< 2 Corinthians 3 >
1 Are we beginning again to commend ourselves? We do not need, as do some, letters of commendation to you or from you, do we?
၁ဤသို့ဆိုရာ၌ငါတို့သည်ဝါကြွားရာ ရောက်သလော။ အချို့သောသူတို့ကဲ့သို့ ငါတို့သည်ထောက်ခံစာများကိုသင်တို့ အားပေးရန်လိုသလော။ သို့တည်းမဟုတ် သင်တို့ထံမှငါတို့ထောက်ခံစာများကို တောင်းရန်လိုသလော။-
2 You are our letter, written in our hearts, known and read by everyone;
၂သင်တို့ကိုယ်တိုင်ပင်လျှင်ငါတို့၏ထောက်ခံ စာဖြစ်ကြ၏။ ထိုစာကိုလူတိုင်းဖတ်ရှုသိ ရှိနိုင်ရန်ငါတို့၏နှလုံးသားတွင်ရေးသား ထားပေသည်။-
3 being revealed that you are a letter of Meshikha, served by us, written not with ink, but with the Rukha of the living God; not in tablets of stone, but in tablets that are hearts of flesh.
၃ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။
4 Such confidence we have through Meshikha toward God;
၄ငါတို့သည်ခရစ်တော်ကိုအမှီပြု၍ဘုရား သခင်၏ရှေ့တော်၌ ထိုသို့ယုံကြည်စိတ်ချ မှုကိုရရှိကြသည်။-
5 not that we are sufficient of ourselves, to account anything as from ourselves; but our sufficiency is from God;
၅မိမိတို့သည်ဤအမှုကိုထမ်းဆောင်နိုင်သည် ဟုပြောဆိုနိုင်ရန် ငါတို့တွင်အဘယ်စွမ်း ရည်သတ္တိမျှမရှိ။ ငါ၌ရှိသည့်စွမ်းရည် မှာဘုရားသခင်ထံတော်မှရရှိ၏။-
6 who also made us sufficient as servants of a new covenant; not of the letter, but of the Rukha. For the letter kills, but the Rukha gives life.
၆ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
7 But if the service of death, written engraved on stones, came with glory, so that the people of Israyel could not look steadfastly on the face of Mushe for the glory of his face; which was passing away:
၇ကျောက်ပြားပေါ်၌အက္ခရာတင်ထားသည့် ပညတ်ကိုပေးအပ်စဉ်က ဘုရားသခင်၏ ဘုန်းအသရေတော်ထွန်းလင်းတောက်ပတော် မူ၏။ ထိုဘုန်းအသရေတော်၏ရောင်ပြန်ဟပ် မှုသည် မောရှေ၏မျက်နှာမှတဖြည်းဖြည်း မှေးမှိန်စပြုသော်လည်း လွန်စွာတောက်ပ လျက်ပင်ရှိနေသေးသဖြင့် ဣသရေလ အမျိုးသားတို့သည်သူ့ကိုစေ့စေ့မကြည့် နိုင်ကြ။ သေခြင်းတရားကိုဖြစ်ပေါ်စေ သည့်ပညတ်တရားကို ဤသို့သောဘုန်း အသရေနှင့်ပေးအပ်တော်မူပါလျှင်၊-
8 won't service of the Rukha be with much more glory?
၈ဝိညာဉ်တော်၏လုပ်ဆောင်ချက်နှင့်ဆိုင်သော ဘုန်းအသရေသည်အဘယ်မျှသာလွန် တောက်ပလိမ့်မည်နည်း။-
9 For if the service of condemnation has glory, the service of righteousness exceeds much more in glory.
၉အပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာတရားသည် ဘုန်းအသရေနှင့်ပြည့်စုံပါလျှင် ကယ်တင် ခြင်းဆိုင်ရာလုပ်ဆောင်ချက်သည်အဘယ် မျှသာလွန်၍ ဘုန်းအသရေနှင့်ပြည့်စုံ လိမ့်မည်နည်း။-
10 For truly that which has been made glorious has not been made glorious in this respect, by reason of the glory that surpasses.
