< Numbers 1 >

1 The LORD spoke to Moses in the wilderness of Sinai, in the Tent of Meeting, on the first day of the second month, in the second year after they had come out of the land of Egypt, saying,
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ဒုတိယ လ ၊ ပဌမ နေ့၌ သိနာ တော တွင် ပရိသတ်စည်းဝေး ရာ တဲ တော်မှာ ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 "Take a census of all the congregation of the children of Israel, by their families, by their fathers' houses, according to the number of the names, every male, one by one;
သင် နှင့် အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် တို့တွင်၊ အသက် နှစ်ဆယ် လွန် ၍၊
3 from twenty years old and upward, all who are able to go out to war in Israel. You and Aaron shall number them by their divisions.
စစ်တိုက် နိုင်သောယောက်ျား အပေါင်း တို့ကို သူ တို့အဆွေအမျိုး အသီးသီးအလိုက် စာရင်း ယူ လျက်၊ တပ်ခင်းကျင်း ၍ရေတွက် လော့။
4 With you there shall be a man of every tribe; everyone head of his fathers' house.
အမျိုးအနွယ် အသီးသီးတမျိုးတယောက်စီ မိမိတို့ အဆွေအမျိုး၌ သူကြီး ဖြစ်သော လူတို့သည် သင် တို့နှင့်အတူ ကူညီ၍ ထိုအမှုကိုဆောင်ရကြမည်။
5 These are the names of the men who shall stand with you: Of Reuben: Elizur the son of Shedeur.
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ ရုဗင် အမျိုး၊ ရှေဒုရ သား ဧလိဇုရ။
6 Of Simeon: Shelumiel the son of Zurishaddai.
ရှိမောင် အမျိုး၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ။
7 Of Judah: Nahshon the son of Amminadab.
ယုဒ အမျိုး၊ အမိနဒပ် သား နာရှုန်။
8 Of Issachar: Nethanel the son of Zuar.
ဣသခါ အမျိုး၊ ဇုအာ သား နာသနေလ။
9 Of Zebulun: Eliab the son of Helon.
ဇာဗုလုန် အမျိုး၊ ဟေလုန် သား ဧလျာဘ။
10 Of the sons Joseph: Of Ephraim: Elishama the son of Ammihud. Of Manasseh: Gamaliel the son of Pedahzur.
၁၀ယောသပ် သား တွင်၊ ဧဖရိမ် အမျိုး၊ အမိဟုဒ် သား ဧလိရှမာ ၊ မနာရှေ အမျိုး၊ ပေဒါဇုရ သား ဂါမလျလ။
11 Of Benjamin: Abidan the son of Gideoni.
၁၁ဗင်္ယာမိန် အမျိုး၊ ဂိဒေါနိ သား အဘိဒန်။
12 Of Dan: Ahiezer the son of Ammishaddai.
၁၂ဒန် အမျိုး၊ အမိရှဒဲ သား အဟေဇာ။
13 Of Asher: Pagiel the son of Ochran.
၁၃အာရှာ အမျိုး၊ ဩကရန် သား ပါဂျေလ။
14 Of Gad: Eliasaph the son of Reuel.
၁၄ဂဒ် အမျိုး၊ ဒွေလ သား ဧလျာသပ်။
15 Of Naphtali: Ahira the son of Enan."
၁၅နဿလိ အမျိုး၊ ဧနန် သား အဟိရ တည်း။
16 These are those who were called of the congregation, the leaders of the tribes of their fathers; they were the heads of the thousands of Israel.
၁၆ဤသူ တို့သည် ပရိသတ် တွင် ကျော်စော သောသူ၊ အဆွေအမျိုး သူကြီး မင်းဖြစ်၍၊ဣသရေလ အမျိုး ၌ လူတထောင်စီအုပ်ရသောသူဖြစ် ကြသတည်း။
17 Moses and Aaron took these men who are mentioned by name.
၁၇ထိုသို့နာမည် ဖြင့် ရွေး တော်မူသော ထို သူ တို့ကို၊ မောရှေ နှင့် အာရုန် သည်ခေါ် ၍ ၊
18 They assembled all the congregation together on the first day of the second month; and they declared their ancestry by their families, by their fathers' houses, according to the number of the names, from twenty years old and upward, one by one.
