< Matthew 25 >

1 "Then the kingdom of heaven will be like ten virgins, who took their lamps, and went out to meet the bridegroom.
ထိုအခါ ကောင်းကင် နိုင်ငံ တော် သည် ကား၊ မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြု အံ့သောငှာ မီးခွက် ကိုကိုင်ယူ ၍ ထွက်သွား သောသတို့သမီး တစ်ကျိပ် နှင့်တူ ၏။
2 Five of them were foolish, and five were wise.
ထိုသတို့သမီး တို့တွင် ငါး ယောက်သည် ပညာ သတိရှိကြ၏။ ငါး ယောက်မူကား အမိုက် ဖြစ် ကြ၏။
3 For the foolish, when they took their lamps, took no oil with them,
မိုက် သောသူ တို့သည် မီးခွက် တို့ကိုသာယူ ၍ ဆီ ကို မ ယူ ကြ။
4 but the wise took oil in their vessels with their lamps.
ပညာ သတိရှိသောသူ တို့မူကား ၊ မီးခွက် နှင့်တကွ ဘူး ၌ ပါသောဆီ ကိုလည်း ယူ ကြ၏။
5 Now while the bridegroom delayed, they all slumbered and slept.
မင်္ဂလာဆောင် လုလင်သည် မ လာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်း တို့သည် ငိုက် ၍ အိပ်ပျော် ကြ၏။
6 But at midnight there was a cry, 'Look. The bridegroom. Come out to meet him.'
သန်းခေါင်ယံ ၌ကြည့် ပါ။ မင်္ဂလာဆောင် လုလင်သည် လာပြီ။ ခရီးဦးကြိုပြု ခြင်းငှာ ထွက်သွား ကြကုန်ဟု ကြွေးကြော် လျှင် ၊
7 Then all those virgins arose, and trimmed their lamps.
ထို သတို့သမီး အပေါင်း တို့သည် ထ ၍ မီးခွက် များကို ပြင်ဆင် ကြ၏။
8 The foolish said to the wise, 'Give us some of your oil, for our lamps are going out.'
မိုက် သောသူ တို့က ငါ တို့ဆီမီး သေ ပါပြီ။ သင် တို့ ဆီ ကိုအနည်းငယ်ပေး ပါဟု ပညာရှိ သောသူ တို့အား တောင်း ကြ၏။
9 But the wise answered, saying, 'What if there is not enough for us and you? You go rather to those who sell, and buy for yourselves.'
ပညာရှိ သောသူ တို့ကလည်း သင်တို့ အဘို့နှင့် ငါ တို့အဘို့ ဆီမ လောက် ။ ထို့ကြောင့်ဆီရောင်း သောသူ ရှိရာ သို့သွား ၍ ကိုယ် သုံးဘို့ဝယ် လျှင် သာ၍ ကောင်းသည်ဟု ပြန်ပြော ကြ၏။
10 While they went away to buy, the bridegroom came, and those who were ready went in with him to the marriage feast, and the door was shut.
၁၀ထိုသူ တို့သည် ဆီဝယ် သွား သည်အခိုက်တွင် မင်္ဂလာဆောင် လုလင်သည်လာ ၍ ၊ အသင့် ရှိသော သတို့သမီး တို့သည် လုလင် နှင့်အတူ ပွဲ သို့ ဝင် ကြပြီးလျှင် တံခါး ကိုပိတ် ထား၏။
11 Afterward the other virgins also came, saying, 'Lord, Lord, open to us.'
၁၁ထိုနောက် ကြွင်း သောသတို့သမီး တို့သည်လာ ၍ အရှင် ၊ အရှင် ၊ ကျွန်မ တို့အား တံခါးကိုဖွင့် ပါဟု တောင်းလျှောက် ကြသော်၊
12 But he answered, 'Truly I tell you, I do not know you.'
၁၂အရှင် ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင် တို့ကို ငါမ သိ ဟု ပြန်ပြော လေ၏။
13 Watch therefore, for you do not know the day nor the hour.
၁၃သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက် ၊ အချိန် နာရီကို သင်တို့သည်မ သိ သောကြောင့် စောင့် နေကြလော့။
14 "For it is like a man, going on a journey, who called his own servants, and entrusted his goods to them.
၁၄ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် ၍ မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ် ၊
15 To one he gave five talents, to another two, to another one; to each according to his own ability. Then he went on his journey.
