< Exodus 14 >
1 Now the LORD spoke to Moses, saying,
၁ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် လည် ၍ ၊ ပိဟဟိရုတ် မြို့နား၊
2 "Speak to the children of Israel, that they turn back and camp before Pi-hahiroth, between Migdol and the sea, before Baal Zephon. You shall camp opposite it by the sea.
၂မိဂဒေါလ မြို့နှင့် ပင်လယ် စပ်ကြား ၊ ဗာလဇေဖုန် မြို့ရှေ့ မှာ တပ်ချ စေခြင်းငှာ မှာ လိုက်လော့။ ထိုမြို့ရှေ့၊ ပင်လယ် ကမ်းနားမှာ တပ်ချ ရကြမည်။
3 Pharaoh will say of the children of Israel, 'They are wandering in the land. The wilderness has boxed them in.'
၃အကြောင်းမူကား၊ ဖာရော ဘုရင်က၊ ဣသရေလ အမျိုးသား တို့သည် ကျဉ်းကျုပ် ရာသို့ ရောက် ကြပြီ။ တော လမ်းပိတ် လျက်ရှိ၏ဟု ဆို လိမ့်မည်။
4 And I will harden Pharaoh's heart, and he will pursue them. And I will gain glory because of Pharaoh and because of all his army, and the Egyptians shall know that I am the LORD." And they did so.
၄ငါသည်လည်း ၊ ဖာရော ဘုရင်၏ နှလုံး ကို ခိုင်မာ စေ၍ ၊ သူသည် ဣသရေလ တို့ကို လိုက် လိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ စေခြင်းငှာ၊ ထိုမင်း နှင့် သူ ၏စစ်သူရဲ အလုံးအရင်း အားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ထိုသူတို့သည် ပြု ကြ၏။
5 And when the king of Egypt was told that the people had fled, the heart of Pharaoh and his servants was turned against the people, and they said, "What is this we have done, that we have let Israel go from serving us?"
၅ထိုလူ တို့ထွက်ပြေး ကြောင်း ကို၊ အဲဂုတ္တု ရှင်ဘုရင် အား ကြား ရှောက်သဖြင့် ၊ သူ မှစ၍ ကျွန် များတို့သည် မနာလိုသောစိတ် ဖောက်ပြန် လျှင်၊ ငါတို့သည် ဤ သို့ပြု ၍ ဣသရေလ လူတို့ကို ငါ တို့စေခိုင်း ရာမှ အဘယ်ကြောင့် လွှတ် ရသနည်းဟု ပြောဆို ကြ၏။
6 Then he made ready his chariot, and took his army with him;
၆ထိုအခါ ဖာရောဘုရင်သည်၊ ရထား တော်ကို ပြင် ၍ ၊ မိမိ လူ အပေါင်းတို့ကို ခေါ် လေ၏။
7 and he took six hundred select chariots, and all the chariots of Egypt, and officers over all of them.
၇ရွေး သော ရထား ခြောက် ရာ ၊ အဲဂုတ္တု မြင်းစီးသူရဲ အပေါင်း နှင့်တကွ ၊ ဗိုလ် မင်းအသီးအသီး တို့ကို ခေါ်ယူ လေ၏။
8 And the LORD hardened the heart of Pharaoh king of Egypt, and he pursued after the children of Israel; and the children of Israel were going out triumphantly.
၈ထာဝရဘုရား သည်၊ ဖာရော ဘုရင် ၏ နှလုံး ကို ခိုင်မာ စေတော်မူသဖြင့် ၊ သူသည် ဣသရေလ အမျိုးသား တို့ကို လိုက် လေ၏။ သို့သော်လည်း၊ ဣသရေလ လူ တို့သည် ဝါကြွား သောအခြင်းအရာနှင့် ထွက်သွား ကြ၏။
9 And the Egyptians pursued after them, all the horses and chariots of Pharaoh and his horsemen and his army, and overtook them camping by the sea, beside Pi-hahiroth, before Baal Zephon.
၉ထိုသို့ ဖာရော ဘုရင်၏ မြင်း တော်၊ ရထား တော်၊ မြင်းစီးသူရဲ ဗိုလ်ပါ ၊ အဲဂုတ္တု လူအပေါင်းတို့သည် လိုက် ၍ ပိဟဟိရုတ် မြို့နား ၊ ဗာလဇေဖုန် မြို့ရှေ့ ၌ ပင်လယ် ကမ်းနားမှာ တပ်ချ လျက်နေသောဣသရေလ လူတို့ကို မှီ ကြ၏။
10 When Pharaoh drew near, the children of Israel lifted up their eyes, and look, the Egyptians were marching after them, and they were very afraid. So the children of Israel cried out to the LORD.
၁၀ဖာရော ဘုရင်သည် ချဉ်း လာသောအခါ ၊ ဣသရေလ အမျိုးသား တို့သည် မြော် ကြည့်၍ ၊ အဲဂုတ္တု လူတို့ စစ်ချီ လာကြောင်းကို မြင် လျှင် ၊ အလွန် ကြောက်လန့် ၍ ထာဝရဘုရား အား အော်ဟစ် ကြ၏။
11 And they said to Moses, "Was it because there were no graves in Egypt that you have taken us away to die in the wilderness? What have you done to us by bringing us out of Egypt?
