< Zechariah 11 >
1 Open your doors, Lebanon, that the fire may devour your cedars.
၁အို လေဗနုန် တောင်၊ သင် ၏ အာရဇ် ပင်တို့ကို မီး လောင် စေခြင်းငှါ သင် ၏တံခါး တို့ကို ဖွင့် လော့။
2 Wail, fir tree, for the cedar has fallen, because the stately ones are destroyed. Wail, you oaks of Bashan, for the strong forest has come down.
၂အိုထင်းရူး ပင်၊ အာရဇ် ပင်လဲ သောကြောင့် မြည်တမ်း လော့။ မြတ် သောအပင်တို့သည် ပျက်စီး ကြပြီ။ အို ဗာရှန် သပိတ် ပင်တို့၊ ခိုင်ခံ့ သောတော ကို ခုတ်လှဲ သောကြောင့် မြည်တမ်း ကြလော့။
3 A voice of the wailing of the shepherds. For their glory is destroyed: a voice of the roaring of young lions. For the pride of the Jordan is ruined.
၃သိုးထိန်း တို့သည် မိမိ တို့ အသရေ ပျက် သောကြောင့် ၊ မြည်တမ်း သောအသံ ကို ပြုကြ၏။ ယော်ဒန် မြစ် ၏ဂုဏ် အသရေပျက် သောကြောင့် ၊ ခြင်္သေ့ ပျိုဟောက် သောအသံ ကို ကြားရ၏။
4 Thus says Jehovah my God: "Feed the flock of slaughter.
၄ငါ ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သတ် ဘို့ရာထားသော ဤသိုးစု ကို ကျွေးမွေး လော့။
5 Their buyers slaughter them, and go unpunished. Those who sell them say, 'Blessed be Jehovah, for I am rich;' and their own shepherds do not pity them.
၅ပိုင် သောသူ တို့သည် သတ် ၍ ကိုယ်အပြစ် ရှိသည် ကို မ သိကြ။ ရောင်း စားသောသူ တို့ကလည်း ၊ ငါရ တတ် သည်ဖြစ်၍ ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို ကြ၏။ သိုးထိန်း တို့သည်လည်း သနား ခြင်းကရုဏာမ ရှိကြ။
6 For I will no more pity the inhabitants of the land," says Jehovah; "but, look, I will deliver the men everyone into his neighbor's hand, and into the hand of his king. They will strike the land, and out of their hand I will not deliver them."
၆ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ပြည်သူ ပြည်သားတို့ကို နောက် တဖန်မ သနား ၊ မနှမြောဘဲ၊ လူ အသီးအသီး တို့ကို အိမ်နီးချင်း လက် သို့ ၎င်း ၊ ရှင်ဘုရင် လက် သို့ ၎င်း အပ် သဖြင့် ၊ သူတို့သည် တပြည်လုံး ကို နှိပ်စက် ကြလိမ့်မည်။ သူ တို့လက် မှ ငါမ ကယ်လွှတ် ဘဲ နေမည်ဟု မိန့်တော်မူ၏။
7 So I fed the flock of slaughter, especially the oppressed of the flock. I took for myself two staffs. The one I called "Favor," and the other I called "Union," and I fed the flock.
၇ထိုသို့ သတ် ဘို့ရာထားသော သိုးစု တည်းဟူသော၊ ဆင်းရဲ သောသိုး တို့ကို ငါကျွေးမွေး ရ၏။ သိုးထိန်းတောင်ဝေး နှစ် စင်းကိုယူ ၍ ၊ တစင်း ကို ကျေးဇူး ဟူ၍၎င်း ၊ တစင်းကို အနှောင် အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ် လျက်၊ သိုးစု ကို ကျွေးမွေး ၏။
8 I cut off the three shepherds in one month; for my soul was weary of them, and their soul also loathed me.
၈သိုးထိန်း သုံး ယောက်ကိုလည်း တ လ တွင် ငါပယ်ဖြတ် ၏။ သူ တို့ကြောင့် ငါ့ စိတ် ငြီးငွေ့ ၏။ သူ တို့သည်လည်း ငါ့ ကို ရွံရှာ ကြ၏။
9 Then I said, "I will not feed you. That which dies, let it die; and that which is to be cut off, let it be cut off; and let those who are left eat each other's flesh."
