< Luke 24 >

1 But on the first day of the week, at early dawn, they came to the tomb, bringing the spices which they had prepared.
ခုနစ်ရက် တွင် ပဌမ နေ့ရက်အာရုဏ်တက် သောအချိန်၌ ၊ ထိုမိန်းမတို့သည် အခြားသော မိန်းမတို့နှင့်တကွမိမိတို့ ပြင်ဆင် သောနံ့သာမျိုး ကို ဆောင် လျက် သင်္ချိုင်း တော်သို့ သွား ကြ၏။
2 They found the stone rolled away from the tomb.
ရောက်သောအခါတွင်းဝ ၌ ပိတ်သောကျောက် သည် လိမ့် လန်လျက်ရှိသည်ကို တွေ့မြင် ၍ အတွင်း သို့ ဝင် သော် ၊
3 They entered in, and did not find the body of the Lord Yeshua.
သခင် ယေရှု ၏အလောင်း တော်ကို မ တွေ့ ကြ။
4 It happened, while they were greatly perplexed about this, look, two men stood by them in dazzling clothing.
ထို အကြောင်း ကြောင့် သူ တို့သည် တွေးတော သောစိတ်ရှိ စဉ်တွင် ၊ လူ နှစ် ယောက်တို့သည် ပြိုးပြိုးပြက်ပြက် သော အဝတ်ကို ဝတ်ဆင် လျက် ပေါ်လာ၏။
5 Becoming terrified, they bowed their faces down to the earth. They said to them, "Why do you seek the living among the dead?
ထိုမိန်းမ တို့သည် ကြောက်လန့် သောစိတ်နှင့် ငုံ့ ၍ နေ စဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေ ကောင်ရှိရာ အရပ်၌ အသက် ရှင်သောသူ ကို အဘယ်ကြောင့် ရှာ ကြသနည်း။
6 He is not here, but is risen. Remember what he told you when he was still in Galila,
ဤ အရပ်၌မ ရှိ ၊ ထမြောက် တော်မူပြီ။
7 saying that the Son of Man must be delivered up into the hands of sinful men, and be crucified, and the third day rise again?"
လူ သား သည် ဆိုး သောသူ တို့လက် သို့ အပ်နှံ ခြင်း၊ လက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကိုခံရမည်။ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် လိမ့်မည်ဟု ဂါလိလဲ ပြည်၌ ရှိ တော်မူစဉ် သင် တို့အား မိန့် တော်မူသောစကားကို အောက်မေ့ ကြဦးဟု ဆို ကြသည်ရှိသော် ၊
8 Then they remembered his words.
ထိုမိန်းမတို့သည် စကား တော်ကို သတိရ ၍ ၊
9 And returning from the tomb, they told all these things to the eleven and to all the rest.
သင်္ချိုင်း တော်က ပြန် လျှင် ထို အကြောင်းအရာအလုံးစုံ တို့ကို တစ်ကျိပ် တစ်ပါးသောသူ မှစ၍ ကြွင်း သော တပည့်တော်ဓါးအပေါင်း တို့အား ပြန်ကြား ကြ၏။
10 Now they were Maryam Magdelaitha and Yukhan and Maryam the mother of Yaquv and the other women with them told these things to the apostles.
၁၀ထိုအကြောင်းအရာကို တမန်တော် တို့အား ပြော သောသူကား၊ မာဂဒလ မာရိ ၊ ယောဟန္န ၊ ယာကုပ် ၏ အမိဖြစ်သောမာရိ မှစ၍ အခြား သောမိန်းမများဖြစ် သတည်း။
11 These words seemed to them to be nonsense, and they did not believe them.
၁၁သူ တို့၏စကား ကို ဒဏ္ဍာရီ စကားကဲ့သို့ ထင်မှတ် ၍ တမန်တော် တို့သည် မ ယုံကြ။
12 But Kipha got up and ran to the tomb. Stooping and looking in, he saw the strips of linen by themselves, and he departed to his home, wondering what had happened.
