< Proverbs 18 >
1 An unfriendly man pursues selfishness, and defies all sound judgment.
၁သူတပါး များနှင့် မရောနှောသောသူသည် မိမိ စေတနာ အလို ရှိသည်အတိုင်း ရှာဖွေ ၍၊ ပညာ ရတနာ အမျိုးမျိုး ကို စူးစမ်း မွှေနှောက်တတ်၏။
2 A fool has no delight in understanding, but only in revealing his own opinion.
၂မိုက် သောသူမူကား ၊ မိမိ စိတ် သဘောကို ပြ စရာ အခွင့်မှတပါး ၊ အခြားသောအကြောင်းကြောင့် ဉာဏ် ပညာ၌ မ ပျော်မွေ့ တတ်။
3 When wickedness comes, contempt also comes, and with shame comes disgrace.
၃မ တရားသောသူလာ သောအခါ ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရ၏။ ဂုဏ် အသရေပျက်သောအခါ ၊ ကဲ့ရဲ့ ခြင်း ကိုလည်း ခံရ ၏။
4 The words of a man's mouth are like deep waters. The fountain of wisdom is like a flowing brook.
၄နှုတ်ထွက် သောစကား သည် နက် သောရေ ကဲ့သို့၎င်း၊ ပညာ စမ်းရေ တွင်းသည် ရေစီး သောမြစ် ကဲ့သို့၎င်း ဖြစ်၏။
5 To be partial to the faces of the wicked is not good, nor to deprive the innocent of justice.
၅တရား တွေ့ရာအမှု၌ ဖြောင့်မတ် သောသူကို ရှုံး စေခြင်းငှါ ၊ မ တရားသောသူ ၏မျက်နှာ ကို မ ထောက် ကောင်း။
6 A fool's lips come into strife, and his mouth invites beatings.
၆မိုက် သောသူ၏နှုတ်ခမ်း တို့သည် ရန်တွေ့ တတ်၏။ သူ ၏နှုတ် သည်လည်း အပြစ် ဒဏ်ကို တောင်း တတ်၏။
7 A fool's mouth is his destruction, and his lips are a snare to his soul.
၇မိုက် သောသူ၏နှုတ် သည် ပျက်စီး ရာအကြောင်း၊ နှုတ်ခမ်း တို့သည်လည်း မိမိ အသက် ကို ကျော့မိ ရာ အကြောင်းဖြစ်၏။
8 The words of a gossip are like tasty morsels, and they go down into a person's innermost parts.
၈ကုန်း တိုက်သောသူ၏စကား သည် မြိန် သော ခဲဘွယ်စားဘွယ်ကဲ့သို့ ဖြစ်၍ ၊ ဝမ်း အတွင်း သို့ဝင် တတ်၏။
9 One who is slack in his work is brother to him who is a master of destruction.
၉အလုပ် လုပ်သောအခါ ပျင်းရိ သောသူသည်၊ မိမိ ဥစ္စာကို အချည်းနှီး ကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
10 The name of Jehovah is a strong tower; the righteous run into it and are safe.
၁၀ထာဝရဘုရား ၏နာမတော် သည် ခိုင်ခံ့ သော ရဲတိုက် ဖြစ်၍၊ ဖြောင့်မတ် သောသူတို့သည် ပြေး ဝင်သဖြင့် ၊ လုံခြုံ စွာနေရကြ၏။
11 The rich man's wealth is his strong city, like an unscalable wall in his own imagination.
၁၁ငွေ ရတတ်သောသူက၊ ငါ့စည်းစိမ် သည် ခိုင်ခံ့ သောမြို့ ဖြစ်၏။ မြင့် သောမြို့ရိုး နှင့် တူသည်ဟု ထင် တတ် ၏။
