< Galatians 3 >

1 Foolish Galatians, who has cunningly deceived you, before whose eyes Jesus Christ was openly set forth as crucified?
အ​ချင်း​မိုက်​မဲ​သော​ဂ​လာ​တိ​အ​သင်း​တော် သား​တို့၊ အ​ဘယ်​သူ​သည်​သင်​တို့​အား​ပြု စား​သ​နည်း။ လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​သ​ခင် ယေ​ရှု​အ​သေ​ခံ​တော်​မူ​ပုံ​ကို သင်​တို့​မျက် မှောက်​၌​ရှင်း​လင်း​စွာ​ပြ​ခဲ့​၏။-
2 I just want to learn this from you. Did you receive the Spirit by the works of the law, or by hearing of faith?
ဝိ​ညာဉ်​တော်​ကို​သင်​တို့​ခံ​ယူ​ရ​ကြ​ခြင်း​မှာ ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ခြင်း​ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း​ကို​ကြား​၍ ယုံ​ကြည်​ကြ​သော​ကြောင့်​လော။ ဤ​မေး​ခွန်း ကို​သာ​လျှင် ငါ့​အား​ဖြေ​ကြား​ကြ​လော့။-
3 Are you so foolish? Having begun in the Spirit, are you now completed in the flesh?
သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​မိုက်​မဲ ကြ​သ​နည်း။ သင်​တို့​သည်​ဝိ​ညာဉ်​တော်​အား ဖြင့်​အ​စ​ပြု​ခဲ့​ကြ​ပြီး​နောက် ယ​ခု​အ​ခါ မိ​မိ​တို့​ကိုယ်​ပိုင်​စွမ်း​ရည်​ဖြင့်​အ​ဆုံး​သတ် လို​ကြ​သ​လော။-
4 Did you suffer so many things in vain, if it is indeed in vain?
သင်​တို့​ကိုယ်​တိုင်​တွေ့​ကြုံ​ခံ​စား​ချက်​သည် အ​ချည်း​နှီး​ဖြစ်​လေ​ပြီ​လော။ အ​မှန်​ပင် အ​ချည်း​နှီး​မ​ဖြစ်​နိုင်။-
5 He therefore who supplies the Spirit to you, and works miracles among you, does he do it by the works of the law, or by hearing of faith?
ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ဝိ​ညာဉ်​တော် ကို​ချ​ပေး​တော်​မူ​၍ အံ့​သြ​ဖွယ်​သော​နိ​မိတ် လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​ခဲ့​သည်​မှာ ပ​ညတ် တ​ရား​ကို​သင်​တို့​စောင့်​ထိန်း​ကြ​သည့်​အ​တွက် ကြောင့်​လော။ သို့​တည်း​မ​ဟုတ်​သ​တင်း​ကောင်း ကို​ကြား​နာ​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့် လော။-
6 Even as Abraham "believed God, and it was credited to him as righteousness."
အာ​ဗြ​ဟံ​၏​တွေ့​ကြုံ​ခံ​စား​ချက်​ကို​ဆင်​ခြင် စဉ်း​စား​ကြ​စို့။ ကျမ်း​စာ​တော်​က ``အာ​ဗြ​ဟံ သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​၏။ သို့​ဖြစ်​၍ ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား သူ​တော် ကောင်း​အ​ဖြစ်​လက်​ခံ​တော်​မူ​သည်'' ဟု​ဆို​၏။-
7 Know therefore that those who are of faith, the same are children of Abraham.
သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည် အာ​ဗြ​ဟံ​၏​သား​မြေး​အ​စစ်​အ​မှန်​များ​ဖြစ် ကြောင်း​ကို သင်​တို့​သိ​မှတ်​ကြ​လော့။-
8 The Scripture, foreseeing that God would justify the non-Jews by faith, preached the Good News beforehand to Abraham, saying, "Through you all the nations will be blessed."