၁၂သို့သော်လည်း ပေတရု သည်ထ ၍ သင်္ချိုင်း တော်သို့ ပြေး လေ၏။ ရောက်သောအခါ ငုံ့ ကြည့်၍ ပိတ် ပုဆိုးသာ ရှိရစ်သည်ကို မြင် လျှင်၊ ထို အကြောင်းအရာကို အံ့ဩ ၍ မိမိ အိမ်သို့ ပြန်သွား ၏။
13 And look, two of them were going that very day to a village named Emaus, which was about seven miles from Urishlim.
၁၃ထိုမှတစ်ပါး ၊ တပည့် တော်နှစ် ယောက်တို့သည် ယေရုရှလင် မြို့နှင့် ခရီး လေးတိုင် ကွာ သောဧမောက် အမည် ရှိသောရွာ သို့ ထို နေ့ ၌ သွားကြစဉ်တွင်၊
14 They talked with each other about all of these things which had happened.
၁၄ဖြစ်ခဲ့ ပြီးသော အကြောင်း အရာအလုံးစုံ တို့ကို အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
15 It happened, while they talked and questioned together, that Yeshua himself came near, and went with them.
၁၅ထိုသို့ ဆွေးနွေး ပြောဆို ကြစဉ် တွင်၊ ယေရှု သည် ချဉ်းကပ် ၍ သူ တို့နှင့်အတူကြွ တော်မူ၏။
16 But their eyes were kept from recognizing him.
၁၆ထိုသူ တို့သည် မျက်စိ ချုပ် လျက်ရှိ၍၊ ကိုယ်တော် ဖြစ်သည်ကို မ သိ ကြ။
17 And he said to them, "What are these words that you are exchanging with each other as you walk?" And they stood still, looking sad.
၁၇ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွား လျက် အချင်းချင်း ဆွေးနွေး သောစကား ကား၊ အဘယ်သို့ သော စကားနည်း။ အဘယ်ကြောင့်မျက်နှာ ညှိုးငယ်ကြသနည်း ဟု မေး တော်မူလျှင် ၊
18 One of them, named Qalyopa, answered him, "Are you the only stranger in Urishlim who does not know the things which have happened there in these days?"
၁၈သူ တို့တွင် ကလောဖ အမည် ရှိသောသူက၊ သင် သည် ယေရုရှလင် မြို့၌ ဧည့်သည် ဖြစ်လျက်သာ ယခု အခါ ထိုမြို့ ၌ ဖြစ်ခဲ့ ပြီးသော အကြောင်း အရာတို့ကို မ သိ သလောဟု ပြောဆို ၏။
19 He said to them, "What things?" They said to him, "The things concerning Yeshua, the Natsraya, a man who was a prophet mighty in deed and word before God and all the people;
၁၉ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။
20 and how the chief priests and our rulers delivered him up to be condemned to death, and crucified him.
၂၀ထိုသူ ကို ယဇ်ပုရောဟိတ် အကြီးနှင့် ငါ တို့မင်း များသည် အသေ သတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ ၍ လက်ဝါးကပ်တိုင် မှာ ကွပ်မျက် ကြပြီ။
21 But we were hoping that it was he who would redeem Israyel. Yes, and besides all this, it is now the third day since these things happened.
၂၁ထိုသူ သည် ဣသရေလ အမျိုးကို ရွေးနှုတ် အံ့သောသူ ဖြစ် သည်ဟု ငါ တို့သည် အထက်ကမြော်လင့် ကြ ပြီ။ ထိုမျှမက ဤ အကြောင်း အရာ ဖြစ်၍ယခု သုံး ရက် ရှိ ပြီ။
22 Also, certain women of our company amazed us, having arrived early at the tomb;
၂၂ငါ တို့၏ အပေါင်း အဘော် မိန်းမ အချို့ တို့ သည်လည်း သင်္ချိုင်း တော်သို့ စောစော သွား ၍ ၊
23 and when they did not find his body, they came saying that they had also seen a vision of angels, who said that he was alive.
