< Jeremiah 21 >
1 The word which came to Jeremiah from Jehovah, when king Zedekiah sent to him Pashhur the son of Malchijah, and Zephaniah the son of Maaseiah, the priest, saying,
၁ဇေဒကိ မင်းကြီး သည် မေလခိ သား ပါရှုရ နှင့်၊ ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ယေရမိ ထံသို့ စေလွှတ် ၍၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို စစ်တိုက် သည်ဖြစ်၍၊ သူ့ကိုငါ့ တို့ထံမှ ပြန်သွား စေခြင်းငှါ ၊ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကိုပြုတော်မူသမျှ အတိုင်း ၊
2 "Please inquire of Jehovah for us; for Nebuchadnezzar king of Babylon makes war against us: perhaps Jehovah will deal with us according to all his wondrous works, that he may go up from us."
၂ငါ တို့၌တဖန်ပြု တော်မူမည်အကြောင်း၊ ငါ တို့အတွက် ထာဝရဘုရား ကိုတောင်းပန် ပါလော့ဟုမိန့် တော်မူသောအခါ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက်လာ ၍၊
3 Then Jeremiah said to them, "You shall tell Zedekiah:
၃ယေရမိ က၊ သင်တို့သည် ဇေဒကိ မင်းကြီးအား ပြန်ပြော ရမည်မှာ၊
4 'Thus says Jehovah, the God of Israel, "Look, I will turn back the weapons of war that are in your hands, with which you fight against the king of Babylon, and against the Chaldeans who besiege you, without the walls; and I will gather them into the midst of this city.
၄ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့၏မြို့ ပြင် မှာ တပ်စွဲ ၍ နေသောဗာဗုလုန် ရှင်ဘုရင် ၊ ခါလဒဲ အမျိုးသားတို့ကို စစ်တိုက်လျက်၊ သင် တို့စွဲကိုင် သော လက်နက် များကို ငါ လွဲ စေမည်။ ထိုသူ တို့ကို မြို့ ထဲ၌ ငါစည်းဝေး စေမည်။
5 I myself will fight against you with an outstretched hand and with a strong arm, even in anger, and in wrath, and in great indignation.
၅ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၍ ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။
6 I will strike the inhabitants of this city, both man and animal: they shall die of a great pestilence.
၆ဤ မြို့ ၌နေ သောလူ သတ္တဝါတိရစ္ဆာန် တို့ကို ငါသည် ဒဏ်ခတ် ၍ ၊ ပြင်း စွာသောကာလနာ ဖြင့် သေ ရ ကြလိမ့်မည်။
7 Afterward," says Jehovah, "I will deliver Zedekiah king of Judah, and his servants, and the people, even such as are left in this city from the pestilence, from the sword, and from the famine, into the hand of Nebuchadnezzar king of Babylon, and into the hand of their enemies, and into the hand of those who seek their life: and he shall strike them with the edge of the sword; he shall not spare them, neither have pity, nor have mercy."'
၇ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထို နောက်မှ နာ ဘေး၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေးနှင့် လွတ်၍၊ ကျန် ကြွင်းသော မြို့သားတည်းဟူသောယုဒ ရှင်ဘုရင် ဇေဒကိ မှစ၍ သူ ၏ကျွန် များ၊ သူ၏လူ များတို့ကို၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အစ ရှိသော ရန်သူ များ၊ သတ် ချင်သော သူများလက် သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်း ကရုဏာမ ရှိ၊ မ စုံမက် ၊ မ နှမြော ဘဲ၊ ထား နှင့် ကွပ်မျက် လိမ့်မည်ဟု ဆင့်ဆိုလေ၏။
8 To this people you shall say, "Thus says Jehovah: 'Look, I set before you the way of life and the way of death.
၈ထာဝရဘုရား ကလည်း၊ သင်သည် ဤ လူမျိုး တို့ အား ဆင့် ဆိုရသော ထာဝရဘုရား၏ အမိန့်တော်ဟူမူကား ၊ အသက်ရှင် ရာလမ်း ၊ သေ ရာလမ်း တို့ကို သင် တို့ရှေ့ မှာ ငါ ဖွင့် ထား၏။
9 He who remains in this city shall die by the sword, and by the famine, and by the pestilence; but he who goes out, and passes over to the Chaldeans who besiege you, he shall live, and his life shall be to him for a prey.
၉ဤ မြို့ ထဲမှာ နေ သောသူသည် ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ နာ ခြင်းဘေးဖြင့် သေ လိမ့်မည်။ မြို့ပြင်သို့ထွက် ၍ ၊ မြို့ပြင်မှာ တပ်စွဲ လျက်နေသောခါလဒဲ လူတို့ဘက်သို့ ဝင်စား သောသူသည် အသက် ချမ်းသာ၍ လုယူရသော ဥစ္စာ ကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။
10 For I have set my face on this city for evil, and not for good,' says Jehovah: 'it shall be given into the hand of the king of Babylon, and he shall burn it with fire.'
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဤ မြို့ ကို ကျေးဇူး မ ပြု၊ အပြစ် ပြုခြင်းငှါ ငါ သည် မျက်နှာ ထား သည်ဖြစ် ၍၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် မီးရှို့ လိမ့်မည်။
11 Touching the house of the king of Judah, hear the word of Jehovah:
၁၁ယုဒ ရှင်ဘုရင် အမျိုး ကို ရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသောစကား တော်ကို နားထောင် ကြလော့။
12 'House of David, thus says Jehovah, "Execute justice in the morning, and deliver him who is robbed out of the hand of the oppressor, lest my wrath go forth like fire, and burn so that none can quench it, because of the evil of your doings.
၁၂အို ဒါဝိဒ် မင်းကြီးအမျိုး ၊ ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ မဆိုင်းမလင့်၊ တရား သဖြင့် စီရင် ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ၏ လက် မှ ကယ်နှုတ် ကြလော့။ သို့မဟုတ် ၊ သင် တို့ပြု သောဒုစရိုက် အပြစ်ကြောင့် ၊ ငါ့ အမျက် သည် မီး ကဲ့သို့ ဖြစ်၍ ၊ အဘယ် သူမျှမသတ် နိုင်အောင်လောင် လိမ့်မည်။
13 Look, I am against you, O inhabitant of the valley, and of the rock of the plain," says Jehovah; "you that say, 'Who shall come down against us? Or who shall enter into our habitations?'
၁၃ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုချိုင့် ၌ နေ သောသူ၊ အိုလွင်ပြင် ၌ရှိသောကျောက် ၊ သင့် တဘက် ၌ ငါ နေ၏။ သင်တို့က၊ ငါ တို့ကို အဘယ်သူ စစ်တိုက် နိုင်မည်နည်း ။ ငါ တို့ နေရာ ထဲသို့ အဘယ်သူ ဝင် နိုင်မည်နည်းဟု ဆို တတ်သော်လည်း ၊
14 I will punish you according to the fruit of your doings," says Jehovah; "and I will kindle a fire in her forest, and it shall devour all that is around her."'"
၁၄သင် တို့အကျင့် နှင့် ထိုက်လျောက်အောင် အပြစ် ဒဏ် ကို ငါပေးမည်။ သင်တို့တော ကို ငါရှို့ သော မီး သည်၊ ပတ်လည် ၌ရှိသမျှ သောအရာတို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။