< Isaiah 10 >

1 Woe to those who decree unrighteous decrees, and to the writers who write oppressive decrees;
ငတ်မွတ်သောသူတို့ ကို တရားရှုံးစေခြင်းငှါ၎င်း၊
2 to deprive the needy from justice, and to rob the poor among my people of their rights, that widows may be their spoil, and that they may make the fatherless their prey.
ငါ ၏လူမျိုး တွင် ဆင်းရဲ သားတို့၏ အခွင့် အရာကို ရုပ်သိမ်း ခြင်းငှါ ၎င်း၊ မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ၍၊ မိဘ မရှိသောသူတို့၏ ဥစ္စာကိုလုယူ ခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင် သောသူ၊ ကျပ်တည်း စွာသော မှတ်ချက် ကို မှတ်သား သော စာရေးတို့သည် အမင်္ဂလာ ရှိကြ၏။
3 What will you do in the day of visitation, and in the desolation which will come from afar? To whom will you flee for help? Where will you leave your wealth,
ငါကြည့်ရှုစီရင် သည်ကာလ ၊ အဝေး က ရောက်လတံ့ သော ဖျက်ဆီး ခြင်းဖြစ်သည်ကာလ၌ ၊ သင်တို့သည် ချမ်းသာ ရအံသောငှါ ၊ အဘယ် သူထံ သို့ ပြေး ကြလိမ့်မည်နည်း။ သင် တို့စည်းစိမ် ဥစ္စာကို အဘယ်မှာ သို ထား ကြ လိမ့်မည်နည်း။
4 so as not to kneel with the prisoners, or fall among the slain? For all this his anger is not turned away, but his hand is stretched out still.
ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
5 Alas Assyrian, the rod of my anger, the staff in whose hand is my indignation.
အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
6 I will send him against a profane nation, and against the people who anger me will I give him a command to take the spoil and to take the prey, and to tread them down like the mire of the streets.
အဓမ္မ လူမျိုး ရှိရာသို့ သူ့ ကိုငါစေလွှတ် မည်။ ငါ့ အမျက် ခံရာ လူစု ကို လုယူ ဖျက်ဆီး ၍၊ လမ်း ၌ ရွှံ့ ကိုကဲ့သို့ ကျော် နင်းစေခြင်းငှါ ၊ သူ့ ကိုငါမှာ ထားမည်။
7 However he doesn't mean so, neither does his heart think so; but it is in his heart to destroy, and to cut off not a few nations.
သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
8 For he says, "Aren't all of my officials kings?
သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
9 Isn't Calno like Carchemish? Isn't Hamath like Arpad? Isn't Samaria like Damascus?
ကာလနော မြို့သည် ခါခေမိတ် မြို့ကဲ့သို့ ၎င်း၊ ဟာမတ် မြို့သည် အာပဒ် မြို့ကဲ့သို့ ၎င်း၊ ရှမာရိ မြို့သည် ဒမာသက် မြို့ကဲ့သို့ ၎င်း ဖြစ်သည် မဟုတ် လော။
10 As my hand has found the kingdoms of the idols, whose engraved images exceeded those of Jerusalem and of Samaria;
၁၀ရှမာရိ ရုပ်တုနှင့် ယေရုရှလင် ရုပ်တုထက် သာ၍မြတ် သော ရုပ်တု ဆင်းတု ကို ကိုးကွယ်သော တိုင်း နိုင်ငံများကို ငါ လု ယူသကဲ့သို့ ၎င်း၊
11 shall I not, as I have done to Samaria and her idols, so do to Jerusalem and her idols?"
၁၁ရှမာရိ မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု သကဲ့သို့ ၎င်း၊ ယေရုရှလင် မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု မည် မဟုတ် လော ဟုဆို တတ်၏။
12 Therefore it will happen that, when the LORD has performed his whole work on Mount Zion and on Jerusalem, he will punish the fruit of the willful proud heart of the king of Assyria, and the insolence of his haughty looks.
၁၂သို့သော်လည်း၊ ထာဝရ ဘုရားသည် ဇိအုန် တောင် နှင့် ယေရုရှလင် မြို့၌ အမှုတော် ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာန ထောင်လွှားခြင်း၊ မော် သော မျက်နှာ နှင့် စော်ကား ခြင်းကို ငါကြည့်ရှု၍ စီရင် မည်။
13 For he has said, "By the strength of my hand I have done it, and by my wisdom; for I have understanding: and I have removed the boundaries of the peoples, and have robbed their treasures. Like a valiant man I have brought down their rulers.
