< Acts 10 >

1 Now there was a certain man in Caesarea, Cornelius by name, a centurion of what was called the Italian Regiment,
ကဲ​သ​ရိ​မြို့​တွင်​ကော်​နေ​လိ​နာ​မည်​ရှိ​သူ​လူ တစ်​ယောက်​ရှိ​၏။ သူ​သည် ``ဣ​တ​လိ​တပ်'' ဟု ခေါ်​သော​တပ်​မှ​တပ်​ခွဲ​မှူး​တစ်​ယောက်​ဖြစ်​၏။-
2 a devout man, and one who feared God with all his house, who gave gifts for the needy generously to the people, and always prayed to God.
သူ​နှင့်​တ​ကွ​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​တ​ရား​ကြည်​ညို​၍​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရို​သေ​သူ​များ​ဖြစ်​ကြ​၏။ သူ​သည် ဆင်း​ရဲ​သော​ယု​ဒ​အ​မျိုး​သား​တို့​အား ရက် ရော​စွာ​လှူ​ဒါန်း​တတ်​၏။ သူ​သည်​ဘု​ရား သ​ခင်​ထံ​အ​ချိန်​မှန်​မှန်​ပတ္ထနာ​ပြု​လေ​၏။-
3 At about three in the afternoon, he clearly saw in a vision an angel of God coming to him, and saying to him, "Cornelius."
မွန်း​လွဲ​သုံး​နာ​ရီ​ခန့်​အ​ချိန်​၌​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​သူ့​ထံ​သို့​လာ​၍ ``ကော် နေ​လိ'' ဟု​ခေါ်​သည်​ကို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် အ​ထင်​အ​ရှား​မြင်​ရ​၏။
4 He, fastening his eyes on him, and being frightened, said, "What is it, Lord?" He said to him, "Your prayers and your gifts to the needy have gone up for a memorial before God.
သူ​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​တ​မန်​ကို စိုက်​ကြည့်​ပြီး​လျှင် ``အ​ရှင်၊ အ​ဘယ်​အ​မှု အ​ခင်း​ရှိ​ပါ​သ​နည်း'' ဟု​မေး​လျှောက်​၏။ ကောင်း​ကင်​တ​မန်​က​လည်း ``သင်​၏​ဆု​တောင်း ပတ္ထ​နာ​နှင့်​စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​သ​ဖြင့်​သင့်​အား​သိ​မှတ်​တော် မူ​လေ​ပြီ။-
5 Now send men to Joppa, and bring one Simon who is surnamed Peter.
ယ​ခု​ပင်​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ပေ​တ​ရု​ခေါ် ရှိ​မုန်​ဆို​သူ​ကို​ပင့်​ခေါ်​လော့။-
6 He lodges with one Simon, a tanner, whose house is by the seaside."
သူ​သည်​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏။ ထို​အိမ်​ကား​ပင်​လယ်​ကမ်း အ​နီး​တွင်​ရှိ​၏'' ဟု​မြွက်​ဆို​၏။-
7 When the angel who spoke to him had departed, he called two of his household servants and a devout soldier of those who waited on him continually.
ထို​ကောင်း​ကင်​တ​မန်​ထွက်​ခွာ​သွား​သော​အ​ခါ ကော်​နေ​လိ​သည် မိ​မိ​၏​အ​စေ​ခံ​နှစ်​ယောက်​နှင့် ဘု​ရား​ဝတ်​၌​မွေ့​လျော်​သော​အ​ပါး​တော်​မြဲ စစ်​သား​တစ်​ယောက်​ကို​ခေါ်​ကာ၊-
8 Having explained everything to them, he sent them to Joppa.
အ​ကြောင်း​အ​လုံး​စုံ​ကို​ပြော​ပြ​ပြီး​လျှင် ယုပ္ပေ​မြို့​သို့​စေ​လွှတ်​လေ​သည်။
9 Now on the next day as they were on their journey, and got close to the city, Peter went up on the housetop to pray at about noon.