12 Before destruction the heart of man is proud, but before honor is humility.
၁၂ပျက်စီး ခြင်းအရင် ၌လူ သည် စိတ် မြင့် ခြင်း၏ နေရာ၊ ဂုဏ် အသရေအရင် ၌နှိမ့်ချ ခြင်း၏နေရာရှိ၏။
13 He who gives answer before he hears, that is folly and shame to him.
၁၃အကျိုး အကြောင်းကို မ စစ်မှီ၊ အမှု စီရင် သောသူသည်မိုက် သော အပြစ်၊ အရှက် ကွဲရသောအပြစ်ရှိ၏။
14 A man's spirit will sustain him in sickness, but a crushed spirit, who can bear?
၁၄လူ ၏စိတ် ဝိညာဉ်သည် မိမိ နာ ခြင်းဝေဒနာကို ခံနိုင် ၏။ ကြေကွဲ သောစိတ် ကိုကား ၊ အဘယ် သူသည်းခံ နိုင် သနည်း။
15 The heart of the discerning gets knowledge. The ear of the wise seeks knowledge.
၁၅သမ္မာ သတိရှိသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို သိုထား တတ်၏။ ပညာ ရှိသောသူ ၏နား သည် လည်း ၊ ပညာ စကားကို ရှာ တတ်၏။
16 A man's gift makes room for him, and brings him before great men.
၁၆လူ ၌ပါသော လက်ဆောင် အားဖြင့် ၊ လမ်း ရှင်းလင်း ၍ ၊ လူကြီး ထံသို့ ဝင် ရသောအခွင့်ရှိတတ်၏။
17 He who pleads his cause first seems right; until another comes and questions him.
၁၇ကိုယ် အမှု ကို အဦး စောင့်၍ပြောသောသူသည် ဖြောင့်မတ် ရာသို့ရောက်သော်လည်း၊ အိမ်နီးချင်း လာ ၍ စစ်ကြော တတ်၏။
18 The lot settles disputes, and keeps strong ones apart.
၁၈စာရေးတံ ပြုခြင်းအားဖြင့် အငြင်းအခုံ ငြိမ်း ၍ ၊ အားကြီး သောသူတို့ အမှု ကို ဆုံးဖြတ်တတ်၏။
19 A brother offended is more difficult than a fortified city; and disputes are like the bars of a fortress.
၁၉အငြိုး ထားသောညီအစ်ကို သည် ခိုင်ခံ့ သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကိုရန် တွေ့ခြင်းအမှုသည် ရဲတိုက် တံခါးကျင် ကဲ့သို့ ဖြစ်၏။
20 A man's stomach is filled with the fruit of his mouth. With the harvest of his lips he is satisfied.
၂၀လူ သည်မိမိနှုတ် ၏အသီး နှင့် ဝမ်း ပြည့် ရ၏။ မိမိ နှုတ်ခမ်း တို့၏ စီးပွါး နှင့်ဝ ရ၏။
21 Death and life are in the power of the tongue; those who love it will eat its fruit.
၂၁လျှာ သည်အသက်သေ ခြင်းနှင့် ရှင် ခြင်းကို အစိုးရ ၏။ လျှာ ကို နှစ်သက် သောသူသည်လည်း ၊ လျှာ ၏အသီး ကို စား ရ၏။
22 Whoever finds a wife finds a good thing, and obtains favor of Jehovah.
၂၂မယား ကိုရ သောသူသည် ကောင်း သောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ခံရ ၏။
23 The poor plead for mercy, but the rich answer harshly.
၂၃ဆင်းရဲ သောသူသည် တောင်းပန် တတ်၏။ ငွေ ရတတ် သောသူမူကား ၊ ကြမ်းတမ်း စွာ ပြန် ပြောတတ်၏။
24 A man of many companions may be ruined, but there is a friend who sticks closer than a brother.
၂၄အပေါင်း အဘော်များသောသူ သည် အကျိုးနည်း ရှိတတ်၏။ မိတ်ဆွေ မူကား ၊ ညီအစ်ကို စွဲကပ် သည် ထက် သာ၍စွဲကပ် တတ်၏။