< Leviticus 19 >

1 Jehovah spoke to Moses, saying,
ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက် ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော ကြောင့်​သင်​တို့​သည်​လည်း​သန့်​ရှင်း​ရ​မည်။-
2 "Speak to all the congregation of the children of Israel, and tell them, 'You shall be holy; for I Jehovah your God am holy.
3 "'Each one of you shall respect his mother and his father. You shall keep my Sabbaths. I am Jehovah your God.
လူ​တိုင်း​မိ​ဘ​ကို​ရို​သေ​လေး​စား​ရ​မည်။ ငါ ပ​ညတ်​သည့်​အ​တိုင်း​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း ရ​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
4 "'Do not turn to idols, nor make molten gods for yourselves. I am Jehovah your God.
``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
5 "'When you offer a sacrifice of peace offerings to Jehovah, you shall offer it so that you may be accepted.
``သင်​တို့​သည်​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် သည့်​အ​ခါ ငါ​၏​ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ ပူ​ဇော်​လျှင် ငါ​သည်​ထို​ပူ​ဇော်​သ​ကာ​ကို လက်​ခံ​မည်။-
6 It shall be eaten the same day you offer it, and on the next day: and if anything remains until the third day, it shall be burned with fire.
ယဇ်​ပူ​ဇော်​သော​နေ့​သို့​မ​ဟုတ်​နောက်​တစ်​နေ့ ၌​ယဇ်​ကောင်​၏​အ​သား​ကို​စား​ရ​မည်။ တ​တိ ယ​နေ့​သို့​တိုင်​အောင်​ကြွင်း​ကျန်​သော​အ​သား သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း သ​ဖြင့်​မီး​ရှို့​ပစ်​ရ​မည်။ အ​ကယ်​၍​တ​တိ​ယ နေ့​၌​ယဇ်​ကောင်​၏​အ​သား​ကို တစ်​ဦး​တစ် ယောက်​က​စား​ခဲ့​သည်​ရှိ​သော် ထို​ပူ​ဇော် သ​ကာ​ကို​ငါ​လက်​ခံ​မည်​မ​ဟုတ်။-
7 If it is eaten at all on the third day, it is an abomination. It will not be accepted;
8 but everyone who eats it shall bear his iniquity, because he has profaned the holy thing of Jehovah, and that soul shall be cut off from his people.
ထို​အ​သား​ကို​စား​သော​သူ​သည် ငါ့​အ​တွက် ဆက်​ကပ်​ထား​သော​ပူ​ဇော်​သ​ကာ​ကို​မ​ရို မ​သေ​ပြု​သော​ကြောင့် သူ့​အား​ငါ​၏​လူ​မျိုး တော်​မှ​ထုတ်​ပယ်​မည်။
9 "'When you reap the harvest of your land, you shall not wholly reap the corners of your field, neither shall you gather the gleanings of your harvest.
``ကောက်​ရိတ်​သော​အ​ခါ လယ်​ကွက်​အ​နား တစ်​လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​ရ။ ကျန်​ကြွင်း​သော​ကောက်​နှံ​များ​ကို​လည်း ပြန်​ကျော့​၍​မ​ရိတ်​ရ။-
10 You shall not glean your vineyard, neither shall you gather the fallen grapes of your vineyard; you shall leave them for the poor and for the foreigner. I am Jehovah your God.
၁၀စ​ပျစ်​ခြံ​မှ​မ​ဆွတ်​ဘဲ​ကျန်​ခဲ့​သော​စ​ပျစ် သီး​များ​ကို​လည်း​ကောင်း၊ ကျ​ကျန်​ရစ်​သော စ​ပျစ်​သီး​များ​ကို​လည်း​ကောင်း​ပြန်​၍​မ​စု သိမ်း​ရ။ ထို​အ​သီး​များ​ကို​ဆင်း​ရဲ​သား​နှင့် လူ​မျိုး​ခြား​တို့​အ​တွက်​ချန်​ထား​ရ​မည်။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
11 "'You shall not steal; neither shall you deal falsely, nor lie to one another.
