< Jeremiah 19 >

1 Thus said the LORD, "Go, and buy a potter's earthen bottle, and take with you some of the elders of the people, and of the elders of the cohanim;
ထာ​ဝ​ရ​ဘု​ရား​သည်​မြေ​အိုး​တစ်​လုံး​ကို​သွား ရောက်​ဝယ်​ယူ​ရန် ငါ့​အား​စေ​ခိုင်း​တော်​မူ​၏။ ကိုယ် တော်​က​ငါ​နှင့်​အ​တူ​အ​သက်​ကြီး​သူ​ပြည်​သူ့ ခေါင်း​ဆောင်​အ​ချို့​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ချို့ တို့​ကို​လည်း​ခေါ်​ဆောင်​ကာ၊-
2 and go forth to the Valley of Ben Hinnom, which is by the entry of the Potsherd Gate, and proclaim there the words that I shall tell you;
အိုး​ကွဲ​မြို့​တံ​ခါး​ကို​ဖြတ်​၍​ပင်​ဟိန္နုံ​ချိုင့်​ဝှမ်း သို့​သွား​ရောက်​ရန်​မှာ​ကြား​တော်​မူ​၏။ ထို​အ​ရပ် တွင် ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ရန်​ဖြစ်​၏။-
3 and say, 'Hear the word of the LORD, kings of Judah, and inhabitants of Jerusalem: thus says the LORD of hosts, the God of Israel, "Look, I will bring evil on this place, which whoever hears, his ears shall tingle.
ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​ဘု​ရင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​အနန္တ​တန်​ခိုး​ရှင်၊ ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင် ကြ​လော့။ ငါ​သည်​ကြား​သိ​ရ​သူ​တို့​ထိတ်​လန့် သည်​တိုင်​အောင်​ဆိုး​ရွား​သည့်​ဘေး​အန္တ​ရာယ် ကို​ဤ​အ​ရပ်​သို့​သက်​ရောက်​စေ​တော်​မူ​မည်။-
4 Because they have forsaken me, and have estranged this place, and have burned incense in it to other gods, that they did not know, they and their fathers and the kings of Judah; and have filled this place with the blood of innocents,
အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တို့​သည်​ငါ့​ကို​စွန့် ပစ်​ကာ မိ​မိ​တို့​ကိုယ်​တိုင်​မိ​မိ​တို့​ဘိုး​ဘေး​များ နှင့်​ယု​ဒ​ဘု​ရင်​များ​မ​သိ​ဘူး​သည့်​အ​ခြား ဘု​ရား​များ​ကို​ယဇ်​ပူ​ဇော်​ခြင်း​ဖြင့် ဤ​ဌာ​န တော်​ကို​ညစ်​ညမ်း​စေ​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ဤ​ဌာ​န​ကို​အ​ပြစ်​မဲ့​သူ​တို့​၏ အ​သွေး​ဖြင့်​ပြည့်​စေ​လျက်၊-
5 and have built the high places of Baal, to burn their sons in the fire for burnt offerings to Baal; which I did not command, nor spoke it, neither came it into my mind:
မိ​မိ​တို့​သား​သ​မီး​များ​အား​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ပူ​ဇော်​ရန် ဗာ​လ​ဘု​ရား​အ​တွက်​မြင့် သော​အ​ရပ်​၌​ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက် ကြ​လေ​ပြီ။ သူ​တို့​သား​သ​မီး​များ​ကို​ဤ သို့​ဗာ​လ​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​စေ​ရန် ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​မိန့်​မ​ပေး ခဲ့၊ မ​ပြော​ကြား​ခဲ့၊ စိတ်​မ​ကူး​ခဲ့။-
6 therefore, look, the days come," says the LORD, "that this place shall no more be called Topheth, nor The Valley of Ben Hinnom, but The Valley of Slaughter.
သို့​ဖြစ်​၍​ဤ​အ​ရပ်​သည်​တော​ဖက်​ဟူ​၍​မ​ခေါ်၊ ဟိန္နုံ​ချိုင့်​ဝှမ်း​ဟူ​၍​မ​ခေါ်၊ ကွပ်​မျက်​ရာ​ချိုင့်​ဟူ ၍​ခေါ်​ရ​မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည် ကို သ​တိ​ပြု​ကြ​လော့​ဟု​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။-
7 I will make void the counsel of Judah and Jerusalem in this place; and I will cause them to fall by the sword before their enemies, and by the hand of those who seek their life: and their dead bodies will I give to be food for the birds of the sky, and for the animals of the earth.
ငါ​သည်​ဤ​အ​ရပ်​တွင်​ယု​ဒ​ပြည်​သား​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သား​များ​၏​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​ပျက်​ပြား​စေ​တော်​မူ​မည်။ သူ​တို့ ကို​အ​သက်​ရန်​ရှာ​သူ​တို့​လက်​သို့​အပ်​၍​စစ်​ပွဲ တွင်​ကျ​ဆုံး​စေ​တော်​မူ​မည်။ သူ​တို့​၏​အ​လောင်း များ​သည်​ငှက်​များ​နှင့်​တော​သား​ရဲ​တို့​၏ အ​စာ​ဖြစ်​ရ​လိမ့်​မည်။-
8 I will make this city an astonishment, and a hissing; everyone who passes thereby shall be astonished and hiss because of all its plagues.
