< Acts 3 >

1 Now Peter and John were going up into the temple at the hour of prayer, at three in the afternoon.
ထိုအခါ ပဌနာ ပြုရသော သုံးချက်တီး အချိန် ၌ ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ တက် ကြ သည်ရှိသော်၊
2 A certain man who was lame from his mother's womb was being carried, whom they put daily at the gate of the temple which is called Beautiful, to ask gifts for the needy of those who entered into the temple.
အမိ ဝမ်း တွင်းကပင် ခြေမစွမ်း သော သူ တစ် ယောက်ကို သူတစ်ပါးတို့သည်ထမ်း လျက်လာကြ၏။ ဗိမာန် တော်သို့ ဝင် သောသူတို့မှာ စွန့်ကြဲ ခြင်းကိုခံ စေခြင်းငှာ ၊ တင့်တယ် အမည် ရှိသော တံခါး နား မှာ ထိုသူ ကိုထား လေ့ရှိ၏။
3 Seeing Peter and John about to go into the temple, he asked to receive gifts for the needy.
ပေတရု နှင့် ယောဟန် တို့သည် ဗိမာန် တော်သို့ဝင် မည် လာကြသည်ကို ထိုသူ သည်မြင် လျှင် စွန့်ကြဲ ပါဟု တောင်း လေ၏။
4 Peter, fastening his eyes on him, with John, said, "Look at us."
ထိုအခါ ပေတရု နှင့် ယောဟန် တို့သည် ထိုသူ ကိုစေ့စေ့ ကြည့်ရှု၍ ငါ တို့အား မျှော်ကြည့် လော့ဟုဆို လျှင်၊
5 He listened to them, expecting to receive something from them.
ထိုသူ သည်တစ်စုံတစ်ခု ကို ရ မည်ဟုစိတ်ထင် နှင့် တမန်တော်တို့ကိုမျှော်ကြည့် လျက်နေ၏။
6 But Peter said, "Silver and gold have I none, but what I have, that I give you. In the name of Jesus (the) Messiah the Nazorean, get up and walk."
ပေတရု ကလည်း၊ ငါ ၌ရွှေ ငွေ မ ရှိ ။ ရှိ သည်အရာ ကိုသင့် အားငါ ပေးမည်။ နာဇရက် မြို့သားယေရှု ခရစ် ၏ နာမ တော်အားဖြင့် ထ ၍ လှမ်းသွား လော့ဟုဆို လျက်၊
7 He took him by the right hand, and raised him up. Immediately his feet and his ankle bones received strength.
သူ ၏လက်ျာ လက် ကို ကိုင်ဆွဲ ချီကြွ လေသောခဏခြင်း တွင်၊ ခြေ နှစ်ဘက်ဖမျက်စိ တို့သည် စွမ်းအား ကို ရသဖြင့်၊
8 Leaping up, he stood, and began to walk. He entered with them into the temple, walking, leaping, and praising God.
ရုတ်တရက်ထ ၍ မတ်တပ် ရပ်ပြီးလျှင် လှမ်းသွား လေ၏။ သွား လျက်၊ ခုန် လျက်၊ ဘုရားသခင် ကို ချီးမွမ်း လျက်၊ တမန်တော် တို့နှင့်အတူ ဗိမာန် တော်သို့ ဝင် လေ၏။
9 All the people saw him walking and praising God.
ထိုသို့လှမ်းသွား ၍ ဘုရားသခင် အား ချီးမွမ်း သည်ကို လူ အပေါင်း တို့သည် မြင် သောအခါ၊
10 They recognized him, that it was he who used to sit begging for gifts for the needy at the Beautiful Gate of the temple. They were filled with wonder and amazement at what had happened to him.
၁၀ထိုသူ သည် ဗိမာန် တော်၏တင့်တယ် တံခါး နားမှာ စွန့်ကြဲ ခြင်းကိုခံ၍ ထိုင် နေသောသူ ဖြစ် သည်ကို သိ ကြသောကြောင့်၊ သူ ၌ဖြစ် သည် အမှု ကိုအံ့ဩ မိန်းမော တွေဝေခြင်းရှိ ၍၊
11 And as he held on to Peter and John, all the people ran together to them in the porch that is called Solomon's, greatly wondering.
