< Galatians 2 >
1 Then after a period of fourteen years I went up again to Jerusalem with Barnabas, taking Titus also with me.
၁တစ်ဆယ့်လေးနှစ်မျှကြာသောအခါ ငါနှင့် ဗာနဗတို့သည် တိတုကိုခေါ်၍ယေရု ရှလင်မြို့သို့ပြန်သွား၏။-
2 I went up by revelation, and I explained to them the Good News which I preach among those who are not Jewish, but privately before those who were respected, for fear that I might be running, or had run, in vain.
၂ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-
3 But not even Titus, who was with me, being a Greek, was compelled to be circumcised.
၃ငါတို့အသိုင်းအဝိုင်းထဲသို့ဝင်ရောက်လာ သူယုံကြည်သူအယောင်ဆောင်အချို့တို့က ငါ၏အဖော်တိတုအားအရေဖျားလှီး မင်္ဂလာကိုပေးစေလိုကြ၏။ သူသည်ဂရိ အမျိုးသားပင်ဖြစ်သော်လည်း ငါသည် သူ့အားအရေဖျားလှီးမင်္ဂလာကိုအတင်း မခံစေပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝ တည်းရှိခြင်းအားဖြင့် ငါတို့ရရှိသော လွတ်လပ်မှုကိုလျှို့ဝှက်စွာစုံစမ်းလိုသဖြင့် ထိုသူတို့သည်ငါတို့အသိုင်းအဝိုင်းထဲ သို့ဝင်ရောက်လာကြခြင်းဖြစ်သည်။ သူတို့ ကငါတို့အားကျွန်ဖြစ်စေလိုကြ၏။-
4 This was because of the false brothers secretly brought in, who stole in to spy out our liberty which we have in Christ Jesus, that they might bring us into bondage;
၄
5 to whom we gave no place in the way of subjection, not for an hour, that the truth of the Good News might continue with you.
၅သို့ရာတွင်သတင်းကောင်းဆိုင်ရာသစ္စာတရား ကို သင်တို့အတွက်ထိန်းသိမ်းထားနိုင်ရန် ငါ တို့သည်သူတို့အားခေတ္တခဏမျှပင် အလျှော့မပေးခဲ့။
6 But from those who were reputed to be important (whatever they were, it makes no difference to me; God shows no favoritism between people)—they, I say, who were respected imparted nothing to me,
၆ခေါင်းဆောင်များဟုထင်မှတ်ရသူတို့သည် ငါ့အားအကြံဉာဏ်သစ်မပေးကြ။ သူတို့ သည်အကယ်ပင်ခေါင်းဆောင်များဟုတ် သည်မဟုတ်သည်မှာ ငါ၏အတွက်အရေး မကြီးပါ။ အဘယ်ကြောင့်ဆိုသော်ဘုရား သခင်သည်အပြင်ပုံသဏ္ဌာန်အားဖြင့် လူ တို့အားအကဲဖြတ်တော်မမူသောကြောင့် ပင်ဖြစ်၏။-
7 but to the contrary, when they saw that I had been entrusted with the Good News for the uncircumcision, even as Peter with the Good News for the circumcision
၇ထိုသူတို့သည်ငါ့အားအကြံဉာဏ်သစ် ပေးမည့်အစားဘုရားသခင်သည် ပေတရု အားသတင်းကောင်းကိုအရေဖျားလှီး မင်္ဂလာခံသူတို့အား ဟောပြောကြေညာ ရန်တာဝန်ပေးတော်မူသကဲ့သို့ ငါ့အား လူမျိုးခြားတို့အားသတင်းကောင်းကို ဟောပြောကြေညာရန် တာဝန်ပေးတော်မူ ကြောင်းသိမြင်လာကြလေသည်။-
8 (for he who appointed Peter to be an apostle of the circumcision appointed me also to the non-Jews);
၈အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် တန်ခိုးတော်ဖြင့် ပေတရုအားအရေဖျား လှီးမင်္ဂလာခံသူတို့အတွက် တမန်တော် အဖြစ်ခန့်ထားတော်မူသကဲ့သို့ ငါ့အား လည်းလူမျိုးခြားတို့အတွက်တမန်တော် အဖြစ်ခန့်ထားတော်မူသောကြောင့်ဖြစ်၏။-
9 and when they perceived the grace that was given to me, James and Cephas and John, they who were reputed to be pillars, gave to me and Barnabas the right hand of fellowship, that we should go to the non-Jews, and they to the circumcised.