၂၃အလောင်း တော်ကို မ တွေ့ လျှင် ၊ သခင် ယေရှုသည် အသက် ရှင်တော်မူ သည်ဟု ပြော သော ကောင်း ကင်တမန် ထင်ရှားရာ ရူပါရုံ ကို မိမိတို့ မြင် ကြောင်းကို ပြန်လာ ၍ ပြောဆို သဖြင့် ၊ ငါ တို့သည် မိန်းမော တွေဝေခြင်း ရှိကြ၏။
24 Some of us went to the tomb, and found it just like the women had said, but they did not see him."
၂၄ထိုအခါ ငါ တို့တွင် အချို့ သောသူ တို့သည် သင်္ချိုင်း တော်သို့ သွား ၍ မိန်းမ တို့ပြောဆို သည်အတိုင်း တွေ့ သော်လည်း၊ ကိုယ်တော် ကို မ မြင် ရဟု ပြောဆိုကြ၏။
25 Then he said to them, "O foolish ones, and slow of heart to believe in all that the prophets have spoken.
၂၅ကိုယ်တော် ကလည်း ၊ ပရောဖက် ဟောပြော သောစကားများ ကို ယုံ နိုင်အောင် ဉာဏ် မရှိ၊ စိတ် ခိုင်မာသောသူတို့၊
26 Did not the Meshikha have to suffer these things and to enter into his glory?"
၂၆ခရစ်တော် သည် ဤသို့ပင်အသေခံ ၍ မိမိ ဘုန်း စည်းစိမ်တော် ကို ဝင်စား ရမည်မ ဟုတ်လော ဟု မိန့် တော်မူ၏။
27 Beginning from Mushe and from all the prophets, he explained to them in all the Scriptures the things concerning himself.
၂၇ထိုအခါ မောရှေ ၏ကျမ်းစာမှ စ ၍ပရောဖက် တို့၏ ကျမ်းစာများ ၌ ကိုယ်တော် ကိုရည်မှတ် ၍ ရေးထားသမျှ သော ကျမ်းစာ ချက်အနက်ကို ရှင်းလင်းစွာဖော်ပြ တော်မူ၏။
28 They drew near to the village, where they were going, and he acted like he would go further.
၂၈ထို တပည့်တော် တို့သည် သွား သောရွာ အနီး သို့ ရောက်သောအခါ ၊ ကိုယ်တော် သည် ထိုရွာ ကိုလွန်၍ သွား အံ့သော အခြင်းအရာကို ပြ တော်မူလျှင် ၊
29 They urged him, saying, "Stay with us, for it is almost evening, and the day is almost over." He went in to stay with them.
၂၉ထိုသူတို့က အကျွန်ုပ် တို့နှင့်အတူ ဝင်၍ နေ ပါ။ ညဦးယံ အချိန်ရှိ ပြီ။ မိုး လည်းချုပ် ပါသည်ဟူ၍ ကိုယ်တော် ကို ကျပ်ကျပ်သွေးဆောင် ကြ၏။ ထိုကြောင့် သူ တို့နှင့်အတူ နေ ခြင်းငှာဝင် တော်မူ၏။
30 It happened, that when he had sat down at the table with them, he took the bread and gave thanks. Breaking it, he gave to them.
၃၀စားပွဲ၌ သူ တို့နှင့်အတူ လျောင်း တော်မူစဉ် ၊ မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့ ၍ သူ တို့ အား ပေး တော်မူသည်တွင်၊
31 Their eyes were opened, and they recognized him, and he vanished out of their sight.
၃၁သူ တို့သည် မျက်စိ ပွင့်လင်း ၍ ကိုယ်တော် ဖြစ်သည်ကို သိ ကြ၏။ ထိုအခါ ကိုယ်တော် သည် ကွယ် တော်မူ၏။
32 And they said to one another, "Weren't our hearts burning within us, while he spoke to us along the way, and while he opened the Scriptures to us?"
