< 1 Corinthians 2 >
1 When I came to you, brothers, I did not come with superiority of speech or wisdom, proclaiming to you the mystery of God.
၁သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။-
2 For I determined not to know anything among you, except Yeshua Meshikha, and him crucified.
၂သင်တို့နှင့်အတူရှိစဉ်အခါကငါသည် ယေရှုခရစ်၏အကြောင်း၊ အထူးသဖြင့်လက် ဝါးကပ်တိုင်တွင်ကိုယ်တော်အသေခံတော်မူ သည့်အကြောင်းမှလွဲ၍ အခြားအရာမှန် သမျှကိုမေ့ပျောက်ပစ်ရန်စိတ်ပိုင်းဖြတ် ထား၏။-
3 When I was with you, I was weak and afraid and I shook.
၃သို့ဖြစ်၍ငါသည်သင်တို့ထံသို့လာချိန် ၌ အားနည်း၍ကြောက်ရွံ့တုန်လှုပ်လျက်၊-
4 My speech and my preaching were not in persuasive words of wisdom, but in demonstration of the Rukha and of power,
၄ဟောပြောသွန်သင်ရာ၌လူတို့၏ဉာဏ်ပညာ နှင့်ယှဉ်သောစကားများကိုအသုံးမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးပါရှိ သည့်စကားများကိုသာအသုံးပြု၏။-
5 that your faith would not rest on human wisdom, but on the power of God.
၅သို့ဖြစ်၍သင်တို့၏ယုံကြည်မှုသည်လူတို့၏ အသိဉာဏ်အပေါ်တွင်အမှီမပြုဘဲ ဘုရား သခင်၏တန်ခိုးတော်အပေါ်တွင်အမှီပြု ပေသည်။
6 We speak wisdom, however, among those who are mature, but a wisdom not of this age or of the rulers of this age, who are passing away. (aiōn )
၆သို့သော်လည်းငါသည်ဉာဏ်ပညာနှင့်ယှဉ်သော စကားကိုဝိညာဉ်ရေးရင့်ကျက်သူတို့အား ပြောဆိုပါ၏။ သို့ရာတွင်ထိုဉာဏ်ပညာကား ဤလောကနှင့်မသက်ဆိုင်။ လောကီမင်းများ နှင့်လည်းမသက်ဆိုင်။ လောကီမင်းတို့၏ တန်ခိုးအာဏာကားလျော့နည်းလျက်နေ ပေသည်။- (aiōn )
7 But we speak God's wisdom in a mystery, the wisdom that has been hidden, which God determined in advance before the ages for our glory, (aiōn )
၇ငါသည်ဘုရားသခင်၏နက်နဲသောဉာဏ်ပညာ တော်အကြောင်းကိုဟောပြော၏။ ထိုဉာဏ်ပညာ ကားလူသားတို့ထံမှဘုရားသခင်လျှို့ဝှက် ထားသောအရာဖြစ်၏။ သို့သော်ငါတို့ဘုန်း အသရေခံစားရစေရန် ကမ္ဘာလောကကို ဖန်ဆင်းတော်မမူမီကပင်လျှင် ဘုရား သခင်စီရင်သောဉာဏ်ပညာဖြစ်၏။- (aiōn )
8 which none of the rulers of this age has understood. For had they known it, they would not have crucified the Lord of glory. (aiōn )
၈လောကီမင်းတို့အနက်အဘယ်သူမျှဤ ဉာဏ်ပညာတော်အကြောင်းကိုမသိနားမလည် ကြ။ အကယ်၍သိရှိနားလည်ကြပါမူသူ တို့သည်ဘုန်းအသရေတော်ရှင်ကိုလက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြမည်မဟုတ်။- (aiōn )
9 No eye has seen, and no ear has heard, and no mind has imagined the things which God has prepared for those who love him.
၉သို့သော်လည်းကျမ်းစာလာသည်အတိုင်း၊ ``ဘုရားသခင်သည်အဘယ်သူမျှမမြင်မကြား စဖူး၊ ဖြစ်နိုင်လိမ့်မည်ဟု အဘယ်သူမျှမထင်မမှတ်ဘူးသည့်၊အမှုအရာကို မိမိအားချစ်သောသူတို့အဖို့ပြင်ဆင်ထားတော် မူ၏။''
10 But to us God revealed it through the Rukha. For the Rukha searches all things, even the deep things of God.
၁၀သို့ရာတွင်ဘုရားသခင်သည်ငါတို့အား မိမိ ၏လျှို့ဝှက်ချက်ကိုဝိညာဉ်တော်အားဖြင့်ဖော်ပြ တော်မူ၏။ ဝိညာဉ်တော်သည်အရာခပ်သိမ်းကို သာမက ဘုရားသခင်၏လျှို့ဝှက်နက်နဲသော အကြံအစည်တော်တို့ကိုပင်စူးစမ်းရှာဖွေ တော်မူပေသည်။-
11 For what person knows the things of a person except the spirit of the person that is in him? So also, no one knows the things of God except the Rukha of God.
၁၁လူတစ်စုံတစ်ယောက်၏အကြောင်းအလုံးစုံ ကို ထိုလူအတွင်း၌ရှိသောစိတ်ဝိညာဉ်ကသာ သိ၏။ ထိုနည်းတူဘုရားသခင်၏အကြောင်း တော်အလုံးစုံကို ကိုယ်တော်၏ဝိညာဉ်တော် ကသာသိတော်မူ၏။-
12 But we received, not the spirit of the world, but the Rukha which is from God, that we might know the things that were freely given to us by God.
၁၂ငါတို့သည်ဤလောကနှင့်သက်ဆိုင်သည့် ဝိညာဉ်ကိုခံယူကြရသည်မဟုတ်။ ဘုရား သခင်ပေးသနားတော်မူသမျှကိုသိခြင်း ငှာ ကိုယ်တော်စေလွှတ်တော်မူသည့်ဝိညာဉ် တော်ကိုခံယူကြရပြီ။
13 And we speak of these things, not with words taught by human wisdom, but with those taught by the Rukha, comparing spiritual things with spiritual things.
၁၃သို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။-
14 Now the natural person does not receive the things of the Rukha of God, for they are foolishness to him, and he cannot understand them, because they are spiritually discerned.
၁၄ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
15 But he who is spiritual discerns all things, and he himself is judged by no one.
၁၅ဝိညာဉ်တော်ကိုခံယူရရှိသူသည်အရာ ခပ်သိမ်း၏တန်ဖိုးကိုအကဲဖြတ်နိုင်၏။ သို့ ရာတွင်ထိုသူ့အားမည်သူမျှအကဲဖြတ် ၍မရ။-
16 For, "Who has known the mind of the Lord? Who will instruct him?" But we have the mind of Meshikha.
၁၆ကျမ်းစာတော်တွင်၊ ``အဘယ်သူသည်ထာဝရဘုရားရှင်၏ စိတ်သဘောတော်ကိုသိပါသနည်း။ အဘယ်သူသည်ကိုယ်တော်အားအကြံဉာဏ် ပေးနိုင်ပါသနည်း'' ဟူ၍ပါရှိသည်အတိုင်းပင်ဖြစ်၏။ ငါတို့မူကား ခရစ်တော်၏စိတ်သဘောတော်ကိုရရှိကြ၏။