၁၅တစ်ဦး ၌ အခွက်နှစ်ဆယ် ၊ တစ်ဦး ၌ အခွက်တစ်ဆယ် ကို အပ်ပေး ပြီးမှချက်ခြင်း သွား လေ၏။
16 Immediately the one who received the five talents went and traded with them, and made another five talents.
၁၆အခွက် ငါးဆယ် ကိုခံ သောသူ သည် သွား ၍ကုန်သွယ်ခြင်းကိုပြု သဖြင့် အခြား သောအခွက်ငါးဆယ် ကို အမြတ်ရ လေ၏။
17 In like manner he who got the two gained another two.
၁၇ထိုနည်းတူ အခွက်နှစ်ဆယ် ကိုခံသောသူ သည်လည်း၊ အခြား သောအခွက်နှစ်ဆယ် ကို အမြတ်ရ လေ၏။
18 But he who received the one went away and dug in the earth, and hid his lord's money.
၁၈အခွက်တစ်ဆယ် ကို ခံ သောသူ မူကား ၊ သွား ၍ မြေ ၌တွင်းတူး ပြီးလျှင် အရှင် ၏ငွေ ကိုဝှက်ထား လေ၏။
19 "Now after a long time the lord of those servants came, and reconciled accounts with them.
၁၉ကာလ ကြာမြင့် ပြီးမှ ထို ငယ်သား တို့၏ အရှင် သည်လာ ၍ သူ တို့ကိုစာရင်း ယူ လေ၏။
20 And he who received the five talents came and brought another five talents, saying, 'Lord, you delivered to me five talents. See, I have gained another five talents.'
၂၀အခွက် ငါးဆယ် ကို ခံ သောသူ သည်ချဉ်းကပ် ၍ အခြား သောအခွက် ငါးဆယ် ကိုဆက် လျက်၊ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် ငါးဆယ်ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် ငါးဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေ၏။
21 "His lord said to him, 'Well done, good and faithful servant. You have been faithful over a few things, I will set you over many things. Enter into the joy of your lord.'
၂၁အရှင် ကလည်း၊ သာဓု ၊ သစ္စာရှိ သော ငယ်သား ကောင်း ။ သင်သည် အမှုငယ် ၌သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ငါအပ်ပေး မည်။ သင် ၏သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
22 "And he also who had the two talents came and said, 'Lord, you delivered to me two talents. See, I have gained another two talents.'
၂၂အခွက် နှစ်ဆယ် ကို ခံသောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ အခွက် နှစ်ဆယ် ကို အပ်ပေး တော်မူ၏။ အခြား သောအခွက် နှစ်ဆယ် ကို အကျွန်ုပ်အမြတ်ရ ပါပြီဟု လျှောက် လေသော်၊
23 "His lord said to him, 'Well done, good and faithful servant. You have been faithful over a few things, I will set you over many things. Enter into the joy of your lord.'
၂၃အရှင် က၊ သာဓု သစ္စာရှိ သောငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ များစွာ သော အမှုအခွင့်ကို သင် ၌ ငါအပ်ပေး မည်။ သင် ၏ သခင် နှင့်အတူစည်းစိမ် ကိုဝင်စား လော့ဟု မိန့် တော်မူ၏။
24 "He also who had received the one talent came and said, 'Lord, I knew you that you are a hard man, reaping where you did not sow, and gathering where you did not scatter.
၂၄အခွက် တစ်ဆယ် ကို ခံ သောသူ သည်လည်း ချဉ်းကပ် ၍ သခင် ၊ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ရိတ် ၍၊ ကိုယ်မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း တတ်သည်ကို အကျွန်ုပ်သိ ၍ ၊
25 I was afraid, and went away and hid your talent in the earth. See, you have what is yours.'
၂၅ကြောက် သောကြောင့် ၊ အခြားသို့သွား ၍ ကိုယ်တော် ၏ ငွေ အခွက်တဆယ်ကို မြေ ၌ ဝှက်ထား ပါပြီ။ ယခုကိုယ်တော် ၏ ဥစ္စာ ရှိ ပါသည်ဟု လျှောက် ၏။
26 "But his lord answered him, 'You wicked and slothful servant. You knew that I reap where I did not sow, and gather where I did not scatter.