ထို​သူ​တို့​သည်​ခ​ရီး​ပြု​ကြ​ရာ​နောက်​တစ်​နေ့ ၌​ယုပ္ပေ​မြို့​အ​နီး​သို့​ရောက်​ကြ​၏။ မွန်း​တည့် ချိန်​ခန့်​တွင်​ပေ​တ​ရု​သည် ဆု​တောင်း​ရန်​အိမ် အ​မိုး​ပေါ်​သို့​တက်​လေ​သည်။-
10 He became hungry and desired to eat, but while they were preparing, he fell into a trance.
၁၀သူ​သည်​ဆာ​လောင်​မွတ်​သိပ်​သ​ဖြင့်​အ​စား အ​စာ​ကို​တောင့်​တ​၏။ သူ​၏​အ​တွက်​အ​စား အ​စာ​များ​ပြင်​ဆင်​နေ​ကြ​စဉ်​သူ​သည်​ဗျာ ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ​လေ​သည်။-
11 He saw heaven opened and a certain container descending to him, like a great sheet let down by four corners on the earth,
၁၁ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​မိုး​ကောင်း​ကင်​ကွဲ​ဟ သည်​ကို​လည်း​ကောင်း၊ ထောင့်​လေး​ထောင့်​မှ​ချုပ် ကိုင်​ထား​သော​ရွက်​ထည်​ကြီး​နှင့်​တူ​သည့် အ​ရာ​မြေ​သို့​ကျ​လာ​သည်​ကို​လည်း​ကောင်း တွေ့​မြင်​ရ​၏။-
12 in which were all kinds of four-footed animals of the earth, crawling creatures and birds of the sky.
၁၂ထို​အ​ရာ​ထဲ​တွင်​ခြေ​လေး​ချောင်း​သတ္တဝါ မျိုး၊ တွား​တတ်​သည့်​သတ္တ​ဝါ​အ​မျိုး​မျိုး​နှင့် ကောင်း​ကင်​ငှက်​အ​မျိုး​မျိုး​တို့​ဖြင့်​ပါ​ရှိ​၏။-
13 A voice came to him, "Rise, Peter, kill and eat."
၁၃``ပေ​တ​ရု၊ ထ​လော့၊ သတ်​၍​စား​လော့'' ဟူ​သော အ​သံ​ကို​သူ​ကြား​ရ​၏။
14 But Peter said, "Not so, Lord; for I have never eaten anything that is common or unclean."
၁၄ပေ​တ​ရု​က``အ​ရှင်​ဘု​ရား၊ အ​ဘယ်​နည်း​နှင့်​မျှ မ​ဖြစ်​နိုင်​ပါ။ အ​ကျွန်ုပ်​သည်​ညစ်​ညမ်း​သော​အ​ရာ သို့​မ​ဟုတ်​မ​သန့်​စင်​သည့်​အ​ရာ​ကို အ​ဘယ် အ​ခါ​၌​မျှ​မ​စား​ဘူး​ပါ'' ဟု​လျှောက်​၏။
15 A voice came to him again the second time, "What God has cleansed, you must not call unclean."
၁၅ထို​အ​ခါ​ဗျာ​ဒိတ်​သံ​က ``ဘု​ရား​သ​ခင်​သန့်​စင် သည်​ဟု​ဆို​သည့်​အ​ရာ​ကို​သင်​က​ညစ်​ညမ်း​သည် ဟု​မ​ဆို​ရ'' ဟု​မိန့်​တော်​မူ​၏။-
16 This was done three times, and immediately the vessel was received up into heaven.
၁၆ဤ​သို့​သုံး​ကြိမ်​တိုင်​တိုင်​ဖြစ်​ပျက်​ပြီး​နောက် ချက်​ချင်း​ပင်​ရွက်​ထည်​နှင့်​တူ​သော​အ​ရာ​သည် မိုး​ကောင်း​ကင်​သို့​ပြန်​လည်​ရုပ်​သိမ်း​ခြင်း​ကို ခံ​ရ​လေ​သည်။
17 Now while Peter was very perplexed within himself what the vision which he had seen might mean, look, the men who were sent by Cornelius, having made inquiry for Simon's house, stood before the gate,
၁၇ပေ​တ​ရု​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​ဆင်​ခြင်​စဉ်း​စား​လျက်​နေ​၏။ ထို အ​ချိန်​၌​ကော်​နေ​လိ​စေ​လွှတ်​လိုက်​သော​လူ တို့​သည် ရှိ​မုန်​၏​အိမ်​ကို​မေး​မြန်း​ရှာ​ဖွေ​၍ ယ​ခု​အိမ်​ရှေ့​သို့​ရောက်​ရှိ​လာ​ကြ​၏။-
18 and called and asked whether Simon, who was surnamed Peter, was lodging there.
