< 1 Corinthians 2 >
1 When I came to you, brothers, I did not come with superiority of speech or wisdom, proclaiming to you the mystery of God.
၁ညီအစ်ကို တို့၊ ငါ သည်သင် တို့ရှိရာ သို့ ရောက်လာ သောအခါ၊ ဘုရားသခင် ၏ သက်သေ ချက်ကို ထူးမြတ်သောစကား နှင့် ထူးမြတ် သော ပညာ အားဖြင့် သင် တို့အား ပြသ ၍ ရောက်လာ သည်မ ဟုတ်။
2 For I determined not to know anything among you, except Jesus Christ, and him crucified.
၂အကြောင်းမူကား ၊ ယေရှု ခရစ် တည်းဟူသောလက်ဝါးကပ်တိုင် မှာ အသေခံတော်မူသော သခင် မှတစ်ပါး ၊ အဘယ် အရာကိုမျှ သင် တို့တွင် ငါမ သိ မ မှတ်ဟု ငါစိတ် ပြဋ္ဌာန်း ခြင်းရှိ၏။
3 When I was with you, I was weak and afraid and I shook.
၃သင် တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်း ခြင်း၊ အလွန် ကြောက်ရွံ့ တုန်လှုပ် ခြင်းနှင့်တကွ ငါ ရှိ နေ၏။
4 My speech and my preaching were not in persuasive words of wisdom, but in demonstration of the Spirit and of power,
၄သင် တို့၏ယုံကြည် ခြင်းသည် လူ ပညာ အားဖြင့် မ တည် ၊
5 that your faith would not rest on human wisdom, but on the power of God.
၅ဘုရားသခင် ၏ တန်ခိုး တော်အားဖြင့် တည်စေခြင်းငှာ ၊ ငါ့ စကား ၊ ငါ့ ဒေသနာ သည် လူပညာ နှင့် ယှဉ်သောဖြားယောင်း သောစကား နှင့်တကွ ရှိသည် မ ဟုတ်။ ဝိညာဉ် တော်၏နိမိတ် လက္ခဏာ တန်ခိုး တော်နှင့်တကွ ရှိ၏။
6 We speak wisdom, however, among those who are mature, but a wisdom not of this age or of the rulers of this age, who are passing away. (aiōn )
၆သို့သော်လည်း ၊ စုံလင် သော သူတို့အား ငါတို့သည် ပညာ စကားကို ဟောပြော ၏။ ထိုသို့ဆိုသော်၊ လောကီ ပညာကို မ ဆိုလို။ ပြယ်ပျောက် တတ်သော လောကီ မင်း တို့၏ ပညာ ကိုမ ဆိုလို။ (aiōn )
7 But we speak God's wisdom in a mystery, the wisdom that has been hidden, which God determined in advance before the ages for our glory, (aiōn )
၇ဤ ကမ္ဘာ မ တည်မရှိမှီ၊ ငါ တို့၏ ဘုန်း အသရေ ဖြစ်စေခြင်းငှာ ၊ ဘုရားသခင် စီရင် တော်မူသော ပညာ၊ နက်နဲ သောအရာ၌ ဝှက်ထား သော ဘုရားသခင် ၏ ပညာ ကို ငါတို့သည်ပြသ ကြ၏။ (aiōn )
8 which none of the rulers of this age has understood. For had they known it, they would not have crucified the Lord of glory. (aiōn )
၈ထို ပညာကို လောကီ မင်း တစ်စုံတစ်ယောက် မျှမသိ ။ သိ လျှင် ၊ ဘုန်းကြီး တော်မူသောသခင် ကို လက်ဝါးကပ်တိုင် မှာကွပ်မျက်ကြပြီ။ (aiōn )
9 But as it is written, No eye has seen, and no ear has heard, and no mind has imagined the things which God has prepared for those who love him.
