< 3 Yochanan 1 >
1 The elder to Gaius the beloved, whom I love in truth.
၁အသက်ကြီးသူထံမှအမှန်ပင်သမ္မာတရား တော်အားဖြင့် ငါချစ်မြတ်နိုးသူဂါယုထံ သို့စာရေးလိုက်သည်။
2 Beloved, I pray that you may prosper in all things and be in good health, even as your soul prospers.
၂ချစ်ဆွေ၊ သင်သည်အစစအရာရာတွင် ကြီးပွားတိုးတက်၍ကျန်းမာရွှင်လန်းစေ ရန်ငါဆုတောင်း၏။ သင်၏ဝိညာဉ်ပါရမီ တိုးတက်လျက်ရှိကြောင်းငါသိ၏။-
3 For I rejoiced greatly, when brothers came and testified about your truth, even as you walk in truth.
၃သင်သည်သမ္မာတရားကိုအမြဲလိုက်နာခဲ့ သည့်အတိုင်း ယခုလည်းသစ္စာနှင့်လိုက်နာကျင့် သုံးလျက်ရှိကြောင်းကို ညီအစ်ကိုအချို့တို့ လာရောက်ပြောပြ၍ကြားရသဖြင့်ငါ သည်အလွန်ဝမ်းမြောက်၏။-
4 I have no greater joy than this, to hear about my children walking in truth.
၄ငါ့အားဝမ်းအမြောက်ဆုံးဖြစ်စေသည့်အရာ မှာ သမ္မာတရားကိုငါ့သားသမီးများလိုက် နာကျင့်သုံးကြကြောင်းသတင်းကိုကြားရ ခြင်းပင်ဖြစ်သည်။
5 Beloved, you do a faithful work in whatever you accomplish for those who are brothers and strangers.
၅ချစ်ဆွေ၊ သင်သည်မိမိမသိမကျွမ်းသူညီ အစ်ကိုများကိုပင်လျှင် သင်ပြုရမည့်ဝတ်ကို သစ္စာနှင့်ဆောင်ရွက်ပေသည်။-
6 They have testified about your love before the church. You will do well to send them forward on their journey in a manner worthy of God,
၆ထိုသူတို့သည်သင်၏မေတ္တာအကြောင်းကို ဤ အသင်းတော်ရှေ့၌သက်သေခံကြလေပြီ။ သူ တို့သည်ရှေ့သို့ခရီးဆက်နိုင်ကြစေရန်သူ တို့အားဘုရားသခင်နှစ်သက်တော်မူသည့် အတိုင်းကူညီမစပါလော့။-
7 because for the sake of the Name they went out, taking nothing from the non-believers.
၇သူတို့သည်ယုံကြည်သူမဟုတ်သူများထံမှ အကူအညီကိုမယူဘဲ နာမတော်အကြောင်း ဟောပြောရန်ခရီးထွက်ကြသူများဖြစ်ပေ သည်။-
8 We therefore ought to receive such, that we may be fellow workers for the truth.
၈သို့ဖြစ်၍ငါတို့များသည်သမ္မာတရားပြန့် ပွားရေးလုပ်ငန်းတွင် ထိုသူတို့၏လုပ်ဖော် ဆောင်ဘက်များဖြစ်နိုင်ရန်သူတို့အားကူညီ မစရမည်။
9 I wrote something to the church, but Diotrephes, who loves to be first among them, does not accept what we say.
၉ငါသည်အသင်းတော်သို့စာရေးခဲ့သော် လည်း အသင်းတော်၏ခေါင်းဆောင်ဖြစ်လို သူဒယောတရပ်ကငါ့စကားကိုမနာ ခံ။-
10 Therefore, if I come, I will call attention to his deeds which he does, unjustly accusing us with wicked words. Not content with this, neither does he himself receive the brothers, and those who would, he forbids and throws out of the church.
၁၀သို့ဖြစ်၍ငါလာသောအခါမှသူပြုသမျှ သောအမှုတို့ကိုထုတ်ဖော်ပြောဆိုမည်။ သူ သည်ငါတို့အားမလိုမုန်းထားစွပ်စွဲပြော ဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲသူကိုယ် တိုင်ပင်လျှင် ညီအစ်ကိုများကိုလက်မခံ၊ လက်ခံလိုသူများအားလည်းတားမြစ် လျက်အသင်းတော်မှနှင်ထုတ်ရန်ကြိုး စား၏။
11 Beloved, do not imitate that which is evil, but that which is good. He who does good is of God. He who does evil hasn't seen God.
၁၁ချစ်ဆွေ၊ စံနမူနာကောင်းကိုအတုယူပါ။ စံနမူနာဆိုးကိုအတုမယူနှင့်။ အကျင့် ကောင်းကိုပြုကျင့်သူသည်ဘုရားသခင်၏ ဘက်တော်သားဖြစ်၏။ အကျင့်ဆိုးကိုပြု ကျင့်သူကားဘုရားသခင်ကိုမသိမြင် သေးသူဖြစ်၏။
12 Demetrius has the testimony of all, and of the truth itself; yes, we also testify, and you know that our testimony is true.
၁၂ဒေမေတရိကို လူတိုင်းချီးမွမ်းပြောဆို ကြပေသည်။ သမ္မာတရားသည်သူ့ဘက်၌ သက်သေခံ၏။ ငါတို့သည်ထပ်လောင်း၍ ထောက်ခံ၏။ ငါတို့ထောက်ခံချက်သည် ခိုင်လုံကြောင်းသင်သိ၏။
13 I had many things to write to you, but I am unwilling to write to you with ink and pen;
၁၃သင်တို့အားပြောစရာအကြောင်းအရာ များစွာရှိသော်လည်းငါသည်စာအားဖြင့် မရေးဘဲ၊-
14 but I hope to see you soon, and we will speak face to face. Peace be to you. The friends greet you. Greet the friends by name.
၁၄ငါသည်သင့်ထံသို့မကြာမီရောက်၍သင်နှင့် မျက်နှာစုံညီတွေ့ဆုံပြောဆိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။ သင်၌ငြိမ်သက်ခြင်းရှိပါစေသော။ ဤအရပ်ရှိမိတ်ဆွေများကသင့်အားနှုတ် ဆက်ကြ၏။ ငါတို့၏မိတ်ဆွေတစ်ဦးစီအား နှုတ်ဆက်ပါလော့။ ရှင်ယောဟန်သြဝါဒစာတတိယစောင်ပြီး၏။