၁၈ထို​သူ​တို့​က ``ပေ​တ​ရု​ခေါ်​ရှိ​မုန်​သည်​ဤ အိမ်​တွင်​ရှိ​ပါ​၏​လော'' ဟု​အော်​၍​မေး​မြန်း ကြ​၏။
19 While Peter was pondering the vision, the Spirit said to him, "Look, three men seek you.
၁၉ပေ​တ​ရု​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​စဉ်း​စား​နေ​စဉ်​ဝိ​ညာဉ်​တော်​က ``လူ​သုံး ယောက်​တို့​သည်​သင့်​ကို​ရှာ​နေ​ကြ​၏။-
20 But arise, get down, and go with them, doubting nothing; for I have sent them."
၂၀ထ​၍​ဆင်း​သွား​လော့။ ငါ​ပင်​သူ​တို့​ကို​စေ​လွှတ် လိုက်​သည်​ဖြစ်​၍ မ​ဆိုင်း​မ​တွ​ဘဲ​သူ​တို့​နှင့် အ​တူ​လိုက်​သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-
21 And Peter went down to the men, and said, "Look, I am the one whom you seek. Why have you come?"
၂၁သို့​ဖြစ်​၍​ပေ​တ​ရု​သည်​ထို​သူ​တို့​ထံ​သို့​ဆင်း သွား​ပြီး​လျှင် ``သင်​တို့​ရှာ​နေ​သူ​ကား​ငါ​ပင် ဖြစ်​သည်။ အ​ဘယ်​အ​ကြောင်း​ကြောင့်​သင်​တို့ ရောက်​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​၏။
22 They said, "Cornelius, a centurion, a righteous man and one who fears God, and well spoken of by all the Jewish nation, was directed by a holy angel to invite you to his house, and to listen to what you say."
၂၂ထို​သူ​တို့​က ``ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် တပ်​ခွဲ​မှူး​ကော်​နေ​လိ​အား​အ​ရှင့်​ကို​ခေါ်​ဖိတ် ၍ အ​ရှင်​၏​တ​ရား​စ​ကား​ကို​ကြား​နာ​ရန်​ညွှန် ကြား​ခဲ့​ပါ​သည်။ ကော်​နေ​လိ​သည်​လူ​ကောင်း တစ်​ယောက်​ဖြစ်​၍​ဘု​ရား​သခင်​ကို​ကြောက်​ရွံ့ ရို​သေ​သူ​ဖြစ်​ပါ​သည်။ ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​မှု​ကို လည်း​ခံ​ရ​သူ​ဖြစ်​ပါ​၏'' ဟု​ပြော​ကြား​၏။-
23 So he called them in and lodged them. On the next day he arose and went out with them, and some of the brothers from Joppa accompanied him.
၂၃ပေ​တ​ရု​သည်​ထို​သူ​တို့​အား​အိမ်​ထဲ​သို့ ခေါ်​ဖိတ်​၍​ထို​ည​အိပ်​စေ​၏။ နောက်​တစ်​နေ့​၌​သူ​သည်​ထို​သူ​တို့​နှင့်​အ​တူ ထွက်​ခွာ​သွား​သော​အ​ခါ ယုပ္ပေ​မြို့​မှ​ယုံ​ကြည်​သူ ညီ​အစ်​ကို​အ​ချို့​တို့​လည်း​လိုက်​ပါ​သွား​ကြ​၏။-
24 On the next day he entered into Caesarea. Cornelius was waiting for them, having called together his relatives and his near friends.
