< 1 Timothy 5 >
1 Do not reprimand an aged man, but continue pleading with him as if he were your father. Treat the young men as brothers,
၁အသက်ကြီး သောသူကို ကျပ်တည်းစွာမ ဆုံးမ နှင့်။ အဘ ကဲ့သို့ မှတ်၍ တောင်းပန် လော့။ လူပျို တို့ကို ညီအစ်ကို ကဲ့သို့ ၎င်း
2 the older women as mothers, the younger women as sisters in all purity.
၂အသက်ကြီး သောမိန်းမတို့ကို အမိ ကဲ့သို့ ၎င်း၊ မိန်းမ ပျိုတို့ကို အလွန်စင်ကြယ် သော အခြင်းအရာနှင့်တကွ၊ နှမ ကဲ့သို့ ၎င်း မှတ်၍ကျင့်လော့။
3 Ever honor widows who are really widows;
၃မုတ်ဆိုးမ အမှန် ဖြစ်သော မိန်းမ တို့ကို မစ လုပ်ကျွေးလော့။
4 but if any widow has children or grandchildren, let these learn to show their piety first toward their own household, and to make some return to their parents, for that is pleasing in God’s sight.
၄သား မြေး ရှိ သော မုတ်ဆိုးမ ဖြစ်လျှင် ၊ ထိုသားမြေးတို့သည် ရှေးဦးစွာ ဘုရားဝတ်ကို ရည်မှတ် လျက် ၊ မိမိ အိမ် ကို ပြုစု၍ မိဘ ဘိုးဘွား၌ ကျေးဇူး ဆပ် ခြင်းငှာသင် ကြစေ။ ထို အမှုသည် ဘုရားသခင် နှစ်သက် တော်မူသောအမှုဖြစ် ၏။
5 Now she who is a widow indeed, and desolate, has fixed her hope on God, and devotes herself to supplications and prayers, day and night.
၅မုတ်ဆိုးမ အမှန် ဖြစ်၍တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်၊ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း ပဌာနပြုခြင်း၌ နေ့ ညဉ့် မပြတ်တည်နေ တတ်၏။
6 But she who lives in wantonness is dead even while she still lives.
၆ကာမဂုဏ် စည်းစိမ်၌ပျော်မွေ့သော မုတ်ဆိုးမ မူကား ၊ အသက် ရှိလျက်ပင် အသေ ဖြစ်၏။
7 Keep admonishing them regarding these things, so that they may be irreproachable.
၇ထို သူတို့ကို အပြစ်တင် ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ ဤသို့ပညတ် ထားလော့။
8 But if any one fails to provide for his own, and especially for his kindred, he has denied the faith and is worse than an infidel.
၈မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိ အိမ်သူ အိမ်သားတို့ကို မ ပြုစုသောသူမည်သည်ကား ၊ ယုံကြည် ခြင်းတရားကို ငြင်းပယ် ၏။ မယုံကြည် ဘူးသော သူထက်သာ၍ယုတ်မာ၏ ။
9 A widow, to be placed upon the list, must be not less than sixty years old, and one who has been the wife of but one husband.
၉မုတ်ဆိုးမ သည်အသက် ခြောက်ဆယ် မ ပြည့်လျှင်၊ စာရင်းအင်း မ ဝင်စေနှင့်။ လင် တစ်ယောက်တည်း ရှိဘူးသောသူ
10 She must be well reputed for good works, as one who has brought up a family, received strangers with hospitality, washed the feet of the saints, relieved the distressed, and diligently followed every good work.
၁၀ကောင်း သောအကျင့် ကိုကျင့်၍ အသရေ ရှိသောသူ၊ သူငယ် တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည် ဝတ်ပြုခြင်း၊ သန့်ရှင်းသူ တို့၏ခြေ ကိုဆေး ခြင်း၊ ဆင်းရဲ သောသူတို့ကို လုပ်ကျွေး ခြင်း၊ ကောင်း သောအမှု ရှိသမျှ တို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်းဝင်စေ။
11 But exclude from the list the younger widows; for where they have become wanton against Christ, they desire to marry,
၁၁အသက် အရွယ်နုပျိုသော မုတ်ဆိုးမ တို့ကို ပယ် လော့။ အကြောင်းမူကား ၊ ထိုသူတို့သည် ခရစ်တော် ၏ ဆုံးမခြင်းကို သည်းမခံ။ အိမ် သင့်ခြင်းငှာအလိုရှိ လျှင်
12 and incur condemnation because they have broken their first troth.
၁၂အရင် သစ္စာ ကို ဖျက် သောကြောင့် အပြစ်သင့် ခြင်းသို့ ရောက် ကြလိမ့်မည်။
13 Moreover, they learn to be idle, wandering about from house to house, and are not only idlers, but gossips also, and busybodies, repeating things they ought not.
၁၃ထိုမှတစ်ပါး၊ တအိမ် မှတအိမ်သို့လည် ၍ ပျင်းရိ တတ်ကြ၏။ ပျင်းရိ သည်သာမက ၊ စကားများ၍ မပြော အပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူဖြစ်တတ်ကြ၏။
14 It is my wish, then, that the younger widows marry, bear children, rule their houses, and give no occasion to our adversary for railing.
