< Jacob 1 >

1 James, a servant of God and of the Lord Jesus (the) Messiah, to the twelve tribes which are in the Diaspora: Greetings.
ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​စေ ခံ​ဖြစ်​သူ​ယာ​ကုပ်​သည် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​နှံ့ လျက်​ရှိ​သည့်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​ထံ​သို့​မေတ္တာ​ပို့​သ​လိုက်​ပါ​သည်။
2 Count it all joy, my brothers, when you encounter various trials,
ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စုံ​စမ်း​နှောင့်​ယှက် ခြင်း​အ​မျိုး​မျိုး​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ ဝမ်း​မြောက်​စ​ရာ​ဖြစ်​သည်​ဟု​ခံ​ယူ​ကြ​လော့။-
3 knowing that the testing of your faith produces endurance.
အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​စစ်​ကြော​စုံ​စမ်း​မှု​သည်​ခံ​နိုင်​ရည် ကို​ဖြစ်​ပွား​စေ​ကြောင်း​သင်​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။-
4 Let endurance have its perfect work, that you may be perfect and complete, lacking in nothing.
သင်​တို့​သည်​မည်​သည့်​အ​ရာ​မျှ​ချို့​တဲ့​မှု​မ​ရှိ ဘဲ​ပြည့်​ဝ​စုံ​လင်​ကြ​စေ​ရန်​အ​ဆုံး​တိုင်​အောင် ခံ​နိုင်​ရည်​ရှိ​ရ​ကြ​မည်။-
5 But if any of you lacks wisdom, let him ask of God, who gives to all generously and without finding fault; and it will be given to him.
သင်​တို့​အ​နက်​တစ်​စုံ​တစ်​ယောက်​သည်​ဉာဏ် ပ​ညာ​ချို့​တဲ့​ပါ​လျှင် ဘု​ရား​သ​ခင်​ထံ​တောင်း လျှောက်​စေ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​ဉာဏ် ပ​ညာ​ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့ အား​ရက်​ရော​စွာ​ကျေး​ဇူး​ပြု​တော်​မူ​တတ် သော​ကြောင့်​ဖြစ်​၏။-
6 But let him ask in faith, without any doubting, for the one who doubts is like a wave of the sea, driven and tossed by the wind.
သို့​ရာ​တွင်​သင်​တို့​သည်​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ​ယုံ​ကြည်​သော​စိတ်​နှင့်​တောင်း​လျှောက်​ကြ​ရ မည်။ ယုံ​မှား​သံ​သ​ယ​ရှိ​သော​သူ​သည်​လေ တိုက်​၍​လှုပ်​ရှား​နေ​သော​ပင်​လယ်​လှိုင်း​နှင့်​တူ​၏။-
7 For let that person not think that he will receive anything from the Lord.
ဤ​ကဲ့​သို့​သော​သူ​သည်​စိတ်​နှစ်​ခွ​ရှိ​သူ၊ ပြု လေ​သ​မျှ​တို့​၌​တည်​ကြည်​မှု​မ​ရှိ​သူ​ဖြစ် သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ တစ်​စုံ​တစ်​ရာ​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​မှတ် စေ​နှင့်။
8 He is a double-minded person, unstable in all his ways.
9 But let the brother in humble circumstances glory in his high position;
ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အား နိမ့် ကျ​သည့်​အ​ခြေ​အ​နေ​မှ ဘု​ရား​သ​ခင်​မြှင့် တင်​ပေး​လိုက်​သော​အ​ခါ​ဝမ်း​မြောက်​စေ။-
10 and the rich, in that he is made humble, because like the flower in the grass, he will pass away.
၁၀ချမ်း​သာ​ကြွယ်​ဝ​သော​ညီ​အစ်​ကို​သည်​မိ​မိ အား​ဘု​ရား​သ​ခင်​နိမ့်​ကျ​စေ​တော်​မူ​သော အ​ခါ​ဝမ်း​မြောက်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ချမ်း​သာ​ကြွယ်​ဝ​သူ​တို့​သည်​တော​ပန်း ကဲ့​သို့​ညှိုး​နွမ်း​ပျောက်​ပျက်​သွား​မည်​ဖြစ် သော​ကြောင့်​တည်း။-
11 For the sun arises with the scorching wind, and withers the grass, and the flower in it falls, and the beauty of its appearance perishes. So also will the rich person fade away in his pursuits.
