< Ruth 2 >
1 Naomi had a kinsman of her husband's, a mighty man of wealth, of the family of Elimelech, and his name was Boaz.
၁နောမိ ၏လင် ဧလိမလက် ၏ အဆွေ အမျိုးတွင် အလွန်ရတတ်သောပေါက်ဘော် တယောက်ရှိ၏။ သူ ၏အမည် ကား ဗောဇ တည်း။
2 Ruth the Moabitess said to Naomi, "Let me now go to the field, and glean among the ears of grain after him in whose sight I shall find favor." She said to her, "Go, my daughter."
၂မောဘ ပြည်သူရုသ က၊ ကျွန်မသည် လယ်ပြင် သို့သွား ၍ စိတ်နှင့်တွေ့ သောသူ နောက် မှာစပါးကျန်ကို ကောက် ပါရစေဟု နောမိ ၌ အခွင့် ပန်လျှင် ၊ နောမိက၊ သွား တော့ငါ့ သမီး ဟုဆို ၏။
3 She went, and came and gleaned in the field after the reapers: and she happened to come to the portion of the field belonging to Boaz, who was of the family of Elimelech.
၃ရုသသည်သွား ၍ စပါး ရိတ်သောသူတို့နောက် မှာ၊ စပါးကျန်ကို ကောက် သည်တွင်၊ ဧလိမလက် ၏ အဆွေ အမျိုးဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့နေရာ ကျ၏။
4 Look, Boaz came from Bethlehem, and said to the reapers, "The LORD be with you." They answered him, "The LORD bless you."
၄ထိုအခါ ဗောဇ သည် ဗက်လင် မြို့က လာ ၍ ၊ ထာဝရဘုရား သည်သင် တို့နှင့်အတူ ရှိတော်မူပါစေသောဟု ရိတ် သောသူတို့အား ဆို လျှင်၊ သူတို့က၊ ကိုယ်တော် ကိုထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသောဟု ပြန်ပြော ကြ၏။
5 Then Boaz said to his servant who was set over the reapers, "Whose young woman is this?"
၅ဗောဇ ကလည်း ၊ ထို မိန်းမ ငယ်သည် အဘယ် သူနှင့် ဆိုင်သနည်းဟု လယ် ခေါင်းအား မေး သော်၊
6 The servant who was set over the reapers answered, "It is the Moabite woman who came back with Naomi out of the country of Moab.
၆လယ်ခေါင်းက၊ မောဘ ပြည် မှ နောမိ နှင့်အတူ လိုက်လာ သောမောဘ အမျိုးသမီး ဖြစ်ပါ၏။
7 She said, 'Please let me glean and gather after the reapers among the sheaves.' So she came, and has continued even from the morning until now, except that she stayed a little in the house."
၇သူကလည်း၊ ကျွန်မသည် စပါး ရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက် သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့်၊ နံနက် မှစ၍ ယခု ခဏ တဲ ၌နေ သောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆို လျှင်၊
8 Then Boaz said to Ruth, "Listen, my daughter. Do not go to glean in another field, and do not go from here, but stay here close to my maidens.
၈ဗောဇ သည် ရုသ ကို ခေါ် ၍ ၊ နားထောင် ပါ၊ ငါ့ သမီး။ အခြား သောလယ် သို့ သွား ၍စပါးကျန်ကို မ ကောက် နှင့်။ ဤ အရပ်က မ ထွက် ဘဲ၊ ငါ့ ကျွန် မတို့၌ မှီဝဲ လျက်နေတော့။
9 Let your eyes be on the field that they reap, and go after them. Haven't I commanded the young men not to touch you? When you are thirsty, go to the vessels, and drink from that which the young men have drawn."
၉သူတို့ရိတ် သောလယ် ကွက်ကို ကြည့် မှတ်၍ သူ တို့နောက် ၌ လိုက် လော့။ လုလင် တို့သည်သင့် ကို မ နှောင့်ရှက် ရမည်အကြောင်း ငါမှာ ထားပြီ။ ရေ ငတ်သောအခါ ၊ အိုး ထားရာသို့ သွား ၍ လုလင် ခပ် သောရေကို သောက် တော့ဟုဆိုလေသော်၊
10 Then she fell on her face, and bowed herself to the ground, and said to him, "Why have I found favor in your sight, that you should take knowledge of me, since I am a foreigner?"
၁၀ရုသသည်မြေ ပေါ်မှာဦးချ ပြပ်ဝပ် လျက် ၊ ကျွန်မ သည်တပါး အမျိုးသားဖြစ်၍ကိုယ်တော် သည် ကျွန်မ ကို သိမှတ် မည်အကြောင်း၊ အဘယ်သို့ စိတ် တော်နှင့်တွေ့ရပါသနည်းဟုလျှောက် လေ၏။
11 Boaz answered her, "It has fully been shown to me, all that you have done to your mother-in-law since the death of your husband; and how you have left your father and your mother, and the land of your birth, and have come to a people that you didn't know before.
၁၁ဗောဇ ကလည်း ၊ သင် ၏လင် သေ သောနောက် ၊ သင် သည်ယောက္ခမ အားပြုစု သမျှ ကို၎င်း၊ သင်သည်မိဘ နှင့် မွေးဘွား ရာဌာနပြည် ကိုစွန့် ၍ အထက် က မ သိ ဘူးသောပြည် သို့ လာ ကြောင်းကို၎င်း ၊ ငါ့ အား သေချာစွာပြော ကြပြီ။
12 May the LORD repay your work, and a full reward be given you from the LORD, the God of Israel, under whose wings you have come to take refuge."
