< Jeremiah 27 >

1 In the beginning of the reign of Zedekiah the son of Josiah, king of Judah, came this word to Jeremiah from the LORD, saying,
ယု​ဒ​ပြည်​တွင်​ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း တက်​ပြီး​နောက် များ​မ​ကြာ​မီ​ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​မိန့်​တော်​မူ​သည်​မှာ၊-
2 "Thus says the LORD to me: Make bonds and bars, and put them on your neck;
``သား​ရေ​ကြိုး​များ၊ ကန့်​လန့်​ဖြတ်​သစ်​သား တန်း​များ​ဖြင့်​နွား​ထမ်း​ပိုး​ပြု​လုပ်​၍​သင် ၏​လည်​ကုပ်​တွင်​တင်​လော့။-
3 and send them to the king of Edom, and to the king of Moab, and to the king of the people of Ammon, and to the king of Tyre, and to the king of Sidon, by the hand of the messengers who come to Jerusalem to Zedekiah king of Judah;
ထို​နောက်​ဇေ​ဒ​ကိ​မင်း​နှင့်​တွေ့​ဆုံ​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ရောက်​ရှိ​လာ​သော​သံ​တ​မန် များ​မှ​တစ်​ဆင့်​ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အမ္မုန် မင်း၊ တု​ရု​မင်း​နှင့်​ဇိ​ဒုန်​မင်း​တို့​ထံ​သို့ သ​တင်း​ပေး​ပို့​လော့'' ဟု​မိန့်​တော်​မူ​၏။-
4 and give them a command to their masters, saying, 'Thus says the LORD of hosts, the God of Israel, You shall tell your masters:
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား``သင်​သည်​ထို​သံ​တ​မန်​များ​မှ​တစ်​ဆင့် မိ​မိ​တို့​၏​ဘု​ရင်​များ​အား​ဤ​သို့​ပြော ကြား​စေ​လော့။-
5 "I have made the earth, the men and the animals that are on the surface of the earth, by my great power and by my outstretched arm; and I give it to whom it seems right to me.
ငါ​သည်​မိ​မိ​၏​ကြီး​မား​သော​တန်​ခိုး​စွမ်း ရည်​တော်​ဖြင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​များ၊ တိ ရစ္ဆာန်​များ​နှင့်​တ​ကွ​ကမ္ဘာ​လော​က​ကို​ဖန် ဆင်း​တော်​မူ​ခဲ့​သည်​ဖြစ်​၍ ထို​ကမ္ဘာ​လော​က ကို​မိ​မိ​၏​ဆ​န္ဒ​အ​လျောက်​အ​ဘယ်​သူ့​အား မ​ဆို​ပေး​အပ်​နိုင်​ပေ​သည်။-
6 Now have I given all these lands into the hand of Nebuchadnezzar the king of Babylon, my servant; and the animals of the field also have I given him to serve him.
လူ​မျိုး​တ​ကာ​တို့​အား​ငါ​၏​အ​စေ​ခံ​နေ ဗု​ခဒ်​နေ​ဇာ​၏​လက်​အောက်​သို့​ကျ​ရောက်​စေ သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ငါ​သည်​တော​တိ​ရစ္ဆာန် များ​ကို​ပင်​လျှင်​သူ​၏​အ​စေ​ကို​ခံ​စေ​လေ ပြီ။-
7 All the nations shall serve him, and his son, and his son's son, until the time of his own land come: and then many nations and great kings shall make him their bondservant.
သူ​၏​နိုင်​ငံ​ပျက်​သုဉ်း​ချိန်​မ​ရောက်​မ​ချင်း လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​စေ​ကို​လည်း ကောင်း၊ သူ​၏​သား​နှင့်​မြေး​တို့​၏​အ​စေ​ကို လည်း​ကောင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နောက်​သူ ၏​လူ​မျိုး​သည်​တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး များ​နှင့်​ဘု​ရင်​တို့​၏​အ​စေ​ကို​ခံ​ရ​ကြ​လိမ့် မည်။
8 It shall happen, that the nation and the kingdom which will not serve the same Nebuchadnezzar king of Babylon, and that will not put their neck under the yoke of the king of Babylon, that nation will I punish, says the LORD, with the sword, and with the famine, and with the pestilence, until I have consumed them by his hand.
