< Obadiah 1 >
1 The vision of Obadiah. This is what the LORD says about Edom. We have heard news from the LORD, and an ambassador is sent among the nations, saying, "Arise, and let's rise up against her in battle.
၁အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ် ၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော် မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီကြလော့ဟု၊ တပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
2 Look, I have made you small among the nations. You are greatly despised.
၂သင့်ကို တပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်း ငှါ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချ ခြင်းရှိလိမ့်မည်။
3 The pride of your heart has deceived you, you who dwell in the clefts of the rock, whose habitation is high, who says in his heart, 'Who will bring me down to the ground?'
၃ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကို မြေသို့ အဘယ်သူ နှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။
4 Though you mount on high as the eagle, and though your nest is set among the stars, I will bring you down from there," says the LORD.
၄သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍၊ ကြယ်တို့တွင် အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
5 "If thieves came to you, if robbers by night—oh, what disaster awaits you—wouldn't they only steal until they had enough? If grape pickers came to you, wouldn't they leave some gleaning grapes?
၅ညဉ့်အခါ သူခိုးထားပြတို့သည် သင်ရှိရာသို့ လာ လျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာ လျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
6 How Esau will be ransacked. How his hidden treasures are sought out.
၆သင်သည် အလွန်ပျက်စီးပြီတကား။ ဧသော သည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသော ဥစ္စာ ကို အလွန်ရှာဖွေကြသည်တကား။
7 All the men of your alliance have brought you on your way, even to the border. The men who were at peace with you have deceived you, and prevailed against you. Those who eat bread with you lay a snare under you. There is no understanding in him."
၇သင်နှင့်မိဿဟာယဖွဲ့သော သူအပေါင်းတို့ သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကို လှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက် သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင် ထားကြပြီ။ သင်၏ဥာဏ်ပညာ ကုန်ပြီ။
8 "Won't I in that day," says the LORD, "destroy the wise men out of Edom, and understanding out of the mountain of Esau?
၈ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ဧဒုံပြည်မှ ပညာရှိတို့ကို၎င်း၊ ဧသော၏တောင်မှ ဥာဏ် ကောင်းသော သူတို့ကို၎င်း ငါပယ်ရှားမည်။
9 Your mighty men, Teman, will be dismayed, to the end that everyone may be cut off from the mountain of Esau by slaughter.
၉အိုတေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏ သူရဲတို့သည် ကြောက်ကြလိမ့်မည်။
10 For the violence done to your brother Jacob, shame will cover you, and you will be cut off forever.
၁၀သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ ၍၊ အကုန်အစင်ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
11 In the day that you stood on the other side, in the day that strangers carried away his substance, and foreigners entered into his gates, and cast lots for Jerusalem, even you were like one of them.
၁၁သင်သည် တဘက်၌နေသောနေ့၊ တကျွန်းတ နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသော နေ့၊ တပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
12 But do not look down on your brother in the day of his disaster, and do not rejoice over the people of Judah in the day of their destruction. Do not speak proudly in the day of distress.
၁၂သင်၏ညီသည် တပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
13 Do not enter into the gate of my people in the day of their calamity. Do not look down on their affliction in the day of their calamity, neither seize their wealth on the day of their calamity.
၁၃ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာတံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရ သောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေး ဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
14 Do not stand in the crossroads to cut off those of his who escape. Do not deliver up those of his who remain in the day of distress.
၁၄လွတ်သောသူတို့ကို ဆီးတားခြင်းငှါ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
15 For the day of the LORD is near all the nations. As you have done, it will be done to you. Your deeds will return upon your own head.
၁၅အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက် သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အ တိုင်း သင်၌ သူတပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။
16 For as you have drunk on my holy mountain, so will all the nations drink continually. Yes, they will drink, swallow down, and will be as though they had not been.
၁၆ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင် ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုး အပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက် ၍ မျိုသဖြင့် မရှိဘူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။
17 But in Mount Zion, there will be those who escape, and it will be holy. The house of Jacob will possess those who dispossessed them.
၁၇ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ်ဖြစ်လိမ့်မည်။ ယာ ကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။
18 The house of Jacob will be a fire, the house of Joseph a flame, and the house of Esau for stubble. They will burn among them, and devour them. There will not be any remaining to the house of Esau." Indeed, the LORD has spoken.
၁၈ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရ ဘုရားမိန့်တော်မူပြီ။
19 Those of the Negev will possess the mountain of Esau, and those of the lowland, the Philistines. They will possess the field of Ephraim, and the field of Samaria. Benjamin will possess Gilead.
၁၉တောင်မျက်နှာသားတို့သည် ဧသော၏တောင် ကို၎င်း၊ မြေညီသောအရပ်သားတို့သည် ဖိလိတ္တိပြည်ကို ၎င်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကို၎င်း၊ ဗင်္ယာ မိန်အမျိုးသည် ဂိလဒ်ပြည်ကို၎င်း သိမ်းယူကြလိမ့်မည်။
20 The captives of this army of the children of Israel, who are among the Canaanites, will possess even to Zarephath; and the captives of Jerusalem, who are in Sepharad, will possess the cities of the Negev.
၂၀သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်၎င်း၊ သိမ်းသွားခြင်းကို ခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကို ၎င်း သိမ်းယူကြလိမ့်မည်။
21 Those who have been saved will go up on Mount Zion to judge the mountains of Esau, and the kingdom will be the LORD's.
၂၁ဧသော၏တောင်ကို တရားစီရင်ခြင်းငှါ ကယ် တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့် မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏ နိုင်ငံတော် ဖြစ်လိမ့်သတည်း။