< 2 Thessalonians 3 >

1 Finally, brothers, pray for us, that the word of the Lord may spread rapidly and be glorified, even as also with you;
ညီ​အစ်​ကို​တို့၊ နောက်​ဆုံး​အ​နေ​ဖြင့်​မှာ​ကြား လို​၏။ သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည်​သင် တို့​ထံ​မှာ​ကဲ့​သို့​အ​ရပ်​တ​ကာ​တွင်​လျင်​မြန် စွာ​ပျံ့​နှံ့​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက် နိုင်​စေ​ရန်​ငါ​တို့​အ​တွက်​ဆု​တောင်း​ကြ​လော့။-
2 and that we may be delivered from unreasonable and evil people; for not all have faith.
ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​သူ​ယုတ်​မာ များ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​ရန်​ကို​လည်း​ဆု​တောင်း​ကြ လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​တော် ကို​လူ​တိုင်း​ပင်​မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ် သည်။
3 But the Lord is faithful, who will establish you, and guard you from the evil one.
သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။-
4 We have confidence in the Lord concerning you, that you both do and will do the things we command.
သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။
5 May the Lord direct your hearts into the love of God, and into the patience of Christ.
သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။
6 Now we command you, brothers, in the name of our Lord Jesus Christ, that you withdraw yourselves from every brother who lives an undisciplined life, and not after the tradition which they received from us.
ညီ​အစ်​ကို​တို့၊ အ​ပျင်း​ကြီး​သူ​ညီ​အစ်​ကို အ​ပေါင်း​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ပေး​အပ် သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက်​နာ​သူ တို့​နှင့်​လည်း​ကောင်း မ​ပေါင်း​ဖော်​ကြ​ရန်​အ​ရှင် ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက် သင်​တို့​ကို​ငါ​တို့​ပညတ်​၏။-
7 For you know how you ought to imitate us. For we were not undisciplined among you,
သင်​တို့​သည်​ငါ​တို့​အ​လုပ်​လုပ်​ခဲ့​သည့်​စံ န​မူ​နာ​ကို​လိုက်​၍​ပြု​ကျင့်​သင့်​သည်​ကို သင် တို့​ကိုယ်​တိုင်​ကောင်း​စွာ​သိ​ရှိ​ကြ​ပေ​သည်။ သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က​ငါ​တို့​သည် အ​လုပ်​မ​လုပ်​ဘဲ​မ​နေ​ခဲ့​ကြ။-
8 neither did we eat bread from anyone's hand without paying for it, but in labor and travail worked night and day, that we might not burden any of you;
ငါ​တို့​စား​စ​ရိတ်​မှန်​သ​မျှ​ကို​ငါ​တို့​ကျ​ခံ ခဲ့​ကြ​၏။ သင်​တို့​တစ်​ဦး​တစ်​ယောက်​အား​မျှ ငါ​တို့​အ​တွက်​တာ​ဝန်​မ​ရှိ​ရ​စေ​ရန် ငါ​တို့ သည်​အ​လုပ်​ကို​ပင်​ပန်း​စွာ​နေ့​ရော​ညဥ့်​ပါ လုပ်​ကိုင်​ခဲ့​ကြ​၏။-
9 not because we do not have the right, but to make ourselves an example to you, that you should imitate us.
ယင်း​သို့​ပြု​ကြ​ခြင်း​မှာ​ငါ​တို့​တွင်​သင်​တို့ ၏​အ​ထောက်​အ​ပံ့​ကို​တောင်း​ပိုင်​ခွင့်​မ​ရှိ​ကြ ၍​မ​ဟုတ်။ သင်​တို့​လိုက်​လျှောက်​ရန်​စံ​န​မူ​နာ ရ​ရှိ​ကြ​စေ​ရန်​သာ​ဖြစ်​၏။-
10 For even when we were with you, we commanded you this: "If anyone will not work, neither let him eat."
၁၀သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က​ငါ​တို့ သည်​သင်​တို့​အား``အ​လုပ်​မ​လုပ်​လို​သူ​သည် အ​စား​အ​စာ​လည်း​မ​စား​ရ'' ဟူ​၍​သွန်​သင် လေ့​ရှိ​၏။
11 For we hear that some among you are living an undisciplined life, who do not work at all, but are busybodies.
၁၁သင်​တို့​အ​ထဲ​တွင်​အ​ပျင်း​ကြီး​လျက်​အ​လုပ် မ​လုပ်​ဘဲ သူ​တစ်​ပါး​တို့​၏​ကိစ္စ​များ​တွင်​ဝင် ရောက်​စွက်​ဖက်​နေ​တတ်​သူ​များ​ရှိ​ကြောင်း သိ​ရ​ပေ​သည်။-
12 Now those who are that way, we command and exhort in the Lord Jesus Christ, that with quietness they work, and eat their own bread.
၁၂ဤ​ကဲ့​သို့​သော​သူ​တို့​အား​ငြိမ်​ဝပ်​စွာ​နေ​ထိုင် ကာ​အ​လုပ်​ကို​လုပ်​၍​အ​သက်​မွေး​ဝမ်း​ကျောင်း ကြ​ရန် ငါ​တို့​သည်​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ် ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​လျက်​အ​မိန့်​ပေး ၍​တိုက်​တွန်း​၏။
13 But you, brothers, do not be weary in doing well.
၁၃သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ပြု​ကျင့်​ကြ​လော့။-
14 If anyone does not obey our word in this letter, note that person, that you have no company with him, to the end that he may be ashamed.
၁၄အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​သည်​ဤ​စာ တွင်​ပါ​ရှိ​သည့်​ညွှန်​ကြား​ချက်​များ​ကို​မ​လိုက် နာ​သော် ထို​သူ​ကို​သ​တိ​ပြု​၍​အ​ရှက်​ရ​စေ ရန်​သူ​နှင့်​မ​ပေါင်း​ဖော်​ကြ​နှင့်။-
15 Do not count him as an enemy, but admonish him as a brother.
၁၅သို့​ရာ​တွင်​သူ့​အား​ရန်​သူ​ကဲ့​သို့​သ​ဘော​မ​ထား ဘဲ ညီ​အစ်​ကို​ကဲ့​သို့​သ​ဘော​ထား​ကာ​သ​တိ​ပေး ကြ​လော့။
16 Now may the Lord of peace himself give you peace at all times in all ways. The Lord be with you all.
၁၆ငြိမ်​သက်​ခြင်း​၏​အ​ရှင်​သ​ခင်​ဘု​ရား​ကိုယ်​တော် တိုင်​သင်​တို့​အား အ​ခါ​ခပ်​သိမ်း​နည်း​အ​မျိုး​မျိုး ဖြင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။ သ​ခင်​ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။
17 The greeting of me, Paul, with my own hand, which is the sign in every letter: this is how I write.
၁၇ငါ​၏​လက်​ဖြင့်​ဤ​စာ​လုံး​များ​ကို​ရေး​၏။ ငါ ပေါ​လု​သည်​သင်​တို့​အား​နှုတ်​ဆက်​၏။ ငါ​ပေး ပို့​သော​စာ​တိုင်း​တွင်​ဤ​အ​တိုင်း​လက်​မှတ်​ရေး ထိုး​၏။ ဤ​ကဲ့​သို့​ငါ​ရေး​၏။
18 The grace of our Lord Jesus Christ be with you all.
၁၈ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး တော်​ကို​သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ စေ​သ​တည်း။ သက်​သာ​လော​နိတ်​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

< 2 Thessalonians 3 >