၁၀ယခုအခါ၌သာလွန်တောက်ပသောဘုန်း အသရေကြောင့် ယခင်အခါ၌အလွန် တောက်ပသောဘုန်းအသရေသည်ကွယ် ပျောက်သွားပြီ။-
11 For if that which passes away was with glory, much more that which remains is in glory.
၁၁ခေတ္တမျှသာတည်သည့်အရာ၌ဘုန်းအသ ရေရှိခဲ့ပါလျှင် ထာဝစဉ်တည်သည့်အရာ ၌အဘယ်မျှပို၍ဘုန်းအသရေရှိလိမ့် မည်နည်း။
12 Having therefore such a hope, we use great boldness of speech,
၁၂ငါတို့သည်ဤမျှော်လင့်ခြင်းရှိသဖြင့်အလွန် ရဲရင့်ကြ၏။-
13 and not as Mushe, who put a veil on his face, that the people of Israyel would not look steadfastly on the end of that which was passing away.
၁၃ငါတို့ကားမောရှေကဲ့သို့မဟုတ်။ သူသည် မိမိ၏မျက်နှာမှတောက်ပသောအရောင် မှေးမှိန်ကွယ်ပျောက်သွားသည်ကို ဣသရေလ အမျိုးသားတို့မတွေ့မမြင်နိုင်စေရန် မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားရလေသည်။-
14 But their minds were hardened, for until this very day at the reading of the old covenant the same veil remains, because in Meshikha it passes away.
၁၄ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် ထိုင်းမှိုင်းလျက်ရှိခဲ့၏။ ယနေ့တိုင်အောင်ပင်လျှင် ပဋိညာဉ်တရားဟောင်းကိုဖတ်သည့်အခါတိုင်း သူတို့စိတ်နှလုံးသည်ယင်းပဝါဖြင့်ဖုံးအုပ် လျက်ရှိ၏။ ခရစ်တော်အားဖြင့်သာလျှင်ယင်း ပဝါကိုပယ်ရှားရ၏။-
15 But to this day, when Mushe is read, a veil lies on their heart.
၁၅ယနေ့တိုင်အောင်ပင်လျှင်မောရှေ၏ပညတ်ကျမ်း ကိုဖတ်ကြသည့်အခါများ၌ သူတို့၏စိတ်နှလုံး သည်ပဝါဖုံးလျက်ပင်ရှိသေး၏။-
16 But whenever one turns to the Lord, the veil is taken away.
၁၆သို့ရာတွင်ယင်းကိုဖယ်ရှားနိုင်၏။ မောရှေနှင့်ပတ် သက်၍ကျမ်းစာတော်က ``သူသည်သခင်ဘုရား ထံသို့ပြောင်းလဲသောအခါ သူ၏ပဝါသည်ပယ် ရှား၍သွား၏'' ဟုဆို၏။-
17 Now the Lord is the Rukha and where the Rukha of the Lord is, there is liberty.
၁၇သခင်ဘုရားဟုဆိုရာ၌ဝိညာဉ်တော်ကိုဆိုလို သည်။ သခင်ဘုရား၏ဝိညာဉ်တော်ရှိရာအရပ်၌ လွတ်လပ်မှုရှိ၏။-
18 But we all, with unveiled face looking as in a mirror the glory of the Lord, are transformed into the same image from glory to glory, even as from the Lord, the Rukha.
၁၈သို့ဖြစ်၍ငါတို့အားလုံးသည်မျက်နှာဖုံးမရှိ တော့ဘဲသခင်ဘုရား၏ဘုန်းအသရေတော်ကို ရောင်ပြန်ဟပ်လျက်ရှိကြ၏။ ဝိညာဉ်တော်တည်း ဟူသောသခင်ဘုရားမှလွှတ်သောထိုဘုန်း အသရေတော်သည် ငါတို့အားအစဉ်တစိုက် ဘုန်းအသရေတိုးပွားစေ၍ကိုယ်တော်၏ပုံ သဏ္ဌာန်တော်သို့ပြောင်းလဲစေလျက်ရှိ၏။