၉အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
10 They only asked us to remember the poor—which very thing I was also zealous to do.
၁၀ငါတို့သည်ဆင်းရဲသူတို့ကိုသတိရ ကူညီမစရန်သူတို့အလိုရှိ၏။ ထိုသို့ ဆောင်ရွက်ရန်ငါလည်းစိတ်စေတနာ ထက်သန်၏။
11 But when Cephas came to Antioch, I resisted him to his face, because he stood condemned.
၁၁အန္တိအုတ်မြို့သို့ပေတရုရောက်ရှိလာသော အခါ သူ၏အပြုအမူသည်မှားလျက်နေ သည်မှာသိသာထင်ရှားသဖြင့် ငါသည် သူ့အားလူတို့ရှေ့တွင်ပြစ်တင်ပြောဆို၏။-
12 For before some people came from James, he ate with those who were not Jewish. But when they came, he drew back and separated himself, fearing those who were of the circumcision.
၁၂ယာကုပ်စေလွှတ်လိုက်သောသူများမရောက်မီ သူသည်လူမျိုးခြားတို့နှင့်အတူစားသောက် လျက်နေ၏။ သို့သော်လည်းယာကုပ်စေလွှတ် လိုက်သောသူတို့ရောက်ရှိလာသောအခါ၌ မူကား လူမျိုးခြားတို့နှင့်ပေါင်းဖော်စား သောက်မှုကိုမပြုတော့ချေ။ အဘယ်ကြောင့် ဆိုသော်သူသည်လူမျိုးခြားတို့အား အရေ ဖျားလှီးမင်္ဂလာခံစေလိုသောသူတို့ကို ကြောက်သောကြောင့်ဖြစ်သည်။-
13 And the rest of the Jewish believers joined him in his hypocrisy; so that even Barnabas was carried away with their hypocrisy.
၁၃အခြားယုဒအမျိုးသားယုံကြည်သူများ သည်လည်း ပေတရုကဲ့သို့ပင်သူရဲဘောကြောင် သည့်အပြုအမူကိုပြုလုပ်လာသဖြင့် ဗာနဗ ပင်လျှင်သူတို့၏ဘက်သို့လိုက်ပါသွားလေ သည်။-
14 But when I saw that they did not walk uprightly according to the truth of the Good News, I said to Cephas before them all, "If you, being a Jew, live as the non-Jews do, and not as the Jews do, how can you compel the non-Jews to live as the Jews do?
၁၄သို့ရာတွင်သူတို့၏အပြုအမူသည်သတင်း ကောင်းဆိုင်ရာသစ္စာတရားနှင့်ကိုက်ညီမှုမရှိ ကြောင်းကို ငါသိမြင်သောအခါ ပေတရုအား လူအပေါင်းတို့ရှေ့တွင်``သင်သည်ယုဒအမျိုး သားဖြစ်ပါလျက် ယုဒအမျိုးသားကဲ့သို့ မဟုတ်ဘဲ လူမျိုးခြားကဲ့သို့ပြုမူနေထိုင် လျက်ရှိရာ သင်သည်အဘယ်ကြောင့်လူမျိုး ခြားတို့အားယုဒအမျိုးသားတို့ကဲ့သို့ ပြုမူနေထိုင်စေရန်အနိုင်အထက်ပြုပါ သနည်း'' ဟုမေး၏။
15 "We, being Jews by birth, and not non-Jewish sinners,
၁၅ငါတို့ကိုယ်တိုင်ပင်လျှင်ဇာတိအားဖြင့်ယုဒ အမျိုးသားများဖြစ်ကြ၏။ ``အပြစ်ကူးသူ လူမျိုးခြားများ'' မဟုတ်ကြ။-
16 yet knowing that no one is justified by the works of the law but through faith in Jesus Christ, even we believed in Christ Jesus, that we might be justified by faith in Christ, and not by the works of the law, because no flesh will be justified by the works of the law.