၁၁``သူ​တစ်​ပါး​၏​ပစ္စည်း​ကို​မ​ခိုး​ရ။ သူ​တစ်​ပါး ကို​မ​လှည့်​စား​ရ။ မု​သား​စ​ကား​မ​ပြော ရ။-
12 "'You shall not swear by my name falsely, and profane the name of your God. I am Jehovah.
၁၂က​တိ​တည်​ရန်​မ​ရည်​ရွယ်​ဘဲ​နှင့် ငါ​၏​နာ​မ တော်​ကို​တိုင်​တည်​၍​က​တိ​မ​ပေး​ရ။ ထို​သို့​ပြု ခြင်း​ဖြင့်​ငါ​၏​နာ​မ​တော်​ကို​မ​ရှုတ်​ချ​ရ။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
13 "'You shall not oppress your neighbor, nor rob him. The wages of a hired servant shall not remain with you all night until the morning.
၁၃``မိ​မိ​ထက်​အား​နည်း​သူ​ကို​အ​နိုင်​မ​ကျင့်​ရ။ သူ့​ဥစ္စာ​ကို​လည်း​မ​လု​ယူ​ရ။ သူ​ငှား​အ​တွက် ပေး​စ​ရာ​အ​ခ​ကြေး​ငွေ​ကို​နေ့​ချင်း​ပေး​ရ မည်။ နောက်​တစ်​နေ့​တိုင်​အောင်​မ​ဆိုင်း​ထား ရ။-
14 "'You shall not curse the deaf, nor put a stumbling block before the blind; but you shall fear your God. I am Jehovah.
၁၄နား​ပင်း​သူ​ကို​မ​ကျိန်​ဆဲ​ရ။ မျက်​မ​မြင်​၏​ရှေ့ တွင်​တိုက်​မိ​၍​လဲ​စ​ရာ​ကို​မ​ချ​ထား​ရ။ ငါ့ ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။
15 "'You shall do no injustice in judgment: you shall not be partial to the poor, nor show favoritism to the great; but you shall judge your neighbor in righteousness.
၁၅``အ​မှု​အ​ခင်း​များ​ကို​တ​ရား​မျှ​တ​စွာ​စီ​ရင် ရ​မည်။ ဆင်း​ရဲ​သူ​ဘက်​သို့​မျက်​နှာ​သာ​ပေး​ခြင်း၊ ပစ္စည်း​ချမ်း​သာ​သူ​ဘက်​သို့​မျက်​နှာ​လိုက်​ခြင်း မ​ရှိ​စေ​ရ။-
16 "'You shall not go up and down as a slanderer among your people; neither shall you stand against the life of your neighbor. I am Jehovah.
၁၆သူ​တစ်​ပါး​အ​သ​ရေ​ပျက်​စေ​သော​စ​ကား ကို​လှည့်​လည်​၍​မ​ပြော​ရ။ သေ​ဒဏ်​ခံ​ထိုက်​သော ပြစ်​မှု​ကို​ကူး​လွန်​သူ​အား​တ​ရား​စီ​ရင်​နေ စဉ် သူ့​ဘက်​က​သက်​သေ​ပြ​နိုင်​လျှင်​ဖော်​ထုတ် ပြော​ဆို​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။
17 "'You shall not hate your brother in your heart. You shall surely rebuke your neighbor, and not bear sin because of him.
၁၇``သူ​တစ်​ပါး​အား​ရန်​ငြိုး​မ​ထား​နှင့်။ သူ့ ကြောင့်​သင်​သည်​အ​ပြစ်​မ​ကူး​လွန်​မိ​စေ ရန် သူ​နှင့်​သ​ဘော​ကွဲ​လွဲ​ချက်​များ​ကို​တွေ့ ဆုံ​ဖြေ​ရှင်း​လော့။-
18 "'You shall not take vengeance, nor bear any grudge against the children of your people; but you shall love your neighbor as yourself. I am Jehovah.
၁၈သူ​တစ်​ပါး​အား​လက်​စား​မ​ချေ​ရ။ ရန်​ငြိုး မ​ထား​ရ။ အိမ်​နီး​ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ် ရ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​၏။
19 "'You shall keep my statutes. "'You shall not crossbreed different kinds of animals. "'you shall not sow your field with two kinds of seed; "'neither shall there come upon you a garment made of two kinds of material.
