< Judges 21 >

1 Now the men of Israel had sworn in Mizpah, saying, "There shall not any of us give his daughter to Benjamin as wife."
မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-
2 The people came to Bethel, and sat there until evening before God, and lifted up their voices, and wept severely.
သို့​ဖြစ်​၍​ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဗေ​သ​လ​မြို့​သို့​သွား​၍ ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင်​အောင် ထိုင်​လျက်၊-
3 They said, "LORD God of Israel, why has this happened in Israel, that there should be today one tribe lacking in Israel?"
``အို ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ် ရ​ပါ​သ​နည်း။ ဗင်္ယာ​မိန်​အ​နွယ်​သည်​ဣ​သ ရေ​လ​လူ​မျိုး​မှ​အ​ဘယ်​ကြောင့်​ပျောက်​ကွယ် ရ​ပါ​တော့​မည်​နည်း'' ဟု​ပြင်း​ပြ​စွာ​ဟစ် အော်​ငို​ကြွေး​လျှောက်​ထား​ကြ​၏။
4 It happened on the next day that the people rose early, and built there an altar, and offered burnt offerings and peace offerings.
နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လူ​တို့​သည် ထ​၍ ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည် ဆောက်​ကာ မိတ်​သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ ယဇ်​တို့​ကို​ပူ​ဇော်​ကြ​၏။-
5 The children of Israel said, "Who is there among all the tribes of Israel who did not come up in the assembly to the LORD?" For they had made a great oath concerning anyone who did not come up to the LORD to Mizpah, saying, "He shall surely be put to death."
သူ​တို့​က``ဣ​သ​ရေ​လ​လူ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​မိ​ဇ​ပါ​မြို့​ရှိ ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​ခဲ့​သည့်​လူ စု​ရှိ​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။ (အ​ဘယ် ကြောင့်​ဆို​သော်​မိ​ဇ​ပါ​မြို့​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​သော​သူ သည်​သေ​ဒဏ်​ခံ​စေ​ဟု​ကျိန်​ဆို​က​တိ​ပြု ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-)
6 The children of Israel grieved for Benjamin their brother, and said, "There is one tribe cut off from Israel this day.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ညီ​များ​ဖြစ်​သော ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့ အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်``ယ​နေ့​ပင် လျှင်​ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​တစ်​နွယ်​ကို​ဆုံး​ရှုံး​ရ​လေ​ပြီ။-
7 How shall we do for wives for those who remain, seeing we have sworn by the LORD that we will not give them of our daughters to wives?"
ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။
8 They said, "What one is there of the tribes of Israel who did not come up to the LORD to Mizpah?" Look, no one came to the camp from Jabesh Gilead to the assembly.
မိ​ဇ​ပါ​မြို့​၌​စု​ရုံး​ရာ​သို့​ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​များ​ထဲ​မှ မ​လာ​မ​ရောက် သော​လူ​စု​ရှိ​ပါ​သ​လော​ဟု​စုံ​စမ်း​ကြ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​မည် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​လာ​မ​ရောက် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​လေ​သည်။-
9 For when the people were numbered, look, there were none of the inhabitants of Jabesh Gilead there.
တပ်​မ​တော်​မှ​နာ​မည်​ခေါ်​စာ​ရင်း​ကောက်​ယူ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​လူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ဝင်​ပေ။-
10 The congregation sent there twelve thousand men of the most valiant, and commanded them, saying, "Go and strike the inhabitants of Jabesh Gilead with the edge of the sword, with the women and the little ones.
၁၀မိ​ဇ​ပါ​မြို့​၌​စု​ဝေး​သော​သူ​အ​ပေါင်း​တို့ က၊ မိ​မိ​တို့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​လူ တစ်​သောင်း​နှစ်​ထောင်​အား``သင်​တို့​သွား​၍ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​အ​ပါ အ​ဝင်​ယာ​ဗတ်​မြို့​သား​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​ကြ​လော့။ ယောကျာ်း​နှင့်​အ​ပျို စင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​မှန်​သ​မျှ ကို​သတ်​ဖြတ်​ပစ်​ကြ​ရ​မည်'' ဟု​အ​မိန့် ပေး​စေ​လွှတ်​လိုက်​လေ​သည်။-
11 This is the thing that you shall do: you shall utterly destroy every male, and every woman who has slept with a man, but the virgins you are to keep alive." And they did so.
