< Acts 16 >
1 He came also to Derbe and Lystra. And look, a certain disciple was there, named Timothy, the son of a Jewish woman who believed; but his father was a Greek.
၁ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။
2 The brothers who were at Lystra and Iconium gave a good testimony about him.
၂ထိုသူသည်လုတ္တရ မြို့၊ ဣကောနိ မြို့၌ရှိသော ညီအစ်ကို တို့ တွင်အသရေ ရှိသောသူ ဖြစ်၏။
3 Paul wanted to have him go out with him, and he took and circumcised him because of the Jews who were in those parts; for they all knew that his father was a Greek.
၃ပေါလု သည် ထိုသူ ကိုခေါ်ခြင်းငှာအလိုရှိ ၍၊ သူ ၏အဘ သည် ဟေလသ လူဖြစ် သည်ကိုထို အရပ် တို့၌ ရှိ သောယုဒ လူအပေါင်း တို့သည် သိ သောကြောင့် ၊ အရေဖျားလှီး ခြင်းကို သူ့အားပေး လေ၏။
4 As they went on their way through the cities, they delivered the decrees to them to keep which had been ordained by the apostles and elders who were at Jerusalem.
၄သူတို့သည် မြို့ များကို ရှောက်သွား စဉ် တွင်၊ ယေရုရှလင် မြို့၌ နေသောတမန်တော် တို့နှင့် သင်းအုပ် တို့သည် စီရင် သောပညတ် တို့ကို အသင်း များ ကျင့်စောင့် ဘို့ရာအပ်ပေး ကြ၏။
5 So the churches were strengthened in the faith, and increased in number daily.
၅ထိုသို့ အသင်းတော် တို့သည် ယုံကြည် ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တစ်နေ့ထက်တစ်နေ့တိုးပွား များပြားကြ၏။
6 When they had gone through the region of Phrygia and Galatia, they were forbidden by the Holy Spirit to speak the word in Asia.
၆ဖြူဂိ ပြည်၊ ဂလာတိ ပြည် ကို ရှောက်သွား ပြီးမှ အာရှိ ပြည်၌ နှုတ်ကပတ် တရားတော်ကို မဟော စေခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်သည်မြစ်တား တော်မူသဖြင့်၊
7 When they had come opposite Mysia, they tried to go into Bithynia, but the Spirit of Jesus did not allow them.
၇မုသိ ပြည်သို့ ရောက် ၍ ၊ ဗိသုန် ပြည်သို့ သွား မည်ပြု ကြစဉ်၊ ဝိညာဉ် တော်သည် အခွင့် ပေးတော်မ မူသောကြောင့် ၊
8 Passing by Mysia, they came down to Troas.
၈မုသိ ပြည်အနားမှာ ရှောက် ၍ တရော မြို့သို့ ရောက် ကြ၏။
9 A vision appeared to Paul in the night. There was a man of Macedonia standing, begging him, and saying, "Come over into Macedonia and help us."
၉ညဉ့် အခါ ပေါလု သည် ဗျာဒိတ် ရူပါရုံကိုမြင် ရ၍၊ မာကေဒေါနိ လူ တစ် ယောက်က၊ မာကေဒေါနိ ပြည်သို့ ကူး ပါ။ ငါ တို့ကိုမစ ပါဟုရပ် လျက် တောင်းပန် ၏။
10 When he had seen the vision, immediately we sought to go out to Macedonia, concluding that the Lord had called us to proclaim the Good News to them.
၁၀ထို ဗျာဒိတ်ရူပါရုံကို မြင် ရလျှင် ၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိ တရားကို ဟောစေခြင်းငှာသခင် ဘုရားသည် ငါ တို့ကိုခေါ် တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွား ခြင်းငှာချက်ခြင်း ရှာကြံ ကြ၏။
11 Then, setting sail from Troas, we made a straight course to Samothrace, and the day following to Neapolis;
၁၁ထိုကြောင့်၊ တရော မြို့မှ သင်္ဘောလွှင့် ၍ သာမောသရက် ကျွန်းသို့ တည့်တည့် သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိ မြို့သို့ ရောက်ကြ၏။
12 and from there to Philippi, which is a principle city of that district of Macedonia, a colony. We were staying some days in this city.
