< Psalms 53 >
1 TO THE OVERSEER. “ON A DISEASE.” AN INSTRUCTION OF DAVID. A fool said in his heart, “There is no God.” They have done corruptly, Indeed, they have done abominable iniquity, There is none doing good.
၁ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ။
2 God looked on the sons of men from the heavens, To see if there is an understanding one, [One] seeking God.
၂နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊
3 Everyone went back, together they became filthy, There is none doing good—not even one.
၃လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ။ တတောက်မျှမရှိ။
4 Workers of iniquity have not known, Those eating my people have eaten bread, They have not called God.
၄မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့။
5 There they feared a fear—there was no fear, For God has scattered the bones of him Who is encamping against you, You have put to shame, For God has despised them.
၅သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်ရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။
6 Who gives the salvation of Israel from Zion? When God turns back [to] a captivity of His people, Jacob rejoices—Israel is glad!
၆ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။