< Ecclesiastes 3 >

1 For everything there is a season, and a time for every purpose under heaven:
ခပ်သိမ်း သော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်း ကောင်းကင်အောက် ၌ ကြံစည် သမျှ အသီးသီး တို့ကို ပြုရသောအချိန် ရှိ၏။
2 a time to be born, and a time to die; a time to plant, and a time to pluck up that which is planted;
ဘွား ချိန် နှင့် သေ ချိန် လည်းရှိ၏။ စိုက်ပျိုး ရသောအချိန် နှင့် စိုက်ပျိုး သောအရာကို နှုတ် ရသောအချိန် လည်း ရှိ၏။
3 a time to kill, and a time to heal; a time to break down, and a time to build up;
သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။
4 a time to weep, and a time to laugh; a time to mourn, and a time to dance;
ငို ရ သောအချိန် နှင့် ရယ် ရ သောအချိန် လည်းရှိ၏။ ညည်းတွား ရသောအချိန် နှင့် ကခုန် ရသောအချိန် လည်း ရှိ၏။
5 a time to cast away stones, and a time to gather stones together; a time to embrace, and a time to refrain from embracing;
ကျောက် တို့ကို ဖြန့်ကြဲ ရ သောအချိန် နှင့် စုသိမ်း ရသော အချိန် လည်း ရှိ၏။ ဘက်ယမ်း ရ သောအချိန် နှင့် ၊ မဘက်ယမ်း ဘဲ ခွဲခွါ ၍ နေရ သောအချိန် လည်း ရှိ၏။
6 a time to seek, and a time to lose; a time to keep, and a time to cast away;
ဆည်းဖူး ရ သောအချိန် နှင့် ဥစ္စာပျောက် ရ သောအချိန် လည်းရှိ၏။ သိုထား ရ သောအချိန် နှင့် ပစ် လိုက် ရ သောအချိန် လည်းရှိ၏။
7 a time to tear, and a time to sew; a time to keep silence, and a time to speak;
အဝတ်ကို ဆုတ် ရ သောအချိန် နှင့် ချုပ် ရ သောအချိန် လည်းရှိ၏။ တိတ်ဆိတ် စွာနေသော အချိန် နှင့် ၊ စကားပြော ရ သော အချိန် လည်းရှိ၏။
8 a time to love, and a time to hate; a time for war, and a time for peace.
ချစ် ရ သောအချိန် နှင့် မုန်း ရ သောအချိန် လည်း ရှိ၏။ စစ်တိုက် သောအချိန် နှင့် စစ်ငြိမ်း ရသောအချိန် လည်း ရှိ၏။
9 What profit has he who works in that in which he labors?
လုပ်ကိုင် သောသူသည်ကြိုးစား အားထုတ်ရာတွင် ၊ အဘယ် ကျေးဇူး ရှိသနည်း။
10 I have seen the burden which God has given to the sons of men to be afflicted with.
၁၀လူ သား တို့ ကျင်လည် ရာဘို့ ဘုရား သခင်ပေး တော်မူသောပင်ပန်း ခြင်းအမှုကို ငါကြည့် မြင်ပြီ။
11 He has made everything beautiful in its time. He has also set eternity in their hearts, yet so that man can't find out the work that God has done from the beginning even to the end.
၁၁ခပ်သိမ်း သောအရာတို့ကို မိမိ တို့အချိန် တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူ စိတ် နှလုံးကို လည်း အနန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ သို့ရာတွင် ၊ ဘုရား သခင်စီရင် တော်မူသော အမှု ကို၊ အစ မှ အဆုံး တိုင်အောင် ၊ လူ သည် စစ် ၍မ ကုန်နိုင်။
12 I know that there is nothing better for them than to rejoice, and to do good as long as they live.
၁၂ရွှင်လန်း ခြင်းအမှုနှင့် အသက်ရှင် စဉ် တွင်ကျေးဇူး ပြု ခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမ ရှိသည်ကို ငါသိ ၏။
13 Also that every man should eat and drink, and enjoy good in all his labor, is the gift of God.
၁၃လူ တိုင်း စား သောက် ခြင်းငှါ ၎င်း ၊ မိမိ ကြိုးစား အားထုတ်သမျှ သောအမှု၌ ပျော်မွေ့ ခြင်းငှါ၎င်း၊ ဘုရား သခင်၏ ကျေးဇူးတော် ကြောင့်သာ အခွင့် ရှိ၏။
14 I know that whatever God does, it shall be forever. Nothing can be added to it, nor anything taken from it; and God has done it, that men should fear before him.