၁၁မောရှေ ကို လည်း ၊ အဲဂုတ္တု ပြည်၌ သင်္ချိုင်း မ ရှိသောကြောင့် ၊ ဤတော ၌ သေ စေခြင်းငှာ ငါ တို့ကို ဆောင် ခဲ့သလော။ ငါ တို့ကို ဤ သို့ပြု ၍၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
12 Isn't this the word that we spoke to you in Egypt, saying, 'Leave us alone so that we may serve the Egyptians?' For it would have been better for us to serve the Egyptians than to die in the wilderness."
၁၂ငါ တို့သည် အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံနေလျက် ရှိ ကြပါစေဟု အဲဂုတ္တု ပြည်၌ ငါတို့ပြော ရာတွင်၊ ဤ အမှု ကို ရည်ဆောင်၍ ပြော သည်မဟုတ် လော။ ငါ တို့သည် ဤတော ၌ သေ ရသည်ထက် ၊ အဲဂုတ္တု လူတို့ထံ၌ အစေ ကျွန်ခံလျှင် သာ၍ ကောင်းသည်ဟု ဆို ကြ၏။
13 But Moses said to the people, "Do not be afraid, stand still, and see the salvation of God, which he will work for you today, for the Egyptians you see today, you will never, ever see again.
၁၃မောရှေ ကလည်း မ စိုးရိမ် ကြနှင့်။ ငြိမ်ဝပ်စွာရပ် နေကြ။ ထာဝရဘုရား သည်၊ ယနေ့ ပြ တော်မူသော ကယ်တင် ခြင်းကို ကြည့်ရှု ကြလော့။ သင်တို့သည် ယနေ့ မြင် သော အဲဂုတ္တု လူတို့ကို၊ နောက်တဖန် အလျှင်းမ မြင် ရကြ။
14 The LORD will fight for you, and you must be still."
၁၄သင် တို့ဘက် ၌ ထာဝရဘုရား သည် စစ်တိုက် တော်မူလိမ့်မည်။ သင် တို့သည် ငြိမ်ဝပ် စွာနေရကြမည်ဟု လူ များတို့အား ဆို ၏။
15 Then the LORD said to Moses, "Why are you crying out to me? Tell the children of Israel to go forward.
၁၅ထာဝရဘုရား ကလည်း ၊ အဘယ်ကြောင့် ငါ့ ကို အော်ဟစ် သနည်း။ ဣသရေလ အမျိုးသား တို့သည် တက်သွား စေခြင်းငှာ မှာ လိုက်လော့။
16 And as for you, lift up your staff and stretch out your hand over the sea and divide it, and the children of Israel will go through the midst of the sea on dry ground.
၁၆သင် မူကား ၊ လှံတံ ကို ချီ ပြီးလျှင် ၊ ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ပင်လယ် ရေကို ခွဲ လော့။ ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ်၌ မြေ ပေါ် မှာ ရှောက်သွား ရကြမည်။
17 And as for me, look, I am going to harden the hearts of the Egyptians so that they will go in after them, and I will receive glory over Pharaoh and all his army, his chariots and his horsemen.
၁၇ငါ သည်လည်း အဲဂုတ္တု လူတို့၏ နှလုံး ကို ခိုင်မာ စေသဖြင့် ၊ သူတို့သည် လိုက် ကြလိမ့်မည်။ ဖာရော ဘုရင်နှင့် သူ ၏ဗိုလ်ခြေ ၊ ရထား ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ဘုန်းပွင့် လိမ့်မည်။
18 Then the Egyptians will know that I am the LORD, when I receive glory over Pharaoh, his chariots and his horsemen."
၁၈ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
19 And the angel of God who was going in front of the camp of Israel moved and went behind them, and the pillar of cloud moved from in front of them and stood behind them.
၁၉ထိုအခါ ဣသရေလ တပ် ရှေ့မှာ သွား သော ဘုရား သခင်၏ ကောင်းကင်တမန် သည် နောက်၌ လိုက် သဖြင့်၊ မိုဃ်းတိမ် တိုင် သည် သူ တို့ရှေ့ က ရွှေ့ ၍ နောက်၌ ရပ် နေလေ၏။
20 So it came between the camp of Egypt and the camp of Israel. Thus it was a cloud and darkness and it lit up the night so that the one did not come near the other all night.
၂၀ထိုသို့ အဲဂုတ္တု တပ် နှင့် ဣသရေလ တပ် စပ်ကြား သို့ ရောက် လျှင် ၊ အဲဂုတ္တုလူတို့၌ မိုက် သော မိုဃ်းတိမ် ဖြစ်၍၊ ဣသရေလလူတို့အား အလင်း ကိုပေး လျက်နေသဖြင့် ၊ တညဉ့် လုံး တပ်တဦး နှင့်တဦးမ ချဉ်း နိုင်ရာ။
21 Then Moses stretched out his hand over the sea, and the LORD pushed the sea back by a strong east wind all night, and made the sea into dry land, so the waters were divided.