၁၁
12 They found among the inhabitants of Jabesh Gilead four hundred young virgins who had never slept with a man; and they brought them to the camp to Shiloh, which is in the land of Canaan.
၁၂ထို​သူ​တို့​သည်​ယာ​ဗက်​မြို့​သား​များ​အ​နက် အ​ပျို​စင်​လေး​ရာ​ကို​တွေ့​ရှိ​သ​ဖြင့် သူ​တို့ အား​ရှိ​လော​မြို့​တပ်​စ​ခန်း​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ ရှိ​လော​မြို့​သည်​ခါ​နာန်​ပြည်​တွင် ရှိ​သ​တည်း။
13 The whole congregation sent and spoke to the people of Benjamin who were in the rock of Rimmon, and proclaimed peace to them.
၁၃ထို​နောက်​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​က ရိမ္မုန် ကျောက်​ရှိ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ထံ​သို့ စစ်​ပြေ​ငြိမ်း​ရန် ကမ်း​လှမ်း​ချက်​သ​တင်း​ကို ပေး​ပို့​လိုက်​ကြ​၏။-
14 Benjamin returned at that time; and they gave them the women whom they had saved alive of the women of Jabesh Gilead: and yet so they weren't enough for them.
၁၄ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။
15 The people grieved for Benjamin, because the LORD had made a gap in the tribes of Israel.
၁၅ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​နွယ်​တို့​၏​စည်း​လုံး​မှု​ကို​ပျက်​ပြား​စေ တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည်​ဗင်္ယာ​မိန်​အ​မျိုး သား​များ​အ​တွက်​ဝမ်း​နည်း​ကြ​လေ​သည်။-
16 Then the elders of the congregation said, "How shall we provide wives for those who remain, since the women of Benjamin have been destroyed?"
၁၆သို့​ဖြစ်​၍​ခေါင်း​ဆောင်​တို့​က``ဗင်္ယာ​မိန်​အ​နွယ် ဝင်​အ​မျိုး​သ​မီး​များ​မ​ရှိ​ကြ​တော့​ပေ။ ကျန် ရှိ​နေ​သေး​သည့်​အ​မျိုး​သား​များ​အ​တွက် အ​ဘယ်​သို့​လျှင် မ​ယား​များ​ကို​ငါ​တို့​ရှာ ဖွေ​ပေး​ရ​ပါ​မည်​နည်း။-
17 They said, "How will an inheritance remain for the survivors of Benjamin, that a tribe not be blotted out from Israel.
၁၇ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ရှိ​သည့် အ​နက်​တစ်​မျိုး​ပျောက်​ကွယ်​၍​မ​သွား စေ​အပ်။-
18 However we may not give them wives of our daughters, for the children of Israel had sworn, saying, 'Cursed is he who gives a wife to Benjamin.'"
၁၈သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​၏​သ​မီး​များ နှင့်​သူ​တို့​အား​ထိမ်း​မြား​စုံ​ဖက်​ခွင့်​လည်း​မ ပြု​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​စုံ​ဖက် ရန်​ခွင့်​ပြု​သူ​သည် ငါ​တို့​၏​ကျိန်​စာ​သင့်​မည် ဖြစ်​သော​ကြောင့်​တည်း'' ဟု​ဆွေး​နွေး​တိုင်​ပင် ကြ​လေ​သည်။
19 They said, "Look, there is a feast of the LORD from year to year in Shiloh, which is on the north of Bethel, on the east side of the highway that goes up from Bethel to Shechem, and on the south of Lebonah."
