< Genesis 18 >

1 And God appeared to him by the oaks of Mamre, as he sat at the entrance to the tent in the heat of the day.
ထာဝရဘုရား သည် မံရေ သပိတ် တောနား မှာ၊ အာဗြဟံ အား ထင်ရှား တော်မူသည် အကြောင်းအရာဟူမူကား ၊ နေ ပူ သောအချိန်တွင် အာဗြဟံသည် တဲ တံခါးဝ ၌ ထိုင် လျက်၊
2 He lifted up his eyes and looked, and saw that three men stood opposite him. When he saw them, he ran to meet them from the entrance of the tent, and bowed himself to the earth,
မြော် ကြည့် ၍ ၊ မိမိ ရှေ့ မှာ လူ သုံး ယောက် ရပ် နေကြသည်ကို မြင် သောအခါ ၊ ခရီးဦးကြိုပြု ခြင်းငှါ တဲ တံခါးဝ မှ ပြေး ၍ မြေ သို့ ဦးညွတ် ချလျက်၊
3 and said, "My lord, if now I have found favor in your sight, please do not go on past your servant.
အကျွန်ုပ်သခင် ၊ ရှေ့ တော်၌ အကျွန်ုပ်သည် မျက်နှာ ရလျှင် ကိုယ်တော် ကျွန် မှ လွန် ၍ မ သွားပါနှင့်။
4 Now let a little water be brought, and wash your feet, and rest yourselves under the tree.
ရေ အနည်းငယ် ကို ယူ ခဲ့ပါရစေ။ ခြေ ကို ဆေး ပြီးလျှင် သစ်ပင် အောက် ၌ လျောင်း နေကြပါလော့။
5 I will get a bit of food so you may refresh yourselves. After that you may go your way, now that you have come to your servant." They said, "Very well, do as you have said."
မုန့် အနည်းငယ် ကိုလည်း ယူ ခဲ့ပါမည်။ အမောအပန်း ပြေသောအခါ သွား ကြပါလော့။ ထိုသို့ သော ကျေးဇူးတော်ကိုခံ စေခြင်းငှါ၊ ကိုယ်တော် ကျွန် ရှိရာသို့ ရောက် ပါပြီဟုဆို၏။ ထိုသူတို့ကလည်း ၊ ပြော သည်အတိုင်း ပြု ပါလော့ဟုဆို ကြ၏။
6 Abraham hurried into the tent to Sarah, and said, "Quickly, get three measures of fine flour, knead it, and make bread."
အာဗြဟံ သည်လည်း ၊ တဲ အတွင်း ၌ရှိသောစာရာ ဆီသို့ အလျင်အမြန် ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက် သုံး စလယ် ကို အသော့ ပြင်၍နယ် ပါ။ ပေါင်မုန့် ကို လုပ် ပါဟုဆို လေ၏။
7 Abraham ran to the herd, and took a tender and good calf, and gave it to the servant, and he hurried to prepare it.
တဖန် နွား စုသို့ ပြေး ၍ နုထွား ကောင်းမွန်သော နွားသငယ် ကို ယူခဲ့၍၊ လုလင် ၌ အပ် သဖြင့် မြန်မြန် ပြင်ဆင် စေ ၏။
8 He took curds, milk, and the calf that he had prepared, and set it before them. He stood by them under the tree, and they ate.
ထိုနောက် နို့ နှင့် နို့ဓမ်း ကို၎င်း၊ ပြင်ဆင် သော နွား သငယ် ကို၎င်း ယူ ၍၊ ထိုသူ တို့ရှေ့ ၌ ထည့် ပြီးလျှင် ၊ သစ်ပင် အောက် ၊ သူ တို့အနား မှာရပ် နေ၍ ၊ သူတို့သည် စား ကြ၏။
9 They said to him, "Where is Sarah, your wife? He said, "See, in the tent."
ပြီး သောအခါ၊ သင် ၏ မယား စာရာ သည် အဘယ် မှာရှိသနည်းဟုမေး ကြလျှင်၊ တဲ အတွင်း ၌ ရှိပါသည်ဟု ပြန် ပြော၏။
10 Then he said, "I will certainly return to you at the time of life. Look, Sarah your wife will have a son." Sarah heard from the entrance of the tent, which was behind him.
