< Jonah 1 >

1 Now the word of the LORD came to Jonah the son of Amittai, saying,
တစ်​နေ့​သ​၌​အ​မိတ္တဲ​၏​သား​ယော​န​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​၏။-
2 "Arise, go to Nineveh, that great city, and proclaim against it, for their wickedness has come up before me."
ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
3 But Jonah rose up to flee to Tarshish from the presence of the LORD. He went down to Joppa, and found a ship going to Tarshish; so he paid its fare, and went down into it, to go with them to Tarshish from the presence of the LORD.
သို့​ရာ​တွင်​ယော​န​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​ရန်​ယုပ္ပေ​သင်္ဘော​ဆိပ်​သို့​သွား​၏။ ယုပ္ပေ​မြို့​သို့​ရောက်​လျှင်​စ​ပိန်​ပြည်​သို့​ထွက်​ခွာ​သွား​တော့​မည်​ဖြစ်​သော​သင်္ဘော​ကို​အ​ဆင်​သင့်​တွေ့​လေ​၏။ ယော​န​သည်​သင်္ဘော​ခ​ကို​ပေး​ပြီး​လျှင် ထာ​ဝ​ရ​ဘုရား​နှင့်​ဝေး​ရာ​စ​ပိန်​မြို့​သို့​သင်္ဘော​သား​များ​နှင့်​အ​တူ​လိုက်​ရန်​သင်္ဘော​ပေါ်​သို့​တက်​လေ​၏။
4 But the LORD sent out a great wind on the sea, and there was a mighty storm on the sea, so that the ship was likely to break up.
သင်္ဘော​သည်​ပင်​လယ်​တွင်း​သို့​ရောက်​သွား​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​လေ​ပြင်း​မုန်​တိုင်း​ကြီး​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ထို​လေ​မုန်​တိုင်း​ကြီး​သည်​လွန်​စွာ​ပြင်း​ထန်​လှ​သ​ဖြင့်​သင်္ဘော​သည်​ပျက်​လု​မ​တတ်​ရှိ​လေ​၏။-
5 Then the mariners were afraid, and cried every man to his god. They threw the cargo that was in the ship into the sea, to lighten it. But Jonah had gone down into the innermost parts of the ship, and he was laying down, and was fast asleep.
သင်္ဘော​သား​တို့​သည်​ကြောက်​လန့်​လျက် မိ​မိ​တို့​ယုံ​ကြည်​ကြ​သော​ဘု​ရား​များ​ထံ​သို့​သူ​တို့​အား ကယ်​တင်​ပါ​ရန်​ဆု​တောင်း​ကြ​၏။ ထို​နောက်​သင်္ဘော​ဝန်​ပေါ့​စေ​ရန် ကုန်​စည်​များ​ကို​ရေ​ထဲ​သို့​ပစ်​ချ​ကြ​၏။ ထို​အ​ချိန်​တွင်​ယော​န​သည်​သင်္ဘော​ဝမ်း​ထဲ​သို့​ဆင်း​၍​အိပ်​ပျော်​လျက်​နေ​၏။
6 So the shipmaster came to him, and said to him, "What do you mean, sleeper? Arise, call on your God. Maybe your God will notice us, so that we won't perish."
ထို​အ​ခါ​သင်္ဘော​သူ​ကြီး​သည် သူ့​ထံ​လာ​ပြီး​သူ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​အိပ်​နေ​ပါ​သ​နည်း။ ထ​လော့၊ သင်​၏​ဘု​ရား​ထံ​တွင် ငါ​တို့​ကို​ကယ်​တင်​ရန်​ဆု​တောင်း​လော့။ ထို​အ​ရှင်​သည်​ငါ​တို့​အား​သ​နား​၍​ငါ​တို့​ကို​ကယ်​တင်​ကောင်း​ကယ်​တင်​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။
7 They all said to each other, "Come, let us cast lots, that we may know for whose cause this evil is on us." So they cast lots, and the lot fell on Jonah.
ထို​နောက်​သင်္ဘော​သား​တို့​က``ငါ​တို့​ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အ​ပြစ်​ကြောင့်​ဖြစ်​သည်​ကို​သိ​ရ​အောင်​မဲ​ချ​ကြ​ကုန်​အံ့'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ သူ​တို့​မဲ​ချ​ကြ​သော​အ​ခါ​ယော​န​မဲ​ကျ​လေ​၏။-
8 Then they asked him, "Tell us, please, for whose cause this evil is on us. What is your occupation? Where do you come from? What is your country? Of what people are you?"
သို့​ဖြစ်​၍​သူ​တို့​က``ဤ​ကဲ့​သို့​ဘေး​ဒုက္ခ​ရောက်​ရ​သည်​မှာ အ​ဘယ်​သူ​၏​အပြစ်​ကြောင့်​နည်း။ ငါ​တို့​အား​ပြော​ပြ​ပါ။ သင်​သည်​အ​ဘယ်​ကိစ္စ​ဖြင့်​ဤ​သင်္ဘော​ပေါ်​သို့​ရောက်​နေ​ပါ​သ​နည်း။ အ​ဘယ်​ပြည်​မှ​လာ​ပါ​သ​နည်း။ အ​ဘယ်​အမျိုး​သား​ဖြစ်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
9 He said to them, "I am a Hebrew, and I fear the LORD, the God of heaven, who has made the sea and the dry land."
ယော​န​က``ငါ​သည်​ဟေ​ဗြဲ​အ​မျိုး​သား​ဖြစ်​၏။ ကုန်း​မြေ​နှင့်​ပင်​လယ်​ကို​ဖန်​ဆင်း​တော်​မူ​သော​ကောင်း​ကင်​ဘုံ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​သူ​ဖြစ်​သည်'' ဟု​ဖြေ​ကြား​၏။-
10 Then were the men exceedingly afraid, and said to him, "What is this that you have done?" For the men knew that he was fleeing from the presence of the LORD, because he had told them.