၂၄နောက်​တစ်​နေ့​၌​ပေ​တ​ရု​သည်​ကဲ​သ​ရိ​မြို့​သို့ ရောက်​လေ​သည်။ ထို​မြို့​တွင်​ကော်​နေ​လိ​သည် မိ​မိ​ဖိတ်​ခေါ်​ထား​သည့်​ဆွေ​မျိုး​သား​ချင်း များ၊ ရင်း​နှီး​သော​မိတ်​ဆွေ​များ​နှင့်​အ​တူ သူ့​အား​စောင့်​မျှော်​လျက်​နေ​ကြ​၏။-
25 When it happened that Peter entered, Cornelius met him, fell down at his feet, and worshiped him.
၂၅ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ ကော်​နေ​လိ​သည် ခ​ရီး​ဦး​ကြို​၍​သူ​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ် လေ​၏။-
26 But Peter raised him up, saying, "Stand up. I myself am also a man."
၂၆သို့​ရာ​တွင်​ပေ​တ​ရု​က ``ထ​လော့၊ ငါ​ကိုယ်​တိုင် ပင်​လူ​သာ​မန်​ဖြစ်​ပါ​သည်'' ဟု​ဆို​၍ ကော်​နေ​လိ ကို​အ​ထ​ခိုင်း​၏။-
27 And as he talked with him, he went in and found many gathered together.
၂၇ထို​နောက်​ကော်​နေ​လိ​နှင့်​အ​တူ​စ​ကား​ပြော လျက်​အိမ်​ထဲ​သို့​ဝင်​သွား​သော​အ​ခါ လူ အ​မြောက်​အ​မြား​စု​ဝေး​လျက်​ရှိ​သည်​ကို တွေ့​မြင်​ရ​၏။-
28 He said to them, "You yourselves know how it is an unlawful thing for a man who is a Jew to join himself or come to one of another nation, but God has shown me that I should not call any man unholy or unclean.
၂၈ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။-
29 Therefore also I came without complaint when I was sent for. I ask therefore, why did you send for me?"
၂၉ထို့​ကြောင့်​ငါ့​ကို​သင်​ခေါ်​ဖိတ်​သော​အ​ခါ ငါ​သည်​မ​ငြင်း​မ​ဆို​ဘဲ​လိုက်​လာ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ဖိတ်​ရ​ကြောင်း ပြော​ကြား​ပါ​လော့'' ဟု​ဆို​၏။
30 Cornelius said, "Four days ago until this hour, at three in the afternoon, I was praying in my house, and look, a man stood before me in bright clothing,
၃၀ကော်​နေ​လိ​က ``လွန်​ခဲ့​သော​သုံး​ရက်​က​မွန်း လွဲ​သုံး​နာ​ရီ​၌ အ​ကျွန်ုပ်​သည်​အိမ်​မှာ​ဆု​တောင်း လျက်​နေ​ပါ​၏။ ထို​အ​ခါ​တောက်​ပြောင်​သော အ​ဝတ်​ကို​ဝတ်​ဆင်​ထား​သူ​လူ​တစ်​ယောက် သည် အ​ကျွန်ုပ်​၏​ရှေ့​တွင်​ရုတ်​တ​ရက်​ရပ်​၍၊-
31 and said, 'Cornelius, your prayer is heard, and your gifts to the needy are remembered in the sight of God.
၃၁`ကော်​နေ​လိ၊ သင်​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​ဘု​ရား သ​ခင်​ကြား​တော်​မူ​ပြီ။ သင်​၏​စွန့်​ကြဲ​ပေး​ကမ်း မှု​ကို​လည်း​သိ​မှတ်​တော်​မူ​ပြီ။-
32 Send therefore to Joppa, and summon Simon, who is surnamed Peter. He lodges in the house of Simon, a tanner, by the seaside.'
၃၂သို့​ဖြစ်​၍​ယုပ္ပေ​မြို့​သို့​လူ​လွှတ်​၍​ရှိ​မုန်​ပေ​တ​ရု ဟု​ခေါ်​သော​သူ​ကို​ပင့်​လော့။ သူ​သည်​ပင်​လယ်​ကမ်း အ​နီး​ရှိ​သား​ရေ​နယ်​သ​မား​ရှိ​မုန်​၏​အိမ်​တွင် တည်း​ခို​လျက်​နေ​၏' ဟု​မြွက်​ဆို​ပါ​၏။-
33 Therefore I sent to you at once, and it was good of you to come. Now therefore we are all here present in the sight of God to hear all things that have been commanded you by the Lord."