ဘု​ရား​သ​ခင်​သည်​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ လူ​မျိုး​ခြား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​မည်​ဖြစ်​ကြောင်း ကျမ်း​စာ​တော်​တွင် ကြို​တင်​ဟော​၏။ ကျမ်း​စာ​တော်​က ``လူ​မျိုး အ​ပေါင်း​တို့​သည် သင့်​အား​ဖြင့်​ကောင်း​ချီး မင်္ဂလာ​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​အာ​ဗြ​ဟံ အား​သ​တင်း​ကောင်း​ကို​ကြေ​ညာ​သည်။-
9 So then, those who are of faith are blessed with the faithful Abraham.
အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား​ယုံ​ကြည် သည့်​အ​တွက် ကောင်း​ချီး​မင်္ဂ​လာ​ခံ​စား​ရ​သည်။ သို့​ဖြစ်​၍​ယုံ​ကြည်​သူ​လူ​အ​ပေါင်း​တို့​သည် အာ​ဗြ​ဟံ​နည်း​တူ​ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား ရ​ကြ​၏။
10 For as many as are of the works of the law are under a curse. For it is written, "Cursed is everyone who does not continue in all things that are written in the book of the law, to do them."
၁၀ပ​ညတ်​တ​ရား​စောင့်​ထိန်း​မှု​ကို​အား​ကိုး​သော သူ​တို့​မူ​ကား ကျိန်​စာ​သင့်​လျက်​ရှိ​ကြ​၏။ ကျမ်း စာ​တော်​က ``ပ​ညတ်​တ​ရား​တွင်​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​မ​စောင့်​ထိန်း​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​စေ'' ဟု ဖော်​ပြ​ပေ​သည်။-
11 Now it is evident that no one is justified by the law before God, for, "The righteous will live by faith."
၁၁ယ​ခု​တွင်​ကျမ်း​စာ​တော်​က ``ဘု​ရား​သ​ခင် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ကိုယ်​တော်​နှင့်​မှန် ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဖော်​ပြ​ထား​သ​ဖြင့်​ပ​ညတ်​တ​ရား​ကို စောင့်​ထိန်း​ခြင်း​အား​ဖြင့် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို​မ​ရ​နိုင် ကြောင်း​ထင်​ရှား​၏။-
12 The law is not of faith, but, "The one who does them will live by them."
၁၂သို့​ရာ​တွင်​ကျမ်း​စာ​တော်​က ``ပ​ညတ်​တ​ရား ၏​ပြ​ဋ္ဌာန်း​ချက်​မှန်​သ​မျှ​ကို​လိုက်​လျှောက်​သူ သည် အ​သက်​ရှင်​လိမ့်​မည်'' ဟု​ဆို​သ​ဖြင့် ပ​ညတ်​တ​ရား​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​မှု​နှင့်​မည်​သို့​မျှ​မ​သက်​ဆိုင်။
13 Christ redeemed us from the curse of the law, having become a curse for us. For it is written, "Cursed is everyone who hangs on a tree,"
၁၃``သစ်​တိုင်​ပေါ်​မှာ​ဆွဲ​၍​အ​သတ်​ခံ​ရ​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​စာ​သင့်​သူ​ဖြစ်​၏'' ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကျိန်​စာ​သင့်​သူ​အ​ဖြစ်​ကို​ခံ ယူ​တော်​မူ​ပြီး​နောက် ငါ​တို့​အား​ပ​ညတ်​တ​ရား ကြောင့်​ကျိန်​စာ​သင့်​သည့်​ဘေး​မှ​ရွေး​နုတ် ကယ်​တင်​တော်​မူ​၏။-
14 that the blessing of Abraham might come on the non-Jews through Christ Jesus; that we might receive the promise of the Spirit through faith.
၁၄ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။
15 Brothers, I am speaking in human terms. Though it is only a human covenant, once it has been ratified, no one annuls it or adds to it.
၁၅ညီ​အစ်​ကို​တို့၊ သင်​တို့​နေ့​စဉ်​တွေ့​ကြုံ​နေ ကြ​အ​ဖြစ်​အ​ပျက်​များ​မှ ဥ​ပ​မာ​တစ်​ခု ကို​ငါ​ပေး​အံ့။ လူ​တစ်​ယောက်​နှင့်​တစ်​ယောက် က​တိ​စာ​ချုပ်​ချုပ်​ဆို​သော​အ​ခါ​၌​အ​ချင်း ချင်း​ချုပ်​ဆို​သော​စာ​ချုပ်​မျှ​သာ​ဖြစ်​သော် လည်း ယင်း​ကို​သ​ဘော​တူ​ချုပ်​ဆို​ပြီး​သည် နှင့်​တစ်​ပြိုင်​နက်​စာ​ချုပ်​ပါ​က​တိ​ဝန်​ခံ ချက်​များ​ကို​မည်​သူ​မျှ​မ​ပယ်​ဖျက်၊ မ​ဖြည့် စွက်​နိုင်​တော့​ချေ။-
16 Now the promises were spoken to Abraham and to his offspring. He does not say, "And to offsprings," as of many, but as of one, "And to your offspring," which is Christ.
