< 2 Timothy 2 >

1 You therefore, my child, be strengthened in the grace that is in Christ Jesus.
ငါ့ သား ၊ သင် သည် ယေရှု ခရစ် ၌ ရှိသော ကျေးဇူး တော်အားဖြင့် ခိုင်ခံ့ ခြင်းရှိလော့။
2 The things which you have heard from me among many witnesses, commit the same to faithful people, who will be able to teach others also.
သက်သေခံ အများ ရှိသည်နှင့် ငါ့ ထံ၌ ကြား ရပြီးသော အရာ တို့ကို၊ သစ္စာ နှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင် ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူ တို့၌ အပ်ပေး လော့။
3 You therefore must share in hardship, as a good soldier of Christ Jesus.
ထိုသို့အလိုငှာ သင်သည်၊ ယေရှု ခရစ် ထံ၌ကောင်း သောစစ်သူရဲ ကဲ့သို့ ၊ ဆင်းရဲ ဒုက္ခကိုသည်းခံလော့
4 No soldier on duty entangles himself in the affairs of life, that he may please him who enrolled him as a soldier.
စစ်သူရဲ မည်သည်ကား၊ မိမိကိုစစ်သူရဲ အရာ၌ ခန့်ထားသောသူ ကို နှစ်သက် စေခြင်းငှာ ၊ လောကီမှု ရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကိုပယ်ရှားတတ်၏။
5 Also, if anyone competes in athletics, he is not crowned unless he has competed by the rules.
ပွဲ၌လူချင်းတိုက်သောသူမည်သည်ကား ၊ ထုံးတမ်း အတိုင်းမ တိုက် လျှင် ပန်း ဦးရစ်ကိုမ ရ။
6 The farmers who labor must be the first to get a share of the crops.
လယ် လုပ်သောသူသည်လည်းအရင် လုပ်ပြီးမှအသီးအနှံ ကိုခံရ မည်။
7 Consider what I say, for the Lord will give you understanding in all things.
ငါ့စကား ကိုဆင်ခြင် လော့။ ထာဝရ ဘုရားသည် အရာရာ တို့၌ ဉာဏ် ကို သင့် အားပေး သနား တော်မူပါစေသော။
8 Remember Jesus Christ, risen from the dead, a descendant of David, according to my Good News,
ဒါဝိဒ် အမျိုး ဖြစ်သော ယေရှု ခရစ် သည်၊ ငါ ဟောသောဧဝံဂေလိ တရားအတိုင်း ၊ သေ ခြင်းမှ ထမြောက် တော်မူသည်ဟု အောက်မေ့ လော့။
9 in which I suffer hardship to the point of chains as a criminal. But God's word is not chained.
ထိုတရား ကြောင့် ငါသည်လူဆိုး ကဲ့သို့ ချည်နှောင် ခြင်းတိုင်အောင် ဆင်းရဲ ဒုက္ခကိုခံရ၏။ သို့သော်လည်း ၊ ဘုရားသခင် ၏နှုတ်ကပတ် တရားတော်သည်ချည်နှောင် ခြင်းနှင့် ကင်းလွတ် ၏။
10 Therefore I endure all things for the chosen ones' sake, that they also may obtain the salvation which is in Christ Jesus with everlasting glory. (aiōnios g166)
၁၀ထိုကြောင့် ရွေးကောက် တော်မူသော သူ တို့သည်၊ ထာဝရ ဘုန်း အသရေနှင့်တကွ ယေရှု ခရစ် အားဖြင့် ကယ်တင် ခြင်းသို့ရောက် စိမ့်သောငှာ၊ သူ တို့အဘို့ အရာရာ ကို ငါသည်းခံ ရ၏။ (aiōnios g166)
11 This saying is faithful: "For if we died with him, we will also live with him.
၁၁သစ္စာ စကား ဟူမူကား၊ ထိုသခင်နှင့်အတူသေ လျှင် ၊ အတူ ရှင်လိမ့်မည်။
12 If we endure, we will also reign with him. If we deny him, he also will deny us.
၁၂သည်းခံ လျှင် ၊ ထိုသခင်နှင့်အတူစိုးစံ လိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် လျှင် ၊ ငါ တို့ကို ငြင်းပယ် တော်မူလိမ့်မည်။
13 If we are faithless, he remains faithful, for he cannot deny himself."
၁၃ငါတို့သည်မယုံကြည် သော်လည်း ၊ ထိုသခင် သည် သစ္စာ တည် သဖြင့် ကိုယ် ကိုငြင်းပယ် တော်မ မူနိုင် ။
14 Remind them of these things, charging them in the presence of God, not to wrangle about words, to no profit, to the subverting of those who hear.
၁၄ဤ အကြောင်းအရာများကို သူတစ်ပါးတို့အား သတိပေး လော့။ အဘယ် အကျိုး ကိုမျှမပြုစု၊ ကြားနာ သောသူ တို့၏ စိတ်ကိုမှောက်လှန် လိုသောငှာ ၊ စကား ကြောင့်သာ ငြင်းခုံခြင်းကို မ ပြုမည်အကြောင်း၊ သခင် ဘုရားရှေ့ ၌ သစ္စာ ပေးလော့။
15 Do your best to present yourself approved by God, a worker who does not need to be ashamed, properly handling the word of truth.