၃၃ထို​ကြောင့်​အ​ကျွန်ုပ်​သည်​ချက်​ချင်း​ပင်​အ​ရှင် ၏​ထံ​သို့​လူ​လွှတ်​ခဲ့​ပါ​သည်။ အ​ရှင်​ကြွ​လာ သည့်​အ​တွက်​ကျေး​ဇူး​ကြီး​လှ​ပါ​၏။ ကိုယ်​တော် အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ သော​စ​ကား​တော်​တို့​ကို​ကြား​နာ​ရန် အ​ကျွန်ုပ် တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့ ရောက်​ရှိ​နေ​ကြ​ပါ​ပြီ'' ဟု​ပြော​ဆို​၏။
34 And Peter opened his mouth and said, "Truly I perceive that God does not show favoritism;
၃၄ထို​အ​ခါ​ပေ​တ​ရု​က ``အ​ကယ်​စင်​စစ်​ဘု​ရား သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​ထောက်​တော် မ​မူ​ကြောင်း​ကို ယ​ခု​ငါ​သိ​ရှိ​နား​လည်​လာ ၏။-
35 but in every nation he who fears him and works righteousness is acceptable to him.
၃၅ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​၍ အ​မှန်​တ​ရား​ကို​ကျင့်​သုံး​သူ​မှန်​သ​မျှ​အား လူ​မျိုး​ခွဲ​ခြား​မှု​မ​ပြု​ဘဲ​နှစ်​သက်​လက်​ခံ တော်​မူ​၏။-
36 The word which he sent to the children of Israel, preaching good news of peace through Jesus Christ—he is Lord of all—
၃၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​ပေး​ပို့​သော ဘု​ရား၊ လူ​ခပ်​သိမ်း​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​တော် မူ​သော​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကြေ​ညာ တော်​မူ​သည့်​ရန်​ငြိမ်း​ခြင်း​ဆိုင်​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​သိ​ကြ​၏။-
37 that spoken word you yourselves know, which was proclaimed throughout all Judea, beginning from Galilee, after the baptism which John preached;
၃၇ဗတ္တိ​ဇံ​တ​ရား​ကို​ယော​ဟန်​ဟော​ပြော​ပြီး​သည့် နောက် ဂါ​လိ​လဲ​ပြည်​မှ​အ​စ​ပြု​၍ ယု​ဒ​ပြည် တစ်​လျှောက်​လုံး​တွင်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု အ​ရာ​များ​အ​ကြောင်း​ကို​လည်း​ကောင်း၊-
38 even Jesus of Nazareth, how God anointed him with the Holy Spirit and with power, who went about doing good and healing all who were oppressed by the devil, for God was with him.
၃၈နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-
39 We are witnesses of everything he did both in the land of the Jews and in Jerusalem, whom they also killed by hanging on a tree.
၃၉ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ ဣသ​ရေ​လ နိုင်​ငံ​ရှိ​အ​ခြား​မြို့​ရွာ​များ​၌​လည်း​ကောင်း၊ ကိုယ်​တော်​လုပ်​ဆောင်​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ တို့​နှင့်​ပတ်​သက်​၍ ငါ​တို့​သည်​အ​သိ​သက်​သေ များ​ဖြစ်​ကြ​၏။ ထို​နောက်​လူ​တို့​သည်​ကိုယ်​တော် ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။-
40 God raised him up the third day, and gave him to be revealed,
၄၀သို့​ရာ​တွင်​တ​တိ​ယ​နေ့​၌​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​၍​ကိုယ်​ထင်​ပြ​စေ​တော်​မူ​၏။-
41 not to all the people, but to witnesses who were chosen before by God, to us, who ate and drank with him after he rose from the dead.
၄၁လူ​တိုင်း​ကိုယ်​တော်​ကို​ဖူး​မြင်​ခွင့်​ရ​ကြ​သည် မ​ဟုတ်။ အ​သိ​သက်​သေ​များ​အ​ဖြစ်​ဖြင့်​ဘု​ရား သ​ခင်​ကြို​တင်​ရွေး​ချယ်​ထား​သူ​ငါ​တို့​သာ လျှင်​ဖူး​မြင်​ရ​ကြ​၏။ ငါ​တို့​သည်​ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ကိုယ်​တော်​နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ် ကြ​၏။-
42 He commanded us to preach to the people and to testify that this is the one who is appointed by God as the judge of the living and the dead.