၁၂ထိုမြို့ မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်းဟူသောမာကေဒေါနိ ပြည်တ ပိုင်းကို အစိုးရ သော ဖိလိပ္ပိ မြို့သို့ ရောက်၍ ကာလ အတန် အရာနေ ကြ၏။
13 On the Sabbath day we went forth outside of the gate by a riverside, where we supposed there was a place of prayer, and we sat down, and spoke to the women who had come together.
၁၃ဥပုသ်နေ့ ၌ ငါတို့သည် မြို့ပြင် သို့ထွက် လျှင်၊ ပဌနာ စရပ် ရှိ တတ်ရာမြစ် နား သို့သွား၍ ထိုင် ပြီးမှ၊ ထိုအရပ်၌စည်းဝေး သော မိန်းမ တို့အားဟောပြော ကြ၏။
14 A certain woman named Lydia, a seller of purple, of the city of Thyatira, one who worshiped God, heard us; whose heart the Lord opened to listen to the things which were spoken by Paul.
၁၄ထိုအခါ နီမောင်းသောအထည်အလိပ် ကို ရောင်းသော သွာတိရဲ မြို့သူ လုဒိ အမည် ရှိသော မိန်းမ တစ် ယောက်သည် ဘုရားသခင် ကို ကိုးကွယ် သောသူဖြစ်၍၊ တရားနာ စဉ်တွင် ပေါလု ဟောပြော သော အရာ ကို မှီဝဲဆည်းကပ်စေခြင်းငှာသူ ၏စိတ်နှလုံး ကို သခင် ဘုရားဖွင့် တော်မူ၏။
15 When she and her household were baptized, she urged us, saying, "If you have judged me to be faithful to the Lord, come into my house, and stay." So she persuaded us.
၁၅ထိုမိန်းမသည်အိမ်သူ အိမ်သားတို့နှင့်တကွ ဗတ္တိဇံ ကို ခံပြီးမှ၊ ကျွန်မ သည် သခင် ဘုရား၌ အမှန် ယုံကြည် သည်ကို သင်တို့သည် ထင်မှတ် လျှင် ၊ ကျွန်မ အိမ် သို့ ဝင် ၍ နေ ကြပါဟုတောင်းပန် လျက် ငါ တို့ကို အနိုင် သွေးဆောင် လေ၏။
16 It happened, as we were going to prayer, that a certain girl having a spirit of Python met us, who brought her masters much gain by fortune telling.
၁၆ထိုနောက်မှငါ တို့သည် ပဌနာ စရပ်သို့ သွား စဉ်တွင် နတ်ဝင် ဖြစ် ၍ အနာဂတ်ကိုဟော သဖြင့်၊ မိမိ သခင် တို့အား စီးပွား များ ကို ပြု တတ်သော မိန်းမငယ်တစ် ယောက်သည် ငါ တို့ကိုဆီးကြို လေ၏။
17 She followed Paul and us, shouting, "These men are servants of the Most High God, who proclaim to you the way of salvation."
၁၇ထိုမိန်းမငယ်သည် ပေါလု နှင့် ငါ တို့နောက် သို့ လိုက်၍၊ ဤသူ တို့ကား အကျွတ် တရားလမ်း ကို ငါတို့အား ဟောပြော ပြသသော အမြင့်ဆုံး သော ဘုရားသခင် ၏ ကျွန် ဖြစ် ကြ၏ဟု ဟစ်ကြော် လေ၏။
18 She was doing this for many days. But Paul, becoming greatly annoyed, turned and said to the spirit, "I command you in the name of Jesus Christ to come out of her." And it came out at once.
၁၈ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။
19 But when her masters saw that the hope of their gain was gone, they seized Paul and Silas, and dragged them into the marketplace before the rulers.
၁၉သူ ၏သခင် တို့သည် နောက်တဖန် စီးပွား ဖြစ်လိမ့်မည်ဟု မြော်လင့် စရာအကြောင်း မရှိသည်ကို သိမြင် လျှင်၊ ပေါလု နှင့် သိလ တို့ကို ဘမ်းဆီး ဆွဲငင် ၍ ရုံးတော်သို့ ပို့ကြ၏။
20 When they had brought them to the magistrates, they said, "These men, being Jews, are agitating our city,
၂၀စစ်ကဲ မင်းထံသို့ရောက် သောအခါ ဤ သူ တို့သည် ယုဒ လူဖြစ် လျက် ငါ တို့မြို့ ကို နှောင့်ရှက် တတ်ပါ၏။
21 and set forth customs which it is not lawful for us to accept or to observe, being Romans."
