< Matthew 25 >
1 "Then the kingdom of heaven will be like ten virgins, who took their lamps, and went out to meet the bridegroom.
၁``ထိုကာလ၌ကောင်းကင်နိုင်ငံတော်သည်မီးခွက် များကိုယူ၍ မင်္ဂလာဆောင်သတို့သားကိုကြိုဆို ရန်ထွက်သွားသည့်အပျိုရံဆယ်ယောက်တို့တွေ့ ကြုံရသည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။-
2 Five of them were foolish, and five were wise.
၂သူတို့အနက်ငါးယောက်သည်ပညာသတိ ရှိ၏။ ငါးယောက်မူကားပညာသတိမရှိ။-
3 For the foolish, when they took their lamps, took no oil with them,
၃ပညာသတိမရှိသူတို့သည်မိမိတို့၏ မီးခွက်များကိုယူခဲ့သော်လည်းဆီပိုကို မူမယူခဲ့ကြ။-
4 but the wise took oil in their vessels with their lamps.
၄ပညာသတိရှိသူများမူကားမိမိတို့၏ မီးခွက်များသာမကဆီပိုကိုလည်းဘူး တွင်ထည့်၍ယူခဲ့ကြ၏။-
5 Now while the bridegroom delayed, they all slumbered and slept.
၅မင်္ဂလာဆောင်သတို့သားသည်ရောက်လာရန် ကြန့်ကြာ၍နေသဖြင့်သူတို့အားလုံးငိုက် မျဉ်းအိပ်ပျော်ကုန်ကြ၏။
6 But at midnight there was a cry, 'Look. The bridegroom. Come out to meet him.'
၆``သန်းခေါင်ယံ၌`မင်္ဂလာဆောင်သတို့သားရောက် လာပြီ။ သွား၍ကြိုဆိုကြလော့' ဟူသောကြွေး ကြော်သံကိုကြားရကြ၏။-
7 Then all those virgins arose, and trimmed their lamps.
၇ထိုအခါအပျိုရံအားလုံးတို့သည်ထ၍မိမိ ၏မီးခွက်များကိုအသင့်ပြင်ကြ၏။-
8 The foolish said to the wise, 'Give us some of your oil, for our lamps are going out.'
၈ပညာသတိမရှိသူများက `ငါတို့မီးငြိမ်း တော့မည်ဖြစ်၍ငါတို့ကိုဆီအနည်းငယ်ပေး ပါ' ဟုပညာသတိရှိသူတို့ထံတောင်းကြ၏။-
9 But the wise answered, saying, 'What if there is not enough for us and you? You go rather to those who sell, and buy for yourselves.'
၉ပညာသတိရှိသူများက `သင်တို့အဖို့နှင့်ငါတို့ အဖို့ပါဆိုလျှင်ဆီလောက်မည်မဟုတ်သဖြင့် ဆီရောင်းသူထံသို့သွား၍သင်တို့အတွက် ဝယ်ယူကြပါ' ဟုပြန်ပြောကြ၏။-
10 While they went away to buy, the bridegroom came, and those who were ready went in with him to the marriage feast, and the door was shut.
၁၀ပညာသတိမရှိသူတို့ဆီဝယ်ရန်ထွက်သွား နေခိုက်မင်္ဂလာဆောင်သတို့သားသည်ရောက် လာ၏။ အသင့်ရှိနေကြသောအပျိုရံတို့ သည်လည်းသူနှင့်အတူမင်္ဂလာဆောင်ပွဲသို့ ဝင်ပြီးလျှင်တံခါးကိုပိတ်ထားလိုက်၏။
11 Afterward the other virgins also came, saying, 'Lord, Lord, open to us.'
၁၁``ပညာသတိမရှိသောအပျိုရံများသည် လည်းပြန်ရောက်လာ၍ `အရှင်၊ အရှင်၊ ကျွန်မတို့ အားတံခါးဖွင့်ပေးပါ' ဟုဆိုကြ၏။-
12 But he answered, 'Truly I tell you, I do not know you.'
၁၂သို့ရာတွင်မင်္ဂလာဆောင်သတို့သားက `မဖွင့် ပေးနိုင်ပါ။ သင်တို့ကိုငါမသိ' ဟုပြန်ပြော၏။
13 Watch therefore, for you do not know the day nor the hour.
၁၃``သို့ဖြစ်၍သင်တို့သည်လည်းထိုနေ့ထိုအချိန် ကိုမသိကြသဖြင့်သတိနှင့်စောင့်နေကြလော့။
14 "For it is like a man, going on a journey, who called his own servants, and entrusted his goods to them.
