< Romans 16 >
1 And I commend you to Phoebe our sister—being a servant of the assembly that [is] in Cenchrea—
၁ကင်ခြေ မြို့အသင်းတော် ၌ သင်းထောက် မိန်းမဖြစ် သော ငါ တို့ နှမ ဖိဗေ ကို သင် တို့ထံသို့ငါသွင်းပေး၏။
2 that you may receive her in the LORD, worthily of the holy ones, and may assist her in whatever matter she may have need of you, for she also became a leader of many, and of myself.
၂သန့်ရှင်း သူ တို့သည် ပြုသင့် သည်အတိုင်း ၊ သခင် ဘုရားကို ထောက်၍ ထိုသူ ကိုလက်ခံ ကြလော့။ သူသည် အကူအမလို သမျှ သော အမှု တို့၌ သူ့ ကိုကူမ ကြလော့ ။ အကြောင်းမူကား ၊ သူ သည်များစွာ သော သူတို့ကို၎င်း၊ ငါ့ ကို၎င်း၊ မစ သောသူဖြစ် ၏။
3 Greet Priscilla and Aquilas, my fellow-workmen in Christ Jesus—
၃ငါ နှင့်အတူ ယေရှု ခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ ၊ ပြစ်ကိလ နှင့် အာကုလ ကို နှုတ်ဆက် ကြ လော့။
4 who laid down their own neck for my life, to whom not only I give thanks, but also all the assemblies of the nations—
၄ထိုသူတို့သည် ငါ့ အသက် အဘို့ မိမိ တို့လည်ပင်း ကို ချထား သော သူ ဖြစ်ကြ၏။ သူတို့ကျေးဇူး ရှိသည်ဟု ငါ တစ်ယောက်တည်း သာ ဝန်ခံသည်မ ဟုတ်။ တစ်ပါး အမျိုးသားအသင်းတော် အပေါင်း တို့သည် ဝန်ခံကြ၏။
5 and the assembly at their house; greet Epaenetus, my beloved, who is first-fruit of Achaia to Christ.
၅သူ တို့အိမ် ၌ ရှိသောအသင်းတော် ကိုလည်း နှုတ်ဆက်ကြလော့။ အာရှ ပြည်တွင် ခရစ် အဘို့ အဦးသီးသော အသီး ဖြစ် သော ငါ့ ချစ် သားဧပဲနက် ကို နှုတ်ဆက် ကြလော့။
6 Greet Mary, who labored much for us;
၆ငါတို့အမှုကိုကြိုးစား ၍ ဆောင်ရွက် သော မာရိ ကိုနှုတ်ဆက် ကြလော့။
7 greet Andronicus and Junias, my relatives, and my fellow-captives, who are of note among the apostles, who also have been in Christ before me.
၇ငါ နှင့်အတူအကျဉ်း ခံရသောသူ၊ ငါ အမျိုးသား ချင်းအန္ဒြောနိတ် နှင့် ယုနိ ကို နှုတ်ဆက် ကြလော့။ ထိုသူတို့သည် တမန်တော် များတွင် အသရေထင်ရှား သောသူ ဖြစ် ကြ၏။ ငါ့ အရင် တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ် ကြ၏။
8 Greet Amplias, my beloved in the LORD;
၈သခင် ဘုရား၌ ငါ့ ချစ် သားအမ္ပလိ ကိုနှုတ်ဆက် ကြလော့။
9 greet Arbanus, our fellow-workman in Christ, and Stachys, my beloved;
၉ငါ တို့နှင့်အတူ ခရစ်တော် ၏အမှုကို ဆောင်ရွက်သော ဥရဗန် နှင့် ငါ့ ချစ် သားသတာခု ကို နှုတ်ဆက် ကြ လော့။
10 greet Apelles, the approved in Christ; greet those of the [household] of Aristobulus;
၁၀တပည့်တော်စစ် ဖြစ်သော အပေလေ နှင့် အာရိတ္တောဗုလု ၏ အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။
11 greet Herodion, my relative; greet those of the [household] of Narcissus, who are in the LORD;
၁၁ငါ ၏အဆွေအမျိုးဟေရောဒျုန် နှင့် တပည့်တော် ဖြစ် သောနာကိသု ၏အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။
12 greet Tryphaena, and Tryphosa, who are laboring in the LORD; greet Persis, the beloved, who labored much in the LORD.
၁၂သခင်ဘုရား ၏အမှုတော်ကို ကြိုးစား သော မိန်းမ ၊ တရုဖဲန နှင့် တရုဖောသ ကို၎င်း၊ သခင်ဘုရား ၏ အမှုတော်ကို အလွန် ကြိုးစား ၍ ချစ် အပ်သော မိန်းမပေရသိ ကို၎င်း နှုတ်ဆက် ကြလော့။
13 Greet Rufus, the chosen one in the LORD, and his mother and mine,
၁၃မြတ်သောတပည့်တော်ရုဖု နှင့်သူ ၏အမိ တည်းဟူသောငါ ၏ အမိကို နှုတ်ဆက် ကြလော့။
14 greet Asyncritus, Phlegon, Hermas, Patrobas, Hermes, and the brothers with them;
၁၄အသုံကြိတ် ၊ ဖလေကုန် ၊ ဟေရမေ ၊ ပတ်ရောဘ ၊ ဟေရမေ မှစ၍ သူ တို့နှင့်အတူ နေသောညီအစ်ကို တို့ကို နှုတ်ဆက် ကြလော့။
15 greet Philologus, and Julias, Nereus, and his sister, and Olympas, and all the holy ones with them;
၁၅ဖိလောလုပ် ၊ ယုလိ ၊ နေရု ၊ နေရု နှမ နှင့် ဩလုမ္ပ မှစ၍ သူ တို့နှင့်အတူ နေသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။
16 greet one another in a holy kiss; the assemblies of Christ greet you.
