< Exodus 9 >

1 Then Jehovah said to Moses, "Go in to Pharaoh, and tell him, 'This is what Jehovah, the God of the Hebrews, says: "Let my people go, that they may serve me.
ထာဝရဘုရား ကလည်း ၊ သင်သည် ဖါရော ဘုရင် ထံသို့ ဝင် ၍ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကို လွှတ် လော့။
2 For if you refuse to let them go, and hold them still,
မလွှတ်ဘူးဟုငြင်း ၍ ဆီးတား သေး လျှင် ၊
3 look, the hand of Jehovah is on your livestock which are in the field, on the horses, on the donkeys, on the camels, on the herds, and on the flocks with a very grievous pestilence.
ထာဝရဘုရား ၏လက် တော်သည် လယ်ပြင် ၌ ရှိသောတိရစ္ဆာန် ၊ မြင်း ၊ မြည်း ၊ ကုလားအုပ် ၊ သိုး ၊ နွား တို့အပေါ် ၌ ရောက် ၍ အလွန် ပြင်းစွာ သော ရောဂါ စွဲလိမ့်မည်။
4 Jehovah will make a distinction between the livestock of Israel and the livestock of Egypt; and there shall nothing die of all that belongs to the children of Israel."'"
ထာဝရဘုရား သည်၊ ဣသရေလ လူတို့၏ တိရစ္ဆာန် နှင့် အဲဂုတ္တု လူတို့၏ တိရစ္ဆာန် ကို ခြားနား စေသဖြင့် ၊ ဣသရေလ အမျိုးသား ပိုင်သော တိရစ္ဆာန် တကောင် မျှမ သေ ရ။
5 God appointed a set time, saying, "Tomorrow Jehovah shall do this thing in the land."
နက်ဖြန် နေ့၊ အဲဂုတ္တုပြည် ၌ ထို အမှု ကို ထာဝရဘုရား ပြု တော်မူမည်ဟု မှန်သောအချိန် ကို ချိန်းချက် တော်မူပြီဟု ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် အကြောင်းကိုပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
6 Jehovah did that thing on the next day; and all the livestock of Egypt died, but of the livestock of the children of Israel, not one died.
နက်ဖြန် နေ့၌ ထို အမှု ကိုပြု တော်မူသဖြင့် ၊ အဲဂုတ္တု လူတို့၏ တိရစ္ဆာန် အမျိုးမျိုး သေ ကြ၏။ ဣသရေလ လူ တို့၏ တိရစ္ဆာန် တကောင် မျှမ သေ။
7 Pharaoh sent, and, look, there was not so much as one of the livestock of Israel dead. But the heart of Pharaoh was stubborn, and he did not let the people go.
ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ ဣသရေလ အမျိုးသားတို့၏ တိရစ္ဆာန် တ ကောင်မျှ မ သေ ကြောင်းကို သိ ရ၏။ သို့သော်လည်း နှလုံး ခိုင်မာ ပြန်၍ ၊ ဣသရေလလူ တို့ကို မ လွှတ် ဘဲနေလေ၏။
8 Jehovah said to Moses and to Aaron, "Take to you handfuls of ashes of the furnace, and let Moses sprinkle it toward the sky in the sight of Pharaoh.
ထာဝရဘုရား ကလည်း ၊ မီးဖို ထဲကပြာ ကို လက် နှင့်ယူ ၍ မောရှေ သည် ဖါရော ဘုရင်ရှေ့ ၌ မိုဃ်းကောင်းကင် သို့ ပစ် လွှင့်စေ။
9 It shall become small dust over all the land of Egypt, and shall be a boil breaking forth with boils on man and on animal, throughout all the land of Egypt."
ထိုပြာသည် အဲဂုတ္တု ပြည် တရှောက်လုံး ၌ နှံ့ပြားသော အမှုန့် ဖြစ် ၍ ၊ ပြည် တရှောက်လုံး တွင် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လိမ့်မည် ဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်အတိုင်း၊
10 They took ashes of the furnace, and stood before Pharaoh; and Moses sprinkled it up toward the sky; and it became a boil breaking forth with boils on man and on animal.