၁၄ဘုရား သခင်ပြု တော်မူသမျှ သော အမှုသည် နိစ္စ ထာဝရဖြစ် သည်ကို ငါသိ ၏။ ထပ် ၍ မ ပြုနိုင်ရာ။ နှုတ် ၍ မ ယူနိုင်ရာ။ လူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ မည် အကြောင်း ၊ ဘုရား သခင်ပြု တော်မူ၏။
15 That which is has been long ago, and that which is to be has been long ago: and God seeks again that which is passed away.
၁၅ဖြစ် ဘူးသောအရာ သည် ယခု ဖြစ် သောအရာ နှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန် ပြီးသောအရာတို့ကိုလည်း ဘုရား သခင်တောင်း ပြန်တော်မူ၏။
16 Moreover I saw under the sun, in the place of justice, that wickedness was there; and in the place of righteousness, that wickedness was there.
၁၆ထိုမှတပါး၊ နေ အောက် မှာ တရား စီရင်ရာအရပ် ၌ အဓမ္မ အမှုရှိ သည်ကို၎င်း၊ ဖြောင့်မတ် ရာအရပ် ၌ ဒုစရိုက် ရှိ သည်ကို၎င်းငါမြင် ပြီ။
17 I said in my heart, "God will judge the righteous and the wicked; for there is a time there for every purpose and for every work."
၁၇ဘုရား သခင်သည် ဖြောင့်မတ် သောသူတို့၏အမှု နှင့်၊ မ တရားသောသူတို့၏အမှုကို စစ်ကြော စီရင်တော်မူမည် ဟု ငါအောက်မေ့ ၏။ အကြောင်း မူကား၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသောအချိန်ရှိ၏။
18 I said in my heart, "As for the sons of men, God tests them, so that they may see that they themselves are like animals.
၁၈လူ သား တို့နေရာကို ရည်မှတ်၍ ငါ အောက်မေ့သည်ကား၊ လူတို့ကို ဘုရား သခင်စုံစမ်း တော်မူမည် အကြောင်း နှင့်၊ သူ တို့သည် တိရစ္ဆာန် ကဲ့သို့ ဖြစ်သည် ကို သူ တို့သိမြင် မည်အကြောင်း ၊ နေရာကျသတည်း။
19 For that which happens to the sons of men happens to animals. Even one thing happens to them. As the one dies, so the other dies. Yes, they have all one breath; and man has no advantage over the animals: for all is vanity.
၁၉လူ သား တွေ့ကြုံ သော အမှုကို တိရစ္ဆာန် တွေ့ကြုံ တတ်၏။ ထို သူနှစ်ဦးတို့သည် တပါး တည်းသောအမှု ကို တွေ့ကြုံလျက် ၊ တဦး သေ သကဲ့သို့ တဦး သေ တတ်၏။ အလုံးစုံ တို့သည် အသက် တမျိုး တည်းရှိကြ၏။ သို့ဖြစ်၍ ၊ လူ သည်တိရစ္ဆာန် ထက် ထူးမြတ် သော အကြောင်း မ ရှိ။ အလုံးစုံ တို့သည် အနတ္တ ဖြစ်ကြ၏။
20 All go to one place. All are from the dust, and all turn to dust again.
၂၀အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ ရောက် တတ်ကြ၏။ အလုံးစုံ တို့သည် မြေမှုန့် ထဲက ဖြစ် သည်နှင့်အညီ ၊ မြေမှုန့် ထဲသို့ ပြန် သွားတတ်ကြ၏။
21 Who knows the spirit of man, whether it goes upward, and the spirit of the animal, whether it goes downward to the earth?"
၂၁သို့ရာတွင်၊ အထက် သို့ တက် သော လူ သား ၏ ဝိညာဉ် ကို၎င်း၊ အောက် အရပ်မြေ သို့ ဆင်း တတ်သော တိရစ္ဆာန် ၏ဝိညာဉ် ကို၎င်း ၊ အဘယ်သူ သည် ပိုင်းခြား၍ သိ သနည်း။
22 Therefore I saw that there is nothing better, than that a man should rejoice in his works; for that is his portion: for who can bring him to see what will be after him?
၂၂လူ သည်မိမိ ပြုမူ ရာ၌ ပျော်မွေ့ ခြင်းအမှုထက် သာ၍ ကောင်း သောအမှုမ ရှိသည်ကို ငါသိမြင် ၏။ ထိုအမှုသည်သူ ၏ အဘို့ ဖြစ်၏။ သူသည် မိမိ နောက် မှာ အဘယ်သို့ ဖြစ် လတံ့သည်ကို သိမြင် မည်အကြောင်း ၊ အဘယ် သူဆောင် ခဲ့လိမ့်မည်နည်း။

< Ecclesiastes 3 >