သို့​ရာ​တွင်​ဘယ်​လူ​မျိုး​သို့​မ​ဟုတ်​ဘယ် နိုင်​ငံ​သည် ထို​မင်း​၏​အုပ်​စိုး​မှု​ကို​မ​ခံ​ဘဲ နေ​လျှင် ထို​လူ​မျိုး​အား​နေ​ဗု​ခဒ်​နေ​ဇာ မ​ဖျက်​ဆီး​မီ​တိုင်​အောင်​စစ်​မက်​အန္တ​ရာယ်၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အ​နာ ရော​ဂါ​ဘေး​တို့​ဖြင့်​ငါ​သည်​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​မည်။-
9 But as for you, do not listen to your prophets, nor to your diviners, nor to your dreams, nor to your soothsayers, nor to your sorcerers, who speak to you, saying, 'You shall not serve the king of Babylon':
အိပ်​မက်​အ​နက်​ဖွင့်​သူ​များ၊ လူ​သေ​ဝိ​ညာဉ် များ​ကို​ခေါ်​ယူ​၍ မှော်​အ​တတ်​အား​ဖြင့် အ​နာ​ဂတ်​ကို​ဟော​နိုင်​သည်​ဟု​ဆို​သူ​များ၊ သို့​မ​ဟုတ်​သင်​တို့​၏​ပ​ရော​ဖက်​များ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့ အား​လုံး​ပင်​လျှင်​သင်​တို့​အား​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​စေ​ကို​မ​ခံ​ရန်​ပြော​ကြား ကြ​၏။-
10 for they prophesy a lie to you, to remove you far from your land, and that I should drive you out, and you should perish.
၁၀သူ​တို့​သည်​သင်​တို့​အား​လိမ်​လည်​ဟော​ပြော လျက်​နေ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​မိ​မိ တို့​ပြည်​မှ​ရပ်​ဝေး​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​ကို​နှင်​ထုတ် မည်။ သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကြ​လိမ့် မည်။-
11 But the nation that shall bring their neck under the yoke of the king of Babylon, and serve him, that nation will I let remain in their own land, says the LORD; and they shall till it, and dwell in it."'"
၁၁သို့​သော်​အ​ကြင်​လူ​မျိုး​သည်​ဗာ​ဗု​လုန်​ဘု​ရင် ၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​၍​သူ​၏​အ​စေ ကို​ခံ​၏။ ထို​လူ​မျိုး​အား​ငါ​သည်​မိ​မိ​တို့​တိုင်း ပြည်​တွင် ထွန်​ယက်​လုပ်​ကိုင်​နေ​ထိုင်​ခွင့်​ကို​ပေး တော်​မူ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
12 I spoke to Zedekiah king of Judah according to all these words, saying, "Bring your necks under the yoke of the king of Babylon, and serve him and his people, and live.
၁၂ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-
13 Why will you die, you and your people, by the sword, by the famine, and by the pestilence, as the LORD has spoken concerning the nation that will not serve the king of Babylon?
၁၃အ​ရှင်​နှင့်​အ​ရှင်​၏​အ​မျိုး​သား​တို့​သည် အ​ဘယ် ကြောင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​၍​ငတ်​မွတ်​ခေါင်း​ပါး ခြင်း​ဘေး၊ သို့​မ​ဟုတ်​အ​နာ​ရော​ဂါ​ဘေး​သင့်​၍ သေ​ရ​ကြ​ပါ​မည်​နည်း။ ဗာ​ဗု​လုန်​၏​အ​စေ​ကို မ​ခံ​သည့်​လူ​မျိုး​သည် ဤ​နည်း​အ​တိုင်း​ဖြစ်​ရ လိမ့်​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​ပြီ။-
14 Do not listen to the words of the prophets who speak to you, saying, 'You shall not serve the king of Babylon'; for they prophesy a lie to you.
၁၄ဗာဗု​လုန်​မင်း​၏​အ​စေ​ကို​မ​ခံ​ရန်​အ​ရှင့်​အား ပြော​ဆို​ကြ​သည့်​ပ​ရော​ဖက်​တို့​၏​စ​ကား ကို​နား​ထောင်​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​သည် အ​ရှင့်​အား​လိမ်​လည်​ပြော​ဆို​နေ​ခြင်း​ဖြစ် ပါ​၏။-
15 'For I have not sent them,' says the LORD, 'but they prophesy falsely in my name; that I may drive you out, and that you may perish, you, and the prophets who prophesy to you.'"