၃၂တပည့်တော်တို့ကလည်း ၊ လမ်း ခရီး၌ ငါ တို့နှင့်ဟောပြော ၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူသောအခါ ၊ ငါ တို့ စိတ် နှလုံးသည် ယိုဖိတ် မ တတ်ဖြစ် သည်မဟုတ်လော ဟု အချင်းချင်း ပြောဆို ကြ၏။
33 They rose up that very hour, returned to Urishlim, and found the eleven gathered together, and those who were with them,
၃၃ထို တပည့်တော်နှစ်ယောက်တို့သည် ချက်ခြင်း ထ ၍ ယေရုရှလင် မြို့သို့ ပြန် ပြီးမှ၊ တစ်ကျိပ် တစ်ပါးသော သူတို့သည် အပေါင်းအဘော် တို့နှင့်အတူ စုဝေး လျက်ရှိသည်ကို တွေ့ ကြ၏။
34 saying, "The Lord is risen indeed, and has appeared to Shimon."
၃၄စုဝေးသောသူတို့ကလည်း၊ သခင် ဘုရားသည် အမှန် ထမြောက် တော်မူပြီ။ ရှိမုန် အား ကိုယ်ကိုပြ တော်မူပြီဟုပြောဆို လျှင် ၊
35 They related the things that happened along the way, and how he was recognized by them in the breaking of the bread.
၃၅ထိုတပည့် တော်နှစ်ယောက်တို့သည် လမ်း ၌ ဖြစ်သောအကြောင်းအရာကို၎င်း၊ မုန့် ကိုဖဲ့ စဉ် တွင်ထင်ရှား တော်မူကြောင်းကို၎င်း၊ ပြန်ကြား ကြ၏။
36 As they said these things, Yeshua himself stood among them, and said to them, "Peace be to you."
၃၆ထိုသို့ အချင်းချင်း ပြောဆို သောအခါ ၊ ယေရှု သည်သူ တို့အလယ် ၌ ရပ် တော်မူလျက်၊ သင် တို့အား ငြိမ်သက် ခြင်းဖြစ်စေသတည်း ဟု မိန့် တော်မူ၏။
37 But they were terrified and filled with fear, and supposed that they had seen a spirit.
၃၇တပည့်တော်တို့သည် တစ္ဆေ ကိုမြင် သည်ဟု စိတ်ထင် နှင့် ထိတ်လန့် ကြောက်ရွံ့ ခြင်းသို့ ရောက် ကြ၏။
38 He said to them, "Why are you troubled? Why do doubts arise in your hearts?
၃၈ကိုယ်တော်ကလည်း၊ အဘယ်ကြောင့် အထူးထူး အထွေထွ ေသော စိတ် ရှိ ကြသနည်း။
39 See my hands and my feet, that it is truly me. Touch me and see, for a spirit does not have flesh and bones, as you see that I have."
၃၉ငါ့ လက် ကို ကြည့် ကြလော့။ ငါ့ ခြေ ကိုလည်း ကြည့်ကြလော့။ ငါ့ ကိုယ် ပင်ဖြစ် ၏။ ငါ့ ကို ကြည့်ရှု စမ်းသပ် ကြလော့။ ငါ သည် သင်တို့မြင် သည်အတိုင်း အရိုး အသား နှင့် ပြည့်စုံ ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့မ ပြည့်စုံ ဟု မိန့် တော်မူလျက်၊
