< 2 Corinthians 4 >
1 Therefore seeing we have this ministry, even as we obtained mercy, we do not faint.
၁ထိုကြောင့် ငါတို့သည် ထိုသို့သော တရား ၏ အမှုကိုဆောင်ရွက် သောသူဖြစ်၍၊ ကရုဏာ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ ၊ အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။
2 But we have renounced the hidden things of shame, not walking in craftiness, nor handling the word of God deceitfully; but by the manifestation of the truth commending ourselves to every man's conscience in the sight of God.
၂ဆိတ်ကွယ် ရာအရပ်၌ပြုသော ရှက်ဘွယ် သော အမှုများကိုပယ် ကြ၏။ ပရိယာယ် ကိုမ သုံး ၊ ဘုရားသခင် နှုတ်ကပတ် တရားတော်ကိုထိမ်ဝှက် မှောက်လှန်ခြင်းမ ရှိ။ သမ္မာတရား ကိုအတည့်အလင်း ဖော်ပြ ၍ ၊ ဘုရားသခင့် ရှေ့ တော်၌ လူ အပေါင်း တို့၏ စိတ် အထင်အတိုင်း ချီးမွမ်းဘွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။
3 Even if our Good News is veiled, it is veiled to those who are perishing;
၃ငါ တို့ဟောပြောသော ဧဝံဂေလိ တရားသည် ဖုံးအုပ် လျက် ရှိ လျှင် ၊ ဆုံးရှုံး ခြင်းသို့ရောက်သော သူ တို့အားသာ ဖုံးအုပ် လျက်ရှိ ၏။
4 in whom the god of this world has blinded the minds of the unbelieving, so they would not see the light of the glorious Good News of Messiah, who is the image of God. (aiōn )
၄ထိုသို့ မယုံကြည် သောသူ တို့ကား၊ ဘုရားသခင် ၏ ပုံသဏ္ဍာန် တော် တည်းဟူသော ခရစ်တော် ၏ ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏ အရောင် သည် အလင်း ကိုမ ပေးစေခြင်းငှာ၊ ဤ လောက ကို အစိုးရသော ဘုရား သည်သူ တို့၏ ဉာဏ် မျက်စိကိုကွယ် စေ၏။ (aiōn )
5 For we do not preach ourselves, but Messiah Yeshua as Lord, and ourselves as your slaves because of Yeshua.
၅ငါတို့သည်ကိုယ် အကြောင်း ကို ဟောပြော ကြသည်မ ဟုတ်။ ယေရှု ခရစ် သည် သခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ငါတို့သည်ယေရှု အတွက် သင် တို့၏ ကျွန် ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။
6 For it is God, who spoke for light to shine out of darkness, who has shone in our hearts to give the light of the knowledge of the glory of God in the face of Messiah.
၆မှောင်မိုက် ထဲက အလင်း ထွန်းလင်း မည်အကြောင်း မိန့် တော်မူသောဘုရားသခင် သည်၊ ယေရှု ခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်း တော်ကိုသိ သော ဉာဏ်၏အရောင် ကိုပေးလိုသောငှာ၊ ငါ တို့စိတ် နှလုံးထဲ၌ အလင်းကို ထွန်းလင်း စေတော်မူ၏။
7 But we have this treasure in clay vessels, that the exceeding greatness of the power may be of God, and not from ourselves.
၇သို့သော်လည်း တန်ခိုး တော်၏ဂုဏ်သရေ သည် ငါ တို့နှင့် မ ဆိုင်၊ ဘုရားသခင် နှင့် ဆိုင် မည်အကြောင်း ၊ ထို ဘဏ္ဍာ သည်မြေ အိုး ထဲမှာ ထည့်ထားလျက်ငါတို့၌ရှိ ၏။
8 We are pressed on every side, yet not crushed; perplexed, yet not to despair;
၈ငါတို့သည်အမျိုးမျိုး သော နှောင့်ရှက် ခြင်းကို ခံရ သော်လည်း ၊ အကျိုး နည်းခြင်းသို့မ ရောက်။ မ ကြံစည်နိုင်အောင်ရှိသော်လည်း စိတ် မ ပျက်။
9 pursued, yet not forsaken; struck down, yet not destroyed;
၉ညှင်းဆဲ ခြင်းကိုခံရသော်လည်း ဆုံးရှုံး ခြင်းမ ရှိ။ အောက် သို့လှဲခြင်းကိုခံရသော်လည်း ဆုံး ရာသို့မ ရောက်။
10 always carrying in the body the death of Yeshua, that the life of Yeshua may also be revealed in our body.