၁၀ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
11 Now Abraham and Sarah were old, well advanced in age. Sarah was past the age of childbearing.
၁၁ထိုအခါ အာဗြဟံ နှင့် စာရာ သည် အသက် အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမ တို့၌ ဥတုရောက် မြဲ ရှိသည့်အတိုင်း မ ရောက်ပြီ။
12 Sarah laughed within herself, saying, "After I have grown old will I have pleasure, my husband being old also?"
၁၂ထိုကြောင့် စာရာ က၊ ငါ လည်းအို ပြီ၊ ငါ့ သခင် လည်း အို ပြီ၊ သို့ဖြစ်၍ငါ သည် ပျော်မွေ့ ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ် လေ၏။
13 And God said to Abraham, "Why did Sarah laugh, saying, 'Will I really bear a child when I am old?'
၁၃သင်၏မယားစာရာ က၊ အကယ်၍ငါ သည် အို ပြီး မှ၊ သားကို ဘွား လိမ့်မည်လောဟုဆို လျက် ၊ အဘယ်ကြောင့် ရယ် သနည်း။
14 Is anything too difficult for God? At the set time I will return to you, at the time of life, and Sarah will have a son."
၁၄ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
15 But Sarah denied it, saying, "I did not laugh," for she was afraid. He said, "No, but you did laugh."
၁၅စာရာ ကလည်း ကျွန်မမ ရယ် ပါဟု၊ ကြောက် ၍ ငြင်း လေ၏။ မဟုတ် ဘူး။ သင်ရယ် ပြီဟုမိန့် တော်မူ၏။
16 The men rose up from there, and looked toward Sodom. Abraham went with them to see them on their way.
၁၆ထိုလူ တို့သည် ထို အရပ်က ထ ၍ သောဒုံ မြို့သို့ မျက်နှာ ပြုလျက် သွားကြ၏။ အာဗြဟံ သည်လည်း သူ တို့ ကို ပို့ ခြင်းငှါ လိုက် လေ၏။
17 And God said, "Will I hide from Abraham what I am about to do,
၁၇ထာဝရဘုရား ကလည်း ၊ ငါ ပြု မည်အမှုကို အာဗြဟံ အား မဘော်မပြဘဲ ဝှက် ထားရမည်လော။
18 seeing that Abraham will surely become a great and mighty nation, and all the nations of the earth will be blessed through him?
၁၈အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
19 For I have made myself known to him, so that he may command his children and his household after him, that they may keep the way of God, to do righteousness and justice, so that God may bring to Abraham that which he has spoken to him."
၁၉အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
20 And God said, "Because the cry of Sodom and Gomorrah is great, and because their sin is so grievous,
၂၀တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊
21 I will go down now, and see whether they have done entirely according to the outcry which has come to me. And if not, I will know."
၂၁ယခု ငါသွား ၍ ငါ့ ရှေ့သို့ရောက် ခဲ့ပြီးသော ကြွေးကြော် ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မ ပြုသည်ကို ငါကြည့်ရှု မည်။ မ ပြု လျှင် မပြုကြောင်း ကို ငါသိ မည် ဟု မိန့် တော်မူ၏။
22 The men turned from there, and went toward Sodom, but Abraham remained standing before God.
၂၂ထိုသူတို့သည် ထို အရပ်မှ မျက်နှာလှည့် ၍ သောဒုံ မြို့သို့ သွား ကြ၏။ အာဗြံဟံ မူကား ၊ ထာဝရဘုရား ရှေ့တော်၌ ရပ် နေလျက်ရှိ သေး၏။
23 Abraham drew near, and said, "Will you sweep away the righteous with the wicked?
၂၃ထိုအခါ အာဗြဟံ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ် သောသူတို့ ကို၊ မတရား သောသူတို့ နှင့်တကွ ဖျက်ဆီး တော်မူမည်လော။
24 What if there are fifty righteous within the city? Will you sweep it away and not spare the place for the fifty righteous who are in it?
