< 1 Timothy 4 >

1 But the Spirit says expressly that in later times some will fall away from the faith, paying attention to seducing spirits and doctrines of demons,
ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍
2 through the hypocrisy of liars, branded in their own conscience as with a hot iron;
လှည့်ဖြား တတ်သော စိတ် ဝိညာဉ်တို့၌၎င်း၊ နတ် ဘုရားတို့နှင့် စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲ ဆည်းကပ်ကြလိမ့်မည်။
3 forbidding marriage and commanding to abstain from foods which God created to be received with thanksgiving by those who believe and know the truth.
မင်္ဂလာဆောင် ခြင်းအမှုကို မ ပြုရဟူ၍၎င်း၊ ယုံကြည် ၍ သမ္မာတရား ကို သိ သောသူတို့သည် ကျေးဇူး တော်ကို သိသောစိတ်နှင့်တကွ သုံးဘို့ရာ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော အစာ မျိုးကိုရှောင် ရမည် ဟူ၍၎င်း ပညတ်ထားကြလိမ့်မည်။
4 For every creature of God is good, and nothing is to be rejected, if it is received with thanksgiving.
ဘုရားသခင် ဖန်ဆင်း တော်မူသမျှ သည် သုံးစရာကောင်း ၏။
5 For it is sanctified through the word of God and prayer.
ကျေးဇူး တော်ကို သိသောစိတ်နှင့် ခံယူ လျှင် ၊ အဘယ် အရာကိုမျှ မပယ် မရှောင်ရ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်အားဖြင့် ၎င်း၊ ဆုတောင်း ခြင်းအားဖြင့်၎င်း၊ အရာရာတို့သည် စင်ကြယ် လျက်ရှိကြ၏။
6 If you instruct the brothers of these things, you will be a good servant of Christ Jesus, nourished in the words of the faith, and of the good doctrine which you have followed.
ဤ စကားများကို သင်သည် ညီအစ်ကို တို့အား ကြားပြောလျှင်၊ ယုံကြည်ချက် စကား ၊ ကိုယ်တိုင်ရှာဖွေလေ့ကျက်သော သမ္မာဩဝါဒ စကားနှင့် မွေးပြုခြင်းကို ခံသောယေရှု ခရစ် ၏ ဓမ္မဆရာ ကောင်း ဖြစ် လိမ့်မည်။
7 But have nothing to do with irreverent and silly myths. And train yourself for godliness.
မိန်းမ အိုပြော တတ်သော တရားမဲ့ ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရား ဝတ်၌ မွေ့လျော်ခြင်း အားဖြင့်ကိုယ်ကိုကိုယ် ဆုံးမ လော့။
8 For bodily exercise has some value, but godliness has value in all things, having the promise of the life which is now, and of that which is to come.
ကိုယ် ကာယကိုဆုံးမ ခြင်းသည် များစွာ သော အကျိုး ကို မပေးတတ်။ ဘုရား ဝတ်၌ မွေ့လျော်ခြင်း မူကား ၊ ယခု ဘဝ၊ နောင် ဘဝနှင့် စပ်ဆိုင်သော ဂတိ တော်ကို ရ သည်ဖြစ် ၍
9 This saying is faithful and worthy of all acceptance.
အရာရာ ၌ အကျိုး ကိုပေးတတ်သည်ဟူသော စကားသည် သစ္စာ စကားဖြစ်၏။ အကြွင်းမဲ့ခံယူ အပ် သော စကား လည်း ဖြစ် ၏။
10 For to this end we both labor and strive, because we have set our trust in the living God, who is the Savior of all people, especially of those who believe.
၁၀ထိုကြောင့်၊ အသက် ရှင်တော်မူသော၊ လူ အပေါင်း တို့ကို အထူးသဖြင့် ကယ်မ တော်မူသော ဘုရားသခင် ၌ ငါတို့သည်ကိုးစား သည်နှင့်အညီ၊ ပင်ပန်း စွာ အမှုဆောင်ရွက် ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။
11 Command and teach these things.
၁၁ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ် ထားခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ပြုလော့။
12 Let no one despise your youth; but be an example to those who believe, in word, in your way of life, in love, in faith, and in purity.
၁၂သင် ၏ အသက် အရွယ်နုပျိုသည်ကို အဘယ်သူ မျှမထီမဲ့မြင် မပြုစေနှင့်။ စကား ပြောခြင်း၊ ကျင့်ကြံ ပြုမူ ခြင်း၊ သူတစ်ပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ် ခြင်းအရာမှာ၊ ယုံကြည် သောသူတို့အား ပုံ သက်သေကို ပြ လော့။
13 Until I come, pay attention to reading, to exhortation, and to teaching.
၁၃ငါ မ လာမှီတိုင်အောင်၊ ကျမ်းစာကိုဖတ် ခြင်း၊ တိုက်တွန်း သွေးဆောင်ခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။
14 Do not neglect the gift that is in you, which was given to you by prophecy, with the laying on of the hands of the elders.
၁၄ဗျာဒိတ် တော်ကို ခံ၍၊ သင်းအုပ် များတို့သည် လက် တင် ခြင်းနှင့်တကွ ၊ သင် ၌ အပ်ပေးသော ဆု ကျေးဇူးကို မ ပြုစု ဘဲမနေနှင့်။
15 Be diligent in these things. Give yourself wholly to them, that your progress may be revealed to all.
၁၅သင် ၏တိုးပွား ခြင်းကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ ။ ဤအရာ များကို စိတ်စွဲလမ်း၍ ကြိုးစား အားထုတ်လော့။
16 Pay attention to yourself, and to your teaching. Continue in these things, for in doing this you will save both yourself and those who hear you.
၁၆ကိုယ် ကို၎င်း ၊ ကိုယ် ဆုံးမ ဩဝါဒကို၎င်း သတိပြု ၍ အမြဲတည်နေ လော့။ ထိုသို့ ပြု လျှင်၊ ကိုယ် ကို၎င်း ၊ နားထောင် သောသူ တို့ကို၎င်းကယ်တင် လိမ့်မည်။

< 1 Timothy 4 >