40 When he had said this, he showed them his hands and his feet.
၄၀လက် တော်ခြေ တော်တို့ကို တပည့် တော်တို့အား ပြ တော်မူ၏။
41 While they still did not believe for joy, and wondered, he said to them, "Do you have anything here to eat?"
၄၁ထိုသူ တို့သည် အံ့ဩ ၍ ဝမ်းမြောက် သောအားဖြင့် မ ယုံနိုင်ဘဲ နေသေး သောအခါ ၊ သင်တို့၌ စားစရာ တစ်စုံတစ်ခု ရှိ သလော ဟု မေး တော်မူလျှင်၊
42 And they gave him a piece of a broiled fish.
၄၂ငါး ကင် တ ပိုင်းနှင့် ပျားလပို့ကို ကပ်ပေး ကြ၏။
43 And he took it and ate in front of them.
၄၃ကိုယ်တော်သည် ယူ ၍ သူ တို့ရှေ့ မှာစား တော်မူ၏။
44 And he said to them, "This is what I told you, while I was still with you, that all things which are written in the Law of Mushe, the Prophets, and the Psalms, concerning me must be fulfilled."
၄၄တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။
45 Then he opened their minds, that they might understand the Scriptures.
၄၅ထိုအခါ ကျမ်းစာ ကို နားလည် စေခြင်းငှာတပည့် တော်တို့၏ ဉာဏ် ကို ဖွင့် တော်မူလျှင်၊
46 He said to them, "Thus it is written, for the Meshikha to suffer and to rise from the dead the third day,
၄၆ဤသို့ ကျမ်းစာ လာ၏။ ဤသို့ ခရစ်တော် သည် အသေခံ ၍ သုံး ရက်မြောက်သောနေ့ ၌ သေ ခြင်းမှ ထမြောက် ရမည်။
47 and that repentance leading to forgiveness of sins should be preached in his name to all the nations, beginning at Urishlim.
၄၇ခရစ်တော် ၏ အခွင့် အားဖြင့် နောင်တ တရားနှင့် အပြစ် လွှတ် ခြင်းတရားကို ယေရုရှလင် မြို့မှ စ သောလူမျိုး တကာ တို့အား ဟောပြော ရမည်။
48 You are witnesses of these things.
၄၈သင် တို့သည်လည်း ဤ အကြောင်းအရာတို့၏ သက်သေ ဖြစ်ကြ၏။
49 And look, I send forth the promise of my Father on you. But wait in the city until you are clothed with power from on high."
၄၉ငါ့ ခမည်းတော် ၏ ဂတိ ရှိသည်အတိုင်း သင် တို့၌ ငါ ပြု ဦးမည်။ သို့ဖြစ်၍ သင် တို့သည် ကောင်းကင် က တန်ခိုး ကို မ ခံ မှီတိုင်အောင်ယေရုရှလင်မြို့ ၌ နေ ကြဦးလော့ ဟု မိန့် တော်မူ၏။
50 He led them out as far as Beth-Naiya, and he lifted up his hands, and blessed them.
၅၀ထိုနောက် တပည့် တော်တို့ကို ယေရုရှလင်မြို့ပြင် ၊ ဗေသနိ ရွာတိုင်အောင် ဆောင်သွား တော်မူပြီးမှ၊ လက် တော်ကို ချီ ၍ ကောင်းကြီး ပေးတော်မူ၏။
51 It happened, while he blessed them, that he departed from them, and was carried up into heaven.
၅၁ထိုသို့ ကောင်းကြီး ပေးတော်မူစဉ် တွင်၊ တပည့် တော်တို့နှင့် ခွာ ၍ ကောင်းကင် ဘုံသို့ ဆောင်ယူ ခြင်းကို ခံ တော်မူ၏။
52 They worshiped him, and returned to Urishlim with great joy,
၅၂တပည့် တော်တို့သည် ကိုယ်တော် ကို ပြပ်ဝပ် ကိုးကွယ်ပြီးမှ အလွန် ဝမ်းမြောက် ဝမ်းသာခြင်းနှင့် ယေရုရှလင် မြို့သို့ ပြန်သွား ကြ၏။
53 and were continually in the temple, praising and blessing God.
၅၃ဘုရားသခင် ကို အံ့ဩချီးမွမ်း လျက် ဗိမာန် တော်သို့ ရောက်မြဲ ရောက်ကြ ၏။

< Luke 24 >