< 2 Chronicles 19 >
1 Jehoshaphat the king of Judah returned to his house in peace to Jerusalem.
၁ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ယေရုရှလင် မြို့ နန်းတော် သို့ ငြိမ်ဝပ် စွာ ပြန်လာ ၏။
2 Jehu the son of Hanani the seer went out to meet him, and said to king Jehoshaphat, "Should you help the wicked, and love those who hate the LORD? Because of this, wrath is on you from before the LORD.
၂ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။
3 Nevertheless there are good things found in you, in that you have put away the Asheroth out of the land, and have set your heart to seek God."
၃သို့သော်လည်း ၊ မင်းကြီးသည် တပြည်လုံးတွင်၊ အာရှရ ပင်တို့ကို ပယ်ရှား ၍ ၊ ဘုရားသခင် ကိုရှာ ခြင်းငှါ သဘော ချ သောကြောင့် ၊ ကျင့်သောအကျင့် ကောင်းပါပြီဟု ဆို၏။
4 Jehoshaphat lived at Jerusalem: and he went out again among the people from Beersheba to the hill country of Ephraim, and brought them back to the LORD, the God of their fathers.
၄ထိုနောက် ၊ ယောရှဖတ် သည် ယေရုရှလင် မြို့၌ နေ ၏။ တဖန် ဗေရရှေဘ မြို့မှစ၍ ၊ ဧဖရိမ် တောင် တိုင်အောင် လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန် စေတော်မူ ၏။
5 He set judges in the land throughout all the fortified cities of Judah, city by city,
၅ယုဒ နိုင်ငံ တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှအသီးအသီး တို့၌ တရားသူကြီး တို့ကို ခန့်ထား ၍၊
6 and said to the judges, "Consider what you do: for you do not judge for man, but for the LORD; and he is with you in the judgment.
၆သင် တို့ပြု သောအမှု ကိုသတိ ပြုကြလော့။ လူ ၏ အမှုကိုစောင့်၍ တရား စီရင်သည်မ ဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသောထာဝရဘုရား ၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
7 Now therefore let the fear of the LORD be on you. Take heed and do it: for there is no iniquity with the LORD our God, nor respect of persons, nor taking of bribes."
၇သို့ဖြစ်၍ ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ် ရှိ ၍ သတိ ပြုကြလော့။ ငါ တို့ဘုရားသခင် သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာ ကို ထောက် ခြင်း၊ တံစိုး စား ခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ ၏။
8 Moreover in Jerusalem Jehoshaphat appointed Levites and priests, and of the heads of the ancestral houses of Israel, for the judgment of the LORD, and for controversies. They returned to Jerusalem.
၈ယေရုရှလင် မြို့၌ လည်း ၊ ထာဝရဘုရား ၏တရားမှု တို့ကို၎င်း ၊ ယေရုရှလင် မြို့သားအချင်းချင်းတရားတွေ့မှု တို့ကို၎င်း၊ စီရင်စေခြင်းငှါလေဝိ သား၊ ယဇ်ပုရောဟိတ် ၊ ဣသရေလ အဆွေအမျိုး သူကြီး အချို့တို့ကို ခန့်ထား ၍၊
9 He commanded them, saying, "Thus you shall do in the fear of the LORD, faithfully, and with a perfect heart.
၉သင်တို့သည် စုံလင် သောစိတ် နှလုံးနှင့် ထာဝရဘုရား ကိုကြောက်ရွံ့ လျက် ၊ သစ္စာ စောင့်လျက် စီရင် ကြလော့။
10 Whenever any controversy shall come to you from your brothers who dwell in their cities, between blood and blood, between law and commandment, statutes and ordinances, you shall warn them, that they not be guilty towards the LORD, and so wrath come on you and on your brothers. Do this, and you shall not be guilty.
၁၀အမြို့မြို့ ၌ နေ သောအမျိုးသား ချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရား ကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင် တို့ရှေ့ သို့ရောက် လျှင် ၊ သင် တို့နှင့် အမျိုးသား ချင်းတို့အပေါ် သို့ အမျက် တော်သက်ရောက် စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရား ကို မ ပြစ်မှား ရမည်အကြောင်းသတိ ပေးကြလော့။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ် လွတ်ကြလိမ့်မည်။
11 Look, Amariah the chief priest is over you in all matters of the LORD; and Zebadiah the son of Ishmael, the ruler of the house of Judah, in all the king's matters: also the Levites shall be officers before you. Deal courageously, and may the LORD be with the good."
၁၁ထာဝရဘုရား ၏ အမှု အရာရာ တွင် ၊ ယဇ်ပုရောဟိတ် မင်း အာမရိ သည် သင် တို့ကို အုပ်ချုပ် ရ၏။ ရှင်ဘုရင် ၏အမှု အရာရာ တွင် ၊ ယုဒ အမျိုး မှာ မင်း ဖြစ် သော ဣရှမေလ သား ဇေဗဒိ သည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း ၊ အမှု ထမ်းလုလင်လုပ် ရကြ၏။ ရဲရင့် စွာ စီရင်ကြလော့။ ထာဝရဘုရား သည် ကောင်း သောသူတို့ ဘက် မှာ နေ တော်မူမည်ဟု မှာထားတော်မူ၏။