၁၃ထိုမင်းက၊ ငါသည် ကိုယ် လက်ရုံး သတ္တိ နှင့် ကိုယ် ဉာဏ် အားဖြင့် ငါတတ် နိုင်၏။ ပညာ သတ္တိနှင့် ငါပြည့်စုံ၏။ လူမျိုး နေရာ အပိုင်းအခြားတို့ကို ငါရွှေ့ ပြီ။ သူ တို့၏ ဘဏ္ဍာ ကို လုယူ ပြီ။ ဘုရင် တို့ကို သူရဲ ကဲ့သို့ နှိမ့်ချ ပြီ။
14 My hand has found the riches of the peoples like a nest, and like one gathers eggs that are abandoned, have I gathered all the earth. There was no one who moved their wing, or that opened their mouth, or chirped."
၁၄ငါ့ လက် သည် ငှက်သိုက် ကို တွေ့သကဲ့သို့ ၊ လူ တို့၏ဥစ္စာ ပစ္စည်းကို တွေ့ ပြီ။ စွန့်ပစ် သောငှက်ဥ တို့ကို သိမ်းယူ သကဲ့သို့ ၊ မြေကြီး တန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှအတောင် ကိုမ လှုပ် ၊ နှုတ် သီးကိုမဖွင့် ၊ မမြည် မတွန်ဟုဆို သည် ဖြစ်၍၊
15 Should an axe brag against him who chops with it? Should a saw exalt itself above him who saws with it? As if a rod should lift those who lift it up, or as if a staff should lift up someone who is not wood.
၁၅ကြိမ်လုံး သည် ကိုင် သောသူကိုလှုပ် သကဲ့သို့ ၎င်း၊ တောင်ဝေး သည် မိမိသခင်ကိုချီ ကြွသကဲ့သို့ ၎င်း၊ ပုဆိန် သည် ခုတ် သောသူကို စော်ကား ရမည်လော။ လွှ သည် တိုက် သောသူကို ရန်ပြု၍ ထောင်လွှား ရမည်လော။
16 Therefore the LORD of hosts, will send among his fat ones leanness; and under his glory a burning will be kindled like the burning of fire.
၁၆ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
17 The light of Israel will be for a fire, and his Holy One for a flame; and it will burn and devour his thorns and his briers in one day.
၁၇ဣသရေလ အမျိုး၏အလင်း သည် မီး ဖြစ် တော်မူ မည်။ သန့်ရှင်း သော ဘုရားသည် မီးလျှံ ဖြစ်တော်မူမည်။ တနေ့ ခြင်းတွင် ၊ ထိုမင်း ၏ ဆူး ပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်း စေတော်မူမည်။
18 He will consume the glory of his forest, and of his fruitful field, both soul and body. It will be as when a standard bearer faints.
၁၈တော ၏ဘုန်း ကို၎င်း၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ် ခန္ဓာနံ ဝိညာဉ်နှင့်တကွ ကုန် စေတော်မူသဖြင့်၊ ထိုမင်းသည် နာ သောသူကဲ့သို့ အားလျော့ လိမ့်မည်။
19 The remnant of the trees of his forest shall be few, so that a child could write their number.
၁၉ကြွင်း သော တောပင် တို့ကို သူငယ် သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ် မျှသာ ဖြစ် လိမ့်မည်။
20 It will come to pass in that day that the remnant of Israel, and those who have escaped from the house of Jacob will no more again lean on him who struck them, but shall lean on the LORD, the Holy One of Israel, in truth.
၂၀ထိုအခါမှစ၍၊ ဘေးလွတ် လျက် ကြွင်း သော ဣသရေလ အမျိုးနှင့် ယာကုပ် အမျိုးသား တို့သည်၊ မိမိ တို့ ကို ညှဉ်းဆဲ သောသူ၌ နောက် တဖန်မ ကိုးစား ဘဲ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစား ကြလိမ့်မည်။
21 A remnant will return, even the remnant of Jacob, to the mighty God.
၂၁ကြွင်း သောသူတည်းဟူသော၊ ယာကုပ် အမျိုး၌ ကြွင်း သောသူတို့သည် တန်ခိုးကြီး တော်မူသောဘုရား သခင့်ထံသို့ ပြန် လာကြလိမ့်မည်။
22 For though your people, Israel, are as the sand of the sea, a remnant will be kept safe. For he will fulfill the word and decisively in righteousness;
၂၂အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
23 because the LORD will carry out the word decisively in the midst of the earth.
၂၃ကောင်းကင်ဗိုလ်ခြေ ရှင် ထာဝရဘုရား သည် မြေ တပြင်လုံး အလယ် ၌ စီရင် ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြု တော်မူလိမ့်မည်။
24 Therefore the LORD of hosts says: "My people who dwell in Zion, do not be afraid of the Assyrian, though he strike you with the rod, and lift up his staff against you, as Egypt did.
