< Acts 20 >
1 After the uproar had ceased, Paul sent for the disciples and, after encouraging them, took leave of them, and departed to go into Macedonia.
၁ထိုရုန်ရင်းခတ် သော အမှုငြိမ်း သောအခါ ပေါလု သည်၊ တပည့် တော်တို့ကိုခေါ် ၍ နှုတ်ဆက် ပြီးမှမာကေဒေါနိ ပြည်သို့ သွား လေ၏။
2 When he had gone through those parts, and had encouraged them with many words, he came into Greece.
၂ထို အရပ် များကိုရှောင်သွား ၍ တပည့် တော်တို့ကို စကား များနှင့် ဆုံးမ ပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏။
3 When he had spent three months there, and a plot was made against him by Jews as he was about to set sail for Syria, he determined to return through Macedonia.
၃သုံး လ နေ ပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိ ပြည်သို့ သွားမည်ပြုသော်၊ ယုဒ လူတို့သည် မကောင်း သောအကြံ ကို ကြံ သောကြောင့်၊ မာကေဒေါနိ ပြည်လမ်းဖြင့် ပြန် မည်ဟု အကြံ ရှိ ပြန်၏။
4 He was accompanied by Sopater son of Pyrrhus of Beroea; Aristarchus and Secundus of the Thessalonians; Gaius of Derbe; Timothy; and Tychicus and Trophimus of Asia.
၄ပေါလု နှင့်အတူ အာရှိပြည်သို့ လိုက် သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏သား သောပတရု ၊ သက်သာလောနိတ် မြို့သားအာရိတ္တာခု နှင့် သေကုန္ဒု ၊ ဒေရဗေ မြို့သားဂါယု ၊ လုတ္တရမြို့သားတိမောသေ ၊ အာရှိ ပြည်သား၊ တုခိတ် နှင့် တရောဖိမ် တည်း။
5 But these had gone ahead, and were waiting for us at Troas.
၅ဤသူ တို့သည် ငါ တို့အရင် သွား၍ တရော မြို့၌ ငံ့လင့် လျက် နေကြ၏။
6 We sailed away from Philippi after the days of Unleavened Bread, and came to them at Troas in five days, where we stayed seven days.
၆အဇုမ ပွဲနေ့ရက် လွန် ပြီးမှငါ တို့သည် ဖိလိပ္ပိ မြို့မှ သင်္ဘောနှင့်လွှင့် ၍ ငါး ရက် အတွင်း တွင် သူ တို့ရှိရာ တရော မြို့သို့ ရောက် ၍ခုနစ် ရက် နေ ကြ၏။
7 On the first day of the week, when we were gathered together to break bread, Paul talked with them, intending to depart on the next day, and continued his speech until midnight.
၇ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
8 There were many lights in the upper chamber where we were gathered together.
၈စည်းဝေး ရာအထက် ခန်း၌ မီးခွက် များရှိ ၏။
9 A certain young man named Eutychus sat in the window, weighed down with deep sleep. As Paul spoke still longer, being weighed down by his sleep, he fell down from the third story, and was taken up dead.
၉ဥတုခု အမည် ရှိသော လုလင် တစ် ယောက်သည် ပြတင်းပေါက် နားမှာ ထိုင် ၍ အိပ်ပျော် ကျူးလွန် လျက် နေ၏။ ပေါလု သည် ကြာမြင့် စွာ ဟောပြော သည်တွင်၊ ထိုသူသည် အိပ်ပျော် လျက် အိမ် သုံးဆင့်အထက်မှ အောက် သို့လျော့ ကျ၍ သေ သည်ကို သူတို့သည်ချီကြွ ကြ၏။
10 Paul went down, and fell upon him, and embracing him said, "Do not be troubled, for his life is in him."
၁၀ပေါလု သည်လည်း အောက် သို့ ဆင်း၍သူ ၏ အပေါ်သို့ကိုယ်ကိုလှဲလျက် ဖက်ယမ်း ပြီးမှ ၊ အုတ်အုတ်သဲသဲ မ ပြုကြနှင့်။ သူ သည် အသက် ရှိ ၏ ဟုဆို ၍ တက် ပြန် လေ၏။
11 When he had gone up, and had broken bread, and eaten, and had talked with them a long while, even until break of day, he departed.