၁၉ထို​နောက်​သူ​တို့​သည်​ရှိ​လော​မြို့​၌​နှစ်​စဉ် ကျင်း​ပ​မြဲ​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​၏​ပွဲ တော်​ကျ​ရောက်​တော့​မည်​ကို​သ​တိ​ရ​ကြ ၏။ (ရှိ​လော​မြို့​သည်​ဗေ​သ​လ​မြို့​၏​မြောက် ဘက်၊ လေ​ဗော​န​မြို့​၏​တောင်​ဘက်၊ ဗေ​သ​လ မြို့​မှ​ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း​အ​ရှေ့ ဘက်​၌​တည်​ရှိ​သ​တည်း။-)
20 They commanded the people of Benjamin, saying, "Go and lie in wait in the vineyards,
၂၀သူ​တို့​က​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား``သင် တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​သွား​၍ ပုန်း အောင်း​၍၊-
21 and watch. If the daughters of Shiloh come out to dance in the dances, then come out of the vineyards, and each man catch his wife from the daughters of Shiloh, and go to the land of Benjamin.
၂၁စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။-
22 It shall be, when their fathers or their brothers come to complain to us, that we will say to them, 'Grant them graciously to us, because we didn't take wives for each man in battle, neither did you give them to them, otherwise you would now be guilty.'"
၂၂အ​ကယ်​၍​သူ​တို့​၏​ဖ​ခင်​များ​သို့​မ​ဟုတ် မောင်​များ​က​လာ​ရောက်​ကန့်​ကွက်​လျှင် သင် တို့​သည်​သူ​တို့​အား`ထို​အ​မျိုး​သ​မီး​တို့​ကို ငါ​တို့​အား​သိမ်း​ပိုက်​ခွင့်​ပြု​ပါ။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​တို့​သည်​သင်​တို့​အား​တိုက်​ခိုက်​၍ သူ​တို့​ကို​သိမ်း​ယူ​ခြင်း​မ​ဟုတ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို​မှ​တစ်​ပါး​သူ​တို့​ကို​ငါ​တို့ အား​ပေး​စား​သူ​မှာ​သင်​တို့​မ​ဟုတ်​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​၏​ကတိ​သစ္စာ​ကို​ချိုး ဖောက်​ရာ​မ​ရောက်​ပါ' ဟု​ပြန်​ပြော​ကြ လော့'' ဟူ​၍​မှာ​ထား​ကြ​၏။
23 The people of Benjamin did so, and took them wives, according to their number, of those who danced, whom they carried off. They went and returned to their inheritance, built the cities, and lived in them.
၂၃ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း​ယင်း​သို့ မှာ​ထား​သည့်​အ​တိုင်း​ပြု​၍ က​ခုန်​လျက်​လာ ကြ​သော​အ​မျိုး​သ​မီး​တို့​အား ကိုယ်​စီ​ကိုယ် ငှ​ရွေး​ယူ​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မိ​မိ​တို့​နယ် မြေ​သို့​ပြန်​ပြီး​လျှင်​မိ​မိ​တို့​၏​မြို့​များ​ကို ပြန်​လည်​ထူ​ထောင်​ကာ​နေ​ထိုင်​ကြ​လေ​၏။-
24 The children of Israel departed there at that time, every man to his tribe and to his family, and they went out from there every man to his inheritance.
၂၄တစ်​ချိန်​တည်း​မှာ​ပင်​အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​အ​မျိုး​အ​နွယ်၊ အိမ်​ထောင်​စု​နှင့်​အိုး​အိမ်​ရှိ​ရာ​အ​ရပ်​အ​သီး သီး​သို့​ပြန်​လည်​ထွက်​ခွာ​သွား​ကြ​ကုန်​၏။
25 In those days there was no king in Israel: every man did that which was right in his own eyes.
၂၅ထို​ခေတ်​အ​ခါ​က​ဣ​သ​ရေ​လ​လူ​မျိုး​တွင် ရှင်​ဘု​ရင်​မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​သ​တည်း။ တ​ရား​သူ​ကြီး​မှတ်​စာ​ပြီး​၏။

< Judges 21 >