၂၄ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် မြို့၌နေ သောငါ ၏လူမျိုး ၊ အာရှုရိ မင်းကြောင့် မ ကြောက် နှင့်။ သူ၏ ကြိမ်လုံး နှင့် သင့် ကိုရိုက် မည်။ အဲဂုတ္တု မင်း ပြု သည်နည်းတူ သူ ၏လှံတံ ကို သင် ၏အပေါ် မှာမိုး လိမ့်မည်။
25 For yet a very little while, and the indignation against you will be accomplished, and my anger will be directed to his destruction."
၂၅သို့သော်လည်း၊ ခဏ ကြာပြီးမှ သူ တို့သည်ပျက်စီး ခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက် သည်ငြိမ်း ၍၊ ငါ့ စိတ်လည်းပြေလိမ့်မည်။
26 The LORD of hosts will stir up a scourge against him, as in the slaughter of Midian at the rock of Oreb. His rod will be over the sea, and he will lift it up like he did against Egypt.
၂၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ဩရဘ ကျောက် နား မှာ မိဒျန် အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့ ၎င်း၊ ပင်လယ် ကိုလှံတံ တော်နှင့် မိုး သကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္ထု လက်ထက်၌ကဲ့သို့ တဖန် လှံတံ တော်ကို ချီ တော်မူမည်။
27 It will happen in that day, that his burden will depart from off your shoulder, and his yoke from off your neck, and the yoke shall be destroyed because of the anointing.
၂၇ထို ကာလ ၌ သူ ၏ဝန် ကို သင် ၏ပခုံး ပေါ် က ၎င်း၊ သူ ၏ထမ်းဘိုး ကိုသင် ၏လည်ပင်း ပေါ် က ၎င်း ချ ရ၏။ ဆူဝ ခြင်းကျေးဇူးကြောင့် ထမ်းဘိုး ပျက်စီး ရ၏။
28 He has come to Aiath. He has passed through Migron. At Michmash he stores his baggage.
၂၈အာရပ် မြို့သို့ ရောက် လေပြီ။ မိဂရုန် မြို့တိုင်အောင် လွန် သွားပြီ။ မိတ်မတ် မြို့၌ လှည်း များကို ချ ထားပြီ။
29 He went through the pass. He has lodged at Geba. Ramah trembles. Gibeah of Saul has fled.
၂၉တောင်ကြားကို လွန် ကြပြီ။ ဂေဗ မြို့၌ စားခန်း ချ ကြပြီ။ ရာမ မြို့သည် ကြောက်လန့် လျက်ရှိ၏။ ရှောလု နေရာဂိဗာ မြို့သည် ပြေး ၏။
30 Cry aloud with your voice, daughter of Gallim. Listen, Laishah. You poor Anathoth.
၃၀အိုဂလ္လိမ် မြို့သမီး ၊ ကြွေးကြော် လော့။ အိုလဲရှ မြို့၊ နားထောင် လော့။ အာနသုတ် မြို့သည် အမင်္ဂလာ ရှိ၏။
31 Madmenah is a fugitive. The inhabitants of Gebim flee for safety.
၃၁မာဒမေန မြို့သည် ပြောင်း သွားပြီ။ ဂေဗိပ် မြို့သား တို့သည် လွတ်အောင်ပြေး ကြ၏။
32 This very day he will halt at Nob. He shakes his hand at the mountain of the daughter of Zion, the hill of Jerusalem.
၃၂နောဘ မြို့၌ တရက်နေပြီးမှ၊ ဇိအုန် သတို့သမီး ၏ တောင် တည်းဟူသောယေရှုရှလင် တောင် ကိုရွယ်၍၊ မိမိ လက် ကို လှုပ် လိမ့်မည်။
33 Look, the Lord, the LORD of hosts, will lop the boughs with terror. The tall will be cut down, and the lofty will be brought low.
၃၃ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား သည် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋ်ကို ပယ်ရှင်း တော်မူမည်။ အရပ် မြင့် သော အခက် တို့ကို ခုတ်လှဲ ၍ ၊ ကြီးမား သော အခက်တို့ကို နှိမ့်ချ တော်မူမည်။
34 He will cut down the thickets of the forest with iron, and Lebanon will fall by the Mighty One.
၃၄တော အုပ်ကို ပုဆိန် နှင့် ခုတ် ပယ်တော်မူ၍ ၊ လေဗနုန် တောသည် တန်ခိုး ကြီးသောသူ ၏လက်အားဖြင့်လဲ လျက်နေလိမ့်သတည်း။

< Isaiah 10 >