၁၁မုန့် ကိုဖဲ့ ၍စား ကြသည်နှင့် မိုဃ်းလင်း သည် တိုင်အောင် ကြာမြင့် စွာ စကား ပြောပြီးမှ ထွက်သွား ၏။
12 They brought the boy in alive, and were greatly comforted.
၁၂အသက် ရှင်လျက်ရှိသောထိုလုလင် ကို ဆောင်ယူ ခဲ့၍ ၊ အလွန် သက်သာ ခြင်းရှိကြ၏။
13 But we who went ahead to the ship set sail for Assos, intending to take Paul aboard there, for he had so arranged, intending himself to go by land.
၁၃ငါ တို့သည် ပေါလုအရင် သင်္ဘော သို့ သွား၍၊ အဿု မြို့၌ သူ့ကို ခံယူ မည်အကြံ နှင့် ထိုမြို့သို့ လွှင့် ကြ၏။ ပေါလု သည်ထိုမြို့သို့ ကုန်းကြောင်း သွားမည်အကြံ ရှိ ၍ ထိုသို့စီရင် လေ၏။
14 When he met us at Assos, we took him aboard, and came to Mitylene.
၁၄အဿု မြို့၌ သူသည်ငါ တို့နှင့်တွေ့မိ လျှင်၊ သူ့ ကိုခံယူ ၍ မိတုလင် မြို့သို့ သွား ကြ၏။
15 Sailing from there, we came the following day opposite Chios. The next day we landed at Samos, and the day after we came to Miletus.
၁၅ထိုမြို့ မှလွှင့် ပြန်လျှင် နက်ဖြန် နေ့၌ ခိအု ကျွန်းနား မှာရှောက်သွား၍ နောက်တစ်နေ့၌ သာမု ကျွန်းသို့ ရောက် သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တစ်နေ့၌လည်း မိလက် မြို့သို့ ရောက် ကြ၏။
16 For Paul had determined to sail past Ephesus, that he might not have to spend time in Asia; for he was hastening, if it were possible for him, to be in Jerusalem on the day of Pentecost.
၁၆ပေါလု သည် ပင်တေကုတ္တေ ပွဲနေ့ မလွန်မှီ ယေရုရှလင် မြို့သို့ ရောက် နိုင် လျှင် ရောက်ခြင်းငှာကြိုးစား သည်ဖြစ်၍ အာရှိ ပြည်၌ တာရှည် စွာ မ နေလိုသဖြင့် ဧဖက် မြို့မှာ မဆိုက်ဘဲ လွှင့် သွားမည်ဟု စိတ် ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
17 From Miletus he sent to Ephesus, and called to himself the elders of the church.
၁၇မိလက် မြို့သို့ရောက်မှ ပေါလုသည် ဧဖက် မြို့သို့ စေလွှတ် ၍ သင်းအုပ် များကို ခေါ် လေ၏။
18 When they had come to him, he said to them, "You yourselves know, from the first day that I set foot in Asia, how I was with you all the time,
၁၈သူတို့သည် ရောက် ကြသောအခါ ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ ရောက် သော နေ့ မှစ၍ ယခုတိုင်အောင်သင်တို့ရှေ့မှာ အဘယ်သို့ ကျင့် နေသည်ကို သင် တို့သိ ကြ၏။
19 serving the Lord with all humility, with many tears, and with trials which happened to me by the plots of the Jews;
၁၉အလွန် နှိမ့်ချ သောစိတ်ရှိလျက်၊ မျက်ရည် ကျလျက် ၊ ယုဒ လူတို့၏ မကောင်း သောအကြံအားဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကိုခံ လျက်၊ သခင် ဘုရား၏ အမှု တော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
20 how I did not hold back from declaring to you anything that was profitable, and teaching you publicly and from house to house,
၂၀သင်တို့အကျိုး တစ်စုံတစ်ခုကိုမျှ ငါမ ထိမ် မဝှက်။ လူ စုဝေးရာ၌၎င်း ၊ အိမ် များ၌၎င်း၊ သင် တို့အားဟောပြော ဆုံးမ ဩဝါဒပေးသဖြင့် ၊
21 testifying both to Jews and to Greeks repentance toward God, and faith toward our Lord Jesus.