၁၀သူတို့သည် မီးဖို ထဲကပြာ ကိုယူ ၍ ၊ ဖါရော ဘုရင် ရှေ့ မှာရပ် လျက် ၊ မောရှေ သည် မိုဃ်းကောင်းကင် သို့ ပစ် လွှင့်သဖြင့် ၊ ထိုပြာသည် လူ နှင့် တိရစ္ဆာန် တို့၌ အခဲအကျိတ် ပြည့် သော အနာဆိုး ဖြစ် လေ၏။
11 The magicians couldn't stand before Moses because of the boils; for the boils were on the magicians, and on all the Egyptians.
၁၁ဝိဇ္ဇာဆရာ တို့သည် အနာဆိုး ကြောင့် ၊ မောရှေ ရှေ့ ၌မ ရပ် မနေနိုင်။ ထိုအနာဆိုး သည် ဝိဇ္ဇာဆရာ တို့၌ ၎င်း ၊ အဲဂုတ္တု လူအပေါင်း တို့၌ ၎င်း စွဲ သတည်း။
12 Jehovah hardened the heart of Pharaoh, and he did not listen to them, as Jehovah had spoken to Moses.
၁၂ထာဝရဘုရား သည် ဖါရော ဘုရင်၏နှလုံး ကို ခိုင်မာ စေတော်မူသည်ဖြစ်၍ ၊ မောရှေ အား မိန့် တော်မူသည် အတိုင်း ၊ သူ တို့စကားကို နား မ ထောင်ဘဲ နေလေ၏။
13 Jehovah said to Moses, "Rise up early in the morning, and stand before Pharaoh, and tell him, 'This is what Jehovah, the God of the Hebrews, says: "Let my people go, that they may serve me.
၁၃တဖန် ထာဝရဘုရား က၊ နံနက် စောစော ထ၍ ၊ ဖါရော ဘုရင်ရှေ့ မှာရပ် လျက် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင် ထာဝရဘုရား က၊ ငါ ၏လူ တို့သည် ငါ့ အား ဝတ်ပြု မည်အကြောင်း ၊ သွားရသောအခွင့် ကိုပေးလော့။
14 For this time I will send all my plagues against your heart, against your officials, and against your people; that you may know that there is none like me in all the earth.
၁၄သို့မဟုတ် ယခု ကာလ အခါ သင် ၏နှလုံး ၌ ၎င်း ၊ သင် ၏ကျွန် များ၊ လူ များ၌ ၎င်း ၊ ငါ ၏ဘေးဒဏ် အလုံးစုံ တို့ကို သင့် ရောက်စေမည်။ မြေကြီး တရှောက်လုံး ၌ ငါ ကဲ့သို့ သောသူ မရှိ ကြောင်းကို သင်သည် သိ ရလိမ့်မည်။
15 For now I would have put forth my hand, and struck you and your people with pestilence, and you would have been cut off from the earth;
၁၅ငါ့ လက် ကို ငါဆန့် ၍ သင် နှင့် သင် ၏လူ တို့ကို ကာလနာ ဖြင့် ဒဏ်ခတ် မည်။ သင့်ကိုလည်း မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းမည်။
16 but indeed for this purpose I have raised you up, to show you my power, and that my name may be proclaimed in all the earth;
၁၆အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
17 as you still exalt yourself against my people, that you won't let them go.
၁၇သင် သည် ငါ ၏လူ တို့ကိုမ လွှတ် ဘဲ၊ သူ တို့ကို စော်ကား သေး သလော။
18 Look, tomorrow about this time I will cause it to rain a very grievous hail, such as has not been in Egypt since the day it was founded even until now.
၁၈ကြည့်ရှု လော့။ အဲဂုတ္တု ပြည် တည် သည်ကာလ မှ စ၍ယခု တိုင်အောင် မ ရွာ ဘူးသော အလွန် ကြီးစွာ သော မိုဃ်းသီး ရွာခြင်းကို နက်ဖြန် နေ့ ဤအချိန် ၌ ငါ ဖြစ် စေမည်။
19 Now therefore command that all of your livestock and all that you have in the field be brought into shelter. Every man and animal that is found in the field, and isn't brought home, the hail shall come down on them, and they shall die."'"