၁၀ထို​နောက်​ဆက်​လက်​၍​မိ​မိ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ထွက်​ပြေး​တိမ်း​ရှောင်​လာ​သူ​ဖြစ်​ကြောင်း​ကို​လည်း​ထို​သူ​တို့​အား​ပြော​ပြ​၏။ သင်္ဘော​သား​တို့သည်​ကြောက်​လန့်​ကြ​ကုန်​လျက် ``သင်​ပြု​သည့်​အ​မှု​သည်​ထိတ်​လန့်​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား'' ဟု​ဆို​ကြ​၏။-
11 Then said they to him, "What shall we do to you, that the sea may be calm to us?" For the sea grew more and more stormy.
၁၁ထို​အ​ခိုက်​တွင်​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပို​မို​ပြင်း​ထန်​၍​လာ​၏။ သို့​ဖြစ်​၍​သင်္ဘော​သား​တို့​က``လေ​မုန်​တိုင်း​ရပ်​စဲ​သွား​စေ​ရန်​ငါ​တို့​သည် သင့်​အား​အ​ဘယ်​သို့​ပြု​သင့်​ပါ​သ​နည်း'' ဟု​ယော​န​အား​မေး​ကြ​၏။
12 He said to them, "Take me up, and throw me into the sea. Then the sea will be calm for you; for I know that because of me this great storm is on you."
၁၂ယော​န​က``ငါ့​ကို​ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​လော့။ သို့​ပြု​လျှင်​လေ​မုန်​တိုင်း​သည်​ငြိမ်​သွား​လိမ့်​မည်။ သင်​တို့​လေ​ပြင်း​မုန်​တိုင်း​မိ​ရ​ကြ​သည်​မှာ​ငါ​၏​အ​ပြစ်​ကြောင့်​ဖြစ်​ကြောင်း​ငါ​သိ​ပါ​၏'' ဟု​ဖြေ​၏။
13 Nevertheless the men rowed hard to get them back to the land; but they could not, for the sea grew more and more stormy against them.
၁၃သို့​ရာ​တွင်​သင်္ဘော​သား​တို့​သည်​ယော​န​အား​ပင်​လယ်​ထဲ​သို့​ပစ်​ချ​မည့်​အ​စား သင်္ဘော​ကို​ကမ်း​ဘက်​သို့​ရောက်​ရန်​အ​စွမ်း​ကုန်​ကြိုး​စား​လှော်​ခတ်​ကြ​၏။ သို့​သော်​လည်း​လေ​မုန်​တိုင်း​သည်​ပြင်း​ထန်​သည်​ထက်​ပြင်း​ထန်​၍​လာ​သ​ဖြင့် သူ​တို့​သည်​အ​ဘယ်​သို့​မျှ​မ​တတ်​နိုင်​ကြ​တော့​ချေ။-
14 Therefore they cried to the LORD, and said, "We beg you, LORD, we beg you, let us not perish for this man's life, and do not lay on us innocent blood; for you, LORD, have done as it pleased you."
၁၄ထို​အ​ခါ​သင်္ဘော​သား​များ​က​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​အ​သက်​ဆုံး​ရှုံး​ရ​သည့်​အ​တွက် အ​ကျွန်ုပ်​တို့​အား​သေ​ဒဏ်​ခတ်​တော်​မ​မူ​ပါ​ရန်​ပန်​ကြား​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဤ​အ​မှု​သည်​အ​လို​တော်​အ​ရ​ကိုယ်​တော်​တိုင်​ပြု​တော်​မူ​သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။-
15 So they took up Jonah, and threw him into the sea; and the sea ceased its raging.
၁၅ထို​နောက်​သူ​တို့​သည်​ယော​န​ကို​ပွေ့​ချီ​၍​ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​၏။ ထို​အ​ခါ​ချက်​ချင်း​ပင် ပင်​လယ်​သည်​ငြိမ်​သက်​သွား​၏။-
16 Then the men feared the LORD exceedingly; and they offered a sacrifice to the LORD, and made vows.
၁၆ယင်း​သို့​ငြိမ်​သက်​သွား​သော​အ​ခါ​သင်္ဘော​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​လွန်​စွာ​ကြောက်​လန့်​လာ​ကြ​သ​ဖြင့် ယဇ်​ပူ​ဇော်​ကြ​ပြီး​လျှင်​ကိုယ်​တော်​အား​သစ္စာ​က​တိ​ပြု​ကြ​၏။
17 The LORD prepared a great fish to swallow up Jonah, and Jonah was in the belly of the fish three days and three nights.
၁၇ထို​နောက်​ဘု​ရား​သ​ခင်​အ​မိန့်​ပေး​သ​ဖြင့်​ငါး​ကြီး​တစ်​ကောင်​သည်​ယော​န​ကို​မျို​လေ​၏။ ယော​န​လည်း​ငါး​ကြီး​၏​ဝမ်း​ဗိုက်​တွင်း​၌​သုံး​ရက်​ပတ်​လုံး​နေ​ရ​၏။

< Jonah 1 >