၂၁ရောမ လူဖြစ် သောငါ တို့သည် မ ခံ မယူ မကျင့် အပ်သော ဘာသာ ထုံးတမ်းများကို ဟောပြော သွန်သင်တတ်ပါ၏ ဟုလျှောက်ဆို ကြလျှင်၊
22 The crowd rose up together against them, and the magistrates tore their clothes off of them, and commanded them to be beaten with rods.
၂၂စုဝေး သောလူတို့သည် သူ တို့တစ်ဘက် ၌ တပြိုင်နက် ထကြ၏။ စစ်ကဲ မင်းတို့လည်း သူ တို့၏ အဝတ် ကိုချွတ် ၍ကြိမ်လုံးနှင့်ရိုက် စေခြင်းငှာစီရင် ကြ၏။
23 When they had laid many stripes on them, they threw them into prison, charging the jailer to keep them safely,
၂၃ရိုက် ၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံ စွာ စောင့် စေ ဟု ထောင်မှူး ကို မှာ လိုက်၍ ထောင် ထဲမှာ လှောင် ထား ကြ၏။
24 who, having received such a command, threw them into the inner prison, and secured their feet in the stocks.
၂၄ထိုသို့ မှာ လိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင် ထဲမှာ လှောင် ၍ ထိတ်ခတ် လျက်ထား၏။
25 But about midnight Paul and Silas were praying and singing hymns to God, and the prisoners were listening to them.
၂၅သန်းခေါင် အချိန်၌ ပေါလု နှင့် သိလ တို့သည် ပဌနာ ပြု၍ ဘုရားသခင် ကို ချီးမွမ်း လျက်သီချင်း ဆိုလေ၏။ ထောင် ထဲမှာနှောင်ဖွဲ့ခြင်း ကိုခံရသော သူ တို့သည် နားထောင် ကြ၏။
26 Suddenly there was a great earthquake, so that the foundations of the prison were shaken; and immediately all the doors were opened, and everyone's bonds were loosened.
၂၆ထို ခဏခြင်း တွင် မြေကြီး သည်ပြင်းစွာ လှုပ်သောကြောင့် ထောင် ခြေ ရင်းလည်းလှုပ်ရှား ၏။ တံခါး ရှိသမျှ တို့သည် ချက်ခြင်း ပွင့် ၍ လူအပေါင်း တို့သည် နှောင်ဖွဲ့ ခြင်းနှင့်လွတ် ကြ၏။
27 The jailer, being roused out of sleep and seeing the prison doors open, drew his sword and was about to kill himself, supposing that the prisoners had escaped.
၂၇ထောင်မှူး သည်နိုး ၍ ထောင် တံခါး များ ပွင့် လျက်ရှိ သည်ကို မြင် လျှင်၊ နှောင်ဖွဲ့ ခြင်းကို ခံရသောသူ တို့သည် ထွက်ပြေး ကြပြီဟုထင်မှတ် သည်နှင့်၊ ဓား ကို အိမ်မှဆွဲထုတ် ၍ ကိုယ် အသက်ကိုသတ် မည် ပြု လေ၏။
28 But Paul shouted loudly, saying, "Do not harm yourself, for we are all here."
၂၈ပေါလု ကလည်း၊ ကိုယ် ကိုအပြစ် မ ပြု နှင့်။ ငါတို့ အပေါင်း သည် ရှိ ကြ၏ဟုကြီး သောအသံ နှင့် ဟစ် ၍ ပြောဆို ၏။
29 He called for lights and sprang in, and, fell down trembling before Paul and Silas,
၂၉ထောင်မှူးသည် ညှိထွန်းသောမီး ကို တောင်း ပြီးမှ ပြေး ဝင်၍၊ ပေါလု နှင့် သိလ တို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ် လေ၏။
30 and brought them out and said, "Sirs, what must I do to be saved?"