၁၁နေ​ပူ​ရှိန်​သည်​အ​ပင်​ကို​ခြောက်​သွေ့​စေ​၍ အ​ပွင့်​ကို​ကြွေ​ကျ​စေ​၏။ သို့​ဖြစ်​၍​ယင်း​၏ တင့်​တယ်​လှ​ပ​မှု​သည်​ပျက်​စီး​ရ​သ​ကဲ့​သို့ ချမ်း​သာ​ကြွယ်​ဝ​သူ​သည် မိ​မိ​၏​အ​လုပ် အ​ကိုင်​ကို​ဆောင်​ရွက်​လျက်​နေ​စဉ်​ပျောက် ကွယ်​ရ​လိမ့်​မည်။
12 Blessed is the one who perseveres under trial, for when he has been approved, he will receive the crown of life, which he promised to those who love him.
၁၂စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-
13 Let no one say when he is tempted, "I am tempted by God," for God cannot be tempted by evil, and he himself tempts no one.
၁၃စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရ​သူ​သည်`ငါ့​အား ဘု​ရား​သ​ခင်​စုံ​စမ်း​သွေး​ဆောင်​လျက်​နေ​သည်' ဟု​မ​ဆို​စေ​နှင့်။ မ​ကောင်း​မှု​သည်​ဘု​ရား​သ​ခင် အား​မ​သွေး​ဆောင်​နိုင်​ရာ။ ထို့​ပြင်​ကိုယ်​တော် တိုင်​အ​ဘယ်​သူ့​ကို​မျှ​စုံ​စမ်း​သွေး​ဆောင်​တော် မ​မူ။-
14 But each one is tempted, when he is drawn away by his own lust, and enticed.
၁၄လူ​သည်​စုံ​စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သည်​ဆို သည်​မှာ မိ​မိ​၏​ဆိုး​ညစ်​သော​လို​အင်​ဆန္ဒ​ဆွဲ ဆောင်​ရာ​သို့​လိုက်​ပါ​ခြင်း​ပင်​ဖြစ်​၏။-
15 Then the lust, when it has conceived, bears sin; and the sin, when it is full grown, brings forth death.
၁၅ထို​လို​အင်​ဆန္ဒ​သည်​သန္ဓေ​ယူ​ကာ​အ​ပြစ် ဒု​စ​ရိုက်​ကို​ဖွား​မြင်​၏။ အ​ပြစ်​ဒု​စ​ရိုက် သည်​ကြီး​ပြင်း​လာ​သော​အ​ခါ​သေ​ခြင်း ကို​ဖွား​မြင်​လေ​၏။
16 Do not be deceived, my beloved brothers.
၁၆ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​ယူ​မ​လွဲ​ကြ​နှင့်။-
17 All generous giving and every perfect gift is from above, coming down from the Father of lights, with whom can be no variation, nor turning shadow.
၁၇ကောင်း​မြတ်​စုံ​လင်​သော​ဆု​ကျေး​ဇူး​မှန်​သ​မျှ သည်​ကောင်း​ကင်​မှ​လည်း​ကောင်း၊ ကောင်း​ကင် အ​လင်း​တန်​ဆာ​များ​ကို​ဖန်​ဆင်း​တော်​မူ သော​ဘု​ရား​သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း သက်​ဆင်း​၍​လာ​ပေ​သည်။ ကိုယ်​တော်​သည် ပြောင်း​လဲ​တော်​မ​မူ။ လှည့်​ခြင်း​အား​ဖြင့် အ​မှောင်​ကို​ကျ​စေ​တော်​မ​မူ။-
18 Of his own will he brought us forth by the word of truth, that we should be a kind of first fruits of his creatures.
၁၈ကိုယ်​တော်​သည်​ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ များ​တွင်​အ​ဦး​ဆုံး​နေ​ရာ​၌​ရှိ​ကြ​စေ​ရန် သမ္မာ တ​ရား​တော်​အား​ဖြင့်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ညီ​ငါ​တို့​အား​ဖြစ်​ပွား​စေ​တော်​မူ​၏။
19 This you know, my beloved brothers. But let every person be swift to hear, slow to speak, and slow to anger;
၁၉ချစ်​သော​ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​ကို​မှတ် သား​ထား​ကြ​လော့။ သင်​တို့​အား​လုံး​သည် ကြား​နာ​မှု​တွင်​လျင်​မြန်​ကြ​စေ။ ပြော​ဆို မှု​နှင့်​အ​မျက်​ထွက်​မှု​တွင်​မူ​နှေး​ကြ​စေ။-
20 for human anger does not produce the righteousness of God.
၂၀လူ​၏​အ​မျက်​ဒေါ​သ​သည်​ဘု​ရား​သ​ခင်​၏ ဖြောင့်​မတ်​သော​အ​ကြံ​အ​စည်​တော်​ကို​မ​ပြု စု​တတ်။-
21 Therefore, putting away all filthiness and overflowing of wickedness, receive with humility the implanted word, which is able to save your souls.