၂၆အရှင် ကလည်း ၊ ဆိုးညစ် ပျင်းရိ သောငယ်သား ၊ ငါသည် ကိုယ်မ စိုက် မပျိုးသောအရပ် ၌ ရိတ် ၍၊ ကိုယ် မ ဖြန့် မကြဲသောအရပ် ၌ စုသိမ်း သည်ကို သင်သိ သည်မှန်လျှင်၊
27 You ought therefore to have deposited my money with the bankers, and at my coming I should have received back my own with interest.
၂၇ငါ့ ငွေ ကို ပွဲစား လက်သို့ အပ် ရမည်။ ထိုသို့ အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အတိုး ကိုရ နိုင်၏။
28 Take away therefore the talent from him, and give it to him who has the ten talents.
၂၈ထို့ကြောင့် အခွက် တဆယ်ကို ထိုသူ ၏ လက်မှ နှုတ် ကြ။ အခွက် တရာ ရှိ သောသူ ကို ပေး ကြ။
29 For to everyone who has will be given, and he will have abundance, but from him who does not have, even that which he has will be taken away.
၂၉အကြောင်းမူကား ၊ အကြင်သူသည်ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိသမျှ ကိုပင် နှုတ် လိမ့်မည်။
30 Throw out the unprofitable servant into the outer darkness, where there will be weeping and grinding of teeth.'
၃၀အသုံး မရသော ထိုငယ်သား ကိုငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိရာ ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ထုတ် ချလိုက်ကြဟု စီရင် တော်မူ၏။
31 "But when the Son of Man comes in his glory, and all the angels with him, then he will sit on the throne of his glory.
၃၁လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
32 Before him all the nations will be gathered, and he will separate them one from another, as a shepherd separates the sheep from the goats.
၃၂ရှေ့ တော်၌ လူမျိုး အပေါင်း တို့ကို စုဝေး စေသဖြင့် ၊ သိုးထိန်း သည် သိုး နှင့်ဆိတ် တို့ကို အသီးအခြား ခွဲ ၍ ၊
33 He will set the sheep on his right hand, but the goats on the left.
၃၃သိုး တို့ကို လက်ျာ တော်ဘက် ၊ ဆိတ် တို့ကို လက်ဝဲ တော်ဘက် ၌ ထား တော်မူလတံ့။
34 Then the King will tell those on his right hand, 'Come, blessed of my Father, inherit the kingdom prepared for you from the foundation of the world;
၃၄ထိုအခါ လက်ျာ တော်ဘက် ၌ရှိသော သူ တို့အား မင်းကြီး က၊ ငါ့ ခမည်းတော် ထံ ကောင်းကြီး မင်္ဂလာကိုခံသောသူ တို့၊ ကမ္ဘာ ဦး ကပင် သင်တို့ အဘို့ ပြင်ဆင် သောနိုင်ငံ ကို လာ ၍ အမွေခံ ကြလော့။
35 for I was hungry, and you gave me food to eat. I was thirsty, and you gave me drink. I was a stranger, and you took me in.
၃၅အကြောင်းမူကား ၊ ငါ သည် မွတ်သိပ် သောအခါ သင်တို့သည် ကျွေး ကြ၏။ ငါ သည် ရေငတ် သောအခါ သင်တို့သည် သောက် ဘို့ပေးကြ၏။ ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည်ဧည့်သည် ဝတ်ကို ပြုကြ၏။
36 I was naked, and you clothed me. I was sick, and you visited me. I was in prison, and you came to me.'
၃၆ငါ သည် အဝတ် အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ် နှင့်ဖုံးလွှမ်းကြ၏။ ငါသည် အနာ ရောဂါ စွဲသောအခါ သင်တို့သည်ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင် ထဲမှာ နေ ရသောအခါ သင်တို့သည် ငါ့ ထံသို့ လာ ကြ၏ဟု မိန့် တော်မူလျှင်၊
37 "Then the righteous will answer him, saying, 'Lord, when did we see you hungry, and feed you; or thirsty, and give you a drink?