၁၆သို့ရာတွင်လူသည်ပညတ်တရားကိုစောင့်ထိန်း ခြင်းအားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံခွင့်ကိုမရနိုင်ကြောင်း၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့်သာလျှင်ရနိုင်ကြောင်းကိုငါတို့ သိကြ၏။ ငါတို့သည်လည်းပညတ်တရားကို စောင့်ထိန်းခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော် ကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန် ခရစ် တော်ယေရှုကိုယုံကြည်ကြ၏။ အဘယ်ကြောင့် ဆိုသော်ပညတ်တရားကိုစောင့်ထိန်းခြင်း အားဖြင့် မည်သူမျှဘုရားသခင်နှင့်မှန်ကန် စွာဆက်ဆံခွင့်ကိုမရနိုင်သောကြောင့်ဖြစ်၏။-
17 But if, while we sought to be justified in Christ, we ourselves also were found sinners, is Christ a servant of sin? Certainly not.
၁၇သို့ဖြစ်၍ငါတို့သည်ခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့် ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ရန်ကြိုး စားကြရာတွင် မိမိတို့သည်လည်းလူမျိုးခြား တို့နည်းတူအပြစ်ကူးသူများဖြစ်ကြောင်း တွေ့ရှိကြပါလျှင် ခရစ်တော်သည်ငါတို့ အပြစ်ကူးမှုကိုအားပေးသည်ဟုဆိုနိုင် မည်လော။ အဘယ်နည်းနှင့်မျှမဆိုနိုင်။-
18 For if I build up again those things which I destroyed, I prove myself a law-breaker.
၁၈အကယ်၍မိမိဖြိုဖျက်ခဲ့သောအရာကို ပြန်လည်တည်ဆောက်မည်ဆိုပါက ငါသည် ပညတ်တရားကိုချိုးဖောက်သူဖြစ်ကြောင်း ဖော်ပြရာရောက်ပေသည်။-
19 For I, through the law, died to the law, that I might live to God.
၁၉ပညတ်တရားကငါ့အားသေစေသည်ဖြစ်ရာ ပညတ်တရားနှင့်ပတ်သက်လျှင် ငါသည်သူသေ ဖြစ်၏။ သို့မှသာဘုရားသခင်၏အတွက်အသက် ရှင်နိုင်မည်ဖြစ်သည်။ ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်ပေါ်တွင်ကွပ်မျက် ခြင်းခံရလေပြီ။-
20 I have been crucified with Christ, and it is no longer I that live, but Christ living in me. That life which I now live in the flesh, I live by faith in the Son of God, who loved me, and gave himself up for me.
၂၀သို့ဖြစ်၍ငါသည်အသက်မရှင်တော့ဘဲခရစ် တော်သာလျှင်ငါ၌ရှင်တော်မူ၏။ ယခုငါ၌ ရှိသောအသက်သည်ဘုရားသခင်၏သား တော်ကိုယုံကြည်ခြင်းအားဖြင့်ရှင်သန်လျက် နေသောအသက်ဖြစ်၏။ သားတော်သည်ငါ့ကို ချစ်တော်မူသဖြင့်ငါ၏အတွက်မိမိ အသက်ကိုစွန့်တော်မူ၏။-
21 I do not make void the grace of God. For if righteousness is through the law, then Christ died for nothing."
၂၁ဘုရားသခင်၏ကျေးဇူးတော်ကိုငါမပစ် ပယ်။ အကယ်၍လူတို့သည်ပညတ်တရားအား ဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံခွင့်ကို ရရှိနိုင်ကြလျှင် ခရစ်တော်သည်အချည်းနှီး အသေခံတော်မူပြီ။