< Genesis 6 >

1 And it happened, when humankind began to multiply on the face of the land, and daughters were born to them,
ထို​အ​ချိန်​ကာ​လ​၌​ကမ္ဘာ​အ​ရပ်​ရပ်​တွင် လူ​ဦး ရေ​များ​ပြား​လာ​၏။ လူ​တို့​၌​သ​မီး​များ​ဖွား မြင်​လာ​ကြ​၏။-
2 that God's sons saw that the daughters of humankind were beautiful, and they took wives for themselves, whomever they chose.
အ​ထက်​ဘုံ​သား အ​ချို့​တို့​သည်​လူ​သ​မီး​များ​ရုပ်​အ​ဆင်း​လှ သည်​ကို​မြင်​၍ မိ​မိ​တို့​နှစ်​သက်​ရာ​ကို​ရွေး​ယူ စုံ​ဖက်​ကြ​၏။-
3 And God said, "My Spirit will not remain in humankind forever, since he is indeed flesh; yet his days will be one hundred twenty years."
ထာ​ဝ​ရ​ဘု​ရား​က​လည်း``လူ​သည်​သေ​မျိုး​ဖြစ် ၏။ အ​မြဲ​အ​သက်​ရှင်​နေ​ခွင့်​ကို​ငါ​မ​ပေး။ ယ​ခု မှ​စ​၍​လူ​၏​သက်​တမ်း​သည်​အ​နှစ်​တစ်​ရာ့​နှစ် ဆယ်​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​၏။-
4 The Nephilim were on the earth in those days (and also after that), when the sons of God had sexual relations with the daughters of humankind and had children by them. They were the mighty men who were from ancient times, famous men.
ကမ္ဘာ​ပေါ်​တွင်​ထို​ကာ​လ​နှင့်​နောက်​ပိုင်း​ကာ​လ​၌ လူ​တို့​၏​သ​မီး​များ​နှင့်​အ​ထက်​ဘုံ​သား​တို့​မှ ပေါက်​ဖွား​လာ​သော​သူ​များ​ရှိ​ကြ​၏။ ထို​သူ​တို့ သည်​ကိုယ်​ခန္ဓာ​အ​လွန်​ထွား​ကြိုင်း​၍ ရှေး​ခေတ် အ​ခါ​က​နာ​မည်​ကျော်​လူ​စွမ်း​ကောင်း​များ ဖြစ်​ကြ​၏။
5 And God saw that the wickedness of humankind was great on the earth, and that every inclination of the thoughts of his heart was only evil continually.
ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-
6 God was sorry that he had made humankind on the earth, and he was grieved in his heart.
လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-
7 God said, "I will destroy humankind whom I have created from the face of the earth; humankind, along with animals, crawling creatures, and flying creatures of the sky; for I am sorry that I have made them."
ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-
8 But Noah found favor in the sight of God.
နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။
9 These are the generations of Noah. Noah was a righteous man, blameless among the people of his time. Noah walked with God.
နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။-
10 Noah became the father of three sons: Shem, Ham, and Japheth.
၁၀
11 The earth was corrupt before God, and the earth was filled with violence.
၁၁အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။-
12 God saw the earth, and look, it was corrupt, for all flesh had corrupted their way on the earth.
၁၂ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။
13 And God said to Noah, "The end of all flesh has come before me, for the earth is filled with violence through them. And look, I will destroy them with the earth.