၂၁မောရှေ သည် ပင်လယ် ပေါ် မှာ လက် ကိုဆန့် ၍ ၊ ထာဝရဘုရား သည် တညဉ့် လုံး ၌ အားကြီး သော အရှေ့ လေ အားဖြင့် ပင်လယ် ရေကို လှန် ပြန်၍ ၊ မြေ ကို ပေါ်စေတော်မူသည်နှင့် ၊ ရေ သည် ကွဲပြတ် လျက်ရှိ၏။
22 Then the children of Israel went into the midst of the sea on the dry ground, and the waters were a wall to them on their right and on their left.
၂၂ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၍ ၊ ရေ သည် သူ တို့ လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
23 And the Egyptians pursued and went in after them into the midst of the sea, all of Pharaoh's horses, his chariots, and his horsemen.
၂၃အဲဂုတ္တု လူများ၊ ဖာရော ဘုရင်၌ပါသောမြင်း ၊ ရထား ၊ မြင်းစီးသူရဲ အပေါင်း တို့သည်၊ ပင်လယ် အလယ် သို့ လိုက် ဝင် ကြ၏။
24 And it happened, in the morning watch, that the LORD looked down on the Egyptian camp through the pillar of fire and cloud and threw the camp into confusion.
၂၄နံနက် ယံ ၌ ထာဝရဘုရား သည် မီး မိုဃ်းတိမ် တိုင် အားဖြင့် အဲဂုတ္တု တပ် ကို ကြည့်ရှု ၍ နှောင့်ရှက် တော်မူ၏။
25 And he bound their chariot wheels so that they drove them with difficulty. And the Egyptians said, "Let's flee from before Israel, for the LORD fights for them against the Egypt."
၂၅သူ တို့ရထား အသွား ခက် စေခြင်းငှာ ရထားဘီး များကို ချို့တဲ့ စေတော်မူ၏။ အဲဂုတ္တု လူတို့ကလည်း ၊ ဣသရေလ လူတို့ထံမှ ပြေး ကြစို့။ ထာဝရဘုရား သည် သူ တို့ဘက်၊ အဲဂုတ္တု လူတို့တဘက်၌ စစ်တိုက် သည်ဟု ပြောဆို ကြ၏။
26 Then the LORD said to Moses, "Stretch out your hand over the sea, so that the waters may flow back on the Egyptians, on their chariots, and on their horsemen."
၂၆ထာဝရဘုရား ကလည်း ၊ ပင်လယ်ရေ သည် အဲဂုတ္တု လူများ၊ ရထား များ၊ မြင်းစီးသူရဲ များတို့အပေါ် သို့ ပြန် စေခြင်းငှာ ၊ ပင်လယ် အပေါ် မှာ လက် ကိုဆန့် လော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
27 So Moses stretched out his hand over the sea, and the sea returned to its normal state at daybreak. Now the Egyptians were trying to escape from it, but the LORD shook off the Egyptians in the midst of the sea.
၂၇မိုဃ်းလင်း သောအခါ ၊ မောရှေ သည် လက် ကို ပင်လယ် ပေါ် မှာ ဆန့် သဖြင့် ၊ ပင်လယ် ရေသည် အားကြီး၍ ပြန် လာသည်ကို၊ အဲဂုတ္တု လူတို့သည် ပြေး ကြသော်လည်း၊ ထာဝရဘုရား သည် သူ တို့ကို ပင်လယ် အလယ် ၌ လှဲ တော်မူ၏။
28 Then the waters returned and covered the chariots, the horsemen, the entire army of Pharaoh that had followed them into the sea. None of them survived.
၂၈ထိုသို့ ပင်လယ်ရေ သည် ပြန်လာ ၍ ၊ ပင်လယ် ထဲသို့ လိုက် ဝင်သော ဖာရော ဘုရင်၏ ရထား ၊ မြင်းစီးသူရဲ ၊ ဗိုလ်ခြေ အပေါင်း တို့ကို လွှမ်းမိုး သဖြင့်၊ တစုံတယောက် မျှ မ ကျန်ရစ် ရ၊
29 But the children of Israel walked on dry ground in the midst of the sea, and the waters were a wall to them on their right hand and on their left.
၂၉ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ်မှာ ရှောက်သွား ၍ ၊ ရေ သည် သူ တို့လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
30 Thus the LORD saved Israel that day from the power of the Egyptians, and Israel saw the Egyptians dead on the seashore.
၃၀ထိုသို့ ထာဝရဘုရား သည် ထိုနေ့ ၌ ဣသရေလ လူတို့ကို ၊ အဲဂုတ္တု လူတို့လက် မှ ကယ်လွှတ် တော်မူသဖြင့် ၊ ပင်လယ် ကမ်းနား မှာ အဲဂုတ္တု လူ အသေ ကောင်တို့ကို မြင် ရကြ၏။
31 When Israel saw the great power which the LORD used against the Egyptians, then the people feared the LORD, and they believed God and his servant Moses.
၃၁ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။