၁၄``ကောင်းကင်နိုင်ငံတော်သည်ခရီးပြုရန် မိမိအိမ် မှထွက်မည့်ဆဲဆဲရှိသူ လူတစ်ယောက်ကြုံတွေ့ရ သည့်အဖြစ်အပျက်နှင့်တူလိမ့်မည်။ သူသည်မိမိ ၏ကျွန်များကိုခေါ်၍ဥစ္စာပစ္စည်းများကိုအပ်၏။-
15 To one he gave five talents, to another two, to another one; to each according to his own ability. Then he went on his journey.
၁၅တစ်ယောက်ကိုရွှေငါးပိဿာ၊ အခြားတစ်ယောက်ကို နှစ်ပိဿာ၊ အခြားတစ်ယောက်ကိုရွှေတစ်ပိဿာစသည် ဖြင့်ထိုသူတို့၏အရည်အချင်းအလိုက်ပေးအပ်၏။ ထိုနောက်နိုင်ငံရပ်ခြားသို့ထွက်ခွာသွားလေသည်။-
16 Immediately the one who received the five talents went and traded with them, and made another five talents.
၁၆ရွှေငါးပိဿာရသူသည်ချက်ချင်းပင်ကူးသန်း ရောင်းဝယ်မှုကိုပြုသဖြင့်အမြတ်ရွှေငါးပိဿာ ကိုရ၏။-
17 In like manner he who got the two gained another two.
၁၇ထိုနည်းတူပင်ရွှေနှစ်ပိဿာရသူသည်လည်း အမြတ်ရွှေနှစ်ပိဿာကိုရ၏။-
18 But he who received the one went away and dug in the earth, and hid his lord's money.
၁၈ရွှေတစ်ပိဿာရသူမူကားနေရာတစ်ခုသို့သွား ၍မိမိသခင်၏ရွှေကိုမြေတွင်မြှုပ်ထားလေ၏။
19 "Now after a long time the lord of those servants came, and reconciled accounts with them.
၁၉``ကာလအတော်ကြာသော်ထိုကျွန်တို့၏အရှင် သည်ပြန်လာ၍သူတို့နှင့်စာရင်းရှင်း၏။-
20 And he who received the five talents came and brought another five talents, saying, 'Lord, you delivered to me five talents. See, I have gained another five talents.'
၂၀ရွှေငါးပိဿာရသူသည်အပိုရွှေငါးပိဿာကိုယူ ဆောင်လာပြီးလျှင်`အရှင်၊ အကျွန်ုပ်အားအရှင်ရွှေ ငါးပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ် သည်ရွှေငါးပိဿာအမြတ်ရပါပြီ' ဟုလျှောက်၏။-
21 "His lord said to him, 'Well done, good and faithful servant. You have been faithful over a few things, I will set you over many things. Enter into the joy of your lord.'
၂၁သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
22 "And he also who had the two talents came and said, 'Lord, you delivered to me two talents. See, I have gained another two talents.'
၂၂``ရွှေနှစ်ပိဿာရသူသည်လည်းလာ၍`အရှင်၊ အကျွန်ုပ် အား အရှင်ရွှေနှစ်ပိဿာပေးအပ်ခဲ့ပါ၏။ ကြည့်ပါ။ အကျွန်ုပ်သည် ရွှေနှစ်ပိဿာအမြတ်ရပါပြီ' ဟု လျှောက်ထား၏။-
23 "His lord said to him, 'Well done, good and faithful servant. You have been faithful over a few things, I will set you over many things. Enter into the joy of your lord.'
၂၃သခင်က`ကောင်းလေစွ။ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီးသောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့်အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
24 "He also who had received the one talent came and said, 'Lord, I knew you that you are a hard man, reaping where you did not sow, and gathering where you did not scatter.
၂၄``သို့ရာတွင်ရွှေတစ်ပိဿာရသူသည်လာ၍ `အရှင်၊ အကျွန်ုပ်သည်အရှင့်အကြောင်းကိုသိပါ၏။ အရှင် သည်ခက်ထန်သူဖြစ်၍မိမိမစိုက်မပျိုးသည့် အရပ်တွင်ရိတ်သိမ်းတတ်ပါ၏။ မကြဲဖြန့်သည့် အရပ်တွင်စုသိမ်းတတ်ပါ၏။-
25 I was afraid, and went away and hid your talent in the earth. See, you have what is yours.'
၂၅အကျွန်ုပ်သည်ကြောက်ရွံ့သဖြင့်အရှင်၏ရွှေကို မြေတွင်မြှုပ်ထားခဲ့ပါ၏။ ကြည့်ပါ။ အရှင်၏ပစ္စည်း ဤမှာရှိပါ၏' ဟုလျှောက်၏။''
26 "But his lord answered him, 'You wicked and slothful servant. You knew that I reap where I did not sow, and gather where I did not scatter.