၁၅သင်မူကား၊ ဝန်ခံတော်မူသောသူ၊ ရှက်ကြောက် စရာအကြောင်းမရှိဘဲ၊ သမ္မာ တရား ကို မှန်ကန် စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက်၊ ဘုရားသခင် ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သ ခြင်းငှာကြိုးစား အားထုတ်လော့။
16 But shun empty chatter, for they will proceed further in ungodliness,
၁၆တရားမဲ့ ဖြစ်သော အချည်းနှီး စကားကို ရှောင် လော့။ အကြောင်းမူကား ၊ ထိုစကားသည် မတရား သော အမှုတို့ကို ပွားများ စေလိမ့်မည်။
17 and their word will consume like gangrene, of whom is Hymenaeus and Philetus;
၁၇သူ တို့၏စကား သည် ခူနာ ကဲ့သို့ စား လိမ့်မည်။ ထိုသူ တို့တွင် ဟုမေနဲ နှင့် ဖိလက် ပါ သတည်း။
18 who have erred concerning the truth, saying that the resurrection is already past, and overthrowing the faith of some.
၁၈သူ တို့က သေလွန်သော သူတို့သည် ထမြောက် ကြပြီဟု ပြော လျက်၊ သမ္မာတရား လမ်းမှ လွဲ သွား၍ အချို့ သောသူတို့၏ ယုံကြည် ခြင်းကို မှောက်လှန် တတ်ကြ၏။
19 However God's firm foundation stands, having this seal, "The Lord knows those who are his," and, "Let every one who names the name of the Lord depart from unrighteousness."
၁၉သို့သော်လည်း ၊ သခင် ဘုရားသည် မိမိ လူ တို့ကို သိကျွမ်း တော်မူ၏ဟူ၍၎င်း၊ တံဆိပ် ခတ်လျက်ရှိ သော ဘုရားသခင် ၏ တိုက်မြစ် သည် ခိုင်ခံ့ ၍တည် ၏။
20 Now in a large house there are not only vessels of gold and of silver, but also of wood and of clay. Some are for honor, and some for dishonor.
၂၀ကြီးစွာ သောအိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာသာ ရှိ သည်မ ဟုတ်၊ သစ်သား တန်ဆာ၊ မြေ တန်ဆာရှိ၏။ အသရေ ရှိသောတန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏။
21 If anyone therefore purges himself from these, he will be a vessel for honor, sanctified, and suitable for the master's use, prepared for every good work.
၂၁သို့ဖြစ်၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိ ကို စင်ကြယ် စေသောသူမည်သည်ကား၊ အသရေ ရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင် သုံး စရာ ကောင်းသောတန်ဆာ၊ ကောင်း သော အမှု များအဘို့ အလိုငှာ ပြင်ဆင် သောတန်ဆာဖြစ်လိမ့်မည်။
22 Flee from youthful lusts; but pursue righteousness, faith, love, and peace with those who call on the Lord out of a pure heart.
၂၂လူပျို တို့၏ တပ်မက် ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် ခြင်း၊ သစ္စာ ရှိခြင်း၊ ချစ် ခြင်း၊ စင်ကြယ် သောစိတ် ရှိ၍ ၊ သခင် ဘုရားကိုပဌနာ ပြုသော သူ တို့နှင့် အသင့်အတင့် နေခြင်းတို့ကို မှီအောင်လိုက် လော့။
23 But refuse foolish and ignorant questionings, knowing that they generate strife.
၂၃မိုက်မဲ ၍ ပညာ ကင်းသောပုစ္ဆာ အမေးတို့သည် ရန် ပွား စေတတ်သည်ဟု သိမှတ် ၍ပယ်ရှား လော့။
24 The Lord's servant must not quarrel, but be gentle towards all, able to teach, patient,
၂၄သခင် ဘုရား၏ ကျွန် သည် ရန် မ တွေ့ရ ။ ခပ်သိမ်း သော သူတို့အား ဖြည်းညှင်း စွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံ နိုင်သောသူဖြစ် ရမည်။
25 in gentleness correcting those who oppose him: perhaps God may give them repentance leading to a full knowledge of the truth,
၂၅ဆီးတား ငြင်းခုံသောသူ တို့ကို နူးညံ့ သိမ်မွေ့စွာ ဆုံးမ ရမည်။ သမ္မာတရား ကို ဝန်ခံ ခြင်းအလိုငှာ ၊ နောင်တ ကို ဘုရားသခင် ပေး ကောင်းပေးတော်မူ၍
26 and they may recover themselves out of the devil's snare, having been taken captive by him to his will.
၂၆မာရ်နတ် ၏ အလို အတိုင်းဘမ်းမိ သောထိုသူ တို့သည် သတိရ၍ ၊ ထိုဘမ်းမိ ရာမှ လွတ်ခြင်းသို့ ရောက် ကောင်း ရောက်ကြလိမ့်မည်။

< 2 Timothy 2 >