၁၆ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-
17 Now I say this: the law, which came four hundred thirty years later, does not annul a covenant previously ratified by God, so as to cancel the promise.
၁၇ငါ​ဆို​လို​သည်​ကား​ဤ​သို့​တည်း။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော် မူ​ပြီး​လျှင် ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​က​တိ ထား​တော်​မူ​၏။ အ​နှစ်​လေး​ရာ့​သုံး​ဆယ်​ကြာ မှ​ပေါ်​ပေါက်​လာ​သည့်​ပ​ညတ်​တ​ရား​သည် ထို ပ​ဋိ​ညာဉ်​တော်​ကို​မ​ပယ်​မ​ဖျက်​နိုင်။ က​တိ တော်​ကို​လည်း​မ​ပယ်​မ​ဖျက်​နိုင်။-
18 For if the inheritance is of the law, it is no more of promise; but God has granted it to Abraham by promise.
၁၈အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော် သည် ပ​ညတ်​တ​ရား​အ​ပေါ်​၌​မူ​တည်​လျှင် ထို ဆု​ကျေး​ဇူး​တော်​သည်​က​တိ​တော်​အ​ပေါ်​၌ မူ​မ​တည်​တော့​ပေ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​က​တိ​တော်​ကြောင့် အာ​ဗြ​ဟံ​အား​ထို​ဆု ကျေး​ဇူး​တော်​ကို​ပေး​သ​နား​တော်​မူ​သ​တည်း။
19 What then is the law? It was added because of transgressions, until the offspring should come to whom the promise has been made. It was ordained through angels by the hand of a mediator.
၁၉ထို​သို့​ဖြစ်​ပါ​မူ​ပ​ညတ်​တ​ရား​၏​ရည်​ရွယ် ချက်​ကား​အ​ဘယ်​နည်း။ ပ​ညတ်​တ​ရား​ကို ဘု​ရား​သခင်​ချ​ပေး​တော်​မူ​ခဲ့​ခြင်း​မှာ အ​ပြစ် ဒု​စ​ရိုက်​၏​သ​ဘော​ကို​ထုတ်​ဖော်​ပြ​သ​ရန် သာ​ဖြစ်​၏။ ထို​ပ​ညတ်​တ​ရား​သည်​က​တိ တော်​ကို​ခံ​ယူ​ရ​ရှိ​သူ အာ​ဗြ​ဟံ​၏​သား​မြေး မ​ပေါ်​သေး​မီ​ကာ​လ​အ​တွင်း​၌​သာ​လျှင် တည်​ရှိ​ရန်​ဖြစ်​သည်။ ဘု​ရား​သ​ခင်​သည်​ထို ပ​ညတ်​တ​ရား​ကို​ကောင်း​ကင်​တ​မန်​များ အား​ဖြင့် ကြား​ဝင်​စေ့​စပ်​သူ​လူ​တစ်​ဦး​မှ တစ်​ဆင့်​ပေး​အပ်​တော်​မူ​ခဲ့​၏။-
20 Now a mediator is not between one, but God is one.
၂၀သို့​ရာ​တွင်​တစ်​ဦး​တည်း​သာ​ပါ​ဝင်​ဆောင်​ရွက် သော​အ​ခါ ကြား​ဝင်​စေ့​စပ်​သူ​ကို​မ​လို​တော့ ချေ။ ဘု​ရား​သ​ခင်​သည်​တစ်​ပါး​တည်း​ဖြစ် တော်​မူ​သ​တည်း။
21 Is the law then against the promises of God? Certainly not. For if there had been a law given which could give life, most certainly righteousness would have been of the law.