၁၈ဒုတိယ လ ၊ ပဌမ နေ့၌ ပရိသတ် အပေါင်း ကို စည်းဝေး စေပြီးမှ ၊ အဆွေအမျိုး စာရင်းကို ဘော်ပြ ၍၊ အနှစ် နှစ်ဆယ် အလွန် သောသူတို့၏ နာမည် ပေါင်း ကို မှတ်သဖြင့်၊
19 As the LORD commanded Moses, so he numbered them in the wilderness of Sinai.
၁၉ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူ သည်အတိုင်း ၊ သိနာ တော ၌ ဣသရေလအမျိုးသားတို့ ကို ရေတွက် လေ၏။
20 Now the descendants of Reuben, Israel's firstborn, their generations, according to their families, by their fathers' houses, according to the number of the names, one by one, every male from twenty years old and upward, all who were able to go out to war;
၂၀ဣသရေလ ၏သားဦး ၊ ရုဗင် ၏အမျိုးသား တို့တွင်၊ အဆွေအမျိုး အသီးအသီးလိုက်၍ နာမည် များကို စာရင်း ၌ မှတ်သားသည်အတိုင်း၊
21 those who were numbered of them, of the tribe of Reuben, were forty-six thousand five hundred.
၂၁အသက် နှစ်ဆယ် လွန် ၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်း ခြောက်ထောင်ငါး ရာ ရှိကြ၏။
22 Of the descendants of Simeon, their generations, according to their families, by their fathers' houses, those who were numbered of it, according to the number of the names, one by one, every male from twenty years old and upward, all who were able to go out to war;
၂၂ရှိမောင် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
23 those who were numbered of them, of the tribe of Simeon, were fifty-nine thousand three hundred.
၂၃အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျား ပေါင်း ငါးသောင်း ကိုးထောင်သုံး ရာ ရှိကြ၏။
24 Of the descendants of Gad, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၂၄ဂဒ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
25 those who were numbered of them, of the tribe of Gad, were forty-five thousand six hundred fifty.
၂၅အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါးထောင်ခြောက် ရာ ငါးဆယ် ရှိကြ၏။
26 Of the descendants of Judah, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၂၆ယုဒ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
27 those who were numbered of them, of the tribe of Judah, were sixty-four thousand six hundred.
၂၇အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သောယောက်ျားပေါင်း ခုနစ်သောင်း ၊ လေးထောင်ခြောက် ရာ ရှိကြ၏။
28 Of the descendants of Issachar, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၂၈ဣသခါ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး ကိုလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
29 those who were numbered of them, of the tribe of Issachar, were fifty-four thousand four hundred.
၂၉အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း လေးထောင်လေး ရာ ရှိကြ၏။
30 Of the descendants of Zebulun, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၃၀ဇာဗုလုန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
31 those who were numbered of them, of the tribe of Zebulun, were fifty-seven thousand four hundred.
၃၁အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း နှစ်ထောင်လေး ရာ ရှိကြ၏။
32 Of the sons of Joseph, of the descendants of Ephraim, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၃၂ယောသပ် မှ ဆင်းသက်သော ဧဖရိမ် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
33 those who were numbered of them, of the tribe of Ephraim, were forty thousand five hundred.
၃၃အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း ငါး ရာ ရှိကြ၏။
34 Of the descendants of Manasseh, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၃၄မနာရှေ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
35 those who were numbered of them, of the tribe of Manasseh, were thirty-two thousand two hundred.
၃၅အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း နှစ်ထောင်နှစ်ရာ ရှိကြ၏။
36 Of the descendants of Benjamin, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go out to war;
၃၆ဗင်္ယာမိန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
37 those who were numbered of them, of the tribe of Benjamin, were thirty-five thousand four hundred.
၃၇အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း သုံးသောင်း ငါးထောင်လေး ရာ ရှိကြ၏။
38 Of the descendants of Dan, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go forth to war;
၃၈ဒန် အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည်အတိုင်း၊
39 those who were numbered of them, of the tribe of Dan, were sixty-two thousand seven hundred.
၃၉အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ခြောက်သောင်း နှစ်ထောင်ခုနစ် ရာ ရှိကြ၏။
40 Of the descendants of Asher, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go forth to war;
၄၀အာရှာ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီးလိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
41 those who were numbered of them, of the tribe of Asher, were forty-one thousand five hundred.