၁၄ထိုကြောင့် ၊ အသက် အရွယ်နုပျိုသော မုတ်ဆိုးမတို့သည် အိမ် သင့်ခြင်း၊ သားဘွား ခြင်း၊ အိမ်မှု ကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့ စရာအခွင့် ကို ရန်သူ အား မ ပေး ဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာငါအလိုရှိ ၏။
15 For already some widows have gone astray after Satan.
၁၅အကြောင်းမူကား ၊ ယခုပင် အချို့ တို့သည် လမ်းလွဲ ၍ စာတန် နောက် သို့ လိုက်သွားကြပြီ။
16 Any believing woman, who has widowed relatives, ought to relieve them and not let the church be burdened with them; so that the church may relieve the really destitute widows.
၁၆ယုံကြည် သော ယောက်ျားမိန်းမ၌ မုတ်ဆိုးမ ရှိ လျှင် ၊ ကိုယ်တိုင် လုပ်ကျွေး စေ။ သို့ပြုလျှင်၊ အမှန် ဖြစ် သော မုတ်ဆိုးမ တို့ကို အသင်းတော် သည် အနှောင့် အရှက်မ ရှိစေဘဲ လုပ်ကျွေး နိုင်လိမ့်မည်။
17 Let the elders who fill their offices well, be held worthy of twofold honor; especially those who have the task of preaching and teaching.
၁၇ကောင်းမွန် စွာ အုပ် သောသင်းအုပ် တို့သည် အလှူနှစ်ဆ ကို ခံထိုက်သောသူဖြစ်သည်ဟူ၍၎င်း၊ တရား ဟောခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းအမှုကို ကြိုးစား အားထုတ်သောသူ တို့သည်။ အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက် သောသူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်။
18 For the Scripture says, You must not muzzle an ox when he is treading out the grain, and The worker is worth his wages.
၁၈အကြောင်းမူကား ၊ စပါး နင်းနယ်သောနွား ၏ နှုတ်ကိုမ ချုပ်တည်း ရဟုကျမ်းစာ လာ ၏။ တ ချက်ကား၊ လုပ်ဆောင် သောသူ သည် အခ ကို ခံထိုက် ပေသည်ဟု လာပြန်၏။
19 Do not receive an accusation against an elder, except on the testimony of two or three witnesses.
၁၉သက်သေခံ နှစ် ဦးသုံး ဦးမ ရှိလျှင် ၊ သင်းအုပ် ၌ အပြစ်တင် သော စကားကို နား မ ထောင်နှင့်။
20 Rebuke offenders publicly, so that others also may take warning.
၂၀ကြွင်း သောသူတို့သည် ကြောက် စေခြင်းငှာ အပြစ် ရှိသော သူ တို့ကို လူအပေါင်း တို့ရှေ့ မှာ အပြစ်တင် ဆုံးမလော့။
21 I charge you solemnly in the presence of God and of the Lord Jesus Christ and of the elect angels, that you observe these things without prejudice against any man, and do nothing out of partiality.
၂၁ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်နှင့်အလျှင်းမ ပြု ဘဲ၊ ဤပညတ် များကို စောင့်ရှောက် မည် အကြောင်း ၊ ဘုရားသခင် နှင့် သခင်ယေရှု ခရစ် မှာ၎င်း၊ ရွေးကောက် တော်မူသော ကောင်းကင် တမန်တို့ ရှေ့ မှာ၎င်း၊ ငါသည် သင့်ကို သစ္စာ ပေး၏။
22 Never ordain any one hastily, nor take part in the wrong-doing of others. Keep yourself pure.
၂၂အဘယ်သူ၏အပေါ်၌ လက် ကို အလျင်တဆော မ တင် နှင့်။ သူတစ်ပါး အပြစ် ၌ မ ဆက်ဆံ နှင့်။ ကိုယ်ကိုကိုယ် စင်ကြယ် စေလော့။
23 Do not continue to drink nothing but water, but take a little wine for your stomach’s sake, and your frequent attacks of illness.
၂၃သင် ၏ရင်ထဲ၌အကျိုးဖြစ်စေခြင်းငှာ၎င်း၊ မကြာမကြာ ခံရသော ရောဂါ ကြောင့် ၎င်း၊ ယခုမှစ၍ ရေ ကိုသာ မ သောက်ဘဲ၊ စပျစ်ရည် အနည်းငယ် ကိုသုံး လော့။
24 Some men’s sins are notorious, and lead them straight on the way to condemnation; but others’ sins follow them up.
၂၄အချို့ သော သူ တို့၏ဒုစရိုက် သည် ရှေ့မဆွကထင်ရှား ၍၊ အပြစ် စီရင်ခြင်းသို့ အရင် အဦးသွားတတ်၏။ အချို့ သောသူတို့၏ ဒုစရိုက်သည် နောက် သို့လိုက်တတ်၏။
25 So also noble deeds are conspicuous, and even if otherwise, they cannot be kept hidden.
၂၅ထိုနည်းတူ ၊ အချို့သောသူတို့၏ သုစရိုက် သည် ထင်ရှား နှင့်တတ်၏။ မထင်ရှားသေးသော သုစရိုက်ကို လည်း ဝှက် ၍မ ထားနိုင် ။