၁၆အချင်းချင်း တစ်ယောက်ကို တစ်ယောက်သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် ၏ အသင်းတော် အပေါင်း တို့သည် သင် တို့နှင့် နှုတ်ဆက် ကြ၏။
17 And I call on you, brothers, to mark those who are causing the divisions and the stumbling-blocks, contrary to the teaching that you learned, and turn away from them;
၁၇ညီအစ်ကို တို့၊ သင် တို့ခံရ ပြီးသော ဆုံးမ ဩဝါဒနှင့်ဆန့်ကျင်ဘက် ဖြစ်သောသင်းခွဲ ခြင်း၊ မှားယွင်း ခြင်းအကြောင်းကို ပြု တတ်သောသူတို့ကို မှတ် ၍ရှောင် ကြလော့ဟု ငါသတိပေး ၏။
18 for such do not serve our Lord Jesus Christ, but their own belly; and through the good word and fair speech they deceive the hearts of the harmless.
၁၈အကြောင်းမူကား ထိုသို့သော သူတို့သည် ငါ တို့သခင် ခရစ်တော် ၏ အမှု ကိုမ ဆောင်ရွက်ဘဲလျက်၊ မိမိ တို့ဝမ်း ၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကား နှင့် ချော့မော့သော စကားအားဖြင့် စိတ် ကောင်း သောသူ တို့ကို လှည့်ဖြား တတ်ကြ၏။
19 For your obedience reached to all; I rejoice, therefore, as regards you, and I wish you to be wise, indeed, as to the good, and pure as to the evil;
၁၉သင် တို့ ယုံကြည်နားထောင် ခြင်းအကြောင်း အရာသည် လူအပေါင်း တို့တွင် ကျော်စော သည်ဖြစ်၍ ၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း ၊ သင် တို့သည် ကောင်း သောအမှု၌ ကား၊ ပညာရှိ စေခြင်းငှာ၎င်း၊ ဆိုး သော အမှု၌ ကား ၊ အပြစ် ကင်းစေခြင်းငှာ၎င်း၊ ငါအလိုရှိ ၏။
20 and the God of peace will bruise Satan under your feet quickly; the grace of our Lord Jesus Christ [be] with you. Amen!
၂၀ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် မ ကြာမမြင့်မှီ စာတန် ကို သင် တို့ခြေ အောက် ၌ နှိပ်စက် တော်မူမည်။ ငါ တို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည်သင် တို့၌ ရှိပါစေသော။
21 Timotheus greets you, my fellow-workman, and Lucius, and Jason, and Sosipater, my relatives;
၂၁ငါ နှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေ မှစ၍ငါ ၏အဆွေအမျိုးလုကိ ၊ ယာသုန် သောသိပတရု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
22 I, Tertius, greet you (who wrote the letter) in the LORD;
၂၂ဤ စာ ကိုရေး သော ကျွန်ုပ် တေရတိ သည် သခင် ဘုရားကို ထောက်၍ သင် တို့ကို နှုတ်ဆက် ပါ၏။
23 Gaius greets you, my host, and of the whole Assembly; Erastus greets you, the steward of the city, and Quartus the brother.
၂၃ငါ့ ကို၎င်း ၊ သင်းဝင် သူ အပေါင်း တို့ကို၎င်း၊ လက်ခံ၍ဧည့်သည် ဝတ်ပြုတတ်သော ဂါယု ၊ မြို့ စာရေး ဧရတ္တု ၊ သင်တို့ညီ ကွာတု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
24 [[The grace of our Lord Jesus Christ [be] with you all! Amen.]]
၂၄ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
25 And to Him who is able to establish you, according to my good news, and the preaching of Jesus Christ, according to the revelation of the secret, having been kept secret in the times of the ages, (aiōnios )
၂၅ရှေး ကပ်ကာလ ပတ်လုံးဝှက်ထား ပြီးလျှင်ယခု မှာ ထင်ရှား သည်ဖြစ်၍၊ (aiōnios )
26 and now having been revealed, also, through prophetic writings, according to a command of the perpetual God, having been made known to all the nations for obedience of faith— (aiōnios )
၂၆လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် ကြမည် အကြောင်းပရောဖက် တို့၏ကျမ်းစာ များလာသည် နှင့်အညီ၊ ထာဝရ ဘုရားသခင် ၏ ပညတ် တော်အတိုင်း ထိုသူတို့အားဖေါ်ပြ ရသော နက်နဲ ရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါ ဟောသောဧဝံဂေလိ တရားတည်းဟူသောယေရှု ခရစ် ၏ အကြောင်းကို ဟောပြော ခြင်းအားဖြင့် ၊ သင် တို့ကို မြဲမြံ ခိုင်ခံ့စေခြင်းငှာတတ်နိုင် တော်မူသောအရှင်၊ (aiōnios )
27 to the only wise God, through Jesus Christ, to Him [be] glory for all ages. Amen. (aiōn )
၂၇တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံ တော်မူသော ဘုရားသခင် သည်၊ ယေရှု ခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် (aiōn )