၊ အလွဲ မ ယူကြနှင့်။ ကောင်းမြတ် စုံလင် သော ဆု ကျေးဇူး ရှိသမျှ တို့သည် အလင်း တို့၏ အဘ ထံ တော်က သက်ရောက် သည်ဖြစ်၍၊ အထက် အရပ်မှ လာ ကြ၏။
17 All generous giving and every perfect gift is from above, coming down from the Father of lights, with whom can be no variation, nor turning shadow.
၁၇ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။
18 Of his own will he brought us forth by the word of truth, that we should be a kind of first fruits of his creatures.
၁၈နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။
19 This you know, my beloved brothers. But let every person be swift to hear, slow to speak, and slow to anger;
၁၉သို့ဖြစ်၍၊ ငါ ချစ် သော ညီအစ်ကို တို့၊ ခပ်သိမ်း သောသူ တို့သည် နားကြား ခြင်းငှာ လျင်မြန် ကြစေ။ စကား ပြောခြင်းငှာ ၎င်း ၊ အမျက်ထွက် ခြင်းငှာ ၎င်း နှေး ကြစေ။
20 for human anger does not produce the righteousness of God.
၂၀လူ ၏ဒေါသအမျက် သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ ပြုစု တတ်။
21 Therefore, putting away all filthiness and overflowing of wickedness, receive with humility the implanted word, which is able to save your souls.
၂၁ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။
22 But be doers of the word, and not only hearers, deluding your own selves.
၂၂ကိုယ်ကိုကိုယ် လှည့်ဖြား ၍ ၊ နှုတ်ကပတ် တရားကို နာ ရုံမျှသာ ပြုသောသူမ ဟုတ်၊ တရားကိုကျင့်သောသူ ဖြစ် ကြလော့။
23 For if anyone is a hearer of the word and not a doer, he is like someone looking at his natural face in a mirror;
၂၃တရား ကိုမ ကျင့် ဘဲနာ ရုံမျှသာပြုသောသူ မည်သည်ကား၊ မှန် ၌ မိမိ ပကတိ မျက်နှာ ကို ကြည့် သော သူ နှင့်တူ ၏။
24 for he sees himself, and goes away, and immediately forgets what kind of person he was.
၂၄အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ကြည့် ပြီးမှ၊ အခြားသို့သွား ၍ မိမိအဆင်းသဏ္ဌာန် ကို ချက်ခြင်း မေ့လျော့ တတ်၏။
25 But he who looks into the perfect Law of freedom, and continues, not being a hearer who forgets, but a doer of the work, this person will be blessed in what he does.
၂၅လွှတ် ခြင်းနှင့် စပ်ဆိုင် ၍စုံလင် သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား၊ တရားနာ ၍ မေ့လျော့ သောသူမ ဟုတ်၊ အကျင့် ကျင့် သောသူဖြစ် သဖြင့်၊ မိမိ ကျင့် သောအကျင့်၌ မင်္ဂလာ ရှိသောသူ ဖြစ် ၏။
26 If anyone thinks himself to be religious while he does not control his tongue, but deceives his heart, this one's religion is worthless.
၂၆သင်တို့တွင် အကြင်သူ သည် သီလ ဆောက်တည်ဟန် ပြု သော်လည်း၊ မိမိ နှုတ် ကို မ ချုပ်တည်း ၊ မိမိ နှလုံး ကို လှည့်ဖြား ၏။ ထိုသူ ၏ သီလ သည် အချည်းနှီး သက်သက်ဖြစ်၏။
27 Pure religion and undefiled before our God and Father is this: to visit the fatherless and widows in their affliction, and to keep oneself unstained by the world.
၂၇ခမည်းတော် ဘုရားသခင့် ရှေ့ ၌ စင်ကြယ်သန့်ရှင်း သော သီလ ဟူမူကား ၊ မိဘမရှိ သောသူငယ်တို့နှင့် မုဆိုးမ တို့သည် ဆင်းရဲ ခံရသောအခါ၊ သူ တို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင် လည်းလောကီ အညစ်အကြေး နှင့် ကင်းစင် အံ့သောငှာစောင့်ရှောက် ခြင်းပေတည်း။