< Matthew 20 >
1 "For the kingdom of heaven is like a landowner who went out early in the morning to hire laborers for his vineyard.
၁ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏။
2 When he had agreed with the laborers for a denura a day, he sent them into his vineyard.
၂ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ်လေ၏။
3 He went out about nine in the morning, and saw others standing idle in the marketplace.
၃နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည် ကို မြင်၍၊
4 To them he said, 'You also go into the vineyard, and whatever is right I will give you.' So they went their way.
၄သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏။
5 Again he went out about noon and at three in the afternoon, and did likewise.
၅တဖန် နှစ်ချက်တီးအချိန်၊ တဖန် သုံးချက်တီးအချိန်၌ ထွက်၌ရှေ့နည်းအတူပြုလေ၏။
6 About five that afternoon he went out, and found others standing. He said to them, 'Why do you stand here all day idle?'
၆ဆယ်တနာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကို တွေ့၍၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်နေကြသနည်းဟုမေးသော်၊
7 "They said to him, 'Because no one has hired us.' "He said to them, 'You also go into the vineyard.'
၇ထိုသူတို့က၊ ကျွန်တော်တို့ကိုအဘယ်သူမျှ မငှါးပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြသော် လျော်စွာရကြလိမ့်မည်ဟု ဆိုလေ၏။
8 When evening had come, the lord of the vineyard said to his manager, 'Call the laborers and pay them their wages, beginning from the last to the first.'
၈ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင် သောသူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ၏။
9 "When those who were hired at about five in the afternoon came, they each received a denura.
၉ထို့ကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည်လာ၍ ဒေနာရိတပြားစီ ခံကြ၏။
10 When the first came, they supposed that they would receive more; and they likewise each received a denura.
၁၀အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ၏။
11 When they received it, they murmured against the master of the household,
၁၁ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍၊
12 saying, 'These last have spent one hour, and you have made them equal to us, who have borne the burden of the day and the scorching heat.'
၁၂နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။
13 "But he answered one of them, 'Friend, I am doing you no wrong. Did you not agree with me for a denura?
၁၃အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသောအမှုကိုငါမပြု။ ဒေနာရိတပြားကိုအမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော။
14 Take that which is yours, and go your way. It is my desire to give to this last just as much as to you.
၁၄သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလိုရှိ၏။
15 Is it not lawful for me to do what I want to with what I own? Or is your eye evil, because I am good?'
၁၅ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ၏။
16 So the last will be first, and the first last; for many are called, but few are chosen."
၁၆ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည်ဟု မိန့်တော်မူ၏။
17 As Yeshua was going up to Urishlim, he took the Twelve aside, and on the way he said to them,
၁၇ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ်၍၊
18 "Look, we are going up to Urishlim, and the Son of Man will be delivered to the chief priests and scribes, and they will condemn him to death,
၁၈ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ် အ ကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်။
19 and will hand him over to the non-Jews to mock, to scourge, and to crucify; and the third day he will be raised up."
၁၉လူသားအား ပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တ ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
20 Then the mother of the sons of Zabedai came to him with her sons, kneeling and asking a certain thing of him.
၂၀ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပြပ်ဝပ်လျက်ဆုကျေးဇူး ကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူပါသော်၊
21 He said to her, "What do you want?" She said to him, "Command that these, my two sons, may sit, one on your right hand, and one on your left hand, in your Kingdom."
၂၁ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲ တော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ၏။
22 But Yeshua answered and said, "You do not know what you are asking. Are you able to drink the cup that I am about to drink?" They said to him, "We are able."
၂၂ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊
23 He said to them, "You will indeed drink my cup, but to sit on my right hand and on my left hand is not mine to give; but it is for whom it has been prepared by my Father."
၂၃ငါ၏ခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ လိမ့် မည်။ သို့သော်လည်း ငါ၏လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဘို့ အလို့ငှါ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။
24 When the ten heard it, they were indignant with the two brothers.
၂၄အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက် ကြ၏။
25 But Yeshua summoned them, and said, "You know that the rulers of the nations lord it over them, and their great ones exercise authority over them.
၂၅ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြု တတ်ကြ၏။
26 It will not be so among you, but whoever desires to become great among you must be your servant.
၂၆အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။
27 And whoever desires to be first among you must be your slave,
၂၇သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊
28 even as the Son of Man did not come to be served, but to serve, and to give his life as a ransom for many."
၂၈သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။
29 As they went out from Irikhu, a large crowd followed him.
၂၉ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။
30 And look, two blind men sitting by the road, when they heard that Yeshua was passing by, shouted, "Have mercy on us, Lord, son of Dawid."
၃၀ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရ လျှင်။ ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။
31 The crowd rebuked them, telling them that they should be quiet, but they shouted even more, "Have mercy on us, Lord, son of Dawid."
၃၁ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှါ လူအစုအဝေးတို့သည်ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ဟစ်ကြော်ကြ၏။
32 Yeshua stood still, and called them, and asked, "What do you want me to do for you?"
၃၂ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ်၍ သင်တို့၌အဘယ်သို့ ပြုစေလိုသနည်းဟု မေး တော်မူလျှင်၊
33 They told him, "Lord, that our eyes may be opened."
၃၃သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှါ ပြုတော်မူပါဟု လျှောက်ကြသော်၊
34 Yeshua, being moved with compassion, touched their eyes; and immediately their eyes received their sight, and they followed him.
၃၄ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့်တို့တော်မူ၏။ ထိုခဏခြင်းတွင် ထိုသူ တို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။