၂၁ဤ​သို့​ဆို​ရာ​၌​ပ​ညတ်​တ​ရား​နှင့်​ဘု​ရား သ​ခင်​၏​က​တိ​တော်​တို့​သည် ဆန့်​ကျင်​ဘက် ဖြစ်​၍​နေ​ပါ​သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ မ​ဟုတ်။ အ​ကယ်​၍​အ​သက်​ရှင်​စေ​နိုင်​သည့် ပ​ညတ်​တ​ရား​ကို​လူ​သား​တို့​ရ​ရှိ​ခဲ့​ပါ လျှင် လူ​တိုင်း​ပင်​ထို​ပ​ညတ်​တ​ရား​ကို​စောင့် ထိန်း​ခြင်း​ဖြင့်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​ခွင့်​ကို​ရ​ရှိ​နိုင်​ကြ​မည်​သာ​ဖြစ်​၏။-
22 But the Scriptures imprisoned all things under sin, that the promise by faith in Jesus Christ might be given to those who believe.
၂၂သို့​ရာ​တွင်​ကမ္ဘာ​လော​က​တစ်​ခု​လုံး​ပင်​အ​ပြစ် ဒု​စ​ရိုက်​၏​လက်​အောက်​တွင်​ရောက်​ရှိ​နေ​ကြောင်း ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ထား​ပေ​သည်။ သို့​ဖြစ် ၍​ယေ​ရှု​ခရစ်​ကို​ယုံ​ကြည်​မှု​၌​အ​ခြေ​ခံ​သည့် က​တိ​တော်​ဆိုင်​ရာ​ဆု​ကျေး​ဇူး​ကို​ယုံ​ကြည် သူ​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။
23 But before faith came, we were kept in custody under the law, confined for the faith which should afterwards be revealed.
၂၃ယုံ​ကြည်​ခြင်း​တ​ရား​မ​ပေါ်​မီ​ငါ​တို့​သည်​ပေါ် လာ​မည့်​ယုံ​ကြည်​ခြင်း​တ​ရား​လက်​ထက်​တိုင် အောင် ပ​ညတ်​တ​ရား​၏​အ​ကျဉ်း​သား​အ​ဖြစ် ချုပ်​နှောင်​ခြင်း​ကို​ခံ​ရ​ကြ​၏။-
24 So that the law was our tutor to bring us to Christ, that we might be justified by faith.
၂၄ငါ​တို့​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​နိုင်​ကြ​စေ​ရန် ပ​ညတ်​တ​ရား သည်​ခ​ရစ်​တော်​ကြွ​လာ​ချိန်​တိုင်​အောင်​ငါ​တို့​၏ အ​ထိန်း​ဖြစ်​၏။-
25 But now that faith has come, we are no longer under a tutor.
၂၅သို့​ရာ​တွင်​ယ​ခု​ယုံ​ကြည်​ခြင်း​တ​ရား​ရောက် လာ​ပြီ​ဖြစ်​၍ ငါ​တို့​သည်​အ​ထိန်း​၏​လက် အောက်​၌​မ​ရှိ​ကြ​တော့​ပြီ။
26 For you are all sons of God, through faith in Christ Jesus.
၂၆သင်​တို့​အ​ပေါင်း​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။-
27 For as many of you as were baptized into Christ have put on Christ.
၂၇သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​စေ​ရန် ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ သ​ဖြင့် ခ​ရစ်​တော်​ကို​အ​ဝတ်​တန်​ဆာ​သ​ဖွယ် ဝတ်​ဆင်​ကြ​ရ​လေ​ပြီ။-
28 There is neither Jew nor Greek, there is neither slave nor free, there is neither male nor female; for you are all one in Christ Jesus.
၂၈သို့​ဖြစ်​၍​ယုဒ​လူ​မျိုး​နှင့်​လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ ကျွန်​နှင့်​လွတ်​လပ်​သူ​ဟူ​၍​လည်း ကောင်း၊ ယောကျာ်း​နှင့်​မိန်း​မ​ဟူ​၍​လည်း​ကောင်း ခွဲ​ခြား​မှု​မ​ရှိ​တော့​ပြီ။ သင်​တို့​အ​ပေါင်း​သည် ခ​ရစ်​တော်​ယေ​ရှု​၌​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ကြ​၏။-
29 If you are Christ's, then you are Abraham's offspring and heirs according to promise.
၂၉သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။

< Galatians 3 >