၉နောက် တဖန် သင် တို့ကို ငါမ ကျွေး ။ သေ သော အကောင်သည် သေ ပါလေစေ။ အသတ် ခံရသောအကောင်သည် ခံရ ပါလေစေ။ ကျန်ကြွင်း သောအကောင်တို့သည် တကောင် ကိုတကောင်စား ပါလေစေဟု ငါဆို လျက် ၊
10 I took my staff Favor, and cut it apart, that I might break my covenant that I had made with all the peoples.
၁၀ခပ်သိမ်း သောလူမျိုး တို့နှင့် အရင် ဖွဲ့သော ပဋိညာဉ် ကို ဖျက် လို ၍၊ ကျေးဇူး အမည်ရှိသောငါ ၏ တောင်ဝေး ကို ယူ ၍ ချိုး ၏။
11 It was broken in that day; and thus the poor of the flock that listened to me knew that it was the word of Jehovah.
၁၁ထို ပဋိညာဉ်သည် ထို နေ့၌ ပျက် သောကြောင့် ၊ ငါ့ ကိုအမှီပြုသော သိုး ဆင်းရဲ တို့သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားလည် ကြ၏။
12 I said to them, "If you think it best, give me my wages; and if not, keep them." So they weighed for my wages thirty pieces of silver.
၁၂တဖန် ငါက၊ ငါရထိုက် သော အခကို ပေးအံ့သောငှါ ၊ သင်တို့သည် အလိုရှိလျှင် ပေး ကြလော့။ အလို မရှိလျှင် မ ပေး ကြနှင့်ဟုဆိုသော်၊ သူတို့သည် ငါ့ အား အခ ပေးအံ့သောငှါငွေ သုံး ဆယ်ကို ချိန် ကြ၏။
13 Jehovah said to me, "Throw it to the potter, the handsome price that I was valued at by them." I took the thirty pieces of silver, and threw them to the potter, in the house of Jehovah.
၁၃ထာဝရဘုရား ကလည်း ၊ ထိုငွေကို အိုးထိန်း သမားရှေ့ မှာ ပစ်ချ လော့။ ငါ့ ကို အဘိုးပြတ်၍ ငွေများလှ သည်တကားဟု မိန့်တော်မူသည်အတိုင်း၊ ထိုငွေ သုံးဆယ် ကို ငါယူ ၍ ထာဝရဘုရား ၏ဗိမာန် တော်၌ အိုးထိန်း သမားရှေ့မှာ ပစ်ချ ၏။
14 Then I cut apart my other staff, even Union, that I might break the brotherhood between Judah and Israel.
၁၄ထိုအခါ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးဖွဲ့ သော မိဿဟာယ ကို ဖျက် လို ၍၊ အနှောင် အဖွဲ့အမည်ရှိသော အခြား တောင်ဝေး ကို ငါချိုး ၏။
15 Jehovah said to me, "Take for yourself yet again the equipment of a foolish shepherd.
၁၅တဖန် ထာဝရဘုရား က၊ မိုက် သော သိုးထိန်း ၏ တန်ဆာ တို့ကို သိမ်းယူ လော့။
16 For, look, I will raise up a shepherd in the land, who will not visit those who are cut off, neither will seek those who are scattered, nor heal that which is broken, nor feed that which is sound; but he will eat the flesh of the fat sheep, and will tear their hoofs in pieces.
၁၆အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။
17 Woe to the worthless shepherd who leaves the flock. The sword will be on his arm, and on his right eye. His arm will be completely withered, and his right eye will be totally blinded."
၁၇သိုးစု ကို စွန့်ပစ် သော အချည်းနှီး သိုးထိန်း သည် အမင်္ဂလာ ရှိစေသတည်း။ သူ ၏လက်ရုံး နှင့် လက်ျာ မျက်စိ ၌ ထား ဘေးရောက်လိမ့်မည်။ လက်ရုံး သည် အကုန်အစင် ခြောက်ကပ်လိမ့်မည်။ လက်ျာ မျက်စိ သည် အကုန်အစင် မိုက်လိမ့်မည်ဟု မိန့်တော်မူ၏။