၂၆``သခင်ကလည်း `အချင်းဆိုးညစ်သည့်ကျွန်ပျင်း၊ ငါသည်မိမိမစိုက်မပျိုးသည့်အရပ်တွင်ရိတ်သိမ်း ၍မကြဲမဖြန့်သည့်အရပ်တွင်စုသိမ်းတတ်သည် ကိုသင်သိသည်မှန်လျှင်၊-
27 You ought therefore to have deposited my money with the bankers, and at my coming I should have received back my own with interest.
၂၇ငါ၏ရွှေကိုဘဏ်တွင်အပ်ထားသင့်၏။ သို့မှသာ လျှင်ငါပြန်လာချိန်၌အတိုးနှင့်အတူပြန် လည်ရရှိနိုင်၏။-
28 Take away therefore the talent from him, and give it to him who has the ten talents.
၂၈ထိုသူ၏ထံမှရွှေတစ်ပိဿာကိုယူ၍ဆယ်ပိဿာ ရှိသူအားပေးကြ။-
29 For to everyone who has will be given, and he will have abundance, but from him who does not have, even that which he has will be taken away.
၂၉ကြွယ်ဝချမ်းသာသောသူသည်ထပ်၍ရရှိသဖြင့် သူ၌ပိုလျှံ၍နေလိမ့်မည်။ သို့ရာတွင်ဆင်းရဲ သောသူထံမှရှိသမျှကိုပင်နုတ်လိမ့်မည်။-
30 Throw out the unprofitable servant into the outer darkness, where there will be weeping and grinding of teeth.'
၃၀အသုံးမကျသည့်ဤကျွန်ကိုအပြင်အမှောင်ထဲ သို့ထုတ်လိုက်ကြ။ သူသည်ထိုအရပ်တွင်ငိုကြွေး မြည်တမ်း၍အံသွားခဲကြိတ်လျက်နေရလိမ့် မည်' ဟုဆို၏။''
31 "But when the Son of Man comes in his glory, and all the angels with him, then he will sit on the throne of his glory.
၃၁``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
32 Before him all the nations will be gathered, and he will separate them one from another, as a shepherd separates the sheep from the goats.
၃၂ထိုအခါလူမျိုးအပေါင်းတို့သည်ရှေ့တော်တွင် စုရုံးရကြလိမ့်မည်။ သိုးထိန်းသည်သိုးနှင့်ဆိတ် တို့ကိုတခြားစီခွဲထုတ်သကဲ့သို့လူသားသည် လည်းလူတို့အားနှစ်စုခွဲထုတ်တော်မူပြီးလျှင်၊-
33 He will set the sheep on his right hand, but the goats on the left.
၃၃သူတော်ကောင်းများကိုလက်ယာတော်ဘက်၊ သူယုတ်မာများကိုလက်ဝဲတော်ဘက်တွင် ထားတော်မူလိမ့်မည်။-
34 Then the King will tell those on his right hand, 'Come, blessed of my Father, inherit the kingdom prepared for you from the foundation of the world;
၃၄ထိုနောက်ဘုရင်မင်းမြတ်ကလက်ယာတော်ဘက် တွင်ရှိသောသူတို့အား `ကောင်းချီးမင်္ဂလာကို ခံရသူတို့၊ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍သင်တို့အတွက်ပြင်ဆင်ထားတော်မူသည့် နိုင်ငံတော်ကိုခံယူကြလော့။-
35 for I was hungry, and you gave me food to eat. I was thirsty, and you gave me drink. I was a stranger, and you took me in.
၃၅သင်တို့သည်ငါဆာလောင်မွတ်သိပ်စဉ်အခါက ငါ့ကိုကျွေးမွေးကြ၏။ ငါရေငတ်စဉ်အခါက သောက်ရေကိုပေးကြ၏။ ငါသည်ဧည့်သည်ဖြစ်စဉ် အခါကဧည့်ဝတ်ကိုပြုကြ၏။-
36 I was naked, and you clothed me. I was sick, and you visited me. I was in prison, and you came to me.'
၃၆ငါသည်အဝတ်အချည်းစည်းဖြစ်စဉ်အခါက အဝတ်ကိုဝတ်ဆင်ပေးကြ၏။ ငါဖျားနာစဉ် အခါကပြုစုကြ၏။ ငါထောင်ကျစဉ်အခါ ကငါ့ထံလာရောက်ကြ၏' ဟုမိန့်တော်မူ၏။''
37 "Then the righteous will answer him, saying, 'Lord, when did we see you hungry, and feed you; or thirsty, and give you a drink?