၁၉ထိုကြောင့် ယခု စေလွှတ် ၍ ၊ လယ်ပြင် ၌ ရှိသောတိရစ္ဆာန် များနှင့် ရှိလေသမျှ တို့ကို သိမ်း ယူလော့။ အိမ် သို့ မ ဆောင် လျင်၊ လယ်ပြင် ၌ တွေ့ သမျှ သောလူ နှင့် တိရစ္ဆာန် တို့အပေါ် မှာ မိုဃ်းသီး ကျ ၍ ၊ သူတို့သည် သေ ကြလိမ့်မည်အကြောင်းကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
20 Those who feared the word of Jehovah among the servants of Pharaoh made their servants and their livestock flee into the houses.
၂၀ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ကြောက်ရွံ့ သော ဖာရော ဘုရင်၏ ကျွန် တို့သည်၊ မိမိ ကျွန် နှင့် မိမိ တိရစ္ဆာန် တို့ကို အိမ် သို့ ပြေး စေကြ၏။
21 Whoever did not regard the word of Jehovah left his servants and his livestock in the field.
၂၁ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပမာဏ မ ပြုသောသူတို့သည်၊ မိမိ ကျွန် ၊ မိမိ တိရစ္ဆာန် တို့ကို လယ်ပြင် ၌ ထား ကြ၏။
22 Jehovah said to Moses, "Stretch forth your hand toward the sky, that there may be hail in all the land of Egypt, on man, and on animal, and on every plant of the field, throughout the land of Egypt."
၂၂ထာဝရဘုရား ကလည်း ၊ အဲဂုတ္တု ပြည် တရှောက်လုံး ၌ လူ တို့အပေါ်မှာ ၎င်း ၊ တိရစ္ဆာန် တို့အပေါ် မှာ၎င်း ၊ လယ်ပြင် ၌ ရှိလေသမျှ သော အပင် များအပေါ် မှာ၎င်း၊ မိုဃ်းသီး ရွာ စေခြင်းငှာ ၊ သင် ၏လက် ကို မိုဃ်းကောင်းကင် သို့ ဆန့် လော့ဟု မောရှေ အား မိန့် တော်မူ၏။
23 Moses stretched forth his staff toward the heavens, and Jehovah sent thunder, and hail, and fire fell to the earth. Jehovah rained hail on the land of Egypt.
၂၃မောရှေ သည် မိမိ လှံတံ ကို မိုဃ်းကောင်းကင် သို့ ဆန့် ၍ ၊ ထာဝရဘုရား သည် မိုဃ်းကြိုး နှင့် မိုဃ်းသီး ကို လွှတ် တော်မူ၏။ မီး သည်လည်း မြေ ပေါ် မှာပြေး လေ၏။ ထိုသို့ ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည် ၌ မိုဃ်းသီး ရွာ စေတော်မူသဖြင့်၊
24 So there was very severe hail, and fire mixed with the hail, such as had not been in all the land of Egypt since it became a nation.
၂၄အဲဂုတ္တု ပြည် တည်ထောင် သည်ကာလမှစ၍ တခါမျှ မဖြစ် ဘူးသော မိုဃ်းသီး ၊ မီး နှင့်ရော၍ အလွန် ပြင်းထန် စွာသော မိုဃ်းသီး ဖြစ် လေ၏။
25 The hail struck throughout all the land of Egypt all that was in the field, both man and animal; and the hail struck every plant of the field, and broke every tree of the field.