၃၀သူ တို့ကို ပြင် သို့ထုတ် ပြီးလျှင်လည်း ၊ သခင် တို့၊ အကျွန်ုပ် သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် လေ၏။
31 They said, "Believe in the Lord Jesus, and you will be saved, you and your household."
၃၁ထိုသူတို့ကလည်း ၊ သခင် ယေရှု ခရစ်ကို ယုံကြည် လော့။ ယုံကြည်လျှင်သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆို လျက်၊
32 They spoke the word of the Lord to him, and to all who were in his house.
၃၂ထိုသူ မှစ၍ သူ ၏အိမ် ၌ ရှိသမျှ သော သူ တို့အား သခင် ဘုရား၏ နှုတ်ကပတ် တရားတော်ကို ဟော ကြ၏။
33 He took them the same hour of the night, and washed their stripes, and was immediately baptized, he and all his household.
၃၃ထို ညဉ့် ၊ ထိုအချိန် နာရီ၌ ပင်၊ ထောင်မှူးသည် ပေါလု နှင့်သိလ တို့ကိုယူ ၍ဒဏ်ချက်ရာ များကို ဆေးကြော ပြီးလျှင်၊ မိမိ လူအပေါင်း တို့နှင့်တကွဗတ္တိဇံ ကို ချက်ခြင်း ခံလေ၏။
34 He brought them up into his house, and set food before them, and rejoiced greatly, with all his household, having believed in God.
၃၄တဖန် ပေါလု နှင့် သိလတို့ကို မိမိအိမ် သို့ ခေါ်ပင့် ပြီးမှသူတို့ကို လုပ်ကျွေး ၍ ၊ ဘုရားသခင် ကို ယုံကြည် လျက် အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွဝမ်းမြောက် ခြင်းသို့ရောက်လေ၏။
35 But when it was day, the magistrates sent the sergeants, saying, "Let those men go."
၃၅နံနက် ရောက် သောအခါ စစ်ကဲ တို့သည် ရုံး လုလင်တို့ကို စေလွှတ် ၍၊ ထို လူ တို့ကို လွှတ် စေ ဟုမှာ လိုက်ကြ၏။
36 The jailer reported these words to Paul, saying, "The magistrates have sent to let you go; now therefore come out, and go in peace."
၃၆ထို စကားကိုထောင်မှူး သည် ပေါလု အား ကြားပြော ၍၊ ကိုယ်တော်တို့ကို လွှတ် စေခြင်းငှာ စစ်ကဲ တို့သည် စေလွှတ် ကြပါပြီ။ ထိုကြောင့် ယခု ထွက် ၍ ငြိမ်ဝပ် စွာ ကြွသွား တော်မူကြပါဟု လျှောက်လျှင်၊
37 But Paul said to them, "They have beaten us publicly, without a trial, men who are Romans, and have cast us into prison. Do they now release us secretly? No indeed. Let them come themselves and bring us out."
၃၇ပေါလု က၊ ရောမ လူ ဖြစ် သော ငါ တို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက် ၍ ထောင် ထဲမှာ လှောင် ထားပြီးမှ၊ တိတ်ဆိတ် စွာနှင်ထုတ် ကြမည်လော။ ထိုသို့မ ပြု သင့်။ ကိုယ်တိုင် လာ ၍ ငါ တို့ကို နှုတ်ယူ ကြစေဟု ရုံးလုလင် တို့ အားပြောဆို ၏။
38 The sergeants reported these words to the magistrates, and they were afraid when they heard that they were Romans,
၃၈ထို စကား ကိုရုံး လုလင်တို့သည် စစ်ကဲ တို့အား ကြားလျှောက် ၍ ၊ ပေါလုနှင့်သိလတို့သည် ရောမ လူ ဖြစ် ကြောင်းကို စစ်ကဲတို့သည် ကြားသိ သောအခါကြောက် ခြင်းသို့ရောက်၍၊
39 and they came and apologized to them. When they had brought them out, they asked them to depart from the city.
၃၉ကိုယ်တိုင် လာ ပြီးလျှင် ချော့မော့ သောစကားနှင့် သူတို့ကို နှုတ်ယူ ၍၊ ထိုမြို့ မှ ထွက်သွား ပါမည် အကြောင်း တောင်းပန် ကြ၏။
40 They went out of the prison, and entered into Lydia's house. When they had seen the brothers, they encouraged them, and departed.
၄၀ထိုအခါပေါလုနှင့် သိလတို့သည် ထောင် မှ ထွက် ၍ လုဒိ အိမ်သို့ ဝင် သဖြင့်၊ ညီအစ်ကို များကို တွေ့မြင် ၍ သက်သာ စေပြီးမှ ထွက်သွား ကြ၏။