< 2 Peter 1 >
1 Simeon Peter, a servant and apostle of Jesus Christ, to those who have obtained a like precious faith with us in the righteousness of our God and Savior, Jesus Christ:
၁ယေရှုခရစ်၏အစေခံနှင့်တမန်တော်ဖြစ်သူ ရှိမုန်ပေတရုထံမှ ငါတို့ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကြောင့် ငါတို့ခံယူရသည့် ယုံကြည်ခြင်းကဲ့သို့အဖိုးထိုက်သည့်ယုံကြည် ခြင်းကိုရရှိကြကုန်သောသူတို့ထံသို့ စာရေးလိုက်သည်။
2 Grace to you and peace be multiplied in the knowledge of God and of Jesus our Lord,
၂ဘုရားသခင်နှင့်ငါတို့အရှင်ဖြစ်တော်မူသော သခင်ယေရှုခရစ်ကိုသိကျွမ်းရခြင်းအားဖြင့် သင်တို့သည်ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်း ကိုအပြည့်အဝခံစားရကြပါစေသတည်း။
3 seeing that his divine power has granted to us all things that pertain to life and godliness, through the knowledge of him who called us by his own glory and virtue;
၃ငါတို့သည်ခရစ်တော်ကိုသိကျွမ်းခြင်းအား ဖြင့် ဘုရားဝတ်၌အမှန်ပင်မွေ့လျော်နိုင်စေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်ဖြင့် ငါ တို့လိုအပ်သောအရာရှိသမျှကိုချပေး တော်မူ၏။ ခရစ်တော်သည်မိမိ၏ဘုန်းအသ ရေတော်နှင့်ကောင်းမြတ်ခြင်းကို ငါတို့ခံယူ နိုင်ကြစေရန်ငါတို့အားခေါ်ယူရွေးကောက် တော်မူပေသည်။-
4 by which he has granted to us his precious and exceedingly great promises; that through these you may become partakers of the divine nature, having escaped from the corruption that is in the world by lust.
၄ဤနည်းအားဖြင့်ကတိထားတော်မူသောအလွန် ကြီး၍ အဖိုးထိုက်သည့်ဆုကျေးဇူးများကို ကိုယ်တော်သည်ငါတို့အားပေးတော်မူ၏။ ထို ဆုကျေးဇူးအားဖြင့်သင်တို့သည် ဤလောက တွင်ဖောက်ပြန်ပျက်စီးတတ်သောကိလေသာ ဆိုးညစ်မှုများမှလွတ်မြောက်နိုင်ကြလျက် ဘုရားဇာတိတွင်ပါဝင်စေရန်ဖြစ်၏။-
5 Yes, and for this very cause adding on your part all diligence, in your faith supply moral excellence; and in moral excellence, knowledge;
၅ဤအကြောင်းကြောင့်သင်တို့သည်မိမိတို့၏ ယုံကြည်ခြင်းကိုအကျင့်သီလဖြင့်လည်း ကောင်း၊ အကျင့်သီလကိုအသိပညာဖြင့် လည်းကောင်း၊-
6 and in knowledge, self-control; and in self-control, perseverance; and in perseverance, godliness;
၆အသိပညာကိုကာမဂုဏ်ချုပ်တည်းခြင်း ဖြင့်လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ကိုခံနိုင်ရည်ရှိခြင်းဖြင့်လည်းကောင်း၊ ခံနိုင် ရည်ရှိခြင်းကိုဘုရားဝတ်၌မွေ့လျော်ခြင်း ဖြင့်လည်းကောင်း၊-
7 and in godliness, brotherly affection; and in brotherly affection, love.
၇ဘုရားဝတ်၌မွေ့လျော်ခြင်းကိုညီအစ်ကို စုံမက်ခြင်းဖြင့်လည်းကောင်း၊ ညီအစ်ကိုစုံမက် ခြင်းကိုချစ်ခြင်းမေတ္တာဖြင့်လည်းကောင်းထပ် လောင်းဖြည့်စွက်ပေးရန်အစွမ်းကုန်ကြိုးစား ကြလော့။-
8 For if these things are yours and abound, they make you to be not idle nor unfruitful to the knowledge of our Lord Jesus Christ.
၈ဤအရည်အချင်းများသည်သင်တို့တွင်များ စွာရှိလျှင် ငါတို့အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌သင်တို့ထိရောက်လျက် အကျိုးဖြစ်ထွန်းလိမ့်မည်။-
9 For he who lacks these things is blind, seeing only what is near, having forgotten the cleansing from his old sins.
၉ဤအရည်အချင်းများနှင့်ကင်းသူသည် အမြင်တို၍မျက်စိကန်းသူဖြစ်၏။ သူသည် ယခင်ကမိမိ၏အပြစ်များမှပြေလွတ်ခွင့် ရရှိသည်ကိုမေ့လျော့လေပြီ။
10 Therefore, brothers, be more diligent to make your calling and election sure. For if you do these things, you will never stumble.