၁၉``ငါ​၏​ပ​ညတ်​များ​ကို​စောင့်​ထိန်း​လော့။ မျိုး မ​တူ​သော​အိမ်​မွေး​တိ​ရစ္ဆာန်​ချင်း​သား​မ​စပ်​ရ။ လယ်​တစ်​ကွက်​တည်း​တွင်​အ​သီး​အ​နှံ​နှစ်​မျိုး ကို​မ​စိုက်​ပျိုး​ရ။ ချည်​မျှင်​နှစ်​မျိုး​ဖြင့်​ရက် လုပ်​သော​အ​ထည်​ကို​မ​ဝတ်​ဆင်​ရ။
20 "'If a man lies carnally with a woman who is a slave girl, pledged to be married to another man, and not ransomed, or given her freedom; they shall be punished. They shall not be put to death, because she was not free.
၂၀``တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​ကျွန်​မ ကို​အ​ခြား​တစ်​ယောက်​အား​မ​ယား​ငယ်​အ​ဖြစ် ရောင်း​ရန်​က​တိ​ပေး​ပြီး​နောက် ဝယ်​သူ​က​ထို ကျွန်​မ​အ​တွက်​ငွေ​မ​ပေး​ရ​သေး​မီ​မူ​လ ပိုင်​ရှင်​သည် ကျွန်​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ တို့​နှစ်​ဦး​အား​သေ​ဒဏ်​မ​စီ​ရင်​ရ။ အ​ခြား အ​ပြစ်​ဒဏ်​ကို​သာ​စီ​ရင်​ရ​မည်။ အ​ဘယ် ကြောင့်​ဆို​သော်​ထို​ကျွန်​မ​ကို​သူ​ပိုင်​နေ သေး​သော​ကြောင့်​ဖြစ်​သည်။-
21 He shall bring his trespass offering to Jehovah, to the door of the Tent of Meeting, even a ram for a trespass offering.
၂၁သူ​သည်​အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ် သိုး​ထီး​တစ်​ကောင်​ကို​ငါ​စံ​တော်​မူ​ရာ​တဲ​တော် တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
22 The priest shall make atonement for him with the ram of the trespass offering before Jehovah for his sin which he has committed: and the sin which he has committed shall be forgiven him.
၂၂ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သိုး​ကို​ယဇ်​ပူ​ဇော်​၍ သူ့​အ​ပြစ်​ပြေ​စေ​ရန်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​ရ​မည်။ ထို​အ​ခါ​ဘု​ရား​သ​ခင်​သည်​သူ ၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​၏။
23 "'When you come into the land, and have planted all kinds of trees for food, then you shall count their fruit as forbidden. Three years shall they be forbidden to you. It shall not be eaten.
၂၃``သင်​တို့​သည်​ခါ​နာန်​ပြည်​သို့​ရောက်​ရှိ​သော အ​ခါ သစ်​သီး​ပင်​ကို​စိုက်​ပျိုး​၍​အ​ပင်​မှ ပ​ထ​မ​သုံး​နှစ်​အ​တွင်း သီး​သော​အ​သီး​များ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင် သ​ဖြင့် ထို​အ​သီး​များ​ကို​မ​စား​သုံး​ရ။-
24 But in the fourth year all its fruit shall be holy, for giving praise to Jehovah.
၂၄စ​တုတ္ထ​နှစ်​တွင်​သီး​သော​အ​သီး​ရှိ​သ​မျှ​ကို ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ကျေး​ဇူး​တင်​သည့် အ​နေ​ဖြင့်​ဆက်​ကပ်​ရ​မည်။-
25 In the fifth year you shall eat its fruit, that it may yield its increase to you. I am Jehovah your God.
၂၅ပဉ္စ​မ​နှစ်​သို့​ရောက်​လျှင်​သင်​တို့​သည်​သစ်​သီး များ​ကို​စား​သုံး​နိုင်​သည်။ သင်​တို့​သည်​အ​ထက် ပါ​အ​တိုင်း​လိုက်​နာ​လျှင် သစ်​သီး​အ​ထွက်​တိုး လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
26 "'You shall not eat any meat with the blood still in it; neither shall you practice divination, nor practice sorcery.