၃၇ထိုအခါသူတော်ကောင်းတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင်မွတ်သိပ်တော်မူသည်ကို အဘယ်အခါ၌မြင်၍အကျွန်ုပ်တို့ကျွေးမွေး ပါသနည်း။ ရေငတ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍သောက်ရေကိုပေးပါသနည်း။-
38 When did we see you as a stranger, and take you in; or naked, and clothe you?
၃၈ဧည့်သည်ဖြစ်တော်မူသည်ကိုအဘယ်အခါ၌ မြင်၍အကျွန်ုပ်တို့ဧည့်သည်ဝတ်ကိုပြုပါသနည်း။ အဝတ်အချည်းစည်းဖြစ်တော်မူသည်ကိုအဘယ် အခါ၌မြင်၍အဝတ်ဝတ်ဆင်ပေးပါသနည်း။-
39 When did we see you sick, or in prison, and come to you?'
၃၉ဖျားနာတော်မူသည်ကိုလည်းကောင်း၊ ထောင်ကျ တော်မူသည်ကိုလည်းကောင်းအဘယ်အခါ၌ အကျွန်ုပ်တို့မြင်၍အထံတော်သို့လာကြပါ သနည်း' ဟုပြန်၍လျှောက်ထားကြ၏။-
40 "The King will answer them, 'Truly I tell you, inasmuch as you did it to one of the least of these my brothers, you did it to me.'
၄၀ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။
41 Then he will say also to those on the left hand, 'Depart from me, you cursed, into the everlasting fire which is prepared for the devil and his angels; (aiōnios )
၄၁``ထိုနောက်ဘုရင်မင်းမြတ်ကလက်ဝဲတော်ဘက် ၌ရှိသောသူတို့အား `အမင်္ဂလာရှိသူတို့၊ ငါ့ထံ မှထွက်သွားကြလော့။ မာရ်နတ်နှင့်သူ့စေတမန် များအတွက်ပြင်ဆင်ထားသည့်ထာဝရမီး ထဲသို့သက်ဆင်းကြလော့။- (aiōnios )
42 for I was hungry, and you did not give me food to eat; I was thirsty, and you gave me no drink;
၄၂ငါဆာလောင်မွတ်သိပ်စဉ်အခါကသင်တို့သည် ငါ့ကိုမကျွေးမမွေးကြ။ ငါရေငတ်စဉ်အခါ ကသောက်ရေကိုမပေးကြ။-
43 I was a stranger, and you did not take me in; naked, and you did not clothe me; sick, and in prison, and you did not visit me.'
၄၃ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။
44 "Then they will also answer, saying, 'Lord, when did we see you hungry, or thirsty, or a stranger, or naked, or sick, or in prison, and did not help you?'
၄၄``ထိုသူတို့က `အရှင်ဘုရား၊ ကိုယ်တော်ဆာလောင် မွတ်သိပ်တော်မူခြင်း၊ ရေငတ်တော်မူခြင်း၊ ဧည့်သည် ဖြစ်တော်မူခြင်း၊ အဝတ်အချည်းစည်းဖြစ်တော် မူခြင်း၊ ဖျားနာတော်မူခြင်း၊ ထောင်ကျတော်မူခြင်း တို့ကိုအဘယ်အခါ၌အကျွန်ုပ်တို့မြင်ရပါလျက် ကိုယ်တော်အားမပြုစုမလုပ်ကျွေးဘဲနေခဲ့ပါ သနည်း' ဟုလျှောက်ထားကြပေအံ့။-
45 "Then he will answer them, saying, 'Truly I tell you, inasmuch as you did not do it to one of the least of these, you did not do it to me.'
၄၅ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန် သင်တို့အားငါဆိုသည်ကား၊ သိမ်ငယ်သည့် ဤသူများအနက်ကတစ်စုံတစ်ယောက်သော သူကိုသင်တို့မပြုမစုဘဲနေခဲ့သမျှသည် ငါ့ကိုမပြုမစုဘဲနေခဲ့ခြင်းပင်မည်၏' ဟု မိန့်တော်မူလိမ့်မည်။-
46 These will go away into everlasting punishment, but the righteous into everlasting life." (aiōnios )
၄၆ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။ (aiōnios )