< 1 Thessalonians 5 >
1 But concerning the times and the seasons, brothers, you have no need that anything be written to you.
၁ညီအစ်ကိုတို့၊ ဤအမှုများဖြစ်ပျက်မည့် အချိန်ကာလအကြောင်းကိုသင်တို့အား ရေးသားရန်မလို။-
2 For you yourselves know well that the day of the Lord comes like a thief in the night.
၂သခင်ဘုရားကြွလာတော်မူရာနေ့ရက်သည် ညဥ့်အခါသူခိုးလာသကဲ့သို့မမျှော်မလင့် ဘဲရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်းသင်တို့ ကောင်းစွာသိကြ၏။-
3 Now when they are saying, "Peace and safety," then sudden destruction will come on them, like birth pains on a pregnant woman; and they will in no way escape.
၃``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-
4 But you, brothers, are not in darkness, that the day should overtake you like a thief.
၄သို့ရာတွင်ညီအစ်ကိုတို့၊ သင်တို့မူကားမှောင်မိုက် တွင်နေသူများမဟုတ်သဖြင့် သခင်ဘုရား ကြွလာတော်မူရာနေ့ရက်သည် သူခိုးကဲ့သို့ သင်တို့ထံသို့တိတ်တဆိတ်ရောက်ရှိ၍မလာ နိုင်။-
5 You are all children of light, and children of the day. We do not belong to the night, nor to darkness,
၅သင်တို့အားလုံးပင်အလင်းတွင်လည်းကောင်း၊ နေ့ တွင်လည်းကောင်းကျင်လည်သူများဖြစ်ကြ၏။ ငါ တို့သည်ညဥ့်တွင်လည်းကောင်းမှောင်မိုက်တွင်လည်း ကောင်းကျင်လည်သူများမဟုတ်။-
6 so then let us not sleep, as the rest do, but let us watch and be sober.
၆သို့ဖြစ်၍ငါတို့သည်အခြားသူများကဲ့သို့ အိပ်ပျော်၍မနေရကြ။ နိုးနိုးကြားကြားရှိ ရကြမည်။ သမ္မာသတိရှိရကြမည်။-
7 For those who sleep, sleep in the night, and those who are drunk are drunk in the night.
၇လူတို့သည်ညဥ့်အခါ၌အိပ်တတ်ကြ၏။ ညဥ့် အခါ၌သေရည်သေရက်မူးယစ်တတ်ကြ၏။-
8 But let us, since we belong to the day, be sober, putting on the breastplate of faith and love, and, for a helmet, the hope of salvation.
၈သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
9 For God did not appoint us to wrath, but to the obtaining of salvation through our Lord Yeshua Meshikha,
၉ဘုရားသခင်သည်ငါတို့အားအမျက်တော် သင့်စေရန်ရွေးကောက်တော်မူသည်မဟုတ်။ အရှင် သခင်ယေရှုခရစ်အားဖြင့်ကယ်တင်ခြင်း ခံရကြစေရန်ရွေးကောက်တော်မူ၏။-
10 who died for us, that, whether we wake or sleep, we should live together with him.
၁၀ခရစ်တော်ကြွလာတော်မူချိန်၌ငါတို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ ရှင်လျက်နေသည် ဖြစ်စေ ကိုယ်တော်နှင့်အတူအသက်ရှင်ခွင့်ကို ရရှိနိုင်ကြစေရန် ကိုယ်တော်သည်ငါတို့အတွက် အသက်တော်ကိုစွန့်တော်မူပေသည်။-
11 Therefore exhort one another, and build each other up, even as you also do.
၁၁သို့ဖြစ်၍သင်တို့သည်အချင်းချင်းတစ်ယောက် ကိုတစ်ယောက်အားပေးကူညီမှုကို ယခုကျင့် သုံးနေသကဲ့သို့ဆက်လက်၍ကျင့်သုံးကြလော့။
12 But we ask you, brothers, to recognize those who labor among you, and are over you in the Lord, and admonish you,
၁၂ညီအစ်ကိုတို့၊ သင်တို့ထံတွင်အမှုတော်ကို ဆောင်ရွက်နေသော၊ သင်တို့အားလမ်းပြသွန် သင်ရန် သခင်ဘုရားခန့်ထားတော်မူသော သူများကိုကြည်ညိုလေးစားကြရန်ငါတို့ တိုက်တွန်း၏။-
13 and to respect and honor them in love for their work's sake. Be at peace among yourselves.