၄၂ကိုယ်​တော်​သည်​လူ​တို့​အား​သ​တင်း​ကောင်း​ကို ကြေ​ညာ​ရန်​နှင့် ကိုယ်​တော်​သည်​အ​သက်​ရှင်​နေ သူ၊ သေ​လွန်​သူ​များ​ကို​တ​ရား​စီ​ရင်​သော သ​ခင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ခန့်​ထား​တော် မူ​ကြောင်း​ဟော​ပြော​သက်​သေ​ခံ​ရန် ငါ​တို့ အား​ပ​ညတ်​ပေး​တော်​မူ​ခဲ့​၏။-
43 All the prophets testify about him, that through his name everyone who believes in him receives forgiveness of sins."
၄၃ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည်​သူ​အ​ပေါင်း တို့​သည် ကိုယ်​တော်​၏​နာ​မ​တော်​တန်​ခိုး​အား ဖြင့် မိ​မိ​တို့​၏​အ​ပြစ်​များ​ဖြေ​လွှတ်​ခြင်း​ခံ ရ​ကြ​လတ္တံ့​ဟူ​၍ ကိုယ်​တော်​၏​အ​ကြောင်း​ကို ပ​ရော​ဖက်​အ​ပေါင်း​တို့​ဟော​ပြော​ခဲ့​ကြ​၏'' ဟု​မြွက်​ဆို​လေ​သည်။
44 While Peter was still speaking these words, the Holy Spirit fell on all those who heard the word.
၄၄ဤ​သို့​ပေ​တ​ရု​မြွက်​ဆို​နေ​စဉ် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည်​နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​နေ​ကြ​သော​သူ​အ​ပေါင်း​တို့​အ​ပေါ် သို့​ဆင်း​သက်​တော်​မူ​၏။-
45 They of the circumcision who believed were amazed, as many as came with Peter, because the gift of the Holy Spirit was also poured out on the non-Jewish people.
၄၅လူ​မျိုး​ခြား​တို့​သည်​လည်း​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဆု​ကျေး​ဇူး​ကို​ခံ​ယူ​ရ​ရှိ​ကြ သည်​ဖြစ်​၍ ပေ​တ​ရု​နှင့်​အ​တူ​လိုက်​လာ​ကြ သော​ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သား​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​၏။-
46 For they heard them speaking in other tongues and magnifying God. Then Peter answered,
၄၆အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​ခြား​တို့​သည် ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​များ​ကို​ပြော ၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​သည်​ကို​ကြား​ကြ​သော​ကြောင့်​ဖြစ်​၏။ ထို​အ​ခါ​ပေ​တ​ရု​က၊-
47 "Can anyone withhold the water, that these who have received the Holy Spirit as well as we should not be baptized?"
၄၇``ဤ​သူ​တို့​သည်​ငါ​တို့​ကဲ့​သို့​ပင်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​များ​ဖြစ် ကြ​၏။ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​သူ​တို့​ဗတ္တိ ဇံ​မင်္ဂ​လာ​ခံ​ယူ​မှု​ကို​တားမြစ်​နိုင်​သ​နည်း'' ဟု ဆို​၏။-
48 He commanded them to be baptized in the name of Jesus Christ. Then they asked him to stay some days.
၄၈ထို​နောက်​ပေ​တ​ရု​သည်​ထို​သူ​တို့​အား​ယေ​ရှု ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ဗတ္တိ​ဇံ​မင်္ဂ​လာ ခံ​စေ​ရန်​အ​မိန့်​ပေး​လေ​၏။ ထို​နောက်​ပေ​တ​ရု အား​မိ​မိ​တို့​နှင့်​အ​တူ ရက်​အ​နည်း​ငယ်​နေ ထိုင်​ရန်​ထို​သူ​တို့​သည်​မေတ္တာ​ရပ်​ခံ​ကြ​၏။

< Acts 10 >