၂၅အဲဂုတ္တု ပြည် တရှောက်လုံး ၌ ၊ လယ်ပြင် မှာ ရှိသမျှ သော လူ နှင့် တိရစ္ဆာန် များ၊ မြက်ပင် များ၊ သစ်ပင် များ တို့ကို မိုဃ်းသီး ထိ လေ၏။
26 Only in the land of Goshen, where the children of Israel were, there was no hail.
၂၆သို့ရာတွင် ဣသရေလ အမျိုးသား နေရာ ဂေါရှင် ပြည် ၌ မိုဃ်းသီး မ ကျ မရွာ။
27 Pharaoh sent, and called for Moses and Aaron, and said to them, "I have sinned this time. Jehovah is righteous, and I and my people are wicked.
၂၇ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
28 Pray to Jehovah; for there has been enough of God's thunder and hail and fire. I will let you go, and you shall stay no longer."
၂၈တန် ပါပြီ။ အားကြီး သော မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲမည်အကြောင်း၊ ထာဝရဘုရား ကို တောင်းပန် ပါ။ သင် တို့ကို ငါမ ဆီးမတား အလျင်အမြန်လွှတ် မည်ဟု ဆို လေ၏။
29 Moses said to him, "As soon as I have gone out of the city, I will spread abroad my hands to Jehovah. The thunders shall cease, neither shall there be any more hail; that you may know that the earth is Jehovah's.
၂၉မောရှေ ကလည်း ၊ မြို့ ထဲက ကျွန်ုပ် ထွက် သွားသောအခါ ၊ ထာဝရဘုရား ရှေ့တော်၌ ကျွန်ုပ် လက်ဝါး တို့ကို ဖြန့် ပါမည်။ ထာဝရဘုရား သည် မြေကြီး ကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ မိုဃ်းကြိုး စဲ လိမ့်မည်။ မိုဃ်းသီး လည်း မ ကျ မရွာရ။
30 But as for you and your servants, I know that you do not yet fear Jehovah God."
၃၀သို့သော်လည်း ကိုယ်တော် နှင့် ကိုယ်တော် ၏ကျွန် တို့သည်၊ ထာဝရ အရှင်ဘုရား သခင်ကို မ ကြောက် သေး ကြောင်းကို အကျွန်ုပ်သိ ပါသည်ဟု လျှောက်ဆို ၏။
31 The flax and the barley were struck, for the barley was in the ear, and the flax was in bloom.
၃၁ပိုက်ဆန် ပင်၊ မုယော ပင်ကို မိုဃ်းသီးထိ ၏။ မုယော ပင်သည် အသီး အနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန် ပင်လည်း အသီးမှည့် ပြီ။
32 But the wheat and the spelt were not struck, for they are late.
၃၂ဂ ျုံ စပါး၊ ကောက် စပါးပင်ကိုကား မ ထိ။ ထို အပင်တို့သည် မ ပေါက်ကြသေး။
33 Moses went out of the city from Pharaoh, and spread abroad his hands to Jehovah; and the thunders and hail ceased, and the rain no longer poured on the land.
၃၃မောရှေ သည် ဖာရော ဘုရင်ထံမှ ထွက် ၍ မြို့ ပြင်သို့သွားပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လက်ဝါး တို့ကို ဖြန့် သဖြင့် ၊ မိုဃ်းကြိုး နှင့် မိုဃ်းသီး စဲ လေ၏။ မြေ ပေါ်၌ လည်း မိုဃ်း မ ရွာ။
34 When Pharaoh saw that the rain and the hail and the thunders were ceased, he sinned yet more, and hardened his heart, he and his servants.
၃၄ထိုသို့ မိုဃ်း မရွာ၍ မိုဃ်းသီး နှင့် မိုဃ်းကြိုး စဲ သည်ကို ဖာရော ဘုရင်မြင် လျှင် ၊ တဖန် ပြစ်မှား ၍ ၊ ကျွန် များနှင့်တကွ နှလုံး ခိုင်မာ လျက်နေ၏။
35 The heart of Pharaoh was hardened, and he did not let the children of Israel go, just as Jehovah had spoken through Moses.
၃၅ထိုသို့ ဖာရောဘုရင်သည် နှလုံး ခိုင်မာ သည်ဖြစ်၍ ၊ မောရှေ ၌ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို မ လွှတ် ဘဲနေပြန်သတည်း။

< Exodus 9 >