၂၁ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။
22 And now, look, compelled by the Spirit, I am going to Jerusalem, not knowing what will happen to me there;
၂၂ယခု မှာငါ သည် ဝိညာဉ် တော်အားဖြင့်ချည်နှောင် ခြင်းကိုခံ၍၊ ယေရုရှလင် မြို့သို့ သွား ရ၏။ ထိုမြို့ ၌ အဘယ်အမှု ရောက် မည်ကိုမ သိ ။
23 except that the Holy Spirit testifies in every city, saying that bonds and afflictions wait for me.
၂၃သို့သော်လည်း ချည်နှောင် ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ ကိုဆိုင်းလင့် သည်ဟု သန့်ရှင်း သော ဝိညာဉ် တော်သည် ခပ်သိမ်းသောမြို့ တို့၌ ငါ့ အား သက်သေခံ တော်မူ၏။
24 But I make my life an account of nothing precious to myself, so that I may finish my race, and the ministry which I received from the Lord Jesus, to fully testify to the Good News of the grace of God.
၂၄သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
25 "And now, look, I know that you all, among whom I went about proclaiming the Kingdom, will see my face no more.
၂၅ယခု မူကား၊ ငါလှည့်လည် ၍ ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ဟောပြော ရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာ ကို မ မြင်ရကြ ဟုငါ သိ ၏။
26 Therefore I testify to you today that I am innocent of everyone's blood,
၂၆ထိုကြောင့် ၊ လူအပေါင်း တို့၏အသွေး နှင့် ငါ ကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏။
27 for I did not hold back from declaring to you the whole plan of God.
၂၇ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။
28 Watch out for yourselves and to all the flock, in which the Holy Spirit has made you overseers, to shepherd the church of God which he purchased with his own blood.
၂၈ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
29 For I know that after my departure, vicious wolves will enter in among you, not sparing the flock.
၂၉အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊
30 Men will arise from among your own selves, speaking perverse things, to draw away the disciples after them.
၃၀တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။
31 Therefore watch, remembering that for a period of three years I did not cease to admonish everyone night and day with tears.
၃၁ထိုကြောင့် စောင့်ရှောက် ၍နေကြလော့။ ငါသည်သုံး နှစ်ပတ်လုံးနေ့ ည မ ပြတ် လူအပေါင်းတို့ကို မျက်ရည် နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ ကြ လော့။
32 Now I entrust you to God, and to the word of his grace, which is able to build up, and to give you the inheritance among all those who are sanctified.
၃၂ညီအစ်ကိုတို့၊ ယခု ငါသည်သင် တို့ကို ဘုရားသခင် ၌ အပ်နှံ ၏။ သင်တို့ကို တည်ဆောက် ခြင်းငှာ၎င်း ၊ သန့်ရှင်း သောသူ အပေါင်း တို့နှင့်အတူ သင်တို့အား အမွေ ပေး ခြင်းငှာ၎င်း၊ တတ်နိုင် သောဘုရားသခင် ၏ ကျေးဇူး တော်တရား ၌လည်း သင်တို့ကိုငါအပ်နှံ၏။
33 I coveted no one's silver, or gold, or clothing.
၃၃သူ့ရွှေ ငွေ အဝတ် တန်ဆာတို့ကို ငါသည်တပ်မက် ခြင်းမ ရှိပြီ။
34 You yourselves know that these hands served my necessities, and those who were with me.
၃၄ဤ လက် တို့သည် ငါ့ ကို၎င်း ၊ ငါ့ အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေး ပြီဟု သင်တို့သည် ကိုယ်တိုင် သိ ကြ၏။
35 In all things I gave you an example, that so laboring you ought to help the weak, and to remember the words of the Lord Jesus, that he himself said, 'It is more blessed to give than to receive.'"
၃၅ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
36 When he had spoken these things, he knelt down and prayed with them all.
၃၆ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။
37 They all wept a lot, and fell on Paul's neck and kissed him,
၃၇ထိုသူအပေါင်း တို့သည် အလွန် ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်း ကို ဘက်ယမ်း လျက် သူ့ ကိုနမ်း ကြ၏။
38 sorrowing most of all because of the word which he had spoken, that they should see his face no more. And they accompanied him to the ship.
၃၈နောက်တဖန် သူ ၏မျက်နှာ ကိုမ မြင် ရဟူသောစကား ကြောင့် သာ၍ကြေကွဲသောစိတ် နှင့် ပေါလု ကို သင်္ဘော သို့ ပို့ လိုက်ကြ၏။