၁၁ထိုသူ သည် ပေတရု နှင့် ယောဟန် ကို အမှီပြု လျက်ရှိရာအရပ်၊ ရှောလမုန် ကနားပြင် အမည်ရှိသော ကနားပြင်သို့ပြေးဝင်၍ စုဝေး ကြ၏။
12 When Peter saw it, he responded to the people, "You men of Israel, why are you amazed at this? Why do you fasten your eyes on us, as though by our own power or godliness we had made him walk?
၁၂ပေတရု သည် မြင် လျှင်၊ ဣသရေလ လူ တို့ အဘယ်ကြောင့် ဤ အမှုကို အံ့ဩ ကြသနည်း။ ဤသူ သည် လှမ်းသွား နိုင်သောအခွင့်ကို ငါတို့သည်ကိုယ် တန်ခိုး ၊ ကိုယ်သီလ အားဖြင့်ပေး ဘိသကဲ့သို့ အဘယ်ကြောင့် ငါ တို့ကို စေ့စေ့ ကြည့်ရှုကြသနည်း။
13 The God of Abraham, Isaac, and Jacob, the God of our fathers, has glorified his Servant Jesus, whom you delivered up, and denied in the presence of Pilate, when he had determined to release him.
၁၃အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့၏ဘုရားသခင် ၊ ငါ တို့ဘိုးဘေး များ၏ ဘုရားသခင် သည် မိမိ သား တော်၏ ဘုန်း ကိုထင်ရှားစေတော်မူပြီ။ ထိုသခင် ကို သင် တို့သည် ပိလတ် မင်းလက်သို့အပ်နှံ ၍ ၊ ထိုမင်း သည် လွှတ် မည်အကြံရှိ သော်လည်းသင်တို့သည် ထိုသခင်ကိုငြင်းပယ် ကြ၏။
14 But you denied the Holy and Righteous One, and asked for a man who was a murderer to be granted to you,
၁၄သန့်ရှင်း ဖြောင့်မတ် တော်မူသော သခင်ကိုငြင်းပယ် ၍ ၊ လူ အသက်ကို သတ်ခြင်း၊ အပြစ်ရှိသောသူ တစ်ယောက်ကို ရ မည်အကြောင်း တောင်းပန် သဖြင့်၊
15 and killed the Originator of life, whom God raised from the dead, to which we are witnesses.
၁၅အသက် ရှင်ခြင်းသို့ ပို့ဆောင်တော်မူသောအရှင် ကို ကွပ်မျက် ကြပြီတကား၊ ထိုအရှင် ကို ဘုရားသခင် သည် သေ ခြင်းမှ ထမြောက် စေတော်မူသည်ကို ငါ တို့သည် သက်သေခံ ဖြစ် ကြ၏။
16 By faith in his name, his name has made this man strong, whom you see and know. Yes, the faith which is through him has given him this perfect soundness in the presence of you all.
၁၆ထိုသခင်ကို ယုံကြည် ခြင်းအားဖြင့် ထိုသခင် ၏နာမ တော်သည် သင်တို့သိ မြင် သော ဤသူ အား အစွမ်း ကို ပေးတော်မူပြီ။ ထိုသခင် ကြောင့် ရသော ယုံကြည် ခြင်းသည် သင် တို့မျက်မှောက် တွင် ဤသူ ၌စေ့ စုံခြင်း အခွင့်ကိုပေး ၍ရှိလေပြီ။
17 "Now, brothers, I know that you did this in ignorance, as did also your rulers.
၁၇ယခု လည်း ညီအစ်ကို တို့၊ သင်တို့မှစ၍အစိုးရ သောသူတို့သည် မ သိဘဲလျက်ထိုသို့ ပြု ကြသည်ကို ငါသိ ၏။
18 But the things which God announced by the mouth of all his prophets, that the Messiah should suffer, he thus fulfilled.
