< 2 John 1 >
1 The elder, to the chosen lady and her children, whom I love in truth; and not I only, but also all those who know the truth;
၁အသက်ကြီးသူထံမှဘုရားသခင်ရွေးကောက် တော်မူခြင်းခံရသူနှင့် အမှန်ပင်ငါချစ်မြတ် နိုးသူအမျိုးသမီးကြီးနှင့် သူ၏သားသမီး များထံသို့စာရေးလိုက်သည်။ သင့်အားငါတစ် ဦးတည်းသာမက သမ္မာတရားကိုသိရှိသူ အပေါင်းတို့သည်ချစ်ကြပေသည်။-
2 for the truth's sake, which remains in us, and it will be with us forever: (aiōn )
၂အဘယ်ကြောင့်ဆိုသော်သမ္မာတရားသည် ငါ တို့စိတ်နှလုံးတွင်တည်နေလျက် ငါတို့နှင့် အတူအစဉ်မပြတ်ရှိမည်ဖြစ်သောကြောင့် တည်း။ (aiōn )
3 Grace, mercy, and peace will be with us, from God the Father, and from Jesus Christ, the Son of the Father, in truth and love.
၃ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်ထံတော် မှလည်းကောင်း၊ ကျေးဇူးတော်၊ ကရုဏာတော် နှင့်ငြိမ်သက်ခြင်းသည်သမ္မာတရားကိုသိ၍ အချင်းချင်းချစ်ကြသောငါတို့အပေါ်သို့ သက်ရောက်ပါစေသော။
4 I rejoice greatly that I have found some of your children walking in truth, even as we have been commanded by the Father.
၄သင်၏သားသမီးအချို့တို့သည်ခမည်းတော် ဘုရားပညတ်တော်မူခဲ့သည့်အတိုင်း သမ္မာ တရားတော်၌ကျင်လည်လျက်နေကြကြောင်း တွေ့ရသဖြင့်ငါအလွန်ဝမ်းမြောက်၏။-
5 And now I ask you, dear lady, not as though I wrote to you a new commandment, but that which we had from the beginning, that we love one another.
၅သို့ဖြစ်၍ချစ်သောအမျိုးသမီးကြီး၊ ငါတို့ အချင်းချင်းချစ်ကြရန်သင့်အားငါတောင်း ပန်၏။ ဤပညတ်ကားအသစ်အဆန်းမဟုတ်။ အစကတည်းကပင်လျှင်ငါတို့ရရှိသည့် ပညတ်ဖြစ်ပေသည်။-
6 This is love, that we should walk according to his commandments. This is the commandment, even as you heard from the beginning, that you should walk in it.
၆ချစ်ခြင်းဆိုသည်မှာကိုယ်တော်၏ပညတ်တော် တို့ကိုလိုက်နာကျင့်သုံးခြင်းပင်တည်း။ အစ ကတည်းကပင်လျှင် သင်တို့အားလုံးကြားနာ ခဲ့ရသည့်ပညတ်တော်မှာမေတ္တာတရားကို ကျင့်သုံးရမည်ဟူ၍ဖြစ်သတည်း။
7 For many deceivers have gone out into the world, those who do not confess that Jesus Christ came in the flesh. This is the deceiver and the antichrist.
၇လူ့ဇာတိကိုခံယူ၍သခင်ယေရှုကြွလာ တော်မူသည်ကိုလက်မခံဘဲ လှည့်ဖြားသော သူအများပင်ကမ္ဘာလောကထဲသို့ရောက်ရှိနေ လေပြီ။ ထိုသို့သောသူသည်လှည့်ဖြားသောသူ၊ ခရစ်တော်၏ရန်သူဖြစ်၏။-
8 Watch yourselves, that you do not lose the things which we have accomplished, but that you receive a full reward.
၈သို့ဖြစ်၍သင်တို့သည်သတိနှင့်နေကြလော့။ သို့မှသာလျှင်ငါတို့၏ကြိုးပမ်းဆောင်ရွက် ချက်များသည်အချည်းနှီးမဖြစ်ဘဲ သင်တို့ သည်အကျိုးကိုအပြည့်အဝခံစားရကြ လိမ့်မည်။
9 Whoever goes on and does not remain in the teaching of Christ, does not have God. He who remains in the teaching, the same has both the Father and the Son.
၉ခရစ်တော်၏တရားတော်ဘောင်အတွင်း၌ မနေဘဲ ထိုဘောင်ကိုကူးကျော်သူ၌ဘုရား သခင်မရှိ။ ထိုတရားတော်ဘောင်အတွင်း၌ နေသောသူဟူမူကားခမည်းတော်နှင့်သား တော်ပါရှိ၏။-
10 If anyone comes to you, and does not bring this teaching, do not receive him into your house, and do not welcome him,
၁၀ထိုတရားတော်ကိုမသွန်သင်သောသူသည် သင်တို့ထံသို့ရောက်ရှိလာသောအခါ သင် တို့အိမ်တွင်လက်မခံကြနှင့်။ သူ့အားနှုတ် ခွန်းပင်မဆက်ကြနှင့်။-
11 for he who welcomes him participates in his evil works.
၁၁အဘယ်ကြောင့်ဆိုသော်ထိုသူအားနှုတ်ခွန်း ဆက်သူသည်ထိုသူနှင့်အပေါင်းအပါဖြစ်၍ ဆိုးယုတ်မှုကိုပြုကျင့်ရာရောက်သောကြောင့် တည်း။
12 Having many things to write to you, I do not want to do so with paper and ink, but I hope to come to you, and to speak face to face, that our joy may be made full.
၁၂သင်တို့အားပြောစရာများစွာရှိသော်လည်း ငါသည်စာအားဖြင့်မရေးဘဲ ငါတို့၏ရွှင်လန်း ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် ငါသည် သင်တို့ထံသို့အလည်အပတ်လာ၍ သင်တို့ နှင့်ကိုယ်တိုင်တွေ့ဆုံပြောဆိုရန်မျှော်လင့်၏။
13 The children of your chosen sister greet you.
၁၃ဘုရားသခင်ရွေးကောက်တော်မူခြင်းခံရသူ သင့်ညီမ၏သားသမီးများကသင့်အား နှုတ်ဆက်ကြ၏။ ရှင်ယောဟန်သြဝါဒစာဒုတိယစောင်ပြီး၏။