၃၇ဖြောင့်မတ် သောသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ကိုယ်တော်ကို လုပ်ကျွေး ပါသနည်း။ ရေငတ် တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ကိုယ်တော်ကို သောက် ဘို့ပေးပါသနည်း။
38 When did we see you as a stranger, and take you in; or naked, and clothe you?
၃၈ဧည့်သည် ဖြစ်တော်မူသည်ကို အဘယ် အခါ၌ အကျွန်ုပ်တို့သည်မြင် ၍ ဧည့်သည်ဝတ်ကို ကိုယ်တော် အား ပြု ပါသနည်း။ အဝတ် အချည်းစည်းရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို အဝတ် နှင့်ဖုံးလွှမ်းပါသနည်း။
39 When did we see you sick, or in prison, and come to you?'
၃၉အနာ စွဲတော်မူသည်ကို၎င်း၊ ထောင် ထဲမှာ နေတော်မူသည်ကို၎င်း၊ အဘယ် အခါ၌ အကျွန်ုပ်တို့သည် မြင် ၍ အထံ တော်သို့ ရောက် ပါသနည်းဟု ပြန် ၍လျှောက်ကြသော် ၊
40 "The King will answer them, 'Truly I tell you, inasmuch as you did it to one of the least of these my brothers, you did it to me.'
၄၀မင်းကြီး က၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူတည်းဟူသောငါ့ ညီ တို့တွင် အငယ်ဆုံး သော သူ တစ်ယောက်အား ပြု ကြသမျှ တို့ကို ငါ့ အား ပြု ကြပြီဟု ပြန်၍မိန့် တော်မူလတံ့။
41 Then he will say also to those on the left hand, 'Depart from me, you cursed, into the everlasting fire which is prepared for the devil and his angels; (aiōnios g166)
၄၁ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။ (aiōnios g166)
42 for I was hungry, and you did not give me food to eat; I was thirsty, and you gave me no drink;
၄၂အကြောင်းမူကား ၊ ငါသည် မွတ်သိပ် သောအခါ သင်တို့သည်မ ကျွေး ၊ ငါသည် ရေငတ် သောအခါ သင် တို့သည် သောက် ဘို့မ ပေး။
43 I was a stranger, and you did not take me in; naked, and you did not clothe me; sick, and in prison, and you did not visit me.'
၄၃ငါ သည် ဧည့်သည် ဖြစ် သောအခါ သင်တို့သည် ဧည့်သည် ဝတ်ကိုမ ပြု။ ငါ သည် အဝတ် အချည်းစည်းရှိ သောအခါ သင်တို့သည် အဝတ် နှင့်မ ဖုံးမလွှမ်း။ ငါ သည် အနာ ရောဂါစွဲသောအခါ ၌၎င်း ၊ ထောင် ထဲမှာ နေရ သောအခါ၌၎င်း၊ သင်တို့သည် မ ကြည့်ရှု မပြုစုဟု မိန့် တော်မူလျှင်၊
44 "Then they will also answer, saying, 'Lord, when did we see you hungry, or thirsty, or a stranger, or naked, or sick, or in prison, and did not help you?'
၄၄ထိုသူ တို့က၊ သခင် ၊ ကိုယ်တော် သည် မွတ်သိပ် တော်မူခြင်း၊ ရေငတ် တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ် အချည်းစည်းရှိတော်မူခြင်း၊ အနာ စွဲတော်မူခြင်း၊ ထောင် ထဲမှာ နေတော်မူခြင်းတို့ကို အကျွန်ုပ်တို့ သည် အဘယ် အခါ၌မြင် ၍ ကိုယ်တော် ကို မ ပြုစု မလုပ်ကျွေးဘဲ နေပါသနည်းဟု ပြန်၍လျှောက် ကြသော်၊
45 "Then he will answer them, saying, 'Truly I tell you, inasmuch as you did not do it to one of the least of these, you did not do it to me.'
၄၅မင်းကြီးက၊ ငါအမှန် ဆို သည်ကား၊ သင်တို့သည် ဤ သူ တို့တွင် အငယ်ဆုံး သောသူ တစ်ယောက်အား မ ပြု သမျှ တို့ကို ငါ့ အား မ ပြု ကြပြီဟုပြန်၍မိန့် တော်မူလတံ့။
46 These will go away into everlasting punishment, but the righteous into everlasting life." (aiōnios g166)
၄၆ထိုသူ တို့သည် ထာဝရ အပြစ် ဒဏ်ခံရာသို့ ၎င်း ၊ ဖြောင့်မတ် သောသူ တို့မူကား ၊ ထာဝရ အသက် ရှင်ရာ သို့ ၎င်း သွား ရကြလတံ့ ဟု မိန့် တော်မူ၏။ (aiōnios g166)

< Matthew 25 >