၁၀သို့ဖြစ်၍ညီအစ်ကိုတို့၊ သင်တို့ကိုဘုရားသခင် ခေါ်ယူရွေးချယ်တော်မူခြင်းကိုတည်မြဲစေရန် ပို၍ပင်ကြိုးစားကြပါမူသင်တို့သည်အဘယ် အခါမျှ မိမိတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ် ကြလိမ့်မည်မဟုတ်။-
11 For thus you will be richly supplied with the entrance into the everlasting kingdom of our Lord and Savior, Jesus Christ. (aiōnios )
၁၁ဤနည်းအားဖြင့်သင်တို့သည်ငါတို့ကိုအရှင် သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှု ခရစ်၏ထာဝရနိုင်ငံတော်သို့ဝင်နိုင်ရန် အခွင့် အရေးအပြည့်အဝကိုရရှိကြလိမ့်မည်။ (aiōnios )
12 Therefore I will be ready always to remind you of these things, though you know them, and are established in the present truth.
၁၂ထို့ကြောင့်သင်တို့သည်ဤအကြောင်းအရာ များကိုသိရှိနားလည်လျက် မိမိတို့ခံယူရ ရှိထားသည့်သမ္မာတရားတော်တွင်အခြေခိုင် ၍နေပြီဖြစ်သော်လည်း ငါသည်သင်တို့အား ထိုအရာများအကြောင်းကိုအစဉ်သတိ ပေးလို၏။-
13 I think it right, as long as I am in this tent, to stir you up by reminding you;
၁၃ငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။-
14 knowing that the putting off of my tent comes swiftly, even as our Lord Jesus Christ made clear to me.
၁၄အဘယ်ကြောင့်ဆိုသော်ငါသည်မကြာမီပင် ဤပျက်စီးတတ်သည့်ကိုယ်ခန္ဓာကိုစွန့်ပစ်ရလိမ့် မည်ဖြစ်ကြောင်းသိသောကြောင့်ဖြစ်ပေသည်။ ငါ တို့အရှင်သခင်ယေရှုခရစ်ကလည်းယင်းသို့ ဖြစ်မည်ဟုငါ့အားအတိအလင်းမိန့်ကြား ထား၏။-
15 Yes, I will make every effort that you may always be able to remember these things even after my departure.
၁၅သို့ဖြစ်၍ငါမရှိသည့်နောက်သင်တို့သည် ဤ အကြောင်းအရာများကိုအစဉ်မှတ်မိစေခြင်း ငှာ ငါသည်အစွမ်းကုန်ကြိုးစားအားထုတ်မည်။
16 For we did not follow cunningly devised tales, when we made known to you the power and coming of our Lord Jesus Christ, but we were eyewitnesses of his majesty.
၁၆ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-
17 For he received from God the Father honor and glory, when the voice came to him from the Majestic Glory, "This is my beloved Son, in whom I am well pleased."
၁၇အကြီးမြတ်ဆုံးသောဘုန်းအသရေရောင်ခြည် တော်ရှင်က``ဤသူကားငါနှစ်သက်မြတ်နိုး သောငါ၏ချစ်သားဖြစ်၏'' ဟူသောအသံ တော်မိန့်တော်မူသောအချိန်၌ ခမည်းတော် ဘုရားသခင်ထံတော်မှကိုယ်တော်သည်ဂုဏ် အသရေတော်နှင့်ဘုန်းအသရေတော်ကို ခံယူတော်မူ၏။-
18 We heard this voice come out of heaven when we were with him on the holy mountain.
၁၈ထိုစဉ်အခါကငါတို့ကိုယ်တိုင်ပင်လျှင် ကိုယ်တော်နှင့်အတူ သန့်ရှင်းမြင့်မြတ်သော တောင်တော်ပေါ်တွင်ရှိ၍မိုးကောင်းကင်မှ ထွက်ပေါ်လာသောအသံတော်ကိုကြားရ ပေသည်။
19 We have the more sure word of prophecy; and you do well that you heed it, as to a lamp shining in a dark place, until the day dawns, and the morning star arises in your hearts:
၁၉သို့ဖြစ်၍ငါတို့သည်ပရောဖက်များကြေညာ သည့်ဗျာဒိတ်တော်ကိုပို၍စိတ်ချယုံကြည် ကြ၏။ ထိုဗျာဒိတ်တော်ကိုဂရုပြုလော့။ အဘယ် ကြောင့်ဆိုသော်ယင်းသည်အရုဏ်ကျင်းလျက် နေအလင်းပေါ်၍ သင်တို့စိတ်နှလုံးထဲတွင် အရုဏ်ကြယ်ပေါ်ထွက်ချိန်မတိုင်မီအမှောင် ထဲတွင်ထွန်းလင်းလျက်နေသည့်မီးခွက်နှင့်တူ၏။-
20 knowing this first, that no prophecy of Scripture is of private interpretation.
၂၀သို့ရာတွင်အဘယ်သူမျှမိမိအလိုအလျောက် ပရောဖက်တို့ဟောချက်အနက်အဋ္ဌိပ္ပါယ်ကို ပြန်ဆို၍မရနိုင်ကြောင်းသင်တို့အထူးမှတ် ယူကြလော့။-
21 For no prophecy ever came by human will, but people spoke from God, being moved by the Holy Spirit.
၂၁အဘယ်ကြောင့်ဆိုသော်မည်သည့်ပရောဖက် ဟောပြောချက်မျှ မိမိ၏အလိုဆန္ဒအရပေါ် ပေါက်လာခြင်းမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော် နှိုးဆော်ခြင်းကိုခံရသောသူတို့သည် ဘုရား သခင်၏ထံတော်မှလာသောဗျာဒိတ်တော်ကို ဟောပြောခြင်းဖြစ်သည်။