၂၁သို့​ဖြစ်​၍​သင်​တို့​သည်​ညစ်​ညမ်း​သည့်​အ​လေ့ အ​ထ​နှင့်​ဆိုး​ယုတ်​သည့်​အ​ကျင့်​မှန်​သ​မျှ​တို့ ကို​ပယ်​ရှား​ကြ​လော့။ သင်​တို့​၏​စိတ်​အ​တွင်း ၌​ဘု​ရား​သ​ခင်​သွင်း​ပေး​တော်​မူ​သော​တ​ရား တော်​သည် သင်​တို့​ကို​ကယ်​တင်​နိုင်​၏။ တ​ရား တော်​ကို​သိမ်​မွေ့​စွာ​ခံ​ယူ​ကြ​လော့။
22 But be doers of the word, and not only hearers, deluding your own selves.
၂၂တ​ရား​တော်​ကို​ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ ခြင်း​အား​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို​မ​လှည့်​စား ကြ​နှင့်။ တ​ရား​တော်​ကို​လက်​တွေ့​ကျင့်​သုံး ကြ​လော့။-
23 For if anyone is a hearer of the word and not a doer, he is like someone looking at his natural face in a mirror;
၂၃တ​ရား​တော်​ကို​လက်​တွေ့​မ​ကျင့်​သုံး​ဘဲ ကြား​နာ​ရုံ​မျှ​သာ​ကြား​နာ​သော​သူ​သည် မိ​မိ​ပ​က​တိ​မျက်​နှာ​ကို​မှန်​တွင်​ကြည့်​သူ နှင့်​တူ​၏။-
24 for he sees himself, and goes away, and immediately forgets what kind of person he was.
၂၄သူ​သည်​ယင်း​သို့​ကြည့်​၍​ထွက်​ခွာ​သွား​သည်​နှင့် တစ်​ပြိုင်​နက်​မိ​မိ​ပုံ​သ​ဏ္ဌာန်​ကို​မေ့​ပျောက်​၍ သွား​တတ်​လေ​သည်။-
25 But he who looks into the perfect Law of freedom, and continues, not being a hearer who forgets, but a doer of the work, this person will be blessed in what he does.
၂၅သို့​ရာ​တွင်​လူ​တို့​အား​အ​ပြစ်​အ​နှောင်​အ​ဖွဲ့​မှ လွတ်​မြောက်​စေ​သော​စုံ​လင်​သည့်​တ​ရား​ကို သေ​ချာ​စွာ​လေ့​လာ​ကြည့်​ရှု​သော​သူ​ကား တ​ရား​နာ​ရုံ​သာ​နာ​၍​မေ့​လျော့​သော​သူ မ​ဟုတ်​ဘဲ​ဆက်​လက်​အာ​ရုံ​ပြု​ကာ​လက်​တွေ့ ကျင့်​သုံး​သော​သူ​ဖြစ်​သ​ဖြင့် အ​ဘယ်​အ​မှု မျိုး​ကို​ပြု​သည်​မ​ဆို​ဘု​ရား​သ​ခင်​၏ ကောင်း​ချီး​မင်္ဂလာ​ကို​ခံ​စား​ရ​လိမ့်​မည်။
26 If anyone thinks himself to be religious while he does not control his tongue, but deceives his heart, this one's religion is worthless.
၂၆လူ​တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ကိုယ်​ကို ဘု​ရား​တ​ရား​ကြည်​ညို​သူ​ဟူ​၍​ယူ​ဆ သော်​လည်း မိ​မိ​၏​လျှာ​ကို​မ​ထိန်း​နိုင်​လျှင် ကိုယ့်​ကိုယ်​ကို​လှည့်​စား​သူ​ဖြစ်​၏။ သူ​၏​ဘု​ရား တ​ရား​ကြည်​ညို​မှု​သည်​လည်း​အ​ချည်း​နှီး ပင်​ဖြစ်​၏။-
27 Pure religion and undefiled before our God and Father is this: to visit the fatherless and widows in their affliction, and to keep oneself unstained by the world.
၂၇ခ​မည်း​တော်​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​စစ်​မှန် သော​ဘု​ရား​တ​ရား​ကြည်​ညို​မှု​သည်​ကား ဒုက္ခ ရောက်​သော​မိ​ဘ​မဲ့​က​လေး​များ​နှင့်​မု​ဆိုး​မ တို့​ကို​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း၊ လော​ကီ​အ​ညစ် အ​ကြေး​တို့​မှ​ကင်း​စင်​အောင် မိ​မိ​တို့​ကိုယ်​ကို စောင့်​ထိန်း​ခြင်း​တို့​ပင်​ဖြစ်​သ​တည်း။

< Jacob 1 >