< Jeremiah 13 >
1 Thus says Jehovah to me, "Go, and buy yourself a linen belt, and put it on your waist, and do not put it in water."
၁တဖန် ထာဝရဘုရား က၊ သင်သည် ချည် ခါးပန်း ကို သွား ၍ ယူ ပြီးလျှင် ခါး ၌ စည်း လော့။ ရေ နှင့် မ လျှော် ရ ဟု ငါ့ အား မိန့် တော်မူသောစကားတော်အတိုင်း ၊
2 So I bought a belt according to the word of Jehovah, and put it on my waist.
၂ငါသည် ခါးပန်း ကိုယူ ၍ ခါး ၌ စည်း လေ၏။
3 The word of Jehovah came to me the second time, saying,
၃ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် လျှင် ၊
4 "Take the belt that you have bought, which is on your waist, and arise, go to the Perath, and hide it there in a cleft of the rock."
၄သင် သည် ခါး ၌စည်းသော ခါးပန်း ကို ယူ ပြီး လျှင်၊ ဥဖရတ် မြစ်သို့ ထ သွား ၍ ၊ ကျောက် တွင်း ၌ ဝှက် ထားလော့ဟု၊
5 So I went, and hid it by the Perath, as Jehovah commanded me.
၅မိန့် တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ဥဖရတ် မြစ်နား မှာ ဝှက် ထား၏။
6 It happened after many days, that Jehovah said to me, "Arise, go to the Perath, and take the belt from there, which I commanded you to hide there."
၆ထို နောက်၊ ကာလ အင်တန်ကြာ ပြီးမှ ၊ ထာဝရဘုရား က၊ သင်သည် ထ ၍ ဥဖရတ် မြစ်သို့ သွား လော့။ ထို မြစ်နား မှာ ငါ့အမိန့် တော်နှင့် ဝှက် ထားခဲ့ပြီးသော ခါးပန်း ကိုထုတ် လော့ဟု မိန့် တော်မူ၏။
7 Then I went to the Perath, and dug, and took the belt from the place where I had hidden it; and look, the belt was marred, it was profitable for nothing.
၇ငါသည်လည်း ဥဖရတ် မြစ်နား သို့ သွား ပြီးလျှင် ၊ ဝှက် ထားရာအရပ် ၌ တူး ၍ ခါးပန်း ကို ထုတ် သောအခါ၊ ခါးပန်း သည် ဆွေးမြေ့ ၍ အသုံး မ ရဖြစ်၏။
8 Then the word of Jehovah came to me, saying,
၈ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊
9 "Thus says Jehovah, 'In this way I will mar the pride of Judah, and the great pride of Jerusalem.
၉ထိုနည်းတူ ၊ ယုဒ ပြည်၏ ထောင်လွှား ခြင်းကို ငါရှုတ်ချ မည်။ ယေရုရှလင် မြို့၏ ထောင်လွှား ခြင်းကို အလွန် ရှုတ်ချမည်။
10 This evil people, who refuse to hear my words, who walk in the stubbornness of their heart, and are gone after other gods to serve them, and to worship them, shall even be as this belt, which is profitable for nothing.
၁၀ငါ့ စကား ကို နား မထောင်၊ မိမိ စိတ် နှလုံးခိုင်မာ သော သဘောအတိုင်း ကျင့် ၍၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ခြင်းငှါ လိုက်သွား သော ဤ လူ ဆိုး မျိုးသည်၊ အသုံး မ ရသော ဤ ခါးပန်း ကဲ့သို့ ဖြစ် လိမ့်မည်။
11 For as the belt clings to the waist of a man, so have I caused to cling to me the whole house of Israel and the whole house of Judah,' says Jehovah; 'that they might be my people, for a name, for praise, and for glory. But they would not listen.
၁၁ခါးပန်း သည် လူ ၏ခါး ၌ မှီဝဲ သကဲ့သို့ ၊ ဣသရေလ အမျိုး ရှိသမျှ တို့နှင့် ယုဒ အမျိုး အပေါင်း တို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့ နာမ၊ ဘုန်း အသရေ ဖြစ် စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
12 Therefore you shall speak to them this word: 'Thus says Jehovah, the God of Israel, "Every jar shall be filled with wine."' And if they shall say to you, 'Do we not certainly know that every jar shall be filled with wine?'
၁၂တဖန် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ သားရေ ဘူးရှိသမျှ တို့သည် စပျစ်ရည် နှင့် ပြည့် ကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ၊ သင် သည် သူ တို့အား ပြော လော့။ သူတို့ကလည်း၊ သားရေ ဘူး ရှိသမျှ တို့ သည် စပျစ်ရည် နှင့်ပြည့် ကြလိမ့်မည်အကြောင်း ကို၊ ငါတို့မ သိ သလောဟု ပြန်ပြော ကြလျှင်၊
13 Then you shall tell them, 'Thus says Jehovah, "Look, I will fill all the inhabitants of this land, even the kings who sit on David's throne, and the priests, and the prophets, and all the inhabitants of Jerusalem, with drunkenness.
၁၃သင်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဒါဝိဒ် မင်းကြီး ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် သော ရှင်ဘုရင်မှစ၍ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သား ရှိသမျှ တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့ကို ယစ်မူး ခြင်းနှင့် ငါပြည့် စေမည်။
14 I will dash them one against another, even the fathers and the sons together, says Jehovah. I will not pity, nor spare, nor have compassion, that I should not destroy them."'"