၄၁အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း လေးသောင်း တထောင်ငါး ရာ ရှိကြ၏။
42 Of the descendants of Naphtali, their generations, according to their families, by their fathers' houses, according to the number of the names, from twenty years old and upward, all who were able to go forth to war;
၄၂နဿလိ အမျိုးသား တို့တွင် အဆွေအမျိုး အသီးအသီး လိုက် ၍ နာမည် များကို စာရင်း ၌ မှတ်သား သည် အတိုင်း၊
43 those who were numbered of them, of the tribe of Naphtali, were fifty-three thousand four hundred.
၄၃အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော ယောက်ျားပေါင်း ငါးသောင်း သုံးထောင်လေး ရာ ရှိကြ၏။
44 These are those who were numbered, whom Moses and Aaron numbered, and the leaders of Israel, being twelve men; each representing his fathers' house.
၄၄ထိုသို့ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုး၌ အဆွေအမျိုး သူကြီးဖြစ်သော မင်း ဆယ် နှစ် ပါးတို့သည်
45 So all those who were numbered of the children of Israel by their fathers' houses, from twenty years old and upward, all who were able to go out to war in Israel;
၄၅ဣသရေလ အမျိုးသား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းယူသည်အတိုင်း၊
46 even all those who were numbered were six hundred three thousand five hundred fifty.
၄၆အသက် နှစ်ဆယ် လွန် ၍ စစ်တိုက် နိုင်သော လူပေါင်း ကား ခြောက် သိန်းသုံး ထောင်ငါး ရာ ငါး ဆယ်ရှိ သတည်း။
47 But the Levites after the tribe of their fathers were not numbered among them.
၄၇လေဝိ သားတို့သည်၊ ဘိုးဘ အမျိုး အလိုက် စာရင်း မ ဝင်ရသည် အမှုမှာ၊
48 For the LORD spoke to Moses, saying,
၄၈ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
49 "Only the tribe of Levi you shall not number, neither shall you take a census of them among the children of Israel;
၄၉လေဝိ သား တို့ကို၊ ဣသရေလ အမျိုးသား တို့နှင့် ရောနှော၍ မ ရေတွက် ရ။ စာရင်း ထဲ၌မ သွင်း ရ။
50 but appoint the Levites over the Tabernacle of the Testimony, and over all its furnishings, and over all that belongs to it. They shall carry the tabernacle, and all its furnishings; and they shall take care of it, and shall camp around it.
၅၀လေဝိ သားတို့အား သက်သေခံ ချက် တဲ တော်ကို၎င်း၊ တဲတော်တန်ဆာ ရှိသမျှ ကို ၎င်း၊ တဲ တော်နှင့်ဆိုင်သမျှ တို့ကို၎င်းအပ် ၍၊ သူတို့သည် တဲ တော်နှင့် တဲ တော်တန်ဆာ အလုံးစုံ ကို ဆောင်ရွက် ရကြမည်။ တဲ တော်မှုကိုလည်း ထမ်း ရကြမည်။ တပ်ချသောအခါ၊ တဲ တော်ပတ်လည် ၌ မိမိတို့နေရာ ချရကြမည်။
51 When the tabernacle is to move, the Levites shall take it down; and when the tabernacle is to be set up, the Levites shall set it up. The unauthorized person who comes near shall be put to death.
၅၁တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။
52 The children of Israel shall pitch their tents, every man by his own camp, and every man by his own standard, according to their divisions.
၅၂ဣသရေလ အမျိုးသား တို့သည် တပ်ချ သောအခါ ၊ အလုံးအရင်း တရှောက်လုံး၊ လူတိုင်း မိမိ ဆိုင်သော တပ် တွင် မိမိ ဆိုင်သော အလံ နားမှာ မိမိတဲကို ဆောက်ရမည်။
53 But the Levites shall camp around the Tabernacle of the Testimony, that there may be no wrath on the congregation of the children of Israel: and the Levites shall be responsible for the Tabernacle of the Testimony."
၅၃ဣသရေလ အမျိုးသား စည်းဝေးရာ၊ ပရိသတ် အပေါ် မှာ အမျက် တော်မ သက်ရောက် စေခြင်းငှါ ၊ လေဝိ သားတို့သည် သက်သေခံ ချက် တဲ တော်ပတ်လည် ၌ နေရာ ချ၍ ၊ သက်သေခံ ချက်တဲ တော်ကို စောင့်ရှောက် ရမည် ဟု၊
54 Thus the children of Israel did. According to all that the LORD commanded Moses, so they did.
၅၄မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည် အတိုင်း ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။

< Numbers 1 >