၁၃သူတို့ဆောင်ရွက်ကြသည့်အမှုတော်ကိုထောက် ၍ သူတို့အားအထူးရိုသေချစ်ခင်ကြလော့။ သင်တို့အချင်းချင်းသင့်မြတ်စွာနေကြလော့။
14 We exhort you, brothers, admonish the disorderly, encourage the fainthearted, support the weak, be patient toward all.
၁၄ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
15 See that no one returns evil for evil to anyone, but always seek what is good both for each other and for all.
၁၅အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။
၁၆အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။-
၁၇အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။-
18 In everything give thanks, for this is the will of God in Meshikha Yeshua toward you.
၁၈အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
19 Do not quench the Rukha.
၁၉သန့်ရှင်းသောဝိညာဉ်တော်ကိုမဆီးတားကြနှင့်။-
20 Do not treat prophecies with contempt,
၂၀ဝိညာဉ်တော်နှိုးဆော်ခြင်းအားဖြင့်ဟောပြော သည့်တရားဒေသနာများကို အဘယ်အခါ ၌မျှမထီမဲ့မြင်မပြုကြနှင့်။-
21 but test all things; hold firmly that which is good.
၂၁အရာခပ်သိမ်းတို့ကိုစစ်ဆေးပြီးလျှင် ကောင်း သည့်အရာတို့ကိုခံယူ၍၊-
22 Abstain from every form of evil.
၂၂မကောင်းသည့်အရာမှန်သမျှကိုရှောင်ကြလော့။
23 May the God of peace himself sanctify you completely. May your whole spirit, soul, and body be preserved blameless at the coming of our Lord Yeshua Meshikha.
၂၃ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အားအကုန်အစင်သန့်ရှင်းဖြူစင်စေ တော်မူပါစေသော။ ငါတို့အရှင်သခင်ယေရှု ခရစ်ကြွလာတော်မူသောအခါ၌ သင်တို့ သည်အပြစ်ဆိုဖွယ်မရှိကြစေရန်ဘုရား သခင်သည် သင်တို့၏ကိုယ်စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်တော်မူပါစေသော။-
24 He who calls you is faithful, who will also do it.
၂၄သင်တို့အားခေါ်ယူရွေးကောက်တော်မူသော အရှင်သည်သစ္စာရှိတော်မူသည်ဖြစ်၍ဤသို့ ပြုတော်မူလိမ့်မည်။
25 Brothers, pray for us also.
၂၅ညီအစ်ကိုတို့၊ ငါတို့အဖို့လည်းဆုတောင်းကြ လော့။
26 Greet all the brothers with a holy kiss.
၂၆ယုံကြည်သူအပေါင်းတို့အားသန့်ရှင်းသော နမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
27 I solemnly command you by the Lord that this letter be read to all the holy brothers.
၂၇ငါသည်သခင်ဘုရားအပ်နှင်းတော်မူသော အခွင့်အာဏာအရ ဤစာကိုယုံကြည်သူ အပေါင်းတို့အားဖတ်ပြကြရန်သင်တို့ကို တိုက်တွန်း၏။
28 The grace of our Lord Yeshua Meshikha be with you.
၂၈ငါတို့အရှင်သခင်ယေရှုခရစ်၏ကျေးဇူး တော်ကိုသင်တို့ခံစားရကြပါစေသော။ သက်သာလောနိတ်သြဝါဒစာပထမ စောင်ပြီး၏။