ငါ​သည်​ဤ​မြို့​အ​ပေါ်​သို့​အ​လွန်​ဆိုး​ရွား​သည့် ဘေး​အန္တ​ရာယ်​ကို​သက်​ရောက်​စေ​မည်​ဖြစ်​၍ အ​နီး မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​သည် ထို​မြို့​၏​ဖြစ် အင်​ကို​မြင်​၍​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ စိတ်​ထိ​ခိုက် လျက်​အံ့​သြ​တွေ​ဝေ​သွား​ကြ​လိမ့်​မည်။-
9 I will cause them to eat the flesh of their sons and the flesh of their daughters; and they shall eat everyone the flesh of his friend, in the siege and in the distress, with which their enemies, and those who seek their life, shall distress them."'
ရန်​သူ​တို့​သည်​မြို့​ကို​ဝိုင်း​ရံ​တိုက်​ခိုက်​ကာ သူ တို့​အား​သတ်​ဖြတ်​ရန်​ကြိုး​စား​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​စား​ကြ​လိမ့်​မည်။ မိ​မိ​တို့​သား​သ​မီး များ​ကို​ပင်​စား​ကြ​လိမ့်​မည်'' ဟု​ဆင့်​ဆို ပြော​ကြား​ရန်​ငါ့​အား​မိန့်​တော်​မူ​၏။
10 Then you shall break the bottle in the sight of the men who go with you,
၁၀ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မိ​မိ နှင့်​အ​တူ​လိုက်​ပါ​လာ​သူ​တို့​၏​ရှေ့​တွင်​အိုး ကို​ခွဲ​စေ​တော်​မူ​ပြီး​လျှင်၊-
11 and shall tell them, 'Thus says the LORD of hosts: "Even so will I break this people and this city, as one breaks a potter's vessel, that can't be made whole again; and they shall bury in Topheth, until there is no place to bury.
၁၁သူ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​က``ဤ​အိုး​ကို​ပြန်​၍​ဆက်​စပ်​မ​ရ နိုင်​အောင်​ခွဲ​လိုက်​သ​ကဲ့​သို့ ငါ​သည်​ဤ​လူ များ​နှင့်​ဤ​မြို့​ကို​ငါ​ခွဲ​တော်​မူ​မည်။ တော ဖက်​မြို့​တွင်​မြေ​မြှုပ်​စ​ရာ​နေ​ရာ​မ​ရှိ​သည့် တိုင်​အောင်​လူ​တို့​သည်​ထို​သူ​တို့​၏​အ​လောင်း များ​ကို​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-
12 Thus will I do to this place," says the LORD, "and to its inhabitants, even making this city as Topheth:
၁၂ဤ​မြို့​နှင့်​ဤ​မြို့​တွင်​နေ​ထိုင်​သူ​တို့​ကို တော​ဖက်​မြို့​ကဲ့​သို့​ဖြစ်​စေ​မည်'' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
13 and the houses of Jerusalem, and the houses of the kings of Judah, which are defiled, shall be as the place of Topheth, even all the houses on whose roofs they have burned incense to all the host of heaven, and have poured out drink offerings to other gods."'"
၁၃``ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် တို့​၏​နန်း​တော်​များ မိ​မိ​တို့​အ​မိုး​ပေါ်​တွင် ကြယ်​နက္ခတ်​များ​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့ ပူ​ဇော်​ရာ​အိမ်​များ​နှင့်​အ​ခြား​ဘု​ရား​များ အား စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း ကြ​သည့်​အိမ်​မှန်​သ​မျှ​တို့​သည်​တော​ဖက်​မြို့ ကဲ့​သို့ မ​သန့်​စင်​သည့်​အ​ရပ်​များ​ဖြစ်​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
14 Then came Jeremiah from Topheth, where the LORD had sent him to prophesy; and he stood in the court of the LORD's house, and said to all the people:
၁၄ထို​နောက်​ငါ​သည်​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား ရန် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ​တော​ဖက် အ​ရပ်​မှ​ထွက်​ခွာ​၍ ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရပ်​ပြီး​လျှင်​လူ​အ​ပေါင်း​တို့​အား၊-
15 "Thus says the LORD of hosts, the God of Israel, 'Look, I will bring on this city and on all its towns all the evil that I have pronounced against it; because they have made their neck stiff, that they may not hear my words.'"
၁၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့ သည်​ခေါင်း​မာ​၍​ငါ​ပြော​သည့်​စ​ကား​ကို​နား မ​ထောင်​ကြ။ သို့​ဖြစ်​၍​ဤ​မြို့​နှင့်​အ​နီး​အ​နား ရှိ​မြို့​အ​ပေါင်း​တို့​အား ယ​ခင်​ငါ​ဖော်​ပြ​ခဲ့ သည့်​အ​တိုင်း​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​မည်'' ဟု မိန့်​တော်​မူ​ကြောင်း​သူ​တို့​အား​ဆင့်​ဆို​၏။

< Jeremiah 19 >