၁၅ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​က​ထို​သူ​တို့ အား မိ​မိ​စေ​လွှတ်​တော်​မ​မူ​ကြောင်း​မိန့်​တော် မူ​ပါ​ပြီ။ သူ​တို့​သည်​ကိုယ်​တော်​၏​နာ​မ​တော် ကို​အ​မှီ​ပြု​၍ လိမ်​လည်​ဟော​ပြော​လျက်​နေ ကြ​ပါ​၏။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင့်​အား​နှင်​ထုတ်​တော်​မူ​ပါ​လိမ့်​မည်။ အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​လိမ်​လည် ဟော​ပြော​ကြ​သည့်​ပ​ရော​ဖက်​များ​သည် သေ​ကြေ​ပျက်​စီး​ရ​ကြ​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​၏။
16 Also I spoke to the cohanim and to all this people, saying, "Thus says the LORD: 'Do not listen to the words of your prophets who prophesy to you, saying, Look, the vessels of the LORD's house shall now shortly be brought again from Babylon; for they prophesy a lie to you.
၁၆ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-
17 Do not listen to them; serve the king of Babylon, and live: why should this city become a desolation?'
၁၇သူ​တို့​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ ဗာ ဗု​လုန်​မင်း​၏​အ​စေ​ကို​ခံ​ကြ​လော့။ သို့​ပြု လျှင်​သင်​တို့​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​မြို့​သည်​အ​ဘယ်​ကြောင့်​ယို​ယွင်း​ပျက်​စီး ၍​သွား​ရ​ပါ​မည်​နည်း။-
18 But if they are prophets and if the word of the LORD is with them, let them now make intercession with the LORD of hosts, that the vessels which are left in the house of the LORD, and in the house of the king of Judah and at Jerusalem may not go to Babylon.
၁၈အ​ကယ်​၍​ထို​သူ​တို့​သည်​ပ​ရော​ဖက်​အ​စစ် အ​မှန်​ဖြစ်​၍ ငါ​၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ သည်​ဆို​ပါ​မူ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့် ဘု​ရင်​နန်း​တော်​တို့​တွင်​ကျန်​ရှိ​သည့်​ဘဏ္ဍာ​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​သိမ်း​ယူ​ခွင့်​မ​ပြု​ရန် အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​အား လျှောက် ထား​ကြ​ပါ​စေ။''
19 For thus says the LORD of hosts concerning the pillars, and concerning the sea, and concerning the bases, and concerning the rest of the vessels that are left in this city,
၁၉(ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ယော​ယ​ကိမ်​၏​သား​ယု​ဒ​ဘု​ရင်​ယေ​ခေါ​နိ အား​လည်း​ကောင်း၊ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​ဦး​စီး​ခေါင်း​ဆောင်​များ​အား​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​မှ​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင် သွား​စဉ်​အ​ခါ​က​ချန်​ထား​ခဲ့​သည့်​ကြေး​ဝါ တိုင်​ကြီး​များ၊ ကြေး​ဝါ​ရေ​ကန်​များ​နှင့်​အောက် ခံ​ခုံ​များ၊ အ​ခြား​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့ တို့​ကို​ချန်​ထား​ခဲ့​လေ​သည်။
20 which Nebuchadnezzar king of Babylon did not take, when he carried away captive Jeconiah the son of Jehoiakim, king of Judah, from Jerusalem to Babylon, and all the nobles of Judah and Jerusalem;
၂၀
21 yes, thus says the LORD of hosts, the God of Israel, concerning the vessels that are left in the house of the LORD, and in the house of the king of Judah, and at Jerusalem:
၂၁``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​နှင့်​ဘု​ရင်​နန်း တော်​တွင်​ချန်​ထား​ခဲ့​သည့်​ဘဏ္ဍာ​များ​နှင့်​ပတ် သက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
22 'They shall be carried to Babylon, and there shall they be, until the day that I visit them,' says the LORD; 'then will I bring them up, and restore them to this place.'"
၂၂ထို​ဘဏ္ဍာ​တို့​သည်​ဗာ​ဗု​လုန်​မြို့​သို့​ယူ​ဆောင် သွား​ပြီး​လျှင် ယင်း​တို့​အား​ငါ​တစ်​ဖန်​ဂ​ရု စိုက်​သည့်​အ​ချိန်​တိုင်​အောင်​ထို​မြို့​တွင်​ရှိ​နေ လိမ့်​မည်။ ထို​နောက်​ငါ​သည်​ထို​ဘဏ္ဍာ​များ​ကို ဤ​ဌာ​န​တော်​သို့​ပြန်​လည်​ပို့​ဆောင်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​ပြော​ကြား​လေ​သည်။

< Jeremiah 27 >