၁၄ညီအစ်ကိုချင်း၊ သား အဘ ချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာ မ ရှိ၊ မ နှမြော ၊ မ ကယ်မ ဘဲ၊ ထိုသူ တို့ကို ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 "Hear, and give ear; do not be proud; for Jehovah has spoken.
၁၅သင်တို့သည် နားထောင် နာယူ ကြလော့။ ထောင်လွှား သောစိတ် မ ရှိကြနှင့်။ ထာဝရဘုရား အမိန့် တော် ရှိ၏။
16 Give glory to Jehovah your God, before he causes darkness, and before your feet stumble on the dark mountains, and, while you look for light, he turns it into the shadow of death, and makes it gross darkness.
၁၆မိုဃ်းမချုပ်မှီ၊ မိုက် သောတောင် ပေါ် မှာ သင် တို့သည် ထိခိုက် ၍ မ လဲမှီ၊ အလင်း ကို မြော်လင့် သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ် သော မှောင်မိုက်ကို ဖြစ် စေတော်မမူမှီ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
17 But if you will not hear it, my soul shall weep in secret for your pride; and my eye shall weep bitterly, and run down with tears, because Jehovah's flock is taken captive."
၁၇သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
18 "Say to the king and to the queen mother, 'Take a lowly seat, for your glorious crowns have come down from your heads.
၁၈ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင် ကြလော့။ သင် တို့၌ ဘုန်းကြီး သော သရဖူ သည် သင် တို့၏ ခေါင်း ပေါ်မှ ဆင်း ရလိမ့်မည်ဟု၊ ရှင်ဘုရင် နှင့် မိဖုရား တို့အား ပြော လော့။
19 The cities toward the Negev are shut, and there is no one to open them: Judah is carried away into exile, all of it; it is wholly carried away into exile.'"
၁၉တောင် ဘက် မြို့ တို့ကို ပိတ် ထား၍ အဘယ်သူ မျှ မဖွင့် ရ။ ယုဒ ပြည်သူပြည်သားအပေါင်း တို့ကို သိမ်းသွား ကြပြီ။ အကုန် အစင်သိမ်းသွား ကြပြီ။
20 "Lift up your eyes, and see those who come from the north: where is the flock that was given you, your beautiful flock?
၂၀မြောက် မျက်နှာက လာ သောသူတို့ ကို မျှော် ၍ ကြည့် လော့။ သင့် အား ငါပေး သော သိုးစု ၊ လှ သောသိုးစု သည် အဘယ် မှာရှိသနည်း။
21 What will you say, when he shall set over you as head those whom you have yourself taught to be friends to you? Shall not sorrows take hold of you, as of a woman in travail?
၂၁သင် သည် ဆုံးမ တော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြော လိမ့်မည်နည်း။ သူ တို့သည် သင့် ကို အစိုး တရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံ ပေးပြီး။ သားဘွား သော မိန်းမ ခံရသောဝေဒနာ ကို သင် ခံရ လိမ့်မည်မ ဟုတ်လော။
22 If you say in your heart, 'Why are these things come on me?' for the greatness of your iniquity are your skirts uncovered, and your heels suffer violence.
၂၂သင်ကလည်း၊ အဘယ် အကြောင်းကြောင့် ဤ အမှုရောက် သနည်းဟုစိတ် ထဲ၌ အောက်မေ့ လျှင် ၊ သင် ၏အပြစ် များ သောကြောင့် ၊ သင့် အဝတ် ကို ချွတ် ရ၏။ ခြေနင်း ကိုလည်းမ စီးရ။
23 Can the Ethiopian change his skin, or the leopard his spots? Then may you also do good, who are accustomed to do evil.
၂၃အဲသယောပိ လူသည် မိမိ အရေ ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိ အကွက် အကျားတို့ကို၎င်းပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက် ကို ပြုလေ့ရှိသောသူတို့ သည်၊ သုစရိုက် ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
24 'therefore I will scatter them, as the stubble that passes away, by the wind of the wilderness.
၂၄ထိုကြောင့် ၊ ဖွဲ ကို လေ ပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူ တို့ကို ငါလွင့် စေမည်။
25 This is your lot, the portion measured to you from me,' says Jehovah; 'because you have forgotten me, and trusted in falsehood.
၂၅သင်သည်ငါ့ ကို မေ့လျော့ ၍ ၊ မုသာ ၌ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့် အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာ ကား ဤ သို့တည်း။
26 therefore I will also uncover your skirts on your face, and your shame shall appear.
၂၆ထိုသို့ နှင့်အညီသင် ရှက် စရာအကြောင်းကို ထင်ရှား စေခြင်းငှါ ၊ သင် ၏ အဝတ် ကို ငါ ဖွင့်လှစ် ၍ ပြ မည်။
27 I have seen your abominations, even your adulteries, and your neighing, the lewdness of your prostitution, on the hills in the field. Woe to you, Jerusalem. You will not be made clean; how long shall it yet be?'"
၂၇သင် ၏ မျောက်မထား ခြင်း၊ ဟီ မြည်ခြင်း၊ မတရား သောမေထုန် ၏ညစ်ညူး ခြင်း၊ တောင် ပေါ်၌၎င်း ၊ လယ်ပြင် ၌ ၎င်း ပြုသောစက်ဆုပ် ရွံရှာဘွယ်တို့ကို ငါ သိ မြင်၏။ အိုယေရုရှလင် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ သန့်ရှင်း ခြင်းသို့ မ ရောက်ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။