၂၆``သွေး​ပါ​ရှိ​နေ​သေး​သော​အ​သား​ကို​မ​စား​ရ။ ဗေ​ဒင်​မှော်​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​မ​ကျင့် သုံး​ရ။-
27 "'You shall not cut the hair on the sides of your heads, neither shall you clip off the edge of your beard.
၂၇သေ​သူ​အ​တွက်​ဝမ်း​နည်း​သည့်​အ​နေ​ဖြင့် ဦး ခေါင်း​ဘေး​ပတ်​လည်​ရှိ​ဆံ​ပင်​ကို​မ​ညှပ်​ရ။ မုတ်​ဆိတ်​မွေး​ကို​လည်း​မ​ညှိ​ရ။-
28 "'You shall not make any cuttings in your flesh for the dead, nor tattoo any marks on you. I am Jehovah.
၂၈ကိုယ်​ပေါ်​တွင်​ဆေး​မင်​လည်း​မထိုး​ရ။ ကိုယ်​ကို လည်း​မ​လှီး​မ​ရှ​ရ။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
29 "'Do not profane your daughter, to make her a prostitute; lest the land fall to prostitution, and the land become full of wickedness.
၂၉``ခါ​နာန်​နတ်​ဘု​ရား​များ​ကို ကိုး​ကွယ်​ရာ​ဌာ​န​နှင့် ဆိုင်​သော​ပြည့်​တန်​ဆာ​များ​အ​ဖြစ် မိ​မိ​သ​မီး များ​ကို​စေ​ခိုင်း​ခြင်း​အား​ဖြင့်​သူ​တို့​၏​အ​သ​ရေ ကို​မ​ပျက်​စေ​နှင့်။ ထို​သို့​ပြု​လျှင်​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍​အ​ကျင့်​ပျက် ကုန်​ကြ​လိမ့်​မည်။-
30 "'You shall keep my Sabbaths, and reverence my sanctuary; I am Jehovah.
၃၀ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​၍ ငါ့​အား​ဝတ်​ပြု​ရာ ဌာ​န​တော်​ကို​ရို​သေ​လော့။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။
31 "'Do not turn to spirits of the dead, and do not inquire of familiar spirits, to be defiled by them. I am Jehovah your God.
၃၁``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ တို့​ထံ​မှ အ​ကြံ​ဉာဏ်​မ​တောင်း​ခံ​နှင့်။ ထို​သို့​ပြု လျှင်​သင်​တို့​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ ညစ်​ညမ်း​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
32 "'You shall rise up before the gray head, and honor the face of an old man, and you shall fear your God. I am Jehovah.
၃၂``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။
33 "'If a stranger lives as a foreigner with you in your land, you shall not do him wrong.
၃၃``သင်​တို့​ပြည်​တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​တို့ ကို​မ​ညှင်း​ဆဲ​ရ။-
34 The stranger who lives as a foreigner with you shall be to you as the native-born among you, and you shall love him as yourself; for you lived as foreigners in the land of Egypt. I am Jehovah your God.
၃၄သူ​တို့​အား​တိုင်း​ရင်း​သား​ချင်း​ကဲ့​သို့​ဆက်​ဆံ​၍ ကိုယ်​နှင့်​အ​မျှ​ချစ်​ခင်​ရ​မည်။ သင်​တို့​သည်​လည်း အီ​ဂျစ်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​အ​ဖြစ်​နေ ထိုင်​ခဲ့​ရ​ဖူး​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။ ငါ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။
35 "'You shall do no unrighteousness in judgment, in measures of length, of weight, or of quantity.
၃၅``မ​မှန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​၍ သူ​တစ်​ပါး​အား​မ​လှည့်​စား ရ။-
36 You shall have just balances, just weights, a just ephah, and a just hin. I am Jehovah your God, who brought you out of the land of Egypt.
၃၆မှန်​ကန်​သော​အ​တိုင်း​အ​တာ​အ​ခြင်​အ​တွယ် တို့​ကို​သုံး​ရ​မည်။ ငါ​သည်​သင်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​တော်​မူ​၏။-
37 You shall observe all my statutes, and all my ordinances, and do them. I am Jehovah.'"
၃၇ငါ​၏​ပ​ညတ်​များ​နှင့်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘုရား ဖြစ်​တော်​မူ​၏။''

< Leviticus 19 >