၁၃ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​နော​ဧ​အား``ငါ သည်​လူ​သတ္တ​ဝါ​အား​လုံး​ကို​သုတ်​သင်​ရန်​ဆုံး ဖြတ်​ပြီး​ပြီ။ ကမ္ဘာ​မြေ​ကြီး​သည်​သူ​တို့​၏​ပြစ် မှု​များ​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​ကို အ​ကုန်​အ​စင်​သေ​ကြေ​ပျက်​စီး​စေ​မည်။-
14 Make a box-shaped ship of gopher wood. You are to make rooms in the ship, and cover it inside and outside with pitch.
၁၄သင့်​အ​တွက်​သင်္ဘော​တစ်​စင်း​ကို​သစ်​သား​ကောင်း ဖြင့်​တည်​ဆောက်​လော့။ အ​ခန်း​များ​ဖွဲ့​၍​အ​တွင်း အ​ပြင်​ကို​ကတ္တ​ရာ​စေး​သုတ်​လော့။-
15 And this is how you are to make it. The length of the ship is to be five hundred seventeen feet, its breadth eighty-six feet, and its height fifty-two feet.
၁၅သင်္ဘော​ကို​အ​လျား​ပေ​လေး​ရာ​ငါး​ဆယ်၊ အ​နံ ပေ​ခု​နစ်​ဆယ့်​ငါး၊ အ​မြင့်​ပေ​လေး​ဆယ်​ငါး ရှိ​စေ​ရ​မည်။-
16 And you are to make a roof in the ship, and you are to finish it twenty-one inches above. And you are to set the door of the ship in its side. You are to make it with lower, second, and third levels.
၁၆သင်္ဘော​အ​ပေါ်​၌​အ​မိုး​တင်​၍​သင်္ဘော​နံ​ဘေး ပတ်​လည်​ကို အ​မိုး​နှင့်​တစ်​ဆယ်​ရှစ်​လက်​မ​ကွာ စေ​ရ​မည်။ အ​ထပ်​သုံး​ထပ်​အ​ဆင့်​ဆင့်​တည်​၍ ဘေး​ဘက်​တွင်​တံ​ခါး​တစ်​ပေါက်​ဖောက်​ရ​မည်။-
17 And as for me, look, I am bringing a flood of waters on the earth, to destroy all flesh having the breath of life from under the sky. Everything that is on the earth will die.
၁၇သက်​ရှိ​သတ္တ​ဝါ​ရှိ​သ​မျှ​တို့​ကို​သေ​ကြေ​ပျက် စီး​စေ​ရန် ကမ္ဘာ​မြေ​ကြီး​ပေါ်​မှာ​ရေ​လွှမ်း​မိုး​စေ မည်။ ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ရှိ​ရှိ​သ​မျှ​တို့​သေ ကြေ​ပျက်​စီး​ရ​မည်။-
18 But I will establish my covenant with you. You are to come into the ship, you, your sons, your wife, and your sons' wives with you.
၁၈သို့​ရာ​တွင်​ငါ​သည်​သင်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ သင် နှင့်​တ​ကွ​သင်​၏​မ​ယား၊ သား​များ​နှင့်​သူ​တို့ ၏​မ​ယား​တို့​အား​သင်္ဘော​ပေါ်​သို့​တက်​စေ​လော့။-
19 Of every living thing of all flesh, you are to bring two of every sort into the ship, to keep them alive with you. They shall be male and female.
၁၉အ​သက်​ချမ်း​သာ​ရာ​ရ​စေ​ရန်​တိရစ္ဆာန်​နှင့်​ငှက် အ​မျိုး​မျိုး​မှ အ​ဖို​နှင့်​အ​မ​တစ်​စုံ​စီ​တို့​ကို သင်​နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​စေ​လော့။-
20 Of the flying creatures after their kind, of the animals after their kind, and of every crawling creature of the ground after their kind, two of every sort shall come to you, to keep them alive.
၂၀
21 And as for you, take for yourself all the kinds of food that are eaten, and gather it to yourself; and it will be food for you, and for them."
၂၁သင်​တို့​နှင့်​တိရစ္ဆာန်​များ​အ​တွက်​အ​စား အ​စာ​အ​မျိုး​မျိုး​ကို​ယူ​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။-
22 Thus Noah did. According to all that God commanded him, so he did.
၂၂နော​ဧ​သည်​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​လေ​၏။

< Genesis 6 >

The World is Destroyed by Water
The World is Destroyed by Water