၁၈ခရစ်တော် သည် အသေ ခံရမည်ဟု ပရောဖက် အပေါင်း တို့သည် ဟောပြော ၍၊ ဘုရားသခင် ဘော်ပြတော်မူနှင့်သောအမှု ကို ထိုသို့အားဖြင့်ပြီးစီး တော်မူပြီ။
19 "Repent therefore, and turn again, that your sins may be blotted out, so that there may come times of refreshing from the presence of the Lord,
၁၉ထိုကြောင့် ထာဝရဘုရားထံ တော်မှ ချမ်းဧ သောအချိန် ကာလသည် ရောက်လာ ၍၊
20 and that he may send Jesus, the Messiah who was ordained for you before,
၂၀သင် တို့အဘို့အလိုငှာ ခန့်ထား တော်မူနှင့်သော ယေရှု ခရစ် ကို စေလွှတ် တော်မူမည်အကြောင်း၊ သင် တို့ အပြစ် များကို ပြေ စေခြင်းငှာ နောင်တရ ၍ စိတ်ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့။
21 whom heaven must receive until the times of restoration of all things, which God spoke long ago by the mouth of his holy prophets. (aiōn g165)
၂၁ကမ္ဘာ ဦးမှစ၍ သန့်ရှင်း သောပရောဖက် ဆရာတော်တို့နှုတ် ဖြင့် ဘုရားသခင် ဗျာဒိတ် ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံ သောအရာတို့ကို အသစ်ပြုပြင် တော်မူသော ကပ်ကာလ မ ရောက်မှီတိုင်အောင်ကောင်းကင် ဘုံသည် ထိုခရစ်တော် ကို ခံယူ သိမ်းဆည်းရ မည်။ (aiōn g165)
22 For Moses indeed said to the fathers, 'The Lord your God will raise up a prophet for you from among your brothers, like me. You must listen to him in all things whatever he says to you.
၂၂ငါတို့ဘိုးဘေးများတို့အားလည်း မောရှေ က၊ သင် တို့၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင် တို့ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ပေါ်ထွန်း တော်မူမည်။ ထိုပရောဖက် ဟောပြော သောအရာ တို့ကို သင် တို့သည် နားထောင် ရကြမည်။
23 It will be, that every soul that will not listen to that prophet will be utterly destroyed from among the people.'
၂၃အကြင်သူသည် ထိုပရောဖက် ၏စကားကိုနား မ ထောင်ဘဲနေအံ့ ၊ ထိုသူသည် မိမိအမျိုး ထဲက ပယ်ရှင်း ခြင်းကို ခံရမည်ဟုဟော၏။
24 Yes, and all the prophets from Samuel and those who followed after, as many as have spoken, they also told of these days.
၂၄ပရောဖက်ရှမွေလ မှစ၍ နောက် ဟော သော ပရောဖက် ရှိသမျှ တို့သည် ဤ သည်နေ့ရက် ကာလကို ဟောပြော ပြညွှန်ကြပြီ။
25 You are the children of the prophets, and of the covenant which God made with our fathers, saying to Abraham, 'And through your offspring all the families of the earth will be blessed.'
၂၅သင် တို့သည် ပရောဖက် အမျိုးအနွယ် ဖြစ် ကြ၏။ ဘုရားသခင် သည် အာဗြဟံ ကို၊ သင် ၏ အမျိုးအနွယ်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၍၊ ငါ တို့ ဘိုးဘေး များတို့အား ပေး တော်မူသော ပဋိညာဉ် တရားတော်နှင့် သင်တို့သည်ဆိုင်ကြ၏။
26 God, having raised up his Servant, sent him to you first, to bless you, in turning away everyone of you from your wickedness."
၂၆သင် တို့တွင် မိမိဒုစရိုက် တို့ကို ကြဉ်ရှောင် ပယ်ရှားသောသူ ရှိသမျှ တို့အား ကောင်းကြီး မင်္ဂလာကိုပေးစေခြင်းငှာဘုရားသခင် သည်မိမိ သားတော် ယေရှုကို ထမြောက် စေတော်မူပြီးလျှင်၊ သင် တို့ရှိရာသို့ ရှေးဦးစွာ စေလွှတ် တော်မူသည်ဟု လူများတို့အား ပေတရုဟောပြော ၏။

< Acts 3 >