၁၂သင့် အမှု ၏အကျိုး ကိုထာဝရဘုရား ပေး တော်မူပါစေသော။ သင်သည်အတောင် တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ် သော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် စုံလင် သောဆုကို ချတော်မူပါစေသောဟု ဆိုသော်၊
13 Then she said, "Let me find favor in your sight, my lord, because you have comforted me, and because you have spoken kindly to your handmaid, though I am not as one of your handmaidens."
၁၃ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့ တော်၌ မျက်နှာ ရပါစေ။ ကျွန်မ သည်ကိုယ်တော် ကျွန် မတို့နှင့် မ တူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မ ကို နှစ်သိမ့် စေပါပြီဟု လျှောက် လေ၏။
14 At meal time Boaz said to her, "Come here, and eat of the bread, and dip your morsel in the vinegar." She sat beside the reapers, and they reached her parched grain, and she ate, and was satisfied, and left some of it.
၁၄ဗောဇ ကလည်း ၊ စားသောက် သောအချိန် ရှိပြီ။ လာ ၍ မုန့် ကို စား လော့။ ပုံးရည် ၌ စားစရာကို နှစ် လော့ဟု ခေါ်ဆိုသည်အတိုင်း၊ ရုသသည် စပါး ရိတ်သောသူတို့နှင့်အတူထိုင် လျှင် ၊ ဗောဇသည် ပေါက်ပေါက် ကို လှမ်း၍ ပေး သဖြင့် ၊ သူသည် ဝ စွာစား ပြီးမှ ချန် ထားသေး၏။
15 When she had risen up to glean, Boaz commanded his young men, saying, "Let her glean even among the sheaves, and do not humiliate her.
၁၅စပါးကျန်ကို ကောက် ခြင်းငှါ ထ သွားသောအခါ ၊ ဗောဇ သည်လုလင် တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်းစု ထဲမှာ ကျန်သောစပါးကိုကောက်သိမ်း ပါစေ၊ အရှက် မ ခွဲကြနှင့်။
16 Also pull out some for her from the bundles, and leave it, and let her glean, and do not rebuke her."
၁၆ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ အဘို့ ချ ထားလော့။ ကောက် ယူပါစေ။ အပြစ် မ တင်ကြနှင့်ဟု မှာထား၏။
17 So she gleaned in the field until evening; and she beat out that which she had gleaned, and it was about an ephah of barley.
၁၇ရုသသည်ထိုလယ် ၌ ညဦး တိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ် ပြီးလျှင် မုယော ဆန်တဧဖာ ခန့် မျှရှိ ၏။
18 She took it up, and went into the city; and her mother-in-law saw what she had gleaned: and she brought out and gave to her that which she had left after she was sufficed.
၁၈ထိုဆန်ကိုယူ ၍ မြို့ ထဲသို့ ဝင် သဖြင့် ၊ ကောက် ၍ရသောဆန်ကိုလည်း ယောက္ခမ အား ပြ ၏။ ဝ စွာစားပြီးမှချန် ထားသော အရာ ကိုလည်း ထုတ် ၍ ပေးသေး၏။
19 Her mother-in-law said to her, "Where have you gleaned today? And where have you worked? Blessed be he who noticed you." She showed her mother-in-law with whom she had worked, and said, "The man's name with whom I worked today is Boaz."
၁၉ယောက္ခမ ကလည်း ၊ ယနေ့ အဘယ်မှာ စပါးကျန်ကိုကောက် သနည်း။ အဘယ်မှာ လုပ် သနည်း။ သင် သိမှတ် သောသူသည်မင်္ဂလာ ရှိ ပါစေသောဟု မြွက်ဆို လျှင်၊ ရုသက ယနေ့ ကျွန်မလုပ် သောသူ ၏အမည် ကား၊ ဗောဇ ဖြစ်ပါသည်ဟုယောက္ခမ အား ကြား ပြောသော်။
20 Naomi said to her daughter-in-law, "Blessed be he of the LORD, who has not left off his kindness to the living and to the dead." Naomi said to her, "The man is a close relative to us, one of our near kinsmen."
၂၀ယောက္ခမက၊ အသက် ရှင်သောသူ၊ သေ သောသူတို့၌ ကျေးဇူး မ ပြတ် ပြုတော်မူသေးသောထာဝရဘုရား သည် သူ့ ကိုကောင်းကြီး ပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူ သည် ငါ တို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင်ဖြစ်သည်ဟူ၍၎င်း၊ ချွေးမ အား ပြောဆို ၏။
21 And Ruth the Moabitess said, "He even said to me, 'You shall stay close to my young men, until they have ended all my harvest.'"
၂၁ထိုသူက၊ ငါ့စပါး ရိတ်ခြင်းအမှု မပြီး မှီတိုင်အောင် ၊ ငါ့ လူ တို့၌ မှီဝဲ လျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘ အမျိုးသမီးရုသ သည် ကြားပြော သော်၊
22 Naomi said to Ruth her daughter-in-law, "It is good, my daughter, that you go out with his maidens, and that they not meet you in any other field."
၂၂နောမိ က၊ ငါ့ သမီး ၊ သင်သည် သူ ၏ကျွန် မတို့နှင့် ပေါင်းဘော်ကောင်း၏။ အခြား သောလယ် ၌ သူတို့သည် သင့် ကို မတွေ့စေကောင်းဟု၊ ချွေးမ ရုသ အား ပြော သည်အတိုင်း၊
23 So she stayed close to the maidens of Boaz, to glean to the end of barley harvest and of wheat harvest; and she lived with her mother-in-law.
၂၃သူသည် မုယော စပါး၊ ဂျုံ စပါးရိတ် ခြင်းအမှု ပြီး သည်တိုင်အောင် ဗောဇ ၏ ကျွန် မတို၌ မှီဝဲ လျက် ၊ စပါးကျန်ကိုကောက် ၍ ယောက္ခမ ထံ မှာနေ လေ၏။