၉ကျမ်းစာ လာသည်နှင့်အညီ ၊ ဘုရားသခင် ကို ချစ် သော သူ တို့အဘို့အလိုငှာ၊ ဘုရားသခင်ပြင်ဆင် တော်မူသော အရာ တို့ကို လူ မျက်စိ ဖြင့်မ မြင် ၊ နား ဖြင့်မ ကြား ၊ စိတ် နှလုံးဖြင့် မ ကြံစည် သေး။
10 But to us God revealed it through the Spirit. For the Spirit searches all things, even the deep things of God.
၁၀ထိုအရာတို့ကို ဘုရားသခင် သည် မိမိ ဝိညာဉ် တော်အားဖြင့် ငါ တို့အားဖော်ပြ တော်မူ၏။ ဝိညာဉ် တော် သည် ဘုရားသခင် ၏ နက်နဲ သော အရာတိုင်အောင်ခပ်သိမ်း သောအရာတို့ကိုစစ် တော်မူ၏။
11 For what person knows the things of a person except the spirit of the person that is in him? So also, no one knows the things of God except the Spirit of God.
၁၁လူ ၏နက်နဲသော အရာကို လူ ၌ ရှိသောမိမိ စိတ် ဝိညာဉ်မှတစ်ပါး အဘယ်သူ သိ သနည်း။ ထိုနည်းတူ ဘုရားသခင် ၏ နက်နဲသောအရာကို ဘုရားသခင် ၏ ဝိညာဉ် တော်မှတစ်ပါး အဘယ်သူ မျှမ သိ ။
12 But we received, not the spirit of the world, but the Spirit which is from God, that we might know the things that were freely given to us by God.
၁၂ငါ တို့သည် လောကီ ဝိညာဉ် ကို မ ခံရ ကြ။ ဘုရားသခင် ပေး တော်မူသောအရာ တို့ကို သိ ခြင်းအလိုငှာ ဘုရားသခင် ထံမှ ကြွလာသော ဝိညာဉ် ကိုခံရကြပြီ။
13 And we speak of these things, not with words taught by human wisdom, but with those taught by the Spirit, comparing spiritual things with spiritual things.
၁၃ဘုရားသခင်ပေးတော်မူသော အရာတို့ကို ငါ တို့သည် လူ ပညာ ကိုအမှီပြု ၍ နားလည်သောစကား နှင့် မ ဟော ။ သန့်ရှင်းသော ဝိညာဉ် တော်သည် ဝိညာဉ် နှင့် စပ်ဆိုင်သော အရာကို ဝိညာဉ် စကားအားဖြင့်ဖွင့်ပြ ၍ ပဲ့ပြင် တော်မူသော စကားနှင့် ငါတို့သည် ဟော ကြ၏။
14 Now the natural person does not receive the things of the Spirit of God, for they are foolishness to him, and he cannot understand them, because they are spiritually discerned.
၁၄ဇာတိ ပကတိလူ သည် ဘုရားသခင် ၏ ဝိညာဉ် တော်အရာ တို့ကို မ ခံ မယူ။ ထိုအရာတို့သည် မိုက်မဲ သော အရာဖြစ် သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား ၍နားလည်နိုင်သောကြောင့် ၊ ဇာတိပကတိလူသည် နား မ လည်နိုင် ။
15 But he who is spiritual discerns all things, and he himself is judged by no one.
၁၅ဝိညာဉ် လူမူကား ၊ ထိုအရာအလုံးစုံ တို့ကို ပိုင်းခြား ၍ နားလည်တတ်၏။ သို့သော်လည်း ထိုလူ ကို အဘယ်သူ မျှပိုင်းခြား ၍ မသိနိုင်။
16 For, "Who has known the mind of the Lord? Who will instruct him?" But we have the mind of Christ.
၁၆ထိုလူ ကို သွန်သင် နိုင်မည်အကြောင်း အဘယ်သူ သည် ထာဝရ ဘုရား၏ စိတ် တော်ကို သိ သနည်း။ ငါ တို့မူကား ခရစ်တော် ၏စိတ် ကို ခံရ ကြ၏။