၂၄ထိုမြို့ တွင် ဖြောင့်မတ် သောသူငါး ဆယ်ရှိ လျှင် ၊ ဖျက်ဆီး တော်မူမည်လော။ ဖြောင့်မတ် သောသူ ငါး ဆယ်ပါသောမြို့ကို သူ တို့အတွက် မ နှမြော ဘဲ ဖျက်ဆီးတော်မူ မည်လော။
25 Be it far from you to do things like that, to kill the righteous with the wicked, so that the righteous should be like the wicked. May that be far from you. Shouldn't the Judge of all the earth do right?"
၂၅ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။
26 And God said, "If I find in Sodom fifty righteous within the city, then I will spare all the place for their sake."
၂၆ထာဝရဘုရား ကလည်း ၊ သောဒုံ မြို့၌ ဖြောင့်မတ် သောသူငါး ဆယ်ကို ငါတွေ့ လျှင် ၊ သူ တို့အတွက် ထိုအရပ် လုံး ကို ငါနှမြော မည်ဟု မိန့် တော်မူ၏။
27 Abraham answered, "Look, I have taken it on myself to speak to the Lord, I who am but dust and ashes.
၂၇တဖန် အာဗြဟံ က၊ အကျွန်ုပ် သည် မြေ မှုန့်နှင့် ပြာ သက်သက်ဖြစ်သော်လည်း ၊ ဘုရား ရှင်ကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။
28 What if there will lack five of the fifty righteous? Will you destroy all the city for lack of five?" He said, "I will not destroy it, if I find forty-five there."
၂၈ဖြောင့်မတ် သောသူ ငါး ဆယ်တို့တွင် ငါး ယောက်မ ပြည့်လျှင် ၊ ထိုငါး ယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့ လုံး ကို ဖျက်ဆီး တော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထို မြို့၌ လေး ဆယ့်ငါး ယောက်ကို ငါတွေ့ လျှင် ၊ ငါမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
29 He spoke to him yet again, and said, "What if there are forty found there?" He said, "I will not do it for the forty's sake."
၂၉တဖန် တုံ၊ ထိုမြို့၌ လေး ဆယ်ကိုတွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထိုလေး ဆယ်အတွက် ငါမ ပြု ဘဲနေမည်ဟု မိန့် တော်မူ၏။
30 He said, "Oh do not let the Lord be angry, and I will speak. What if there are thirty found there?" He said, "I will not do it, if I find thirty there."
၃၀တဖန် တုံ၊ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်၊ အကျွန်ုပ် လျှောက် ပါရစေ။ ထို မြို့၌သုံး ဆယ်ကို တွေ့ ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထို မြို့၌ သုံး ဆယ်ကိုငါတွေ့ လျှင် ၊ ငါမ ပြု ဟုမိန့် တော်မူ၏။
31 He said, "Look, I have taken it on myself to speak to the Lord. What if there are twenty found there?" He said, "I will not destroy it for the twenty's sake."
၃၁တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရ ဘုရားကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။ ထို မြို့၌ နှစ် ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ နှစ် ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
32 He said, "Oh do not let the Lord be angry, and I will speak just once more. What if ten are found there?" He said, "I will not destroy it for the ten's sake."
၃၂အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက် ပါရစေဦး။ ထို မြို့၌ တ ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ တ ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
33 When he finished speaking with Abraham, he left, and Abraham returned to his place.
၃၃ထာဝရဘုရား သည် အာဗြံဟံ နှင့် နှုတ်ဆက် ခြင်း အမှုကုန်စင် ပြီးမှကြွ သွားတော်မူ၏။ အာဗြံဟံ သည် လည်း မိမိ နေရာ အရပ်သို့ ပြန် လေ၏။

< Genesis 18 >