၁၀သခင်ယေရှု သည် အသက် ရှင်တော်မူကြောင်း ကို ငါ တို့ကိုယ်ခန္ဓါ ၌ ထင်ရှား စေခြင်းငှာ ။ ယေရှု ၏ သေ တော်မူခြင်းကိုအစဉ်မပြတ် ငါတို့၏ ကိုယ်ခန္ဓါ ၌ ဆောင် ရကြ၏။
11 For we who live are always delivered to death for Yeshua's sake, that the life also of Yeshua may be revealed in our mortal flesh.
၁၁အဘယ်သို့ နည်းဟူမူကား၊ ယေရှု သည်အသက် ရှင်တော်မူကြောင်း ကို၊ ငါ တို့၏သေ တတ်သော ခန္ဓာ ကိုယ်၌ ထင်ရှား စေခြင်းငှာ ၊ ငါ တို့သည်အသက် ရှင်စဉ်တွင်ယေရှု ကြောင့် သေ ခြင်းလက်သို့ အစဉ် အပ်နှံ ခြင်း ကို ခံရကြ၏။
12 So then death works in us, but life in you.
၁၂သို့ဖြစ်၍ သေ ခြင်းတရားသည် ငါ တို့၌ ပြုပြင် တတ်၏။ သင် တို့၌ ကား ၊ အသက် ရှင်ခြင်းတရားသည် ပြုပြင်တတ်၏။
13 But having the same spirit of faith, according to that which is written, "I believed, and therefore I spoke." We also believe, and therefore also we speak;
၁၃ထိုသို့သောယုံကြည် ခြင်းစိတ် ရှိ သည်ဖြစ်၍ ၊ ငါသည်ယုံကြည် သောကြောင့် မြွတ်ဆို ၏ဟု ကျမ်းစာ လာ သည်နှင့်အညီ ၊ ငါ တို့သည် ယုံကြည် ခြင်းစိတ်ရှိသောကြောင့် မြွတ်ဆိုဟောပြော ကြ၏။
14 knowing that he who raised the Lord Yeshua will raise us also with Yeshua, and will present us with you.
၁၄သခင် ယေရှု ကို ထမြောက် စေတော်မူသောသူ သည် ယေရှု အားဖြင့် ငါ တို့ကိုလည်း ထမြောက် စေ၍ ၊ သင် တို့နှင့်အတူ အထံတော်၌ သွင်းတော်မူမည်ဟု ငါတို့သိ ကြ၏။
15 For all things are for your sakes, that the grace, being multiplied through the many, may cause the thanksgiving to abound to the glory of God.
၁၅အများ သောသူတို့သည် ကျေးဇူးတော်ကို ချီးမွမ်း သည်နှင့်၊ ထိုကြွယ်ဝ သောကျေးဇူးတော် သည် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေမည် အကြောင်း ၊ ခပ်သိမ်း သော အရာတို့သည် သင် တို့အဘို့ အလို့ငှာဖြစ်သတည်း။
16 Therefore we do not become discouraged, but even though our outer nature is wearing away, yet our inner nature is being renewed day by day.
၁၆ထိုကြောင့် ငါတို့သည် အားလျော့ စိတ်ပျက်ခြင်းနှင့် ကင်းလွတ် ကြ၏။ ငါ တို့၏ပြင် လူ သည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း ၊ အတွင်း လူမူကား တစ်နေ့ ထက် တစ်နေ့ ပြုပြင် ခြင်းကိုခံရ၏။
17 For this momentary light affliction is working for us a far more exceeding and everlasting weight of glory; (aiōnios )
၁၇အကြောင်းမူကား ၊ မျက်မှောက် ၌ထင်ရှား သော အရာ တို့သည် ခဏ သာတည်၍ မ ထင်ရှား သောအရာ တို့သည် အစဉ်အမြဲ တည်ကြောင်းကို ငါ တို့သည် ထောက်လျက်၊ ထင်ရှား သော အရာ တို့ကို မ ကြည့်မမှတ်ဘဲ မ ထင်ရှား သောအရာ တို့ကို ကြည့်မှတ်စဉ်အခါ၊ (aiōnios )
18 while we do not look at the things which are seen, but at the things which are not seen. For the things which are seen are temporal, but the things which are not seen are everlasting. (aiōnios )
၁၈ယခုခဏ ခံရ၍ ပေါ့ပါး သော ဆင်းရဲ ခြင်းဒုက္ခသည် အတိုင်း ထက်အလွန်ကြီးမြတ် လေးလံ သော နိစ္စ ထာဝရဘုန်း အသရေကို ငါ တို့အဖို့ ဖြစ် စေတတ်၏။ (aiōnios )